से पुनः पोस्ट किया:
Naung Taw Lay

25.02.202519:28
လမ်းဘေးရောက် ပြည်ဖျက်မိစ္ဆာများ ဆိုသည်မှာလည်း
ဇွတ်အတင်း အစိုးရနေတော့တာပဲ
နစက ကို အားကျလို့ ထင်ပါရဲ့
အစည်းအဝေး လုပ်ရတာနဲ့
ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်ခဲ့တဲ့ ငမိုက်သားများ က
ပညာရေးကော်မရှင် အစည်းအဝေး ဆိုတာလည်း လုပ်သေးတာ၊
ခွက်ခေါက် ဘဏ္ဍာရေးကော်မတီ ရဲ့ ဘဏ္ဍာငွေ ရှင်းတမ်းကိုတော့ ၄နှစ်ကျော်သည်အထိ အသံမကြားရ

25.02.202508:57
ရေဖြူ၌ ယခုနှစ်တွင် သီဟိုဠ်စေ့ စတင်ထွက်ရှိချိန်တစ်ပိဿာကို ငွေ ၈၅၀၀ ကျပ်အထိ ဈေးကောင်းရရှိ
25.02.202508:47
ချမ်းအေးသာစံမြို့နယ်ရှိ သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား အုပ်ချုပ်မှုနှင့်ပြည်သူ့ဆက်ဆံရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
25.02.202502:37
သဘာဝတောများ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/02/blog-post_523.html

24.02.202513:08
ပင်းတယမြို့နယ်၌ ခြောက်ကောင်ဂျင်လောင်းကစားပြုလုပ်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ
25.02.202509:05
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
ထားဝယ်, ဖေဖော်ဝါရီ ၂၅
၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းထားရှိပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်နိုင်အောင်၊ အကြံဉာဏ်များ ရယူနိုင်ရေး အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း၊ လုံခြုံရေးလစ်ဟင်းမှုမရှိစေရေး၊ ဧည့်ခံကျွေးမွေးရေး၊ ပျော်ပွဲရွင်ပွဲများနှင့် ဖျော်ဖြေ ရေးများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ မဏ္ဍပ်ဆောက်လုပ်ရေး စသည့် နေရာများတွင် လိုအပ်သည်များကို ကြိုတင်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ခေါ်ယူရခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုဒြပ်မဲ့ဖြစ်သည့်အတွက် ယူနက်စကိုက အသိအမှတ်ပြုထားသောကြောင့် ပို၍စည်ကားမည့် သင်္ကြန်ပွဲတော်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် သင်္ကြန်ပွဲတော်တွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ကြောင်း၊ ထားဝယ်ဒေသတွင် ထူးခြားမှုအနေဖြင့် ကလေးသင်္ကြန် (၃)ရက်ရှိပြီး လူကြီးသင်္ကြန်(၃)ရက် စုစုပေါင်း (၆)ရက်ရှိကြောင်း၊ လာမည့်သင်္ကြန်ပွဲတော်တွင် ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုအနေဖြင့် မြန်မာ့ရိုးရာသနပ်ခါးနှင့် ဆက်စပ်ပြီး ပူးပေါင်းပါဝင်မည့် ဒေသခံပြည်သူများအား ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ တစ်နှစ်တာလုံး ပင်ပန်းခဲ့သမျှကို မဟာသင်္ကြန်ပွဲတော် ကာလအတွင်း အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့ စိတ်လက် ပေါ့ပါးစွာဖြင့် ဖြတ်ကျော်ရန်၊ ပျော်ရွင်မှုများဖြင့် ဖြတ်ကျော်ရန်၊ ဘာသာသာသနာရေးများဖြင့် ဖြတ်ကျော်ရန်လိုအပ်ကြောင်း၊ ကျောင်းတွင်းသင်္ကြန် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပြီး ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဖျော်ဖြေရေးနှင့် သင်္ကြန်မဏ္ဍပ်များတွင် စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက မဏ္ဍပ်ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေး၊ ဗဟိုသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲ/ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပရေး၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေး၊ ရေကစားရေး၊ သင်္ကြန်ယိမ်းအက စိစစ်အကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပရေး၊ သက်ကြီးပူဇော်ပွဲကျင်းပရေး၊ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပွဲ ကျင်းပ ရေး စသည့် လုပ်ငန်းများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်
#News # MNP
join- https://t.me/MyanmarNationalPost

25.02.202508:52
မျိုးဆက်သစ်အဆိုပညာရှင်များ ပေါ်ထွက်လာစေရေး တပ်ကုန်းမြို့နယ်ဂီတအစည်းအရုံးမှ ဦးဆောင်ကျင်းပသည့် သီချင်းဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
တပ်ကုန်း ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ပထမအကြိမ် သီချင်းဆိုပြိုင်ပွဲနှင့် စျေးရောင်းပွဲ ကျင်းပလျက်ရှိရာ သီချင်းဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပြိုင်ပွဲတွင် ဆန်ကာတင် ၁၂ ဦး ရွေးချယ်ပြီး ဆန်ကာတင် ၁၂ ဦး ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများအား မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် စျေးရောင်းပွဲတွင် လူသုံးကုန်ပစ္စည်း၊ မီးဖိုချောင်သုံးကုန်ပစ္စည်း၊ အစားအသောက်နှင့် ကလေးကစားစရာအမျိုးမျိုးတို့ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ်အတွင်း ရွက်ပုန်းသီးအဆိုပညာရှင်များ ပေါ်ထွက်လာစေရေးနှင့် ဝါသနာတစ်ရပ်အနေမဟုတ်ဘဲ စည်းဝါးမှန်ကန်စွာ သီဆိုတတ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အဆိုပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌထံမှ သိရသည်။
တင်စိုးလွင်
#News #MNP
join -https://t.me/MyanmarNationalPost

25.02.202508:39
ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများဆက်လက်ဖြေဆို
ညောင်လေးပင် , ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ (၅)ရက်မြောက်နေ့ (သမိုင်း)ဘာသာရပ်အား ယနေ့နံနက်(၉) နာရီအချိန်တွင် ညောင်လေးပင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-4 မှ Grade-11 ထိ ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းသူ/ကျောင်းသားများမှာ အေးချမ်းပျော်ရွင်စွာ ပညာသင်ယူခဲ့ကြပြီးယနေ့၌ အတန်းတင်စာမေးပွဲ(၅)ရက်မြောက်နေ့ (သမိုင်း) ဘာသာရပ်ကိုအေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
အဆိုပါစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်၊ မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ တာဝန်ကျဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#MNP # NEWS
https://t.me/MyanmarNationalPost

25.02.202502:18
လုပ်ငန်းသုံး မော်တော်ယာဉ်(၁၃)စီး ပြန်လည်ထုတ်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြင်ဆင်မှု လျှောက်ထားခဲ့၍ ခရိုင်တရားရုံးတော်မှ မော်တော်ယာဉ်(၁၃)စီးကို ပြန်လည် ပေးအပ်စေရန် အမိန့်ချမှတ်ခဲ့သော်လည်း ထုတ်ယူ၍မရသဖြင့် ကူညီ ပေးပါရန် ရိုသေလေးစားစွာဖြင့် အသနားခံ လျှောက်ထား တင်ပြခြင်း
ရည် ညွှန်း ချက် ။
(၁) ပုသိမ်ကြီးမြို့နယ်တရားရုံး၏ ၂၃-၇-၂၀၂၄ ရက်စွဲပါအမိန့်အမှတ်၊ ၂၀၂၄ ခုနှစ်၊ ရာဇဝတ်ကြီးမှုအမှတ်-၁၁၆
(၂) အောင်မြေသာစံခရိုင်တရားရုံး၏ ၁၄ - ၁ - ၂၀၂၅ ရက်စွဲပါ ရာဇဝတ် ပြင်ဆင်မှုအမှတ်-၁၀၉/၂၀၂၄ ချမှတ်ခဲ့သောစီရင်ချက်အမိန့်
(၃) ၂၃ - ၁ - ၂၀၂၅ ရက်စွဲပါ သက်သေခံ မော်တော်ယာဉ်များအား ထုတ်ယူ ခွင့်ပြုပါရန် လျှောက်လွှာ
အမှုဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင် ကျေးရွာရှိ မြေပိုင်ရှင် ဦးရန်ကျုံးရှော်(ခ)ဦးလောဝူမှ ၎င်းပိုင်ဆိုင်သော လယ်ယာမြေပေါ်တွင် လမ်းခင်းကျောက်ကြမ်းချရန်အတွက် အခကြေးငွေဖြင့် ကျောက်သယ် မော်တော်ယာဉ်(၁၃)စီးကို ငှားရမ်းခဲ့သဖြင့် ကျောက်ပျက်သွားရောက် သယ်ယူပို့ဆောင်ခဲ့ခြင်းအပေါ် ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၁၁.၃.၂၀၂၄)ရက်နေ့ ရက်စွဲပါစာအမှတ်-၅/ ၁၆ ဦး/ ၆(၁၆၆၇)၊ ဒေသန္တရအမိန့်အမှတ်-၁/၂၀၂၄ ထုတ်ပြန်ထားသည့် အမိန့်ကို ဖောက်ဖျက်ပြီး ပုဒ်မ-၁၄၄ ထုတ်ပြန် ထားသည့် လယ်ယာမြေပေါ်တွင် ကျောက်ပျက်ချရန် သွားရောက်ခဲ့သည်ဟု ဆိုကာ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ဒုရဲမှူးဝင်းထွဋ်မှ တရားလိုပြုလုပ်၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံခဲ့ရပါသည်။ အခင်းဖြစ်ပွားရာနေရာနှင့် ဘေးပတ်ဝန်းကျင် နေရာ များတွင် ပုဒ်မ-၁၄၄ ဆိုင်းဘုတ်များ ထောင်ထားမှုမရှိခြင်း၊ ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင် များမှာ ၎င်း နေရာနှင့်(၁၆)မိုင် ကွာဝေးသော ထုံးဘိုကျေးရွာတွင် နေထိုင်သူများဖြစ်၍ တားမြစ် အမိန့်ထုတ်ပြန်ထားသည်ကို မသိရှိပါသောကြောင့် သွားရောက်မိခဲ့ပါကြောင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံးသို့ ရိုးသားစွာ အသနားခံတင်ပြခဲ့ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါအမှုမှ ယာဉ်မောင်း ညီညီအောင်ပါ(၁၃)ဦးတို့ အပေါ် စွဲဆိုထားသည့် အမှုကို ရုပ်သိမ်း/ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်သွားရန် ပုသိမ်ကြီးမြို့နယ်တရားရုံးမှ ရည်ညွှန်းချက်(၁)ပါ စာဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၉၄ စာဖြင့် ရုပ်သိမ်းခွင့်ပြုပြီး ပုဒ်မ-၄၉၄(ခ)အရ အမှုမှ အပြီးပြတ် လွှတ်ပေးခဲ့ပါသည်။
မြေပိုင်ရှင်ဖြစ်သူ ဦးရန်ကျုံးရှော်(ခ) ဦးလောဝူအား လယ်ယာမြေပေါ်တွင် ဥပဒေနှင့် မညီသော အခြားနည်းအသုံးပြုခြင်းအတွက် ထောင်ဒဏ်(၂)နှစ် ချမှတ်ခဲ့ပြီး ဖြစ်ပါသည်။ မော်တော်ယာဉ်များမှာ မြေပိုင်ရှင်ဖြစ်သူ ဦးလောဝူ ပိုင်ဆိုင်သောယာဉ်များ မဟုတ်ဘဲ ခေါက်ကြေးငွေဖြင့် ငှားရမ်း၍ သွားရောက်ချပေးသော ကျောက်သယ်ယာဉ်(၁၃)စီးအား ပုသိမ်ကြီး မြို့နယ်တရားရုံးမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပါသည်။
သို့အတွက် ညီညီအောင်ပါ ယာဉ်မောင်း(၁၃)ဦးတို့က အောင်မြေသာစံ ခရိုင်တရားရုံးတော် သို့ (၁၈-၁၁-၂၀၂၄)ရက်နေ့တွင် အယူခံပြင်ဆင် တက်ရောက်ခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ (၁၄-၁-၂၀၂၅)ရက်နေ့တွင် မော်တော် ယာဉ်(၁၂)စီး Loaderယာဉ်(၁)စီးတို့ကို ပြန်လည်ပေးအပ် စေရန် ဥပဒေစီရင်ထုံးနှင့်အညီ ရည်ညွှန်းချက်(၂)ပါစာဖြင့် ပြင်ဆင်အမိန့်ချမှတ်ခဲ့ပါသည်။
ဖော်ပြပါ အမှုမှ မော်တော်ယာဉ်(၁၃)စီးတို့ကို (၁၅-၁-၂၀၂၅)ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် တရားရုံးသို့ သွားရောက်ထုတ်ယူရာတွင် အမှုတွဲရောက်ရှိပြီး ဖြစ်သော်လည်း မန္တလေးတိုင်း တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေမှ ဖုန်းဖြင့် အမှုတွဲတောင်းယူသွား၍ ပုသိမ်ကြီးမြို့နယ် တရားရုံးမှ နောက်တစ်ပတ်မှ ပြန်လာထုတ်ယူရန် ပြောကြားခဲ့သဖြင့် (၂၃-၁-၂၀၂၅)ရက်နေ့တွင် အောင်မြေသာစံ ခရိုင်တရားရုံးတော်မှ ရည်ညွှန်းချက်(၃)ပါ စာဖြင့် သွားရောက်ထုတ်ယူသည့် အခါတွင် မူလရုံးအမှုတွဲကို မန္တလေးတိုင်း ဒေသကြီး တရားလွတ်တော်မှ အမှုတွဲတောင်းခေါ် သွားသည့်အတွက် ယနေ့အချိန်ထိ ယာဉ်(၁၂)စီးနှင့် Loaderယာဉ်(၁)စီးကို ထုတ်ယူခြင်းကိစ္စ ဆိုင်းငံခြင်း ခံခဲ့ရပါသည်။
သို့ဖြစ်ပါ၍ အောင်မြေသာစံခရိုင်တရားရုံးမှ ပြန်လည်ပေးအပ်စေရန် ပြင်ဆင်အမိန့်ချမှတ် ပြီးသော မော်တော်ယာဉ်(၁၂)စီးနှင့် Loaderယာဉ်(၁)စီးကို ဥပဒေနှင့်အညီ မူလပိုင်ရှင်မှ ပြန်လည် ထုတ်ယူခွင့် ရရှိစေရေး သက်ဆိုင်ရာ ဌာနများသို့ လမ်းညွှန်မှုပြုပေးပါရန် ရိုသေလေးစားစွာဖြင့် အသနားခံ တင်ပြအပ်ပါသည်။
ရိုသေလေးစားစွာဖြင့်
ဦးမင်းစောထွန်း၊ ဦးဌေးဇော်အောင်
(မှတ်ချက် - အဆိုပါ ဖြစ်စဉ်မှ မော်တော်ယာဉ်မောင်းများ၏ မိသားစုဝင်များ အသနားခံတင်ပြစဉ်ကလည်း မြန်မာနေရှင်နယ်ပို့စ်မှ သတင်းဖော်ပြပေးခဲ့ပါသည်။ ဆက်စပ်ပေးပို့လာသော အိတ်ဖွင့်ပေးစာကို တာဝန်ရှိသူများ သိရှိ၍ ပြည်သူများ နစ်နာမှုမရှိစေရေး ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက်သာ ဖော်ပြပေးခြင်း ဖြစ်ပါသည်။ - မြန်မာနေရှင်နယ်ပို့စ် )
#MNP #News #OpenLetter
Join - https://t.me/MyanmarNationalPost

24.02.202513:24
ရုရှားသုံးနေတဲ့ လက်နက်ခဲယမ်း တစ်ဝက်လောက်က မြောက်ကိုရီးယားကနေလာတာလို့ ယူကရိန်းဘက်ကဆို
ဖေဖော်ဝါရီ - ၂၄ ( တနင်္လာနေ့ )
ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားရဲ့ ခဲယမ်းမီးကျောက် လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကို မြောက်ကိုရီးယားက ထောက်ပံ့ပေးနေတယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးအကြီးအကဲ ကီရေလို ဘူဒ်နောဗ် က မနေ့က ပြောကြားလိုက်ပါတယ်။
ယူကရိန်း၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ အကဲဖြတ်ချက်များအရ မြောက်ကိုးရီးယားသည် ၁၉၅၀ ခုနှစ်များ နောက်ပိုင်း စစ်ပွဲများတွင် ပြုံယမ်းအစိုးရရဲ့ နိုင်ငံတကာစစ်ပွဲများတွင် ပထမဆုံးပါဝင်ပတ်သက်မှု ဖြစ်ကြောင်း၊ မြောက်ကိုးရီးယားက ရုရှားကို ၁၇၀ မီလီမီတာ မောင်းသူမဲ့ ဟော့ဝစ်ဇာများနဲ့ ၂၄၀ မီလီမီတာ ဒုံးကျည်မျိုးစုံ ပစ်လွှတ်သည့် စနစ်များကို မြောက်ကိုရီးယားမှ စတင် ထောက်ပံ့နေကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဘူဒ်နော်ဗ်ကဆိုပါတယ်။
မြောက်ကိုရီးယားသည် ရုရှားအား ပဲ့ထိန်းဒုံးကျည်များ ထောက်ပံ့ပေးထားပြီးဖြစ်ကာ ၂၀၂၅ ခုနှစ်တွင် ၁၄၈ စင်း ပစ်လွှတ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်တွင် ရုရှားက အမြောက်နှင့် မော်တာကျည် ၇ သန်းကျော် ထုတ်လုပ်ရန် စီစဉ်နေကြောင်း ယူကရိန်း နိုင်ငံခြားထောက်လှမ်းရေး အကြီးအကဲ အိုလက် အိုင်ဗာရှန်ကို ကဆိုပါတယ်။
"ရုရှား ... ယေဘုယျအားဖြင့် ၎င်းသည်ဥရောပနိုင်ငံအားလုံးထက် ပိုမိုထုတ်လုပ်သည်ကို နားလည်ထားရမယ်၊ တာဝေးပစ်ဒုံးကျည်များနှင့် ပတ်သက်ပြီး ရုရှားနိုင်ငံသည် ယခုနှစ်အတွင်း အစင်းရေ ၃၀၀၀ ခန့် ထုတ်လုပ်ရန် စီစဉ်နေတယ်ဆိုတာကို ကျနော်တို့ သတင်းရထားပါတယ်” လို့ ပြောသွားပါတယ်။
REF - REUTER

24.02.202513:02
ကျိုင်းတုံမြို့နယ်၌ ဘိန်းခင်းများဖျက်ဆီး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်ကျေးရွာအုပ်စု၊ ဖားလျှန့်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ အမြင့်နှစ်ပေခွဲခန့် ဘိန်းခင်းသုံးဧကခန့်နှင့် မိုင်းပန်အောက်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ အမြင့်တစ်ပေခန့် ဘိန်းခင်းငါးဧကခွဲခန့်တို့အား ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်https://www.mmnationalpost.com/2025/02/blog-post_221.html
25.02.202508:52
မျိုးဆက်သစ်အဆိုပညာရှင်များ ပေါ်ထွက်လာစေရေး တပ်ကုန်းမြို့နယ်ဂီတအစည်းအရုံးမှ ဦးဆောင်ကျင်းပသည့် သီချင်းဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
25.02.202508:39
ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများဆက်လက်ဖြေဆို
25.02.202502:18
လုပ်ငန်းသုံး မော်တော်ယာဉ်(၁၃)စီး ပြန်လည်ထုတ်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြင်ဆင်မှု လျှောက်ထားခဲ့၍ ခရိုင်တရားရုံးတော်မှ မော်တော်ယာဉ်(၁၃)စီးကို ပြန်လည် ပေးအပ်စေရန် အမိန့်ချမှတ်ခဲ့သော်လည်း ထုတ်ယူ၍မရသဖြင့် ကူညီ ပေးပါရန် ရိုသေလေးစားစွာဖြင့် အသနားခံ လျှောက်ထား တင်ပြခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြင်ဆင်မှု လျှောက်ထားခဲ့၍ ခရိုင်တရားရုံးတော်မှ မော်တော်ယာဉ်(၁၃)စီးကို ပြန်လည် ပေးအပ်စေရန် အမိန့်ချမှတ်ခဲ့သော်လည်း ထုတ်ယူ၍မရသဖြင့် ကူညီ ပေးပါရန် ရိုသေလေးစားစွာဖြင့် အသနားခံ လျှောက်ထား တင်ပြခြင်း
24.02.202513:23
ရုရှားသုံးနေတဲ့ လက်နက်ခဲယမ်း တစ်ဝက်လောက်က မြောက်ကိုရီးယားကနေလာတာလို့ ယူကရိန်းဘက်ကဆို
24.02.202512:47
AA အကြမ်းဖက်စခန်းတစ်ခုအား ရှင်းလင်းဆောင်ရွက်
https://t.me/MyanmarNationalPost
https://t.me/MyanmarNationalPost
25.02.202508:57
ရေဖြူ၌ ယခုနှစ်တွင် သီဟိုဠ်စေ့ စတင်ထွက်ရှိချိန်တစ်ပိဿာကို ငွေ ၈၅၀၀ ကျပ်အထိ ဈေးကောင်းရရှိ
ရေဖြူ ဖေဖေါ်ဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သီဟိုဠ်စေ့ စတင်ထွက်ချိန်ရာသီတွင် မနှစ်ကပေါက်ဈေးထက် ဈေးကောင်းပိုရရှိကြောင်း သီဟိုဠ်သီးပင်စိုက်ပျိုး တောင်သူများထံမှ သိရသည်။
ယခင်နှစ်တွင် သီဟိုဠ်စေ့ရာသီစချိန်တွင် ဈေးနှုန်းမှာ တစ်ပိဿာကို ငွေ ၅၀၀၀ ကျပ်အထိ ဈေးရရှိပြီး ယခုနှစ်ရာသီစမှာ အစေ့စထွက်ချိန်ကတည်းက တစ်ပိဿာကိုငွေ ၇၅၀၀၊ ၈၀၀၀ ဈေး ကောင်းရရှိကြောင်း ခြံရှင်တစ်ဦးထံမှ သိရသည်။
ရေဖြူမြို့နယ်ရှိ ဧကနိကျေးရွာသည် မြန်မာနိုင်ငံ၌ သီဟိုဠ်ခြံ ဧကအများဆုံး စိုက်ပျိုးပြီး တစ်ရက်လျှင် ပိဿာရာချီ သီဟိုဠ်စေ့ ကောက်ယူရပြီး အလုပ်သမားများငှား၍ ရာသီချိန်အမီ လုပ်ကိုင်ကြရကြောင်း အရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရသည်။
ရေဖြူရှိ သီဟိုဠ်စေ့ အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက “သီဟိုဠ်စေ့ကို ရန်ကုန်က အဝယ်ဒိုင်ကြီးတွေက ပြည်ပနိုင်ငံဖြစ်တဲ့ တရုတ်နှင့် ထိုင်းကို တင်ပို့ရောင်းချလျက်ရှိကြောင်း” ၎င်းကပြောသည်။
ရေဖြူဒေသသည် နှစ်ရှည်ခြံစိုက်ပျိုးရေးကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အဓိကထား၍ လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံအဖြစ်သီဟိုဠ်၊ ရော်ဘာ၊ အုန်း၊ ကွမ်းသီးပင်များကို မြို့နယ်ရှိ ကျေးရွာနေတောင်သူများကစီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ခတ္တာ
တနင်္သာရီတိုင်းဒေသကြီး
#News #MNP
Join-https://t.me/MyanmarNationalPost

25.02.202508:48
ချမ်းအေးသာစံမြို့နယ်ရှိ သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား အုပ်ချုပ်မှုနှင့်ပြည်သူ့ဆက်ဆံရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
အောင်မြေသာစံ , ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သွားနှင့်ခံတွင်းဆရာဝန်သစ်လွင်များအား အုပ်ချုပ်မှုနှင့်ပြည်သူ့ဆက်ဆံရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှုးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်က အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းကို ဆက်လက်သင်ကြားပို့ချကြသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ၂၅ ရက်မှ ၂၆ ရက်အထိ နှစ်ရက်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တစ်ဦး၊ ကုသရေးဦးစီးဌာနမှ (၁၄) ဦး၊ သွားနှင့်ခံတွင်းဆရာဝန် စုစုပေါင်း (၁၅) ဦး တက်ရာက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း
#News #MNP
Join-

25.02.202502:44
ဒုတိယဝန်ကြီး ဦးရဲတင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ၂၃-၂-၂၀၂၅ ရက်နေ့က ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့နှင့်အတူ ဘားအံမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့်ဝန်ထမ်းများ၊ သတင်းဌာနခွဲမှ ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/02/blog-post_413.html

25.02.202501:58
မိုးလေဝသသတင်း (၂၅.၂.၂၀၂၅)ရက်နေ့
24.02.202513:08
ပင်းတယမြို့နယ်၌ ခြောက်ကောင်ဂျင်လောင်းကစားပြုလုပ်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က ခြောက်ကောင်ဂျင် လောင်းကစားပြုလုပ်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီခွဲတွင် ပင်းတယမြို့နယ်၊ လက်လဲကျေးရွာအနီး ဒေသအခေါ် ရေဂနိုင်ကုန်း၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပင်းတယမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ လက်လဲကျေးရွာနေ ဘလွင်(၅၃)နှစ်၊ သာစည်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ဦးခေါင်(၆၄)နှစ်၊ အောင်ပန်းမြို့၊ ရွာငံစုရပ်ကွက်နေသူများဖြစ်သည့် ရဲထွဋ်(၄၇)နှစ်နှင့် ကျော်လွင်ဦး(၂၈)နှစ်တို့ လေးဦးအား ခြောက်ကောင်ဂျင် လောင်းကစားရာတွင် အသုံးပြုသည့် ခြောက်ကောင်ဂျင်ခုံ တစ်ခုံ၊ ဂျင်သီး ခြောက်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၂,၄၆၁,၀၀၀ ကျပ်၊ ဆိုင်ကယ် ငါးစီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ လေးဦးအား ပင်းတယမြို့မရဲစခန်း(ပ)၂၀/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

24.02.202512:21
ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် သိန်း ၄,၀၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၁၅၁၀ အချိန် ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာအုပ်စု၊ ဝမ်တာပုံ ကျေးရွာအနီးတွင် မိုင်းခတ်မှ ကျိုင်းတုံဘက်သို့ စိုင်းရီသန်း မောင်းနှင်လာသည့် TOYOTA HIACE အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀ ကီလို(တစ်ကီလိုလျှင် ၈၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ သိန်း ၄၀၀၀)သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းရီသန်း(၃၃)နှစ် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

दिखाया गया 1 - 24 का 544
अधिक कार्यक्षमता अनलॉक करने के लिए लॉगिन करें।