Troy (2004)
ဒီဇာတ်ကားလေးဟာဖြင့် ၂၀၀၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ တကယ့် ဂန္တဝင်ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ IMDb 7.3 အထိရထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ထရွိုင်မြို့ကြီးကို ဂရိတွေ ဘယ်လိုပရိယာယ်သုံးပြီး သိမ်းပိုက်ခဲ့သလဲဆိုတာကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပြီးတော့ Brad Pitt, Eric Bana, Orlando Bloom စတဲ့ နာမည်ကြီးမင်းသားတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။ ပြောရရင် ဇာတ်ကားတစ်ကားလုံး လုံးဝမပျင်းရဘဲ စိတ်ဝင်စားမှုအပြည့်နဲ့ ကြည့်ရှုသွားရမဲ့ဇာတ်ကားမျိုးပါ။ ၉၀ ခုနှစ်ဖွားတွေအတွက်တော့ ဒီဇာတ်ကားက အထွေအထူးပြောစရာမလိုပေမဲ့ မကြည့်ရသေးတဲ့သူတွေအဖို့တော့ လုံးဝ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ပြောရင်း အားလုံးကိုကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။