❝ တောင်ကိုရီးယား SK Telecom (SKT) အဟက်ခ် ခံရ ❞
SK Telecom (SKT) က USIM ဒေတာတွေ dark web ထဲကိုရောက်နေပါပြီ။ ဆိုက်ဘာတိုက်ခိုက်မှုတွေရနိုင်ပါတယ်။
ဟက်ကာအုပ်စုက IMSI တို့ IMEI နံပါတ်တွေလို အရေးကြီးတဲ့ အချက်အလက်တွေကိုကြည့်ပြီးသွားပါပြီ။
⸻
IMSI ဆိုတာဘာလဲ။
(International Mobile Subscriber Identity) ဆိုတာ SIM ကတ်ရဲ့နံပါတ် ဖြစ်ပါတယ်။ ကိုယ့်ဖုန်းနဲ့ မိုဘိုင်းကွန်ရက် ချိတ်ဆက်တဲ့ ကိုယ်ပိုင်နံပါတ်ဖြစ်တယ်။
⸻
IMSI က 450051234567890 ဆိုပါစို့။
450 = နိုင်ငံကုဒ် (တောင်ကိုရီးယား)
05 = မိုဘိုင်းကွန်ရက်ကုဒ် (ဥပမာ SKT)
1234567890 = ကိုယ့်ဖုန်း ID နံပါတ်
ဟက်ကာတွေ ကိုယ့် IMSI ကို ရသွားရင် ဘာဖြစ်နိုင်သလဲ..။
ကိုယ့် ဆင်းမ်ကတ်နဲ့ နံပါတ်တူ နောက်ဖုန်းတစ်လုံးကိုလုပ်နိုင်ပါတယ်။ ဒါကြောင့် လျှို့ဝှက်ကုဒ် ပို့တဲ့ မက်ဆေ့ချ်ရရင် ဟက်နေပါပြီ။ အဲ့ဒီ့ မက်ဆေ့ချ်ကို ကိုယ်ရော သူရော တပြိုင်နက်ရမှာဖြစ်ပါတယ်။
SMS ကုဒ်တွေသုံးပြီး ဘဏ်အကောင့်နဲ အခြားအကောင့်တွေကို ဟက်ခ်နိုင်ပါတယ်။
⸻
IMEI ဆိုတာဘာလဲ။
(International Mobile Equipment Identity)
IMEI က ကိုယ့် ဖုန်း၊ တက်ဘလက်တွေရဲ့ မိုဒမ်အတွက် သီးသန့်နံပါတ်တစ်ခုပါ။
ဥပမာ-
ကိုယ့် IMEI က 356789012345678 ဆိုပါစို့။ ဟက်ကာက ကိုယ့် IMEI ကို ခိုးယူမယ်။ ဖုန်းကို ပုံတူပွါးမယ်။ ဆိုရင် ကိုယ့်ဖုန်း (စက်) က သူ့ဖုန်းဖြစ်သွားတယ်။ ဟက်ခ်ကာက ကိုယ့် IMEI ကို တရားမဝင်
အသုံးပြုမယ်၊ ဒါဆို အဲ့ဒီ့ ဖုန်းက အမည်ပျက်စာရင်းသွင်းခံရနိုင်တယ်။
⸻
အနှစ်ချုပ် လွယ်လွယ် ပြောရရင် IMSI = က SKT ရဲ့ ကိုယ့် အွန်လိုင်း အကောင့် ဖြစ်ပြီး IMEI က ကိုယ့်ဖုန်း (စက်ပစ္စည်း)ဖြစ်ပါတယ်။
⸻
SKT ကတော့ ဒေတာတွေ အသုံးခံရတဲ့ အထောက်အထားတွေတော့ အခုအထိ အရိပ်အယောင်မတွေ့ရသေးဘူးလို့ဆိုထားတယ်။ ပြဿနာက SKT အဟက်ခံရတာ မနေ့ကမှ မဟုတ်ပါ။ ရက် အနည်းငယ်ကြာနေပြီ၊ SKT က ကြိတ်ဖြေရှင်းနေကြတာ။
မနေ့ကမှ မတတ်သာလို့ဖွင့်ချတာ။ ဟက်ကာအုပ်စုက ဖုန်းသုံးတဲ့သူ တစ်ဝက်လောက်ရဲ့ IMSI တို့ IMEI နံပါတ်တွေလို အရေးကြီးတဲ့ အချက်အလက်တွေ ကိုကြည့်ပြီးသွားပါပြီ။
ဒါကို ‘ SIM လဲလှယ်တိုက်ခိုက်မှု’ လို့မြန်မာလိုအလွယ်မှတ်နိုင်ပါတယ်။ ဖုန်းထဲက ကိုယ်ပိုင်ကောင့်တွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲနိုင်တဲ့ အန္တရာယ်ရှိတယ်။
⸻
SKT က အကြံပြုထားတာက ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ကစပြီး အခမဲ့ SIM ကတ်တွေလဲပေးပါမယ်တဲ့။
SKT ဖုန်းဆိုင်တွေမှာ သွားလဲကြပါ။ မလဲခင် ကိုယ့်အကောင့်တွေကို စောင့်ကြည့်ပါ (ဘဏ်၊ အီးမေးလ်၊ဆိုရှယ်မီဒီယာအကောင့်) တွေမှာ သံသယစရာ တစ်ခုခုရှိလား ပုံမှန်စစ်ဆေးပါ။ ပို့လာတဲ့ လင့်ခ်တွေကို မနှိပ်ပါနဲ့။
⸻
တောင်ကိုရီးယားက မောင်နှမတို့ အရေးကြီးသတင်းပါ။ ဘဏ်ထဲ တလရ ငွေရှိသူတွေ သတိထားပါ။
မနေ့ကတည်းက တောင်ကိုရီးယား SK Telecom (SKT) USIM ဒေတာ အဟက်ခံနေရတယ်နော်၊ ဖုန်းဘဏ်တွေ၊ လျှို့ဝှက်ဓာတ်ပုံတွေ၊ကိုယ်ရေးကိုယ်တာ အချက်တွေ သတိထားကြပါမောင်နှမတို့။
မနက်ဖြန်ကစပြီး SKT က လုံခြုံရေး အတွက် သုံးစွဲသူ ၂၃ သန်းကို အခမဲ့ SIM ကတ် အစားထိုး လဲလှယ်ပေးပါမယ်။ ကိုယ့်ဖုန်းကို မသင်္ကာရင် နီးရာဆိုင်ပြေးပါ။
⸻
အချက်အလက်တွေ သေချာရှာစုပြီး ရေးထားပါတယ်။ အကြံပေးစရာတွေရှိရင်၊ အမှားရှိရင် ပြောပေးကြပါရှင့်။
⸻
မိုရီယာ (မရွှေမိုး- ကိုရီးယား)
April 27th,2025
#SKT
#SKtelecom
#SIMcard
#MaShweMoreKorea
#Moreia
▬▬▬▬