အတွဲတွေကိုမှ ရွေးသတ်တဲ့ လူသတ်သမား
Heart Eyes (2025)
***
ဒီကားက ဗယ်လင်တိုင်းတုန်းက ရုံတင်ပြီး နာမည်ကြီးခဲ့တဲ့ကားပါ။ စောင်အတွဲတွေကို ချဉ်နေတဲ့သူအတွက် အကြိုက်ပါပဲ။တရားခံက တစ်နှစ်တစ်ခါ ဗယ်လင်တိုင်းရောက်တိုင်း စောင်အတွဲတွေကို ပိုးစိုးပက်စက် လိုက်-တ် တာပါ။စောင်အတွဲတွေ Ro နေတုန်း ခွေးပြေးဝက်ပြေးပြေးလိုက်၊ ရှောကုန်လိုက်နဲ့ ဟာတွေကို အားရပါးရ ကြည့်ရမှာပါ။ ဟော်ရာ၊ ဟာသ အမျိုးအစားပါပဲ။
ဇာတ်လမ်းအကျဉ်းဗယ်လင်တိုင်းဒေးတွေမှာ နှစ်နှစ်ဆက်တိုက် အတွဲတွေကို လိုက်ဖြုတ်နေတဲ့ စိတ္တဇကောင်ကြောင့် အားလုံး ကျီးလန့်စာစားနေရတဲ့အချိန်ပါ။အတွဲမရှိတဲ့ကောင်တွေကတော့ အေးဆေးဆေးဆေး ဖြတ်သန်းနေတဲ့ အချိန်ပေါ့။
၂၀၂၅ ဗယ်လင်တိုင်းမှာလဲ အတွဲမရှိတဲ့ မာကတ်တင်း ဝန်ထမ်းကောင်မလေးနဲ့ ကောင်လေးက အလုပ်ကိစ္စကို ဆိုင်မှာ ချိန်းတွေ့ရင်း တရားခံရှေ့မှာ အတွဲလို့အထင်လွဲခံရစရာလေးတွေ လုပ်လိုက်မိပါတယ်။ဒါနဲ့ပဲ အသည်းပုံမျက်လုံး လူ-တ်သမားလို့ နာမည်ကြီးတဲ့ စိတ္တဇကောင်က အိမ်ထိလိုက်လာပြီး ကြိတ်တဲ့အခါ အသက်ဘေးကလွတ်အောင်ပြေးရင်း ဘယ်လိုပြန်တိုက်မလဲ၊ ဘယ်သူလွတ်မလဲ၊ တရားခံဘယ်သူလဲဆိုတာ ကြည့်ရမဲ့ ရုပ်ရှင်အမျိုးအစားပါပဲ။