Shadow Beauty (2021)
=================
ရုပ်အရမ်းဆိုးတာကြောင့် ကျောင်းမှာရက်ရက်စက်စက် bully ခံနေရတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်။
လူတွေမသိတဲ့အချက်တစ်ချက်ကတော့ သူမဟာ followers 770,000 ကျော်ပိုင်ဆိုင်ထားတဲ့အပြင် နာမည်ကြီးလူကြိုက်များပြီး လှပလှတဲ့ blogger, social influencer "Genie" ဖြစ်နေတယ်ဆိုတာပါ။
သူမရဲ့မူလဓာတ်ပုံတွေကို လှပပြီးစွဲဆောင်မှုရှိအောင် photoshop တွေလုပ် edit တွေလုပ်ပြီး သူ့ကိုယ်သူ Genie အဖြစ် social media ပေါ် ဓာတ်ပုံတွေတင်နေသူတစ်ယောက်ပါ။
တစ်နေ့မှာတော့ သူမဟာ Genie ဖြစ်နေတယ်ဆိုတာကို သိနေတဲ့လူတစ်ယောက်က သူမရဲ့ မပြုပြင်ရသေးတဲ့ ဓာတ်ပုံတစ်ပုံပို့ပြီး ခြိမ်းခြောက်လာပါတယ်။
ဒီတော့ သူမရဲ့ လျှို့ဝှက်ချက်ကိုဘယ်လိုဆက်ပြီးထိန်းသိမ်းသွားမလဲ။
အဲ့လူကရော ဘယ်သူဖြစ်မလဲ။
သူမရဲ့ တစ်ဦးတည်းသောသူငယ်ချင်းဖြစ်တဲ့ အဆင်လေး ဂျင်ဆောင်းကရော သူမကို ဘယ်လိုကာကွယ်ပေးသွားမလဲဆိုတာကို အဆင်မင်းသား ၂ယောက်ပါဝင်ထားတဲ့ "Shadow Beauty" မှာ စောင့်ကြည့်ရအောင်ပါ။