Notcoin Community
Notcoin Community
Whale Chanel
Whale Chanel
Proxy MTProto
Proxy MTProto
Notcoin Community
Notcoin Community
Whale Chanel
Whale Chanel
Proxy MTProto
Proxy MTProto
Review (Heartfilia) avatar
Review (Heartfilia)
Review (Heartfilia) avatar
Review (Heartfilia)
Witch Hat Atelier

သိုဝှက်တတ်တဲ့မှော်ရဲ့သဘာဝနဲ့ထိုမှော်တွေကိုကျင့်သုံးနေတဲ့စုန်းတွေရှိပေမဲ့လည်း၊ သာမာန်ဝတ်စုံချုပ်သူတစ်ဦးရဲ့သမီးလေး Coco ဆိုတဲ့သူကဂါထာမန်းမှုတ်နည်းတွေနဲ့ပတ်သက်ပြီးအမြဲအစွဲအလမ်းရှိခဲ့သူတစ်ဦးပါ။ တတ်ကျွမ်းတဲ့စုန်းတစ်ဦးဖြစ်တဲ့ Qifrey ကိုမြင်မိပြီး သူမဖတ်ဖူးခဲ့တဲ့ပုံပြင်စာအုပ်ထဲကမှော်ရဲ့အစစ်အမှန်တွေဆိုတာ သိလိုက်ရတဲ့အချိန်မှာမထင်မှတ်ထားတဲ့အခွင့်အလမ်းတွေသူမဆီရောက်လာခဲ့ပါတယ်။

သူမသိလိုက်ရတဲ့ပညာအသစ်အဆန်းတွေကို စမ်းကြည့်ချင်စိတ်နဲ့ Coco ဟာဂါထာတွေနဲ့စမ်းသပ်ခဲ့ပြီး သူမရဲ့နေအိမ်အတွက်ဆိုးဝါးတဲ့ဒုက္ခရလဒ်တွေကြုံတွေ့ခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ Qifrey ဟာ သူမကိုအချိန်မှီကယ်တင်နိုင်ခဲ့ပြီး၊ အနားပြန့်ဦးထုပ်များဖြစ်တဲ့၊ မှော်ပစ္စည်းများကိုပြည်သူလူထုကြားရောင်းချနေသည့် နာမည်ဆိုးဖြင့်ကျော်စောသောအဖွဲ့ကိုဖမ်းဆီးရာတွင်ကူညီနိုင်မယ့်သူမရဲ့အစွမ်းအစကိုအသိအမှတ်ပြုခဲ့ပါတယ်

အဲ့လိုနဲ့ တာဝန်အတွက်ပြင်ဆင်ဖို့ Qifrey ဟာ Coco နဲ့သူ့ရဲ့အခြားတပည့်သုံးယောက်ကိုလေ့ကျင့်ပေးဖို့ဆုံးဖြတ်ခဲ့တယ်၊ သို့သော်လည်းအနားပြန့်ဦးထုပ်တွေကိုမရင်ဆိုင်နိုင်ခင်ထိုသုံးယောက်ကအတူတကွစည်းလုံးလုပ်ကိုင်ပြီးသူတို့ရဲ့ကျွမ်းကျင်မှုတွေတိုးတက်ကောင်းမွန်လာအောင်လေ့ကျင့်လာပါ့မလားဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်
Citrus

Review By DND

ဒီဇာတ်လမ်းလေးရဲ့ အစမှာတော့ အမေဖြစ်သူရဲ့ ဒုတိယအိမ်ထောင်ပြုမှုကြောင့် Yuzu ဟာမမျှော်လင့်ပဲ ကျောင်းအသစ်တက်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ Yuzu ဟာ ဖက်ရှင်ကျကျ ဆိုရှယ်ဆန်ဆန် နေထိုင်တတ်တဲ့ ကောင်မ‌လေးတဦးဖြစ်ပေမယ့်လည်း အချစ်ရေးအတွေ့အကြုံမှာ 0% ဖြစ်နေခဲ့တာကြောင့် နေရာသစ် ကျောင်းသစ်မှာ သူငယ်ချင်းတွေအပြင် ကောင်လေးတဦးဦးနဲ့ အချစ်ဆိုတဲ့အရာကြီးကို ထိတွေ့ချင်နေသူတဦးပါ။ ဒါပေမယ့် မမျှော်ပဲ ကျောင်းသစ်က မိန်းကလေးသီးသန့်ကျောင်းဖြစ်နေတဲ့အခါ Yuzu ရဲ့ အိပ်မက်တွေ ဆက်အကောင်အထည်ဖော်နိုင်ပါ့မလား? ဘယ်လိုမမျှော်လင့်တဲ့ လှည့်ကွက်တွေကြောင့် အရည်ရွှမ်းရွှမ်း လင်ဗန်းတဗြန်းဗြန်း ဇာတ်ကွက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားမလဲဆိုတာကိုတော့...
दिखाया गया 1 - 2 का 2
अधिक कार्यक्षमता अनलॉक करने के लिए लॉगिन करें।