04.05.202502:37
(အမာ နဲ့ အပျော့ ဟန်ချက်ညီပူးပေါင်းတတ်ပါမှ ပိပိရိရိ သပ်ရပ်လှပတဲ့ ပန်းတိုင်ရောက်ပါ့မယ် ၊ ဒီလိုဖြစ်ဖို့ ချွန်ထက်မာကျောမှုက ဦးဆောင်ရပါ့မယ်)
02.05.202513:16
မဲသဝေါ မှ သူရဲကောင်း စိတ်ဓာတ်များ (7)
===============================
အံ့ကျော်ကုန်း နဲ့ တချိန်တည်း အခြားတောင်ကုန်း ၂ ခုကို တိုက်ခိုက်ခဲ့ရတဲ့ တပ်ကတော့ ခလရ ၈၁ ဖြစ်ပါတယ် ။ သူတို့လည်း တောင်ကုန်းပေါ်က ဖိပစ်နေတဲ့ KNU တွေကို အပေါ်လှန်တက်ပစ်ခတ် တိုက်ခိုက်ကြရပါတယ် ။
တဖက်က ခမရ ၇ သည် အံ့ကျော်ကုန်းကို မရ အရ တိုက်နေသလို ခလရ ၈၁ ကလည်း အပြိုင်အဆိုင် အနိုင်ရရေးအတွက် သက်စွန့်ကျိုးပမ်း တိုက်ခဲ့ကြတာပါပဲ ။ ခလရ ၈၁ စစ်သည်တွေလည်း အံ့ကျော်ကုန်းရခဲ့တဲ့ အချိန်မှာပဲ တာဝန်ကျေပွန်စွာနဲ့ ကုန်း ၂ ကုန်းစလုံး သိမ်းပိုက်နိုင်ခဲ့ကြပါတယ် ။
မဲသဝေါ ဒေသရှိ ကျန်ရှိနေသေးသော စခန်းတွေကို တိုက်ခိုက်ရာမှာတော့ တပ်မတော်က သိသာတဲ့ အထက်စီးကနေ စိုးမိုးတိုက်ခိုက်လို့ ရသွားပါပြီ ။ ဒီနေရာမှာ အသိသာဆုံးကတော့ အမြှောက်တပ်ရဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ် ။
ရန်သူကို နေ့ရော ညပါ ထိမ်းချုပ်ပစ်ခတ်နေလို့ ရန်သူတွေဟာ မောရဝတီလို တောင်ကျောကို လုံးဝ ရန်မပြုနိုင်တော့ပဲ ခံစစ်လုံးလုံး ဖြစ်သွားကြရပါတယ် ။ ဒီအချက်ကြောင့်ပဲ ရန်သူအတွက် အဓိက ထောက်ပံ့ရေးလမ်းကြောင်းကြီး ဖြစ်သော သံလွင်မြစ်ကိုပါ မောရဝတီ လက်နက်ကြီးတပ်ဖွဲ့က ထိမ်းချုပ် ပစ်ခတ်နှောက်ယှက်လာနိုင်ပါတယ် ။
ဒီလိုနဲ့ ရန်သူရဲ့ စက်လှေတွေ များစွာပျက်စီးပြီး ထောက်ပံ့ရေးလမ်းကြောင်း ကြပ်တည်းလာပါပြီ ။ ရန်သူနဲ့ ပြောင်းပြန်အဖြစ် မိမိရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကတော့ ပိုမိုကောင်းမွန် ချောမွေ့လာရပါပြီ ။
အံ့ကျော်ကုန်းရပြီးတာနဲ့ နောက်တရက် 21 - 12 - 1988 မှာပဲ မဲသဝေါပင်မစခန်းရဲ့ အနောက်ဖက်လမ်းဆုံကို ခမရ ၄ တို့ ရောက်လာပါပြီ ။ သူတို့ နဲ့ အတူ ခလရ ၇၆ က တပ်ခွဲ တခွဲလည်း ပါလာပါတယ် ။
လမ်းဆုံနားက တောင်ကုန်း ၂ ခုကို ညနေ 3 နာရီမှာ ဝင်တိုးကြပါပြီ ။ ရန်သူကလည်း မီးကုန်ယမ်းကုန် ပြင်းထန်စွာ ခုခံကြပါတယ် ။ နေမဝင်ခင် တောင်ကုန်းတခုကို သိမ်းပိုက်ရရှိပေမယ့် နောက်တကုန်းကိုတော့ မသိမ်းနိုင်သေးပါဘူး ။ ရန်သူက ကဆာနလီ နဲ့ ပင်မစခန်းကြီးမှ KNU များ ဆုတ်ခွာနိုင်ရန် အသေခံ ခုခံနေကြတာကြောင့် ဖြစ်ပါတယ် ။
22 - 12 - 1988 မှာတော့ အသေခံခုခံနေတဲ့ တောင်ကုန်းကို ခမရ ၄ စစ်ကြောင်းက ညက်ညက်ကျေအောင်ချေမှုံးနိုင်ပါပြီ ။ ဒီတော့မှ အဓိကပစ်မှတ် ကဆာနလီသို့ ချည်းကပ်ပါတော့တယ် ။
တိုက်စစ်စီမံချက်အတိုင်း ဟန်ချက်ညီ လုပ်ကိုင်ဖို့ ဗိုလ်မှူးထွန်းမြင့်ရဲ့ ခလရ ၇၆ စစ်ကြောင်း ၁ ကလည်း သူတို့ရဲ့ စခန်းဟောင်း ပင်မစခန်းဆီကို ချီတက်နေကြပါပြီ ။
ပင်မစခန်းကြီးဆီကို ခလရ ၇၆ စစ်ကြောင်း ရောက်ရှိချိန်မှာတော့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မိမိတို့ စခန်းဟောင်းကြီးက ခုခံသူမရှိ သခင်အစစ်တို့ကို စောင်ကြိုနေတာ တွေ့လိုက်ရပါတော့တယ် ။ 22 - 12 - 1988 ညနေ ၄ နာရီ အချိန်မှာတော့ KNU တို့ရဲ့ လွတ်မြောက်နယ်မြေ အိပ်မက်တို့ ဆုံးခမ်းတိုင်သွားရပါပြီ ။
ကဆာနလီ နဲ့ ပင်မစခန်းကြီးတို့ တပ်မတော်လက်ထဲ ပိုင်ပိုင်ကိုင်ပြီးချိန်မှာတော့ ဘေးနားက အကြွင်းအကျန်များကိုပါ တံပျက်စီးလှည်းကြရပါသေးတယ် ။
23 - 12 - 1988 မှာ ခလရ ၇၅ စစ်ကြောင်း ၂ မှ တပ်ခွဲ ၂ ခွဲက ပွှိုင့် ၂၉၀ တောင်ကုန်းကို သိမ်းပိုက်ပါတယ် ။ 24 - 12 - 1988 မှာ နောက်ထပ်ကုန်း ၂ ကုန်း ထပ်သိမ်းပါတယ် ။ ၂၄ ရက်နေ့ တရက်တည်းမှာပဲ ခလရ ၇၆ စစ်ကြောင်း ၂ တပ်ခွဲ တခွဲက ပွှိုင့် ၁၆၀၁ ကို ပြန်သိမ်းပိုက်ရင်း KNU တို့ကို အစာပိတ် လက်စားချေပြခဲ့ပါတယ် ။
သမိုင်းဝင်း မဲသဝေါ တိုက်ပွဲတွင် တပ်မတော်မှ အရာရှိ ၁၂ ဦး စစ်သည် ၂၄၅ ဦး ကျဆုံးခဲ့ရပါတယ် ။ အရာရှိ ၉၆ ဦး စစ်သည် ၁၄၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ် ။ အရာရှိ ၂ ဦး စစ်သည် ၉ ဦး ပျောက်ဆုံးခဲ့ရပါတယ် ။
ရန်သူ့အလောင်း ၂၀၄ လောင်းရရှိခဲ့ပါတယ် ။
ထိုကာလများက တပ်မတော်ခေါင်းဆောင်ကြီးများရဲ့ စွမ်းဆောင်ရည် ၊ ဦးဆောင်နိုင်စွမ်း နဲ့ ထောက်ပံ့မှုများဟာ ယနေ့ထိ စစ်သည်တော်ဟောင်းများအကြား တသသ ပြောနေကြရဆဲပါပဲ ။ ကွန်မန်ဒါအဆင့် အရာရှိများရဲ့ သူရသတ္တိ နဲ့ အရည်အချင်းများကတော့ ဖတ်ရှုကြရတဲ့ အတိုင်း ကြက်သီးထလောက်တဲ့ သူရဲကောင်းများပါပဲ ။ ရဲဘော်စစ်သည်တို့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ် ၊ မွန်မြတ်တဲ့ အမိန့်နာခံမှု ၊ မိမိအရာရှိများအပေါ် ယုံကြည်လေးစားတတ်မှုတွေကတော့ ချီးမွမ်းမကုန်ပါပဲ ။
88 မြန်မာ့တပ်မတော်၏ အားလုံးသော ထက် လယ် အောက် စုစည်း ညီညွှတ်မှု ၊ စာနာထောက်ထားမှု ၊ အမိန့်နာခံမှုများအား လက်ရှိ တပ်မတော်အတွင်းရှိ တာဝန်ထမ်းဆောင်နေရပါသော ဆိုင်ရာပုဂ္ဂိုလ်ကြီးများ နမူနာယူ၍ မြန်မာ့တပ်မတော်၏ အောင်မြင်မှုများ ၊ သမိုင်းကောင်းများကို ဆက်လက်ထိမ်းသိမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလျှက်....
ကိုရွှေမျိုးဝင်း

01.05.202504:03
မဲသဝေါ မှ သူရဲကောင်း စိတ်ဓာတ်များ (5)
===============================
ဗိုလ်မှူးကြီးဆီက တိုက်မိန့်ကျလာတာနဲ့ ဗိုလ်မှူးရွှေမန်းတို့ရဲ့ ပင်မစစ်ကြောင်းက နေ့လည် ၁၁ နာရီမှာ မြောက်ဖက်အရပ်မှ ပတ်ဝှိက်ချီတက်ပါတယ် ။ ဗိုလ်စောမြသောင်းအဖွဲ့ကတော့ ရန်သူထင်မထားတဲ့ နောက်ဖက်ကနေ ကျားကုတ်ကျားခဲ တွယ်ဖက်တက်နေပါတယ် ။
ဗိုလ်မှူးရွှေမန်းတို့က 84 mm ၂ လက်ဖြင့် စခန်းရှေ့မျက်နှာသာမှ ပြောင်ပြောင်တင်းတင်း ရဲရဲဝင့်ဝင့် ပစ်ခတ်တိုက်ခိုက်ပါပြီ ။ ဗိုလ်ကြီးဉာဏ်လင်းမြင့် ရဲ့ ရှေ့ပြေးတပ်ခွဲက သောသောညံနေတဲ့ ရန်သူ့သေနတ်သံကြားထဲကို အတင်းထိုးတက်ကြရာ ဗိုလ်မျိုးတင့်ဦးစီးသော ရှေ့ဆုံးတပ်စုသည် 11:30 ခန့်မှာ ရန်သူနှင့် အနီးကပ် ပြင်းပြင်းထန်ထန်တိုက်နေပါပြီ ။
သတ္တိကောင်းလှတဲ့ ဗိုလ်မျိုးတင့်တို့ ရှေ့ပြေးတိုက်ခိုက်ရေးတိုက်ခွဲဟာ...
'' တပ်မတော်ကွ '' '' တပ်မ ၄၄ ကွ ''
'' ခမရ ၆. ကွ '' '' တက် တက် တက် ''
'' ကျားးး'' '' ကျားး ''
ဆိုတဲ့ ဟိန်းထွက်နေတဲ့ ဝမ်းခေါင်းသံကြီးတွေနဲ့ တပြိုင်နက် အော်ဟစ် ပြေးဆောင့်ချိန်မှာ ရန်သူ KNU တို့လည်း တုန်လှုပ်ခြောက်ခြားစွာနဲ့ ကာကင်းစခန်းအား စွန့်ခွာဆုတ်ပြေးကြရပါပြီ ။ အချိန်က နေ့လည် 12:30 ရောက်ပါပြီ ။ ရန်သူဆွဲမပြေးနိုင်တဲ့ ၆ လောင်းရရှိခဲ့ပါတယ် ။
ပွှိုင့် ၁၇၇၈ ရဲ့ ပင်မကုန်းကို သိမ်းဖို့ ဗိုလ်မှူးရွှေမန်းရဲ့ စစ်ကြောင်း ဆက်တက်ကြပါတယ် ။ ဗိုလ်ကြီးဥာဏ်လင်းမြင့်တို့က ရှေ့ဆက်တိုးဖို့ အလွန်ခက်တဲ့ မြေပြင်အနေအထားရောက်နေပါပြီ ။ အံ့ကျော်ကုန်းမှ ပစ်ကွင်းမှီတဲ့ နေရာမို့ ကျားတက်ထိုး ဇွတ်သိမ်းတာတောင် ကိုက် ၃၀ ခန့်ပဲ တက်နိုင်ပါတော့တယ် ။
ညနေ ၃ နာရီလောက်ကနေ ရင်ဆိုင်ထားရာ ကိုယ်လည်းရှေ့တက်မရ ၊ သူလည်း ခွာချမရ ဖြစ်နေပါပြီ ။ အဲဒီအချိန်မှာ တိတ်တဆိတ် ချီတက်နေသော လမ်းကြမ်းဆီမှ ဗိုလ်စောမြသောင်းတို့ တပ်စုကတော့ ကြိုးစားပမ်းစား ပင်ပန်းကြီးစွာ ချီလာကြရာ ညနေ ၄ နာရီတွင် ရန်သူ့ခြံစည်းရိုးနဲ့ ၁၀ ကိုက်အကွာထိ ခရီးပေါက်ခဲ့ပါပြီ ။
KNU တို့ကတော့ ဗိုလ်မှူးရွှေမန်းရဲ့ ပင်မစစ်ကြောင်းကိုပဲ မဲသဲပစ်ခတ်နေကြပါတယ် ။ ဗိုလ်စောမြသောင်းတို့လည်း ပါလာတဲ့ ယမ်းဘီလူးတွေကို စနစ်တကျ အတွဲလိုက် တပ်ဆင်လိုက်ပါပြီ ။ ဒု တပ်ကြပ် အေးလွင်က အဲဒီ ယမ်းဘီလူးအတွဲကြီးကို ခြံစည်းရိုးအတွင်းရောက်အောင် သွားထည့်ပြီး ဖောက်ခွဲလိုက်ပါတယ် ။
'' ဝုန်း '' ကနဲ ခြံစည်းရိုးကြီး ပေါက်ကွဲပျက်စီးသွားချိန်မှာတော့ ဗိုလ်စောမြသောင်းတို့က ကျားတက်ထိုးရင်း ဘန်ဂလိုတွေထဲ လက်ပစ်ဗုံးတွေ ပစ်သွင်း ၊ ရှေ့ဘက်က ပင်မစစ်ကြောင်းကလည်း ကျားထိုးရင်း ဝင်ပစ်ဆောင့် ကြပါတယ် ။
'' ကျားးးကျားးးကျားးးး'' '' တက် တက် တက် '' '' ၄၄ ကွ '' '' ခမရ ၆ ကွ ''
ဆိုတဲ့ ခြောက်ခြားဖွယ် ကြိမ်းဝါးသံများကြားမှာ မာကျောလှပါတယ်ဆိုတဲ့ ပွှိုင့် ၁၇၇၈ က KNU တို့ စနေနှစ်ခိုင်ကုန်း နဲ့ ဘရာဇီယာကုန်းတို့ကတဆင့် အံ့ကျော်ကုန်းထိ ခွေးပြေးဝက်ပြေး ပြေးကြရပါတော့တယ် ။
ညနေ 4:15 မိနစ်မှာပဲ ပွှိုင့် ၁၇၇၈ ကုန်းပေါ်မှာ မြန်မာနိုင်ငံတော်အလံ တလူလူတက်လာပါတော့တယ် ။
ဗိုလ်ချုပ်မောင်လှရဲ့ တိုက်စစ်စီမံချက်အတိုင်း ပွှိုင့် ၁၇၇၈ ထိုးစစ်နဲ့ တပြိုင်နက်တည်း တိုက်ကြရတာ စနေနှစ်ခိုင်ကုန်း နဲ့ ဘရာဇီယာကုန်းတွေပါပဲ ။ တိုက်စစ်ကို အချိန်ကွာဟထားပြီး စနေနှစ်ခိုင်အတွက် ညနေ 3:30 သတ်မှတ်ထားပါတယ် ။ ( ပွှိုင့် ၁၇၇၈ တိုးမရ ဖြစ်နေသေးတဲ့ အချိန်)
စနေနှစ်ခိုင်ကုန်းကို ခမရ ၇ စစ်ကြောင်း ၂ က ဝင်တိုက်ရပါတယ် ။ ရန်သူရဲ့ ဘိနစခန်း နဲ့ ပွှိုင့် ၁၆၀၁ ကုန်းတို့မှာ ရှိနေတဲ့ လက်နက်ကြီးစခန်းတွေကို ခမရ ၇ တပ်ရင်းမှူး ဒု မှူးကြီး မြင့်မောင်ရဲ့ စစ်ကြောင်း ၁ က ဦးနှိမ် ပစ်ခတ်ပေးထားပါတယ် ။
ခမရ ၇ စစ်ကြောင်း ၂ ကို ဗိုလ်မှူးမြင့်ငွေဦးစီးပြီး တပ်ခွဲ ၂ ခွဲ ပါဝင်ပါတယ် ။ ပွှိုင့် ၁၇၇၈ ရဲ့ ခြံစည်းရိုးပြိုချိန်လောက်မှာပဲ ဝင်တိုက်ကြတာပါ ။ ခွဲ ၅ ကို ဗိုလ်ကြီးနေဝင်းမြင့် ဦးစီးပါတယ် ။ လက်ရွေးစင်အုပ်စုကို ဗိုလ်စိုးမြင့်အောင် ဦးဆောင်ပြီး ခြံစည်းရိုးပေါက်အောင် စွမ်းဆောင်ခဲ့ပါတယ် ။
ခွဲ ၂ ကို ဗိုလ်မှူးသိန်းထွန်းအောင် ဦးစီးပြီး လက်ရွေးစင်တပ်ဖွဲ့ကို ဒု ဗိုလ်မြင့်စိုးဦးစီးတိုက်ခိုက်ပါတယ် ။
ခြံစည်းရိုးက ၃ ထပ် ၊ ဆူးညှောင့် ၊ မိုင်း တွေနဲ့ အခက်အခဲ ၊ ရန်သူ ၁၀၀ ရဲ့ ပစ်အားတို့ကြောင့် အခက်အခဲတွေ တွေ့နေကြရပါတယ် ။ ဒီအချိန်မှာ ပွှိုင့် ၁၇၇၈ က ထွက်ပြေးလာသူတွေလည်း အံ့ကျော်ကုန်ဆီ ပြေးခွင့်သာသွားတာ တွေ့ရပါတယ် ။
ခမရ ၇ စစ်ကြောင်းလည်း ခမရ ၆ ရဲ့ အောင်ပွဲ သတင်းကြောင့် ခွန်အားတိုးလာကြပြီး ကဲ တပွဲတလမ်း ထပ်စမ်းကြစို့ ငါတို့ ခမရ ၇ အစွမ်း ပြကြစို့ဆိုတဲ့ စစ်သားမာန် နဲ့ အားကြိုးမာန်တက် အသက်စွန့်ဆံဖျား တိုက်ခိုက်ကြရာမှာ ရန်သူတို့ လက်မြောက်ထွက်ပြေးကြရပြန်ပါပြီ ။ အချိန်က ညနေ 5:30 ခန့် ရှိပါပြီ ။

30.04.202510:46
မဲသဝေါ မှ သူရဲကောင်း စိတ်ဓာတ်များ (4)
===============================
ဗိုလိကြီးခင်မောင်ချို တွေ့လိုက်ရတာက မြက်ပင်ရှည်များနောက်ကွယ်က ရန်သူ့ခြံစည်းရိုး ၃ ထပ်ပါပဲ ။ ဒီတော့ အချိန်မဆိုင်းပဲ မြက်တောထဲမှာ တွားသွားတက်ပြီး ခြံစည်းရိုးကို ဗိုလ်ခင်လတ်က ဓားနဲ့ကြိတ်ဖြတ်တယ် ။
နောက်စည်းကြားထဲမှာ ဝါးချွန်တွေနှုတ် ၊ မိုင်းရှင်း နဲ့ ဖြေးဖြေးသာ တိုးသွားနေရပါတယ် ။ အလစ်အငိုက် တိုက်ရမှာမို့ အသံဗလံထွက်လို့မရပါဘူး ။ ဒုတိယစည်းဖောက်ပြီးတော့ ညနေ 5:45 ရှိနေပြီ ။ ဒီပုံစံဆို မှောင်မှ တတိယစည်းရိုးဖောက်နိုင်မယ့် အနေအထား ။ တိုက်စစ် ချိတ်ဆက်တို့ လွဲချော်တော့မယ် ။
ဗိုလ်ကြီးခင်မောင်ချိုလည်း ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချပြီး ရဲဘော်တွေကို ရင်ဘောင်တန်း ဖြန့်ခိုင်းပြီး တတိယ ခြံစည်းရိုးကို လူအားနဲ့ အတင်းတို့ဖျက်ပြီး တရကြမ်း ဝင်တိုက်ပါတော့တယ် ။
KNU တို့က 90 နီးပါး ခြောက်ကမ္ဘားကြီးရှိနေတဲ့ သူတို့ နောက်ကျောက ဘယ်ရန်သူမှ လာနိုင်မယ် တွက်မထားကြပါဘူး ။ ရုတ်ချည်းပဲ
'' ခမရ ၆ ကွ '' '' တပ်မ ၄၄ ကွ '' '' တပ်မတော်ကွ ''
ဆိုပြီး ဝုန်းဒိုင်းကြဲ တရစပ် ဝင်ပစ်လိုက်တဲ့ ဗိုလ်ကြီးခင်မောင်ချိုတို့ကြောင့် ရှေ့နောက် ညှပ်အတိုက်ခံရပါပြီ ။ ကတုတ်ကျင်းတွေထဲ လက်ပစ်ဗုံးတွေ ပစ်သွင်းချိန်မှာ KNU တို့ သွေးပျက်လေပြီ ။
ချိန်သားကိုက် ညှိနှိုင်းထားသလို ရှေ့ဖက်က စစ်မြူနေတဲ့ စစ်ကြောင်း ၁ ကလည်း ဇွတ်တိုးဝင်လာလေတော့ KNU တို့ ဆင်းပြေးကြရပါပြီ ။ ညနေ 6:45 မှာ ပွှိုင့် ၉၆၂ တောင်ကုန်းပေါ် ဗိုလ်ကြီးခင်မောင်ချိုတို့ နိုင်ငံတော်အလံ လွှင့်ထူနိုင်ခဲ့ပါပြီ ။ ( ဒါက ဗိုလ်ချုပ်မောင်လှ မရောက်ခင် ခမရ ၆ ရဲ့ အောင်ပွဲပါ)
သို့သော် ပွှိုင့် ၁၇၇၈ ကိုတော့ ဘယ်လိုမှ တိုးမရဖြစ်နေပါတယ် ။ ဒီအခြေအနေမှာ ဗိုလ်ချုပ်မောင်လှကို တာဝန်ပေးပြီး မဲသဝေါကို သိမ်းခိုင်းလိုက်ခြင်းဖြစ်ပါတယ် ။
ရန်သူ့အင်အား အကြမ်းဖျင်းက ပွှိုင့် ၁၇၇၈ မှာ 150 ၊ အံကျော်ကုန်း 250 ၊ တောင်သုံးလုံး 80 ၊ ကလီနဆာ 100 ၊ မောရဝတီကို ဝိုင်းပိတ်ထားတာ 400 ၊ ဖြတ်တောက်ရေး ကျော်ကလဲ့တပ်မှာ 150 နဲ့ သိန်းလွင်ကုန်းမှာ အင်အား 500 ၊ အခြားပိတ်ဆို့ရေးတပ်တွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ကြရတာပါ ။
ဗိုလ်ချုပ်မောင်လှက ကနဦးအထွက်လှအောင် တိုက်ပြလို့ အပြီး မိမိတပ်များဆီသို့ အောင်စိတ်များ ကူးစက်သွားပြီလို့ တွက်ဆပြီးနောက် ထပ်မံ အောင်ပွဲယူဖို့ လုပ်ဆောင်ပါတယ် ။
အဲဒါကတော့ အကြိမ်ကြိမ်တိုက် အကြိမ်ကြိမ် လန်ကျခဲ့ရတဲ့ ပွှိုင့် ၁၇၇၈ ကို မရ ရအောင် သိမ်းပိုက်ဖို့ ဖြစ်ပါတယ် ။ ဒီတိုက်ပွဲအတွက် ဗိုလ်ချုပ်မောင်လှ ပြောခဲ့တဲ့ စကားအချို့ကတော့......
" ဒီတိုက်ပွဲမှာ စစ်ရေးသက်သက်မဟုတ်ဘူး..နိုင်ငံရေးပါတယ်။ ဒီမဲသဝေါ ကျရင်.. ကမ္ဘာသိကြေညာလိမ့်မယ်။ ရှုံးလို့မဖြစ်ဘူး။ တပ်မတော်ရဲ့သိက္ခာ၊ နိုင်ငံရဲ့သိက္ခာအကျခံလို့မဖြစ်ဘူး ''
" လက်ရှိခင်ဗျားတို့တိုက်နေပုံက ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းနဲ့ ငါးစာချသလိုတိုက်နေတာမျိုးတွေ့ရတယ်။ ဒါကြောင့် နေရာအနှံ့အပြားတိုက်နေတာတွေကို ရပ်ပစ်လိုက်ပါ။ ကိုယ့်အတွင်းစည်းကို ကျွံဝင်နေတဲ့၊ ကိုယ့်တပ်အချင်းချင်းဆက်သွယ်မှုကိုပြတ်တောက်အောင်လုပ်လာတဲ့ရန်သူကို အရင်ဆုံးတိုက်။ အခုပေးခဲ့တဲ့လက်နက်ကြီးတွေကိုသုံးပြီး ချေမှုန်းပါ။ ခင်ဗျားတို့နဲ့အတူတူ ကျုပ်စစ်မြေပြင်မှာရှိမယ်။ နိုင်အောင်တိုက်... လိုတာအကုန်ဖြည့်ပေးမယ်။ မနိုင်လို့ကတော့ ကျုပ်လည်း ထွက်စာတင်မယ်။ ခင်ဗျားတို့လည်း ထွက်ဖို့ပြင်..."
'' တန်ပြန်တိုက်စစ်ကိုစပြီးနေပြီ၊ ပွိုင့် ၁၇၇၈မှာ ရပ်နေတယ်။ ရှေ့တိုးလို့လည်းမရ၊ နောက်ဆုတ်လို့လည်းမရ။ နောက်ဆုတ်ဖို့တော့ မစဉ်းစားနဲ့တော့ ရှေ့တိုးဖို့ပဲလုပ်ရမယ် "
ဒီလိုစီမံချိန်မှာ ပွှိုင့် ၁၇၇၈ ရဲ့ နောက်ဆုံးအခြေအနေကတော့ ခမရ ၆ မှ ဗိုလ်မှူးရွှေမန်း ဦးစီးစစ်ကြောင်းက ရင်ဆိုင်ထားပါတယ် ။ ရန်သူနှင့် နေ့စဉ်လိုလိုအပြင်းအထန်တိုက်ခိုက်နေကြရပြီး မိမိဘက်မှ အဖွဲ့ငယ်များဖြင့် ခြေကုတ်ကို တိုးချဲ့နိုင်သမျှ တိုးချဲ့ရန်ကြိုးစားနေကြရပါတယ် ။
နည်းဗျူဟာ(၄၄၁)မှူး ဒုတိယဗိုလ်မှူးကြီး တင့်လွင်နှင့် ခလရ(၇၈)ကလည်း ပွိုင့် ၉၆၂နှင့် ပွိုင့် ၁၇၇၈အကြားမှာ ။
ခမရ(၆)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမြင့်သိန်းဦးစီးသော စစ်ကြောင်း(၁) က ပွိုင့် ၁၄၄၇တဝိုက်မှနေ၍ နည်းဗျူဟာအဖွဲ့နှင့် ဗိုလ်မှူးရွှေမန်းတို့ကို ကူညီရန် တပ်စွဲထားပါတယ် ။
တိုက်ပွဲမစတင်မီ အမှတ်(၁) အမြောက်တပ်ရင်းမှအမြောက်များကို ရွှေ့ပြောင်းနေရာချထားပါတယ် ။
ဒုတိယဗိုလ်မှူးကြီးတင့်လွင်နှင့် နဗဟအဖွဲ့သည် ခလရ(၇၈)မှ လက်နက်ကြီးများကို နေ့အချိန်တွင် ပွိုင့် ၈၆၅သို့ ရန်သူမြင်သာအောင် ရွှေ့လာကြသည် ။ ညအချိန်တွင် လိုအပ်သည့်နေရာကို ပြန်ရွှေ့သည်။ ရန်သူကို ဆက်တိုက်ပင် လှည့်စားနေရသည် ။ ( ရန်သူရဲ့ လှည့်စားမှုပဲ ခံနေကြရတဲ့ တပ်မှူးများ ပညာယူကြကုန်လော့)

29.04.202510:50
မဲသဝေါ မှ သူရဲကောင်း စိတ်ဓာတ်များ (2)
===============================
မောရဝတီတောင်ကျောပေါ်က မြန်မာ့တပ်မတော်ရဲ့ ခလရ ၇၆ တပ်ရင်း စုဖွဲ့အင်အားနဲ့ ခံစစ်ပြင်ထားပါတယ် ။ KNU ကတော့ မဲသဝေါပင်မစခန်းထဲက လက်နက် ရိက္ခာ အားလုံး သိမ်းပိုက်ရရှိထားပြီး အင်အားတောင့်တင်းလျှက်ပါပဲ ။
အဲဒါကြောင့် စစ်ကူလမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ပိတ်ဆို့ထားပါပြီ ။ ဒီအချိန်မှာ ခလရ ၇၅ က တပ်မတော်သား စစ်သည်များကလည်း တပ်ခွဲ ၃ ခွဲ နဲ့ မိမိညီနောင် ခလရ ၇၆ ရှိရာ မောရဝတီကို အပြင်းချီလာပါတယ် ။
တချိန်တည်းမှာပဲ ခမရ ၃ သည် ဖားအံမှာ စုဖွဲ့ပြီး ရှမ်းရွာသစ်မှ တဆင့် မောရဝတီတောင်ကျောပေါ်သို့ ထိုးဖောက်ပြီး စစ်ကူလာပြန်ပါတယ် ။ KNU တို့ရဲ့ မိုင်းအထပ်ထပ် ၊ ဖြတ်တောက်ပိတ်ဆို့မှု အကြိမ်ကြိမ်ကို ကြိုးစားထိုးဖောက် ဖြတ်ထွက်ကြရင်း တပ်ရင်းမှူးကြီး မိုင်းထိကျဆုံးသွားရပါတယ် ။
ခပ်ညံ့ညံ့မဟုတ်သော တပ်မှူးများဆိုတော့ ဒုတိယ တပ်ရင်းမှူးက ဦးဆောင်ပြီး အမိန့်အတိုင်း တသွေမတိမ်း ညီညာဖျဖျ ချီတက်ကြပြန်ပါတယ် ။ အဲသလို ထိုးဖောက်ရင်း ခလရ ၇၆ ကို ဝန်းပိတ်ထားတဲ့ KNU နဲ့ ခလရ ၇၆ ကြားထိ ခမရ ၃ ရောက်သွားချိန်မှာ စစ်ကြောင်းတခုလုံး စစ်သည် ၅၁ ဦးသာ ကျန်ပါတော့တယ် ။
ဒီလိုနဲ့ ခလရ ၇၆ အတွက်တော့ စိတ်ဓာတ်ခွန်အား များစွာ ဖြစ်စေမယ့် စစ်ကူစစ်ကြောင်း တခု ပူးပေါင်းမိသွားပါတယ် ။ တပ်မတော် အကြီးအကဲတွေ အနေနဲ့လည်း မိမိ သားတပည့်များအပေါ် ပစ်မထားကြပါဘူး ။
ခမရ ၄ ၊ ခမရ ၆ ၊ ခမရ ၇ တို့ကို ဆက်တိုက် စစ်ကူစေလွှတ်ပေးနေပါတယ် ။ မိမိတို့ရဲ့ ရဲဘော်များအတွက် အားသွန်ခွန်စိုက် ချီတက်လာကြတဲ့ အဆိုပါ တပ်ရင်းများသည်လည်း KNU တို့ရဲ့ ဖြတ်တောက် တိုက်ခိုက်ခြင်းကို အပြင်းအထန် ခံခဲ့ကြရတာချည်းပါပဲ ။
သို့သော် ယောကျ်ားပီသသော စစ်သည်များအတွက် မှုစရာမဟုတ် ၊ အမိန့်သည်သာ ဦးထိပ်ပန်ဆင်ရာမို့ သရဲမရဲစီးပြီး အတင်းဝင်တိုးကြရာ မဲသဝေါ ရဲ့ ကာကင်းကုန်း ၃ ကုန်းကို ရင်ဆိုင်ထိမ်းချုပ်နိုင်ခဲ့ပါပြီ ။
အဲဒီအချိန်မှာပဲ မောရဝတီတောင်ကျောကလည်း အသဲအသန် တိုက်ခိုက်ခံနေကြရပါပြီ ။ တောင်ကျောပေါ်က စစ်သည်တွေကို လက်နက်ချဖို့ အကြိမ်ကြိမ် အော်ဟစ်ခြိမ်းခြောက် ပြောနေကြပေမယ့် အခြောက် နဲ့ လောက်ကင်းစင်တဲ့ တပ်မတော်မို့ အလံဖြူထောင်ဖို့ အသာထား ခွန်းတုံပြန် ဆဲဆိုလိုက် ပြန်ပစ်လိုက်နဲ့ အားရစရာပါပဲ ။
အဲသလို ဖြစ်နေချိန်မှာ လူကြီးပိုင်းတွေ ဘာလုပ်နေသလဲ လေ့လာကြည့်ပါစို့ ။ မဲသဝေါ တိုက်ပွဲ လဝက်ကျော်လာတော့ အဲဒီ အချိန်က ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသန်းရွှေက ကစထမှူး ဗိုလ်ချုပ်မောင်လှကို ခေါ်တွေ့ပါတယ် ။
'' ကိုလှ လောလောဆယ် ကျုပ်တို့ တိုက်ပွဲကြီး ၂ ပွဲ နဲ့ ရင်ဆိုင်နေကြရတယ် ။ မိုင်းယမ်း တိုက်ပွဲ နဲ့ မဲသဝေါတိုက်ပွဲပဲ ။ မိုင်းယမ်းတိုက်ပွဲကို ကျနော်ဦးဆောင်တိုက်နေတယ် ။ မဲသဝေါရဲ့ အခြေအနေကလည်း ခုလို ဖြစ်နေတယ် ၊ ဒါကြောင့် မဲသဝေါကို ကိုလှတာဝန်ယူတိုက်ပေးပါ ''
'' စိတ်ချ ဗိုလ်ချုပ်ကြီး ကျနော်တိုက်ပါ့မယ် ''
ကိုင်း စစ်သားစစ်စစ်ကြီး ၂ ယောက် ၂ ခွန်းပြောစရာမလို ကိစ္စပြီးလေ၏ ။ ယောက်ကျာ်းအစစ်ဆိုတာ ဒါပဲလို့ သမိုင်းမော်ကွန်း ထိုးပြလေသော ဗိုလ်ချုပ်မောင်လှ သမိုင်းသည်ကား ထာဝရလှပနေမည်သာတည်း ။ ( ဦးသန်းရွှေ တာဝန်ယူခဲ့သော ဗကပတို့နဲ့တိုက်ပွဲ ဖြစ်သည့် မိုင်းယမ်းသည်လည်း ၂ ပတ်အတွင်း ဗကပများ တပ်လှန် ခွေးပြေး ဝက်ပြေး ထွက်ပြေးခဲ့ရပါတယ် ။ ဘရွှေကား အချဥ်မဟုတ်...)
ဘရွှေရုံးခန်းထဲက ထွက်လာတဲ့ ဗိုလ်ချုပ်မောင်လှက သူ့တပည့်တွေရှေ့ရောက်တော့ မနည်းမနော ကြီးမားလှတဲ့ သူ့ရဲ့ လက်သီးဆုပ်ကြီး ထောင်ပြရင်း...
'' ဗိုလ်လှ နဲ့ ဗိုလ်မြ တွေ့ကြပြီပေါ့ကွာ ''
ဆိုပြီး ဝမ်းခေါင်းသံကြီးနဲ့ အားပါးတရ ကြုံးဝါးလိုက်သံဟာ ဒီကနေ့ထိ ပြောစမှတ်တွင်နေပါရောလား ။
ဗိုလ်ချုပ်မောင်လှဟာ တကယ်စစ်တိုက်တတ်သော ဗိုလ်ချုပ်အစစ်ဖြစ်လေတော့ကား ပထမဆုံး စစ်ရေးသုံးသပ်ချက် ပြုလုပ်ပါတယ် ။ ရန်သူရဲ့ စီမံ အုပ်ချုပ်မှု ၊ ထောက်ပံ့မှု LOC သည် မိမိထက် သာလွန်ကောင်းမွန်၏ ။ ဆက်သွယ်ရေး လမ်းကြောင်းတိုတောင်း၏ ။ မိမိရဲ့ LOC လမ်းကြောင်းက ရှည်လျှားနေ၏ ။
ဒီအားနည်းသည် ကြီးမားသော အားနည်းချက်ဖြစ်၏ ။ မြေပြင်ပိုင်နိုင်သော စစ်ဗိုလ်ချုပ်ပီပီ ရှမ်းရွာသစ် အနောက်ဖက် ပွှိုင့် 865 ရှေ့တန်းစခန်းထိ လက်နက် ခဲယမ်း ရိက္ခာ စုပုံရန် စီမံပါတယ် ။ မိုးတွင်းကြီးမို့ လမ်းဖောက်ရန် ခက်ခဲသည့် ကြားမှ ငါလိုးခြင်း မိုးမွန်အောင် ဆဲဆိုပြီး ခိုင်းပါတယ် ။
ဗိုလ်ချုပ်မောင်လှရဲ့ စိတ်ထဲမှာ ငါ့တပည့် လက်အောက်ငယ်သားတွေ ငါတရက်စောရောက်ရင် တယောက် အကျအဆုံး သက်သာမယ် ဆိုတဲ့ အတွေးကလွဲပြီး အခြားအတားအဆီး ဘာတခုမျှ မြင်ဟန်မတူပါဘူး ။
မိုးရွာထဲမှာ ရှေ့က ဒိုဇာထိုး နောက်က ယာဥ်တန်းလိုက်စေပါတယ် ။ ရန်သူတွေ ဖြတ်တောက် တိုက်ခိုက်ရင် လက်မနှေးနဲ့ ချက်ခြင်းပြန်ပစ်ကြ ။

28.04.202504:46
အိန္ဒိယ နဲ့ ပါကစ္စတန်
==================
ပြဿနာနယ်မြေက ကက်ရှ်မီးယားပဲ ။ အိန္ဒိယကို အင်္ဂလိပ်တို့ လွတ်လပ်ရေးပေးတော့ ပါကစ္စတန်ကို သီးခြားလွတ်လပ်ရေးပေးကြရတယ် ။ ဒီတော့ နယ်မြေခွဲဝေရေးအတွက် အင်္ဂလိပ်အရာရှိတဦးကပဲ မြေပုံကြည့်ပြီး မျဥ်းဆွဲ ခွဲဝေပေးခဲ့တယ် ။
မြေပုံပေါ်မှာ မျဥ်းကြောင်းဆွဲ နယ်မြေပိုင်းခြားလိုက်တော့ အချို့ မွတ်ဆလင်ရွာတွေက အိန္ဒိယထဲ ၊ အချို့ ဟိန္ဒူရွာတွေက ပါကစ္စတန်ထဲ ၊ အချို့တော့ တခြမ်းစီပါပြန်ရော ။ အဲဒီကာလတွေမှာ ပြဿနာတွေ ရှုပ်ထွေးလွန်းလို့ မြေပုံဆွဲပေးလိုက်တဲ့ အင်္ဂလိပ်အရာရှိ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရတယ် ။
ပြဿနာနယ်မြေ ဖြစ်နေတဲ့ ကက်ရှ်မီးယား ပြည်နယ်က အိန္ဒူဘာသာဝင် စောဘွားပိုင်မြေဖြစ်တယ် ။ စော်ဘွားက တောင်းဆိုလို့ အိန္ဒိယပိုင်နက်ထဲ ထည့်ဆွဲလိုက်တယ် ။ နယ်စပ်ကနယ်မြေဆိုတော့ မူလကတည်းက မွတ်ဆလင်တွေလည်း အများအပြားရှိနေခဲ့တယ် ။
ဒီတော့ ပါကစ္စတန် နဲ့ ပေါင်းချင်ပါတယ်ဆိုပြီး အမြဲတမ်း ပြဿနာရှာနေတဲ့ နယ်မြေပါပဲ ။ လတ်တလောပြဿနာက အကြမ်းဖက်သမားတွေက ကတ်ရှ်မီးယားနယ်ထဲက ကမ္ဘာလှည့်ခရီးသည် အပါအဝင် ဟိန္ဒူကိုးကွယ်သူ ၂၆ ယောက်ကို သတ်ပစ်လို့ ဖြစ်ကြတာပါ ။
တွေ့တဲ့သူ သတ်သွားတာမျိုးမဟုတ်ပဲ ကိုရမ်ကျမ်းရွတ်ဆိုနိုင်သူ ၊ ဂွေးထိပ်ဖြတ်ထားသူတွေကို စစ်ဆေးပြီး လွတ်ပေးတယ် ။ မွတ်ဆလင်မဟုတ်သူတွေချည်း သတ်သွားလို့ ပြဿနာက ဒီလောက် ကြီးထွားသွားတာပါ ။
ပြဿနာဖြစ်တော့ ပါကစ္စတန်အတွက် အရေးပါတဲ့ အိန္ဒုမြစ်ကို ခွဲဝေသုံးစွဲဖို့ သဘောတူစာချုပ်ဖျက်မယ်လို့ အိန္ဒိယက ကြေညာတယ် ။ အိန္ဒုမြစ်က တရုတ်ကနေ မြစ်ဖျားခံတယ် ၊ အိန္ဒိယကို ဖြတ်ပြီး ပါကစ္စတန်ဆီ စီးဆင်းသွားတယ် ။ ဒီတော့ အိန္ဒိယက ဆည်တွေဆောက်ပြီး မြစ်ကြောင်းပိတ်မယ်လို့ ခြိမ်းခြောက်တာပါ ။
ပါကစ္စတန်ကတော့ မြစ်ကြောင်းပတ်ရင် ပါကစ္စတန်ရဲ့ အနုမြူဗုံး ၁၃၀ က အိန္ဒိယအတွက်ပဲတဲ့ ။ အိန္ဒိယကလည်း သူ့ထက် အနုမြူလက်နက်ပိူများတာပဲ ။ စစ်အင်အားလည်း အများကြီးပိုကောင်းတယ် ။
မြစ်ကိစ္စက အိန္ဒိယအနေနဲ့ စကားအဖြစ်ပဲ ပြောတာပါ ။ မြစ်ဖျားခံနေတာက ပါကစ္စတန် နဲ့ အဆင်ပြေတဲ့ တရုတ်ဆိုတော့ တွေးကြည့်ပေါ့ ။ ဘာဘူကြီးက ဆည် ၁ လုံးဆောက်ရင် ၊ ပေါက်ဖော်ကြီးက ဆည် ၁၀ လုံးနဲ့ ပိတ်မယ့် သဘောရှိတယ် ။ ဒီတော့ အိန္ဒုမြစ် ကိစ္စက ခြိမ်းခြောက်ရုံထက်မပိုပါဘူး ။
နယ်စပ်မှာ ဖောင်းဒိုင်းနေကြတယ် ။ နှစ်နိုင်ငံလုံး လေကျယ်နေကြတယ် ။ အရမ်းပူပန်မနေပါနဲ့ ပြီးတော့လည်း ဟိုလိုလို ဒီလိုလို နဲ့ ပြီးသွားဖို့ များပါတယ် ။ ပါကစ္စတန်ရော အိန္ဒိယကော အနုမြူကိုယ်စီ ကိုင်ထားကြတော့ ၂ ဖက်လုံး ကြေမယ့် ကိစ္စအထိ မမိုက်ပါဘူး ( မြန်မာပြည်က PDF လို ချီး ဘရိန်းတွေမှ မဟုတ်တာ)
မြန်မာပြည်နဲ့ အလှမ်းဝေးတဲ့ နယ်စပ်ပြဿနာပါ ။ နောက်ပြီး စီးပွား ကုန်သွယ်မှုက အိန္ဒိယနဲ့ အနည်းငယ်ရှိပေမယ့် ပါကစ္စတန်နဲ့ မရှိသလောက်ပါပဲ ။ သူတို့ပြဿနာက ကိုယ့်ဆီကြီးကြီးမားမား ရိုက်ခတ်ဖို့ အခွင့်အလန်း နည်းပါးပါတယ် ။

04.05.202502:36
အစုတ်အပြဲ ဘာနဲ့တဲမလဲ....?
=========================
"စစ်တိုက်တဲ့ နည်းပဲ ရှိတော့တာလား အခြားနည်း မရှိတော့ဘူးလားကွ ''
"ရှိတယ်လေ ရှိလို့ပဲ ဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားတာပေါ့ ကိုစိုးရာ ''
"ငါကတော့ အကွဲအပြဲကို အမာလိုင်းနဲ့ ဖာထေးတာထက် အပျော့လိုင်းနဲ့ ဖာထေးတာ ပိုကောင်းမယ်လို့ ယူဆတယ်ကွ ''
"အင်း ဟုတ်ပါပြီ ဘာကြောင့်အဲလို ထင်ရတာလဲ ကိုစိုးရ ''
"စဥ်းစားကြည့်ကွာ အဝတ်စတခု စုတ်နေတာကို အမာစားအပ်ချိတ် နဲ့ တွဲချိတ်ပြီး ဖာထေးစေ့ယူတာနဲ့ ပျော့ပြောင်းတဲ့ အပ်ချည်ကြိုးနဲ့ စနစ်တကျ ချုပ်ထားတာခြင်း ယှဥ်ကြည့်လေ သပ်ရပ်မှု စေ့စပ်မှုမှာ တခြားဆီပဲ ကွ ''
"သိပ်ကောင်းတဲ့ အတွေးအခေါ်ပါပဲ ကိုစိုးရေ တခုတော့ ခင်ဗျားမေ့နေဟန်ပဲ ဗျ ''
"ဘာမေ့နေတာလဲ ကွ ''
"ခင်ဗျားပြောတဲ့ ပျော့ပြောင်းသော ၊ စေ့စပ်သေချာစေသော ၊ သပ်ရပ်လှပသော အပ်ချည်ကြိုးလေး လိုရာခရီးရောက်ဖို့အတွက် သူ့ရှေ့က ချွန်သော ၊ စူးသော ၊ မာကျောသော အပ်ချောင်းလေး နဲ့ ဦးဆောင်ထိုးဖောက်ပေးဖို့တော့ လိုတယ်ဗျ ''
"ဟေ.....ဒါဆိုရင်......''
"ဒီကနေ့ ပြည်သူတွေ ဝေဖန်ထောက်ပြနေကြတာ အဲဒါပဲဗျ အကွဲအပြဲတွေကို ပျော့ပြောင်းတဲ့အရာနဲ့ သပ်ရပ်စွာ စေ့စပ်စွာ စပ်ဟပ်ဖာထေးနိုင်တာ ပိုကောင်းမှန်းသိကြပါတယ် သို့သော် အပ်ချည်ကြိုးသပ်သပ်နဲ့ အဝတ်စထိုးပြီး ချုပ်လို့မရတော့ဘူး ချွန်သောထက်သော အပ် နဲ့ ထိုးဖောက်ချုပ်လုပ်မှသာ ခရီးရောက်မယ်လို့ အကြံပြုနေကြတာဗျ ''
"အေး ငမျိုးရေ ပြည်တွင်းစစ် အတွေ့အကြုံ ၇၅ နှစ်ရှိနေတဲ့ တပ်မတော်အတွက် အဝတ်စကို အပ်ချည်ကြိုးသပ်သပ်နဲ့တော့ မိုက်မိုက်မဲမဲ ထိုးနေမှာ မဟုတ်ပါဘူး ကွာ အချိန်ကျလာရင် ဗေထိ သံလေးတွေ ကြားလာရမှာပါပဲ ''
"အင်း ဗေထိဆို ကိုယ်မကွဲတော့ လိုတာပေါ့ ကိုစိုးရာ ''
"အင်း ဒါလည်း အရေးကြီးတာပဲ ကွ ''
ကိုရွှေမျိုးဝင်း
( 9-5-22 တုန်းက ပို့စ် ဟောင်းလေးကို အနည်းငယ်ပြင်ဆင်ပြီး ပြန်တင်လိုက်တာပါ )

01.05.202517:31
ရင်ပူနေကြတဲ့ ဘင်္ဂလားအရေး
=========================
မန့်တွေနဲ့တမျိုး ဖုန်းဆက်ပြီး တဖုံ ဘင်္ဂလား နဲ့ ရခိုင်အရေး တယောက်ပြီး တယောက် လာမေးနေလို့ တင်ပြလိုက်ရပါတယ် ။
၁ ။ ယခင်က ပွထနေတဲ့ ဘင်္ဂလား တပ်မ ၃ ခု AA ကို လက်နက် ရိက္ခာထောက်ပံ့မယ် ၊ အမေရိကန်က နောက်က ပံ့ပိုးမယ်ဆိုတဲ့ သတင်းက တိုင်းပြည်ချင်း စစ်ခင်းရမယ့် ပြဿနာကြီးမို့ မဟုတ်နိုင်ကြောင်း တင်ပြခဲ့ပါတယ် ။
၂ ။ ယခု Hot ဖြစ်နေတဲ့ ဘင်္ဂလားကနေ တရုတ်နဲ့တွေ့ဆုံပြီး ရခိုင်ပြည်အား သီးခြားနိုင်ငံထူထောင်ခွင့်ရရန် တရုတ်မှ ကူညီဖို့ တောင်းဆို ။ ထွက်ပြေး ဘင်္ဂလီများအား ရခိုင်မှာ နေရာချထားပေးပြီး နယ်မြေပေးရမယ် ဘာညာပေါ့ ။
OK တောင်းဆိုတာမှန်တယ် ။ တောင်းဆိုတဲ့သူက ဂျမတ်အီအစ္စလာမ်မီ တဲ့ JI ပါတီဝင် ။ 28 - 4 - 2025 မှာ တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အဖွဲ့ကို ပြောဆိုခဲ့တာပါ ( တရုတ်အစိုးရကိုမဟုတ်ပါဘူး) ။ တွေ့ဆုံတာကလည်း ဟိုတယ်ဝက်အင် မှာတဲ့ ။
JI ပါတီဟာ ယခုကာလမှာ တရားဝင်ပါတီတောင် မဟုတ်တော့ပါဘူး ။ ဘာသာရေးလိုလို လူ့အခွင့်အရေးလိုလို အဖွဲ့အစည်းအဆင့်ပဲ ရှိပါတယ် ။ ဒီတော့ ဒီပြဿနာက ဘာသာရေးအစွန်းရောက် အဖွဲ့ရဲ့ လူပိန်းကြိုက်တောင်းဆိုမှု အဆင့်ပါပဲ ။
၃ ။ လက်ရှိ ဘငျ်ဂလားအဈိုးရကလညျး တောင်းဆိုကြပါတယ် ။ မြန်မာပြည်က ထွက်ပြေးလာတဲ့ ဘင်္ဂလီတွေကို လက်ခံဖို့ ဖိအားပေးပါတဲ့ ။ တရုတ်ကိုယ်စားလှယ်အဖွဲ့က ပြန်ပြောပါတယ် တရုတ်နိုင်ငံ ပေါ်လစီသည် သူတပါးပြည်တွင်းရေး ဝင်မစွက်ရဆိုတဲ့ မူကို လက်ကိုင်ထားလို့ မဖြစ်နိုင်ပါဘူးတဲ့ ။
၄ ။ ဘင်္ဂလားတွေက ရခိုင်ကို သူတို့မြေပုံထဲတောင် ထည့်ဆွဲထားတယ်ဆိုပြီး ဖွနေကြပြန်ပါတယ် ။ မှန်ပါတယ် အဲလို ဆွဲထားကြတာ ကြာပါပေါ့ဗျာ ။ ဘင်္ဂလီ Vs ရခိုင်အရေးအခင်း ကတည်းက ဆွဲထားတဲ့ မြေပုံတွေပါ ။ အခု အချိန်ကိုက် တကျော့ပြန် ဖွနေကြတာပါ ။
၅ ။ လူသားခြင်းစာနာမှု စင်္ကြန်တည်ဆောက်ရေး ဆိုတဲ့ ကုလရဲ့တောင်းဆိုမှု အပေါ် စိုးရိမ်ကြပြန်ပါတယ် ။ ကုလကတော့ မြန်မာအစိုးရကို အမြဲ ဒုက္ခပေးနေကြမို့ ရတဲ့ အပေါက်က ပေးဖို့ ကြံစည်တာပါပဲ ။ ဘင်္ဂလားဘက်ကတော့ နှစ်နိုင်ငံ မျက်နှာပျက်ရမယ့် ကိစ္စမို့ နစက နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပဲ လေသံပစ်နေပါတယ် ။ ဒီကိစ္စကလည်း ဘယ်လို အဆိုပြုပြု နစက ကနေ NO ဆိုတာနဲ့ ပွဲသိမ်းပါတယ် ။
ကျနော်ပြောချင်တာက ဒီသတင်းတွေကြောင့် စိတ်ပူရမှာ မဟုတ်ပါဘူး ။ ရခိုင်ကိစ္စက အမြဲတမ်း တွေးတောပူပန်ပြီး ထာဝရ ကြိုတင်ကာကွယ်ထားရမယ့် ကိစ္စဖြစ်ပါတယ် ။
ကဲ အခုပြောထားတဲ့ သတင်းတွေသာ မှန်ကန်ခဲ့မယ်ဆိုရင် CNN ၊ BBC တို့လို ထိပ်တန်း သတင်းဌာနတွေက အုံနဲ့ကျင်းနဲ့ ပြောနေပြီပေါ့ဗျာ ။ နိုင်ငံတခု နဲ့ တခု စစ်ခင်းရမယ့် သတင်းထက် ဘယ်သတင်းက ပိုကြီးအုံးမလဲ ။ ITTEFAQ ဆိုတဲ့ လူသူသိပိမသိတဲ့ ဒီဂျစ်တယ်မီဒီယာက ပဲ ရေးသားထားတာ တွေ့ရပါတယ် ။
အများက အရမ်းကြီးကို စိုးရိမ်တကြီး ပူပန်နေချိန်မှာ ကျနော်က ပြောလောက်အောင် မဟုတ်ပါဘူး ထပြောနေရတာ သိပ်တော့မကောင်းလှပါဘူး ။ လာပြီး မေးလွန်း ပြောလွန်း လို့သာ လေ့လာမိသလောက် ပြန်ဖြေပေးလိုက်တာပါ ။
အပူမီးတွေ တောက်လျှောက်လောင်ကျွမ်းနေရတဲ့ တိုင်းပြည်ချစ်သူတွေ အတွက် ချင့်ချိန်လောင်ကြဖို့ လေ့လာမိသလောက် မျှဝေလိုက်ခြင်း ဖြစ်ပါတယ် ။ ကမ္ဘာ့ သတင်းစာတွေမှာ ထိပ်သီးသတင်း အဖြစ် ဝေဝေဆာဆာ ဖော်ပြနေကြရင်ဖြင့် ခါးတောင်းကြိုက်ထားဖို့ အကြံပြုမိမှာပါပဲ ။
စိတ်ပူရမှာပေါ့ ကြိုတင်ပြင်ဆင်ရမှာပေါ့ ဆိုရင်လည်း မမှားပါဘူး ။ ကြိုတင်ပြင်ဆင်လောက်တဲ့ အင်အား ၊ ငွေကြေး ၊ အသိဥာဏ် ရှိဖို့ လိုအပ်တာလည်း သတိထားရမှာပါပဲ ။ အရေးကြီးတာ ကိုယ့်အင် ကိုယ့်အားလေးနဲ့ ချိန်ဆပြီး ဘာကို ဦးစားပေး လုပ်ကြမလဲဆိုတဲ့ ဆုံးဖြတ်ချက် မှန်ကန်ဖို့ပါပဲ ။
ခြုံထဲက မြွေထက် ခြေထောက်ခဲထားတဲ့ မြွေကို သတ်ဖို့က ပိုအရေးကြီးနေသလားလို့.....

တိုက်စစ်အရှိန်မလျှော့ပဲ ဘရာဇီယာကုန်းကို ထပ်သိမ်းဖို့ ပြင်ဆင်ကြပါတယ် ။ ဗိုလ်ကြီးနေဝင်းမြင့်ရဲ့ ခွဲ ၅ က ရန်သူ့နောက်လိုက်ရှင်းဖို့ တာဝန်ကျပါတယ် ။ ခွဲ ၂ က အနားယူရင်း ခြေကုတ်ယူကျန်ခဲ့ပါတယ် ။
ဆက်သွယ်ရေးမြောင်းအတိုင်း သွားနေတဲ့ တပ်စု ၂ စုကို ဗိုလ်ကြီးနေဝင်းမြင့်က ဒီကောင်တွေ ကြောက်နေပြီ ရင်ဘောင်တန်း တရှိန်ထိုးတိုက်ကြလို့ အမိန့်ပေးလိုက်ပါတယ် ။ တကယ်လည်း မှန်ပါတယ် ပွှိုင့် ၁၇၇၈ နဲ့ စနေနှစ်ခိုင်ကုန်းက ခွေးပြေးဝက်ပြေး ပြေးလာကြတဲ့ သူတို့တပ်တွေကို မြင်ပြီး ဘရာဇီယာကုန်းက KNU တွေလည်း သွေးပျက်နေမှာပါ ။
'' ကျားးကျားးးကျားးးး'' '' တက် တက် တက်''
ဆိုတဲ့ အသံတွေကြောင့် KNU တို့ ရုတ်ချည်းထွက်ပြေးကြလို့ အရှေ့ဖက်ခြမ်းက ဘရာဇီယာကို စစ်သည်တို့ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်ခဲ့ပါပြီ ။ အနောက်ဖက် တခြမ်းကတော့ မိုးချုပ်သွားလို့ မနက်မှ ကိုင်ရတော့မှာပါပဲ ။
တညလုံး ဟိုပစ်ဒီပစ် အချိန်ကုန်ပြီးနောက် လင်းအားကြီးချိန်မှာ စနေနှစ်ခိုင်ရဲ့ အောင်ပွဲရှင် တပ်ခွဲ ၂ ရောက်လာပါပြီ ။ မဆုပ်ကိုင်ရသေးတဲ့ ဘရာဇီယာတခြမ်း သူတို့ကိုင်မယ်ဆိုပြီး ချည်းကပ်ပါတော့တယ် ။
ဘိနစခန်း နဲ့ အံ့ကျော်ကုန်းတို့ကနေ လက်နက်ကြီး ပစ်ကူပေးလေတော့ ခမရ ၇ ရဲ့ စစ်ကြောင်း ၁ နဲ့ ၂ တို့ကလည်း လက်ဆောင်တွေ ဖောဖောသီသီ ပြန်ပေးပါတယ် ။ ယခင်ကာလဦးတုန်းကလို မဟုတ်တော့ပဲ ဗိုလ်ချုပ်မောင်လှရဲ့ မခိုးမဝှက်တဲ့ ထောက်ပို့လမ်းကြောင်းကြောင့် မင်းဘာလဲ ငါဘာလဲ ပြလို့ ရနေပါပြီ ။
ခွဲ ၂ ဟာ မနက် 9:40 မှာ အနောက်ဘရာဇီယာကို သူမူအတိုင်း ဇွတ်တက်လုံးပါတယ် ။ တညလုံး ပြင်ဆင်ချိန်ရထားတဲ့ KNU တို့ကလည်း ကျကျနန ဧည့်ခံတဲ့ အတွက် ပထမအကြိမ် လန်ကျပါတယ် ။ ဒီတော့ 84 mm နဲ့ BA 103 လောင်ချာတွေနဲ့ ဘန်ကာတွေဖြို ကျားစီးဖားစီး ဝင်ဆောင့်ပစ်တာ မခိုင်တဲ့ကျောင်းပြိုကျပြီး အံ့ကျော်ကုန်းဆီ ပြေးကြရပြန်ပါတယ် ။ အချိန်က မနက် ၁၁ နာရီရှိပါပြီ ။
ခမရ စစ်ကြောင်း ၁ လည်း ဘရာဇီယာကုန်းမှာ လာရောက်ပူးပေါင်းကြပါပြီ ။ ရှေ့မှာ မြင်နေရတဲ့ KNU အလံ တလူလူ နဲ့ နာမည်ကြီး အံ့ကျော်ကုန်းကို ဘယ်လိုဖြိုကြမလဲ စီစဥ်ကြပြန်ပါတယ် ။
ခမရ ၇ ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမြင့်မောင်က အံ့ကျော်ကုန်းအတွက် နိုင်ကြက်ဖြစ်နေတဲ့ ခွဲ ၂ နဲ့ ခွဲ ၅ ကိုပဲ ယုံကြည်စွာ တာဝန်ထပ်ပေးတယ် ။ စစ်ကြောင်း ၂ က အနီးကပ်ကြီးကြပ် ကူညီပါတဲ့ ။
မိမိတပ်တွေက ဘိန နဲ့ အံ့ကျော်ကုန်းရဲ့ ဆက်သွယ်ရေးကို ဖြတ်တောက်စိုးမိုးထားပြီးပါပြီ ။ အံ့ကျော်ကုန်းက ဒီအချိန်မှာ အထီးကျန်ဖြစ်နေပါပြီ ။ သို့သော် ဆုတ်ပြေးကြတဲ့ တပ်တွေအားလုံးက အံ့ကျော်ကုန်းမှာ စုစည်းမိနေတော့ ပေါ့ဆလို့တော့ လုံးဝမရတဲ့ အနေအထားပါပဲ ။
ကဲ မဲသဝေါရဲ့ အသဲနှလုံးလို့ ဆိုအပ်တဲ့ အံ့ကျော်ကုန်းကို ဘယ်လိုတိုက်ကြမလဲ ဆိုတော့......

30.04.202500:28
ဗိုလ်ချုပ်မောင်လှ အတွက် အဖွင့်ပွဲ လှပခဲ့ချေပြီ ။ ဒီလို လှပဖို့အတွက်လည်း အများကြီးစီစဥ်ခဲ့ရပါတယ် ။ ဦးဆုံး ကွပ်ကွဲမှု ပရမ်းပတာ ဖြစ်နေတာကို ပြန်စီစစ်ရပါတယ် ။ တပ်မ ၆၆ နဲ့ တပ်မ ၄၄ တို့ ၂ ဖွဲ့ပေါင်းတိုက်ကြရာမှာ အမိန့်ပေး ကွပ်ကွဲမှုတို့ ကွဲပြားမှုဖြစ်စဥ်များ ညှိနှိုင်းပေါင်းစပ်ရပါတယ် ။
နောက်ထပ်အရေးကြီးဆုံးဖြစ် တိုက်ခိုက်ဖို့ ဆန္ဒပြင်းပြခြင်းမရှိသော တပ်မှူးတွေကို ချက်ခြင်း ထုတ်ပယ်ခြင်း ၊ လဲလှယ်ခြင်း ၊ အရေးယူခြင်းတို့ ပြုလုပ်ခြင်းကလည်း အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ဖြစ်ပါတယ် ။ စစ်သားပီသသော တကယ့် တပ်မှူးတွေနဲ့ တကယ့်စစ်မြေပြင်ကို တိုက်မှ နိုင်မယ်ဆိုတာ ခေါင်းဆောင်ကောင်းဖြစ်တဲ့ ဗိုလ်ချုပ်မောင်လှ အမှန်တိုင်းသိခဲ့ ဆုံးဖြတ်နိုင်ခဲ့ပါတယ် ။
မဲသဝေါအတွက် ခြေလှမ်းအစ လှပခဲ့ပေမယ့် ကြမ်းတမ်းတဲ့ ခရီးက အများကြီးကျန်နေပါသေးတယ် ။ အဲဒီနောက် အရေးကြီးသော ပွှိုင့် ၉၆၂ နဲ့ ပွှိုင့် ၁၇၇၈ တို့ကို ပစ်မှတ်ထားကြပါပြီ ။
ပွှိုင့် ၉၆၂ က ရန်သူ့လက်နက်ကြီးကုန်း ၊ ပွှိုင့် ၁၇၇၈ က အရေးကြီးတဲ့ ကုန်းတခု ၊ သူ့ကိုသိမ်းပြီးမှ နာမည်ကျော် အံ့ကျော်ကုန်း ကို တိုက်လို့ရမယ်လေ ။ အဲဒါကြောင့် ဒီကုန်း ၂ ခုကို တပြိုင်နက်ထဲ တိုက်ဖို့ စီမံချက်ရေးဆွဲတယ် ။
ပွှိုင့် ၉၆၂ သည် မောရဝတီရှိ မိမိတပ်များအား အဓိကခြိမ်းခြောက်ထားတဲ့ ကုန်းဖြစ်နေပါတယ် ။ ယင်းတိုက်ပွဲအတွက် ဗိုလ်မှူးကြီးတင်မောင်ဦး ရဲ့ အမှတ် ၆၆၂ နည်းဗျူဟာမှ ကိုင်တွယ်ရပါတယ် ။
၆၆၂ နည်းဗျူဟာမှာ ခလရ ၇၈ နဲ့ ခလရ ၈၁ အပြင် တပ်မ ၄၄ လက်အောက်ခံ ခမရ ၆ ကိုပါ ပူးတွဲ တာဝန်ပေးထားပါတယ် ။ ပွှိုင့် ၉၆၂ ကို ခမရ ၆ မှ တာဝန်ယူရပြီး အင်အားပိုများသော ပွှိုင့် ၁၇၇၈ ကိုတော့ ခလရ ၇၈ နဲ့ ခလရ ၈၁ တို့က တာဝန်ယူရပါ့မယ် ။
ပွှိုင့် ၉၆၂ ကို ခမရ ၆ ဒုတိယဗိုလ်မှူးကြီး မြင့်သိန်းက ဦးစီးတိုက်ခိုက်ပါတယ် ။ စစ်ကြောင်း ၂ ကြောင်းခွဲပြီး တိုက်ဖို့ စီမံပါတယ် ။ စစ်ကြောင်း ၁ က ရှေ့ဘက်စစ်မျက်နှာကနေ ယောင်ပြစစ်မြူထားမယ် ။ အဓိက တိုက်ခိုက်ရေးစစ်ကြောင်းက ဗိုလ်ကြီးခင်မောင်ချို ဦးစီးတဲ့ အင်အား ၁၈ ယောက်ပဲ ပါတဲ့ အမှတ် ၂ စစ်ကြောင်းပဲ ။
ဗိုလ်ကြီးခင်မောင်ချိုရဲ့ စစ်ကြောင်းက ရန်သူ့နောက်ကျောဘက်ကနေ မထင်မှတ်တဲ့ လမ်းကြောင်းအတိုင်း တိတ်တဆိတ် ချီတက်နေကြပါပြီ ။ ၉၀ နီးပါး မတ်စောက်နေသော တောင်ကုန်းတွေကို ကျားကုတ်ကျားခဲ တွယ်ကပ်ပြီး ခက်ရာခဲဆစ် တက်ကြရပါတယ် ။
ရှေ့မျက်နှာစာက ယောင်ပြစစ်ကြောင်းကလည်း မနက် ၆ နာရီက စထွက်လာရာ ၁၀ နာရီမှာ ရန်သူ့ကုန်းအောက််ချောင်းခြောက်ထဲ မေးတင်ထားပါပြီ ။ ကုန်းရဲ့ အရှေ့ဖက်မှတောင်ဖက်သို့ ပက်တက်ပြီး စစ်မြူပစ်ခတ်ချိန်မှာ ပွှိုင့် ၁၇၇၈ နဲ့ အံ့ကျော်ကုန်းများကပါ သုံးဖက်ညှပ်ပစ်ခြင်းကို ခံကြရပါတယ် ။
စစ်ကြောင်း ၁ ရှေ့တိုးလို့မရတော့ပါဘူး ။ အမှန်ကလည်း အဲဒီလို ဖြစ်အောင်ကို တမင် ဖန်တီးထားရတဲ့ စစ်ကစားကွက်ပါပဲ ။ နောက်ဖက် လမ်းကြမ်းကနေ တိတ်တဆိတ်ချီတက်နေသော ဗိုလ်ကြီးခင်မောင်ချိုတို့လည်း ခြေသံလုံလုံနဲ့ ရန်သူ့နောက်ကျောဆီ အမြန်ချီတက်နေကြပါတယ် ။
ရံဖန်ရံခါ ရန်သူ့လက်နက်ကြီးကျည်တွေ ကျော်ကျလာတာလည်း ဂရုမစိုက်နိုင်တော့ပါဘူး ။ မိမိရည်မှန်းချက် ရှိရာသို့ ရန်သူလုံးဝ မရိပ်မိစေရန် သတိထားချီတက်နေရင် ရုတ်တရက် ဗိုလ်ကြီးခင်မောင်ချို မြင်လိုက်ရတာကတော့......

29.04.202507:11
မဲသဝေါ မှ သူရဲကောင်း စိတ်ဓာတ်များ (1)
===============================
ပထမဆုံး KNU သမိုင်း ပြောထားမှ ဇတ်ရည်လည်ပါမယ် ။ KNU ဆိုတာ မြန်မာပြည် လွတ်လပ်ရေး မရမှီ 5 - 7 - 1947 ကတည်းက စောစံဖိုးသင် တို့က စတင်ထူထောင်ခဲ့ပါတယ် ။ ဒီလိုနဲ့ လွတ်လပ်ရေး ယူခါနီးမှာ KNU အချို့က ဗမာနဲ့ ပေါင်းမယူပဲ အင်္ဂလိပ်လက်အောက်မှာ နေဖို့ပဲ ကြံစည်ကြပါတယ် ။
ခေါင်းဆောင်တွေ ဖြစ်တဲ့ စောစံဖိုးသင် ၊ မန်းဘခိုင် ၊ မန်းဝင်းမောင်တို့က ဗမာပြည်မ နဲ့ အတူ လွတ်လပ်ရေးယူမယ်ဆိုပြီး ခွဲထွက်ခဲ့လို့ KNU တို့ အင်အားချိနဲ့သွားပါသေးတယ် ။
1948 မတ်လထဲမှာ ဗကပ တောခိုသှားပွနျုပါတယျ ။ အဲဒီ နှစ်ထဲမှာပဲ နောင်တချိန်မှာ KNU ခေါင်းဆောင်ဖြစ်လာမယ့် ဗိုလ်မြလည်း တောခိုသွားပါတယ် ။ အဲဒီတုန်းက ဗိုလ်မြဟာ ရဲမှူးဆပ်ဘတ္တလာရဲ့ လူယုံ ရဲတပ်သားပါ ။ တပ်ကြပ်ကြီးရွှေဆိုင်း နဲ့ အတူ ဖာပွန်ကနေ တောခိုခဲ့တာပါ ။
1950 ကာလတွေမှာတော့ KNU တို့ လက်ရုံးရည် အမြင့်ဆုံးကာလ အင်းစိန်ကို ဝိုင်းထားတဲ့ အထိ အောင်မြင်ခဲ့ပါတယ် ။ ဗိုလ်မြက သူ့ဇာတိ ကျောက်ကြီးမြို့ ထီမူခီးရွာမှာရှိတဲ့ တပ်မဟာ ၄ မှာ တာဝန်ကျပါတယ် ။
တပ်မတော်က ထိုးစစ်ပြန်ဆင်လို့ KNU တို့ တောကြိုအုံကြား ပြန်ရောက်သွားပြီး ကော့ကရိတ် ဒေါနတောင် တိုက်ပွဲမှာ စောစံဖိုးသင် နေရာ ရယူထားတဲ့ စောဘဦး ၊နဲ့ အတူ စောစံကေး ၊ ကပ္ပတိန် ဗီဗီယန်း ( ဂဠုန်ဦးစောကို သေနတ်ထုတ်ပေးသူ) တို့ ကျဆုံးသွား ။
မန်းဘဇံ နဲ့ စောဟံသာမွှေးတို့ ခေါင်းဆောင်ဖြစ်လာတယ် ။ ဗကပ တွေနဲ့ ပူးပေါင်းပြီး မန်း + ဇင် သဘောတူ စာချုပ်ချုပ်ဆိုတယ် ။ ဒါပေမယ့် စစ်တောင်းမြစ် အရှေ့ဖက်က တပ်တွေက မပေါင်းဘူး ။ တပ်မဟာ ၅ က ဗိုလ်လင်းထင်တို့ပေါ့ ။
1954 မှာ တပ်မဟာ ၄ က စောနားမူ အလင်းဝင်လာတော့ ဗိုလ်မြလည်း ပါလာတယ် ။ ၄ / ၅ လ နေပြီး ဗိုလ်မြ တောပြန်ခိုသွားတယ် ။ အဲဒီကာလတွေမှာ ဗကပ တွေက သူတို့နဲ့ ပူးပေါင်းထားတဲ့ KNU တွေကို ဗကပ လမ်းစဥ်အတိုင်း သွားကြဖို့ စည်းရုံးတယ် ။
စောဟံသာမွှေးက လက်မခံပဲ 1-6-1963 မှာ အလင်းဝင်တယ် ။ သူနဲ့ အတူ ဗိုလ်လင်းထင်ရဲ့ တပ်မဟာ ၅ ကလည်း အလင်းဝင်လာကြတယ် ။ တပ်မဟာ ၄ ကတော့ ဗိုလ်မြ ခေါင်းဆောင်ဖြစ်ပြီး ကျန်ခဲ့တယ် ။ မကြာဘူး မန်းဘဇံလည်း ဗကပ နဲ့ ကွဲလာပြီး ဗိုလ်မြနဲ့ လာပေါင်းတယ် ။
ဗိုလ်မြက စစ်ရေးအားလုံး ချုပ်ကိုင်ထားပြီး မန်းဘဇံကတော့ ရုပ်ပြအဆင့်ပဲ သြဇာရှိတော့တယ် ။ အဲဒီ အချိန်မှာ ဗိုလ်လင်းထင် နဲ့ တပ်မဟာ ၅ က တောခိုပြန်ဖို့ လုပ်ကြတယ် ။ တပ်မတော်က သတင်းရလို့ သွားဝိုင်တော့ ပြန်ပစ်တယ် ။ ဗိုလ်လင်းထင် ကျသွားပြီ ။
သူ့ မိန်းမ နော်လီဇာဘီဆင်က လက်ကျန် တပ်မဟာ ၅ ကို ခေါ်ပြီး တောခိုသွားတယ် ။ တောထဲမှာ သူမ မနေနိုင်လို့ အမေရိကန်ကို ခိုလှုံသွားတယ် ။ ခေါင်းဆောင်မရှိတဲ့ တပ်မဟာ ၅ လည်း ဗိုလ်မြအောက် ရောက်သွားပြီး ဗိုလ်မြ အင်အား ပိုကြီးသွားပါတယ် ။
ဒီလိုနဲ့ ဗိုလ်မြက မဲသဝေါရွာကြီးမှာ မှောင်ခိုစခန်း တည်လိုက်ကြပါတယ် ။ သောင်ရင်းမြစ် အနောက်ဖက် ရှိ မဲသဝေါ နဲ့ အနီးဆုံး ရွာက ရှမ်းရွာသစ်ပဲ ရှိပါတယ် ။ ၁၈ မိုင်လောက် ဝေးပါတယ် ။ တပ်မတော်ရဲ့ ရှေ့တန်းအကျဆုံး စခန်းကနေ သွားရင် ၇ ရက်လောက် သွားရပါတယ် ။
မဲသဝေါရွာကြီးရဲ့ မှောင်ခိုလုပ်ငန်းကြီးက တဖြေးဖြေးကြီးထွားလာပြီး KNU အတွက် အဓိကဝင်ငွေစီးကြောင်းဖြစ်လာပါတယ် ။ ဒီအခြေအနေကြောင့် 28 - 9 - 1980 မှာ တပ်မတော်မှ ၂ ဗျူဟာ ၄ ရင်းနဲ့ စစ်ကြောင်းထိုး သိမ်းပိုက်တိုက်ခိုက်ကြပါတယ် ။ 10 - 10 - 1980 မှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး မဲသဝေါမှောင်ခိုစခန်းကို ဖျက်ဆီးကာ တပ်ပြန်ရုတ်လာကြပါတယ် ။
ဒီတော့ KNU တို့က နောက်တဖန်ပြန်ဟဝင်လာပြီး အခိုင်အမာ ခံစစ်စခန်းကြီး အဖြစ် တည်ဆောက်အခြေပြုကြပြန်ပါတယ် ။ ဒီလိုနဲ့ ပထမအကြိမ် တိုက်ခိုက်ပြီး ၄ နှစ်အကြာမှာ မဲသဝေါ စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်ဖို့ စီစဥ်ခဲ့ကြရပြန်ပါတယ် ။
မဲသဝေါမှာ KNU တပ်မဟာ ၁ ၊ ၄ ၊ ၆ ၊ ၇ နဲ့ အထူးတပ် ၁၀၁ တို့နဲ့ ခုခံကြပါတယ် ။ မြန်မာ့တပ်မတော်ကတော့ တပ်မ ၄၄ မှ ခမရ ၃ ၊ ၇ ၊ ၈ ၊ ၉ တို့အား ဗိုလ်မှူးကြီး တင်အေး ဦးစီးပြီး ထိုးစစ်ဆင်ခဲ့ကြပါတယ် ။ စတင်တိုက်ခိုက်တာက 22 - 1 - 1984 နေ့ပါပဲ ။
KNU တို့လည်း သူတို့ရဲ့ အခိုင်အမာစခန်းကြီးကို လက်မလွတ်တန်း အပြင်းအထန် ခုခံကြသလို မြန်မာ့တပ်မတော်ကလည်း ပေးထားတဲ့ အမိန့်အတိုင်း တာဝန်ကျေအောင် အားထုတ်ကြိုးပမ်း တိုက်ခဲ့ကြပါတယ် ။
KNU တို့ အသေအလဲ ခုခံကြပေမယ့် ပြင်းထန်စနစ်ကျလှတဲ့ တပ်မတော်ထိုးစစ်ကြောင့် 28 - 1 - 1984 မွန်းလွဲ ၂ နာရီ မှာ မဲသဝေါစခန်းကို မြန်မာနိုင်ငံအလံ လွှင့်ထူနိုင်ခဲ့ပါတယ် ။

27.04.202505:13
မြန်မာ့ လေတပ်အတွက် အစ္စရေးတွေ ကူညီခဲ့တာလည်း အတော်လေး ထိရောက်တာကို တွေ့ရပါတယ် ။ မြန်မာတပ်မတော်ဟာ 1999 မှာ Elhit System အနေနဲ့ တရုတ်ထံမှ F7 နဲ့ FT 7 တို့ကို ဝယ်ခဲ့ကြပါတယ် ။
F7 နဲ့ FT 7 ဆိုတာက ရုရှားတို့ရဲ့ MIG 21 နဲ့ MIG 21 Molgel B အမျိုးအစားတွေရဲ့ ကော်ပီပါ ။ ကော်ပီတောင် ပြည်ပရောင်းဖို့ ထုတ်ထားတာမို့ အဆင့်နိမ့်လှပါတယ် ။ အဲဒါကို သိနေတဲ့ အစ္စရေးတွေက မြန်မာ့လေတပ်အတွက် 350 PL 2 A (Air to Air) ဒုံးကျည် AAM များနဲ့ ပိုမိုကောင်းမွန်သော PL 5 AAM များ များပြားစွာ ထောက်ပံ့ကူညီခဲ့ပါတယ် ။
ထို့အပြင် စျေးပေါတဲ့ F7 များဟာ ကြားဖြတ်တိုက်ခိုက်ရန်သာ ထုတ်ထားတဲ့ အတွက် မြေပြင်ကို တိုက်ခိုက်ရာမှာ အဆင်မပြေကြပါဘူး ။ ဒါကြောင့် F7 36 စင်းကို Elbit မှ Aerostar ကုမ္ပဏီရဲ့ Lancer ပရိုဂရမ် နဲ့ Upgrade လုပ်နိုင်ခဲ့ကြပါတယ် ။
F7 တွေကို Elta E1/M (Air to Air ) Missile များ နဲ့ Laser Designator pods များ ပြောင်းလဲတပ်ဆင်ခဲ့ပြီး လေဆာလမ်းညွှန် ဗုံးများပါ တပ်ဆင်နိုင်ခဲ့ပါတယ် ။
အစ္စရေးတို့ အနေနဲ့လည်း ပိတ်ဆို့မှုတွေကို လှည့်စားရင်း ကြည်းတပ် လေတပ်အတွက် ကူညီပေးခဲ့ရုံမက ရေတပ်အတွက်လည်း ကြီးမားလှသော ကူညီမှုကြီးတွေ ပေးပြီး မြန်မာ့ရေတပ်အတွက် ဂုဏ်ယူနိုင်လောက်တဲ့ ကိစ္စတွေကို အကောင်အထည် ဖော်နိုင်ခဲ့ပြန်ပါတယ် ။
မြန်မာ့ရေတပ်ဟာ ထင်မှတ်မထားနိုင်လောက်အောင်ပဲ ဖရီးဂိတ်သင်္ဘောကို တည်ဆောက်နိုင်တဲ့ အရှေ့တောင်အာရှရဲ့ တခုတည်းသော တပ်မတော်အဖြစ် ဂုဏ်ယူနိုင်ခဲ့ပါတယ် ။
ဖရီးဂိတ်အဆင့် စစ်သင်္ဘောတည်ဆောက်ဖို့ဆို အင်မတန်ခက်ခဲလှပါတယ် ။ နည်းပညာမဆိုထားနဲ့ လိုအပ်တဲ့ အဆင့်မြင့်စနစ် ကရိယာများအား ဝယ်ယူဖို့ပင် မြန်မာအတွက် ခက်ခဲလွန်းလှပါတယယ် ။ လက်နက်ရောင်းဝယ်ခွင့် ပိတ်ပင်ထားလို့ မလွယ်ကူတဲ့ ကြားထဲက အစ္စရေးရဲ့ အကူအညီနဲ့ မြန်မာ့တပ်မတော်ဟာ အဆင့်တခုထိ တက်လှမ်းနိုင်ခဲ့ပါတယ် ။
ဖရီးဂိတ်သင်္ဘောတွေအတွက် အလွန်အရေးကြီးလှတဲ့ မီးထိမ်းစနစ် ၊ အာရုံခံကရိယာများ ၊ စောင့်ကြည့်ထောက်လှမ်းရေးစနစ်များ ၊ ရေကြောင်းထိမ်းသိမ်းရေးစနစ် ၊ လေကြောင်းရန်ရှာဖွေရေးစနစ် ၊ ဆိုနာစနစ် 76mm OTO Melara Compact စနစ် စသည်များကို ပစ္စည်းလည်း ရရှိအောင် ကူညီခဲ့ပြီး နည်းပညာလည်း လိုအပ်သည်ကို ကူညီပေးခဲ့ပါတယ် ။ ဒါနဲ့ မြန်မာ့ရေတပ်မတော်ဟာ ဖရီးဂိတ် ၃ စင်းအထိ ကိုယ်တိုင်ထုတ်လုပ်နိုင်ခဲ့တဲ့ အဆင့်ထိ ဝံ့ကြွားနိုင်ခဲ့ပါတယ် ။
အမေရိကန် နဲ့ ဥရောပနိုင်ငံများဟာ မြန်မာပြည်ကို သူတို့ရဲ့ သြဇာခံ နိုင်ငံအဖြစ် ထားရှိချင်ပေမယ့် နိုင်ငံရေးသမား သစ္စာဖောက်တွေကို အာဏာရအောင် မွေးမြူရတာ လွယ်ပေမယ့် 2008 ခြေ / ဥ အရ တပ်မတော်က အရပ်သား အစိုးရများအနေနဲ့ တိုင်းပြည်ကို စိတ်ထင်တိုင်း ရောင်းမစားနိုင်အောင် ဟန့်တားပိုင်ခွင့် ပေးထားပါတယ် ။
အဲဒါတွေကြောင့် မြန်မာ့တပ်မတော်ကို အမျိုးမျိုး အပုပ်ချပြီး တပ်မတော်နဲ့ပြည်သူကို ရန်တိုက်ပေးခြင်း ၊ တပ်တွင်းစည်းလုံးမှု ပြိုကွဲပြီး တပ်မတော်ပျက်ဆီးစေခြင်း များ အတွက် တစိုက်မတ်မတ် လုပ်ဆောင်လျှက် ရှိနေပါတယ် ။
ဦးသန်းရွှေဟာ အခက်အခဲများကြားထဲကနေ 1999 ထိ တပ်မတော်ကို အခြေခိုင်အောင် တည်ဆောက်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ ဒုတိယ အဆင့် အိပ်မက်ကိုတော့ 2000 ခုနှစ်နောက်ပိုင်းမှာ ရင်သပ်ရှုမောဖွယ် အကောင်အထည်ဖော်ခဲ့ပါတယ် ။
ရေးချင်နေတာတွေက ယနေ့ခေတ်စားနေတဲ့ ဒရုန်း နဲ့ မြန်မာ့တပ်မတော် ၊ MA စီးရီး ၊ ရေတပ်ရဲ့ အိပ်မက် ၊ ရုရှားပြန်တို့ရဲ့ အသီးအပွင့် စတဲ့ အကြောင်းအရာတွေကို စုဆောင်းလိုက်ပါအုံးမယ်ဗျာ ။
ဦးသန်းရွှေ အုတ်မြစ်ချခဲ့တာကို ယခု တပ်ချုပ်ကြီး အကောင်အထည်ဆက်ဖော်နေတာ ဘယ်အဆင့်ရောက်ပြီလဲ ဆိုတာ လေ့လာသိရှိတာနဲ့ သိသင့်သိထိုက်သော ကိစ္စများအား ဆက်လက်တင်ပြပေးပါမယ်ဗျာ ။
အားပေးသူအပေါင်း ချမ်းမြေ့သာယာကြပါစေ ။

03.05.202507:15
သူခိုးဂျပိုး စာနာစိတ်
=================
ကျနော်အင်းစိန်ထောင်မှာ နေခဲ့ရစဥ် တွေ့ကြုံခဲ့ရတာတွေကို အမှန်အတိုင်း ရေးပြမယ်ဆိုပြီး တွေ့ကြုံခဲ့ရသမျှ မှတ်သားခဲ့တယ် ။ ဝါရင့်ထောင်သားတွေကို အင်တာဗျူးခဲ့တယ် ။ အကြိမ်ကြိမ်ထောင်ကျနေတဲ့ နိုင်ငံရေးသမားတွေကို ဗျူးတယ် ။
ဒီတော့ တနေ့ရေးပြမယ်ပေါ့လေ တေးထားတယ် ။ သို့သော်...ကျနော်ရေးဖို့ စဥ်းစားလေတိုင်း ဒီလို အချက်တွေကြောင့် ခုထိမရေးနိုင်ခဲ့ဘူး ။
- ထောင်က ထွက်ထွက်ခြင်း လူငယ်အိပ်ဆောင် အခန်း ၃ ထဲက တန်းစီး နဲ့ စည်းကမ်းထိမ်း တို့ရဲ့ မတော်မတရားမှုကို ချက်ခြင်း အရေးယူပါ ၊ မယူရင် အင်းစိန်ထောင်ရဲ့ လုပ်ကွက် စားပေါက်တွေကို ကျကျနန ဖော်ထုတ်မယ် ဆိုပြီး ပထမဆုံး ပို့စ် အနေနဲ့ တင်လိုက်တယ် ။ အဲဒါ ထောင်အာဏာပိုင်တွေက ၃ ရက်အတွင်း စစ်ဆေးပြီး အရေးယူအပြစ်ပေးခဲ့လို့ ကျနော့်ကတိအတိုင်း မရေးသင့်ဘူး ဆုံးဖြတ်မိတာ တချက်....... ။
- နောက်တချက်က ကိုယ်ရေးလိုက်ရင် ဝန်ထမ်းငယ်တွေ အနေအစားကြပ်ပြီး မိသားစု စားဝတ်နေရေးပါ ထိခိုက်ကုန်မှာ တချက်...
ထောင်ထဲရောက်နေသူ 95 % က မကောင်းတဲ့ ဒုစရိုက်သမားတွေမို့ ဝဋ်ပြန်လည်တာ ဖြစ်သင့်တယ်လို့ ယူဆမိတာတချက်...
အဲဒါတွေကြောင့် မရေးမိတာပါ ။ ရေးမှရေးရင်လည်း မခြွင်းမချန် ရေးရမှာကိုးဗျ ။ ဒါဆိုရင် ဘာပဲ ပြောပြော ကိုယ့်အပေါ် ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ PDF အကြမ်းဖက် နိုင်ငံရေး သမားတွေလည်း ( သူတို့ကတော့ ၅၀၅ ဆိုတော့ အတူတူလို့ ယူဆမှာပေါ့) အနေအစားကြပ်ကုန်မှာ သေချာတယ် ။ PDF ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တလုပ်စားဖူး သူ့ကျေးဇူးမို့ အဲသလိုလဲ မဖြစ်စေချင်ဘူးလေ ။
အခုကတော့ တွေးချင်စရာ အတွေ့အကြုံလေးတော့မျှဝေချင်လာလို့ ဘယ်သူ့မှ မထိခိုက်မယ့် အပိုင်းလေးတွေခွဲပြီး ရေးပြချင်ပါတယ် ။
လူတိုင်းမှာ စာနာစိတ်ရှိတယ် ဆိုရင် ရုတ်ချည်း လက်ခံလို့ ရမယ်မထင်ဘူးဗျ ။ ဟာကွာ လူသတ် ဓားမြတိုက် ခိုးဝှက်နေတဲ့ ကောင်တွေမှာ စာနာစိတ် ရှိပါ့မလား မရှိလို့ လုပ်နေတာပေါ့ ဆိုပြိး တွေးစရာပေါ့လေ ။
မှန်တယ်ဗျ အဲသလိုလူတွေမှာ စာနာစိတ် အင်မတန်နည်းပါးပါတယ် ။ လုံးလုံးမရှိတာလည်း မဟုတ်ဖူးခင်ဗျ ။ သူတို့ကလည်း စာနာတတ်ပါတယ် ။ ဘယ်သူ့အပေါ် စာနာသလဲ ဆိုရင် သူတို့လို သူခိုးဂျပိုးခြင်းကြတော့လည်း စာနာကြပြန်ရောဗျ 😂😂
ဥပမာ တန်းစီးက ဆေးမှု ဆိုပါတော့ ။ အဲဒီ အခန်းထဲမှာ ဆေးမှုနဲ့ကျလာတဲ့ အကျဥ်းသား ဦးစားပေးသဗျ ။ လူသတ်မှုနဲ့ကျထားတဲ့ တန်းစီးဆိုရင် လူသတ်သမားတွေကို ဦးစားပေးသဗျ ။ သူခိုးဆိုရင် ခိုးမှုနဲ့ အရင်ရောက်သူက စောင့်ရှောက်သဗျ ။ ပုဒ်မတူခြင်း ကူညီကြတာ များလှပါတယ် ။
ဒီတော့ ကျနော်လည်း ထောင်ထဲမှာ စာဖတ်တဲ့ အလုပ် ချက်ထိုးတဲ့ အလုပ်ကလွဲရင် ဘာမှ မလုပ်ရတော့ တွေးချိန်တွေ အများကြီးမို့ လျှောက်တွေးမိတာပေါ့ဗျာ ။
'' သြော် တို့တိုင်းပြည်မှာ အောက်တန်းစား သူခိုး ဂျပိုးတွေတောင် သူ့လိုင်းနဲ့သူ စာနာစိတ်လေးတွေနဲ့ ကူညီနေကြပါလား ၊ ဒါဆို အထက်တန်းစား သူခိုးဂျပိုးကြီးတွေကရော အခြင်းခြင်း စာနာစိတ်နဲ့ ကာကြ ဖာကြမှာ သေချာတယ် ၊ ဒီလိုနဲ့ သူတို့အောက်က သူခိုးဂျပိုးတွေကို ကာကွယ်ရင်း တိုင်းပြည်လည်း စုတ်ပြတ်နေရတာပဲ ''
ဆိုတဲ့ မထော်မနန်း အတွေး ထောင်ထဲမှာ တွေးမိတယ်ဗျ ။ အဲဒါဟုတ်မဟုတ် အခုဖြစ်ပျက်နေတာတွေနဲ့ ချိတ်ပြီး ဒီလိုတွေးမိတယ်ဗျ ။
- စစ်မှုထမ်းပြဿနာ ဗန်းပြ ငွေတောင်းနေတာ အရေးယူမတဲ့ ဒုချုပ်ပြောသွားလေရဲ့ ခုထိ ငွေတောင်းသံ သောင်းသောင်းညံပါလျှက် အရေးယူမှု တခုမှ ထပ်မံ မကြားရသေး....
- သယံဇာတ တူးတဲ့နား မနေကြနဲ့ ဆိုပြီး တပ်ချုပ်ကြီး ကြုံးဝါးတယ် ၊ မြင်သာထင်သာ သဖန်းဆိပ် ဆည်ကြီးထဲက ရွှေတူးနေတာ တိုင်းမှူးကြီး မှိန်းကြည့်နေပြီး တပ်ချုပ်ကြီးစကား နာခံနေကြပုံများကတော့.... ရေနံ ၊ ကျောက်မျက် ၊ ကျောက်စိမ်း ၊ မြေရှား အတူတူပါပဲ တပ်ချုပ်ကြီး ပြောစကားအလကားကို ဖြစ်လို့....( သူပုန်လေးတွေအပေါ်-----ကြီးတွေရဲ့ စာနာမှု)
- ဂိတ်မျိုးစုံဖွင့် PDF နဲ့ လက်ဝါးခြင်းရိုက် ၊ နယ်မြေတည်ငြိမ်ရေး ဘာတခုမှ မလုပ် ၊ လောင်စာ လက်နက် ကြိုက်သလိုသယ် ဂိကြေးကောက် ငွေရှာ ကြိုက်သလောက်တိုင် မပြုတ်တဲ့ တပ်မှူးတွေ ဒုနဲ့ဒေး... ( PDF ဓားပြလေးတွေ အပေါ်----ကြီးတွေရဲ့ စာနာမှု)
ဒီလို ပေါက်ကရလုပ်နေတာတွေကို သူတို့အထက်ကလူတွေ မသိလို့လား.. ? မကြားလို့လား..? ဆိုပြီး တွေးမိပေမယ့် အထက်က သူခိုးဂျပိုး စာနာစိတ် ကြောင့် ဖြစ်ဖို့ များပါတယ် ဗျာ ။ ပို့ဆွမ်းက တယ်စွမ်းသကိုးဗျ ။
သံဃာအတွက် ပို့ဆွမ်းက အထက်တက်ဖို့ အထောက်အကူပေါ့ဗျာ ။ ဒီလိုပို့ဆွမ်းကတော့ ပြောင်းပြန်အချိုး ငရဲနက်နက် ကျဖို့ အထောက်အကူဆိုတာ သိဖို့ကောင်းလှပါပြီ ။
လူသားခြင်း စာနာစိတ်ထားတာ အင်မတန်တန်ဖိုးကြီးပေမယ့် ဒီလို သူခိုးဂျပိုးခြင်း စာနာစိတ်ကျတော့လည်း ပြည်ဖက်မယ့် အကုသိုလ်စာနာမှုမို့ မရှိလေ ကောင်းလေလို့ ယူဆမိပါရဲ့ ။ သူခိုးဂျပိုး စာနာစိတ်များ ထားကြခြင်းမှ ကင်းဝေးကြပါစေဗျာ ။

01.05.202512:54
ဗိုလ်ချုပ်မောင်လှစကားသည်ကား ရှင်းလင်း၏ ။ ပြက်သား၏ ။ တိကျ၏ ။ တပည့်ဖြစ်သူ ကလည်း အတူတူပါပဲ ။ စစ်ကြောင်း ၂ ကြောင်းလုံးက တပ်ခွဲမှူးတွေ ခေါ်လိုက်တယ် ။
'' ၁၈ ရက်နေ့ တိုက်ပွဲကတော့ အရဲရင့်ဆုံး တိုက်ပွဲပဲ ။ စွန့်စားခဲ့ကြပေမယ့် မအောင်မြင်ပဲ ငါတို့အထိနာခဲ့တယ် ။ ဗိုလ်ချုပ်မောင်လှက ငါတို့ကို နားလည်တယ် လုံးဝအပြစ်မတင်ဘူး ။ ငါတို့ကြိုက်တဲ့နည်းနဲ့ ထပ်တိုက်ဖို့ ခွင့်ပြုပေးတယ် ။ လူကြီးရဲ့ စေတနာကို ငါတို့လေးစားရမယ် ၊ ဒီတော့ အံ့ကျော်ကုန်းကို မရ ရအောင်ချမယ် ။ မင်းတို့ရော ဘယ်နှယ့်လဲ ''
'' အံ့ကျော်ကုန်းကို မရ ရအောင်တိုက်မယ် ''
ပူပူနွေးနွေး ထိခိုက်ကျဆုံးမှုတွေ ဖြစ်ထားကြတဲ့ တပ်ခွဲတိုင်းက ကြောက်ရွံ့ခြင်း ကင်းစွာနဲ့ မရ အရတိုက်ဖို့ပဲ ဆန္ဒပြုကြပုံကတော့ လေးစားအံ့အားသင့်လောက်ပါပေတယ် ။ အဲဒီအချိန်က စစ်ခြောက်တို့အတွက် နေရာရှိပုံမပေါ်သေးတာ ကြည်နူးစရာပါပဲ ။
တိုက်ပွဲ အစီအစဥ်ကို ဆက်လက်ပြောကြားရာမှာ....
'' အမှတ် ၁ အမြှောက်တပ်ရင်းမှူး ဗိုလ်မှူးအောင်ဝင်းကိုယ်တိုင် မျက်မြင်ကြည့်ပြီးပြီ ။ အကဲကြည့်အဖြစ် ဗိုလ်ကြီးသိန်းထွဋ်က ပြင်ဆင်ချက်ပေးလိမ့်မယ် ။ အမြှောက်တပ်က တတောင့်ခြင်း ထိရောက်အောင်ပစ်ဖို့ လုပ်ထားပြီးပြီ ။ ပစ်ကူအဖွဲ့နဲ့လည်း ညှိပြီးပြီ ကဲ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြတော့ ဒီနေ့ အံ့ကျော်ကုန်းကို ရအောင်တိုက်မယ် ''
'' ရအောင်တိုက်ကြမယ် ''
အားလုံးပြင်ဆင်ပြီး မနက် 10:30 မှာ အမြှောက်ပစ်ကူစပါပြီ ။ စနစ်ကျတဲ့ ပစ်ချက်တွေအောက်မှာ တိကျစွာ ပေါက်ကွဲနေပါပြီ ။ 75 mm ကြီးကို ရန်သူ့ရှေ့ ကိုက် ၅၀၀ အကွာထိ ဆွဲယူလာပြီး တိုက်ရိုက်ပြောင်းထိုးပစ်ရာ ဘန်ကာတို့လည်း ဖွာလန်ကြဲကုန်ပါတယ် ။
KNU တိုဘက်ကလည်း ဘိန ၊ ကဆာနလီ နဲ့ အံ့ကျော်ကုန်း ၃ နေရာလုံးမှ ပြန်ပစ်ပါနေပါတယ် ။ စစ်ကြောင်း ၂ ရဲ့ ချေမှုံးရေးကို ဗိုလ်ကြီးထွန်းတင့်စိုး၏ တပ်ခွဲ ၃ နဲ့ ဗိုလ်ကြီးတင်ထွန်းအောင်ရဲ့ တပ်ခွဲ ၄ တို့က တာဝန်ယူပါတယ် ။
တပ်ခွဲ ၄ က ရန်သူနဲ့ ကိုက် ၅၀ အကွာမှာ တိုက်ပွဲစကြပါတယ် ။ ကျားတက်ထိုးတာ ၃ ကြိမ်လုံး ပြန်လန်ကျပါတယ် ။ ဗိုလ်တင်အောင်နဲ့ တပ်စိတ် ၂ စိတ်က ၄ ကြိမ် ကျားတက်ထိုးပြန်တယ် ။ မရသေးပါဘူး ။
တပ်ခွဲ ၃ ကတော့ ကဆာနလီက ဆင်းလာတဲ့ ရန်သူ ၁၀၀ ရယ် ၊ အံ့ကျော်ကုန်းက ဆင်းလာတဲ့ ရန်သူ ၆၀ ရယ် ညီပ်တိုက်ခံရလို့ အပြင်းအထန် ပြန်တိုက်နေဆဲပါပဲ ။
ချေမှုံးရေးတပ်တွေ တန့်နေမှန်း သိသွားတဲ့ တပ်ရင်းမှူးက စက်ပေါက်ပြီး..
'' မင်းတို့နဲ့အတူ ငါရှိနေတယ် ၊ ငါကိုယ်တိုင် မင်းတို့နဲ့အတူ တက်တိုက်မယ် ''
လို့ ပြတ်သားစွာ ခွန်အားဖြည့်စကားပြောပြီး ချက်ခြင်း ရှေ့တန်းကို တက်လာပါတော့တယ် ။ မွန်းတည့် ၁၂ နာရီမှာ 84 mm နဲ့ အတူ ရန်သူ့ရှေ့ ၇၅ ကိုက် အကွာထိ ချည်းကပ် တိုက်ခိုက်ကြပါတယ် ။
တပ်ရင်းမှူးကို မြင်ရတဲ့ စစ်သည်တွေဟာ အားမာန်များ များစွာနိုးကြားတက်ကြွလာပြီး ရင်ဘောင်တန်း ဖြန်တက် ပစ်ခတ်လာတဲ့အထိ ရဲရင့်တက်ကြွလာပါတော့တယ် ။ ဇွဲမာန်ကြီးလှတဲ့ မြန်မာ့တပ်မတော် ခမရ ၇ ရဲ့ ရဲရင့်မှုကို နာမည်ကျော် အံ့ကျော်ကုန်းခံစစ်ကြီး ဒူးထောက်လိုက်ပါပြီ ။ ညနေ ၄ နာရီမှာ ကျက်သရေရှိလှတဲ့ နိုင်ငံတော်အလံကြီး အံ့ကျော်ကုန်းမှာ တလူလူလွှင့်နေပါပြီ ။
အံ့ကျော်ကုန်းအတွက် ခမရ ၇ မှ အရာရှိ စစ်သည် ၄၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ် ။ ဗိုလ်ချုပ်မောင်လှရဲ့ မဲသဝေါ ရည်မှန်းချက်ကြီးကတော့ လက်တလှမ်းသာ လိုပါတော့တယ် ။ ခက်ခဲလှတဲ့ လက်တလှမ်းကို ဘယ်လို ပိုင်ပိုင်တိုက်ပြမလဲ ဆိုတော့......

30.04.202516:53
ကြည်နူးရိပ်
==============
တနိုင်ငံလုံး စစ်ဘေးရှောင်ရတဲ့ အထဲမှာ ရှမ်းမြောက်နဲ့ စစ်ကိုင်းက အဆိုးဆုံးပါပဲ ။ စစ်ကိုင်းဖက်မှာတော့ PDF ရွာ နဲ့ ပြည်သူ့စစ်ရွာတွေပဲ ရှိကြတာများပါတယ် ။
ပြည်သူ့စစ်ရွာအင်အားနည်းတဲ့ နေရာတွေမှာတော့ နမခ ရဲ့ တာဝန်မဲ့မှု ၊ ဥပေက္ခာပြုမှုတို့ကြောင့် ရိက္ခာပြတ်လပ် ဒုက္ခရောက်ကြရတဲ့ ရွာတွေလည်း မနည်းမနောပါပဲ ။
PDF ကြီးစိုးတဲ့ ရွာတွေလည်း ဆိုးတာပါပဲ ။ ဗုံးကြဲခံရ ၊ စစ်ကြောင်းထိုးခံရ ၊ PDF က မသဒ်ဒါရစော ကျွေးမွေးရနဲ့ နည်းတဲ့ ဒုက္ခတွေလားဗျာ ။
အဲလို အဆိုးထဲက ကံကောင်းကြတာကတော့ ၅၅၀ ဆရာတော်ရဲ့ အေးမြတဲ့ အရိပ်ကို ခိုလှုံခွင့်ရကြတဲ့ စစ်ဘေးရှောင်များပဲ ဖြစ်ပါတယ် ။ လုံ ခြုံ ရေး ၊ စားဝတ်နေရေး ၊ ပညာရေး ၊ ကျန်းမာရေး အားလုံးကို ဆရာတော်က စောင့်ရှောက်ထားခဲ့ပြီး ယခုဆိုရင် စစ်ဘေးရှောင် ရင်သွေးငယ်များအား ရှင်အပါး ၁၀၀ နဲ့ နားသ ၄၈ ပါးတို့အား သာသနာဘောင်အတွင်း သွတ်သွင်းတဲ့ ရှင်ပြု နားသ မင်္ဂလာ အလှူတော် ကျင်းပသတဲ့ ။
၅၅၀ ဆရာတော် ဦးဆောင်၍ ပင့်သံဃာတော် ၆၅ ပါး အတွက် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပါတယ် ။
အလှူတော်မင်္ဂလာအခမ်းအနားတွင် မောင်ရင်လောင်းများ၊နားသများ၊အလှူ့ဒါယကါ+အလှူ့ဒါယိကာမများ၊ ရှေ့ဝန်း/ နောက်ဝန်းများ၊ကွမ်းတောင်ကိုင်များ၊ပုသိမ်ထီးဆောင်းများနှင့် အိုးစည်ဒိုးပတ်အဖွဲ့များမှ မြို့တွင်းသို့လှည့်လည်ခဲ့ကြပြီး ကန့်ဘလူမြို့ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော်မြတ်ကြီးသို့ သွားရောက်ကန်တော့ခဲ့ကြသည် ။
ထို့နောက်အလှူတော်မင်္ဂလာသို့ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်တို့အား စတုဒိသာအာဟာရဖြင့်ကျွေးမွေးပြီး၊ အလှူကျက်သရေ ဗျောစည်များဖြင့် တီးမှုတ်သီဆို၊ကပြ ဖျော်ဖြေကါ အလှူတော်မင်္ဂလာအခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ် ။
ငှက်တသောင်းနားနိုင်သည့် အရိပ်အာဝါသ ကြီးမားသော သစ်ပင်ကြီးပမာ ဆရာတော်ရဲ့ မေတ္တာရိပ်ကလည်း စစ်ဘေးရှောင်ပြည်သူများအတွက် လုံခြုံအေးချမ်းလှပါတယ် ။ အပူများနေရတဲ့ ပြည်သူများအတွက် ၅၅၀ ဆရာတော်၏ ကြဘ်နူးဖွယ်အရိပ်အာဝါသ တနည်း..
'' ကြည်နူးရိပ်'' .. သတင်းလေးကြောင့် တဒင်္ဂမျှ ချမ်းမြေ့နိုင်ပါစေရန် မျှဝေလိုက်ရပါတယ် ခင်ဗျား ။

မဲသဝေါ မှ သူရဲကောင်း စိတ်ဓာတ်များ (3)
===============================
'' ကျနော့်တပ်ရင်းမှာ ရှိတဲ့ လက်နက်ကြီးနဲ့ပဲ လုံလောက်ပါတယ် ၊ 120 mm ၄ နဲ့ ဆိုင်ပစ်နေရင် ရန်သူ့စခန်းကို ကျနော်သိမ်းပြီးချိန် ဘာပစ္စည်းမှ အကောင်းကျန်နေမှာ မဟုတ်ဖူးလေ ၊ ၂ လက်လောက်ပဲ ပစ်ပါ ဗိုလ်ချုပ် ''
( မိမိတပ် သက်သာရေးထက် ရန်သူ့ဆီက လက်ရသိမ်းမယ့် ပစ္စည်း အပျက်အစီးများမှာစိုးလို့တဲ့ ၊ ထစ်ကနဲရှိ လေယာဥ်လာပါ ဖင်ကုန်းအော်နေတဲ့ စစ်ခြောက်တွေနဲ့ ကွာပါ့)
'' အေး ဒါဆိုလည်း မင်းသိမ်းမယ့် ကုန်းကို ၂ လက်ပဲ ပစ်မယ် ၊ ကျန်တဲ့ ၂ လက်ကို နောက်သိမ်းမယ့် ပစ်မှတ်ကုန်း ၂ ကုန်းကို ကြိုပြီး ပစ်မယ် ''
'' ဟုတ် အဘ တိုက်မယ် ''
'' ဒါဆို မင်း ဘယ်အချိန် စ တိုက်နိုင်မလဲ ''
'' ကျနော် ၁၂ နာရီလောက်ဆို ပြန်ရောက်ပြီ ဒီတော့ ၂ နာရီ စတိုက်မယ် အဘ ''
( စစ်တိုက်ဖို့များ ကျားစီးဖားစီး ဝမ်းသာအားရ ပြောနေတဲ့ သူ့တပ်မှူးကို ဗိုလ်ချုပ်မောင်လှက ပြုံးပြုံးကြီးကြည့်ပြီး....)
'' ဟုတ်ပြီ မင်းလည်း အေးအေးဆေးဆေး စီစဥ်လို့ရအောင် နာရီတိုးပေးမယ် ညနေ ၃ နာရီ စတိုက်ကွာ ၊ မင်းလိုတာ အားလုံးယူသွား ၊ အမြှောက်တပ်ကလည်း မင်းနဲ့ ပစ်ခတ်မှု ညှိနှိုင်းဖို့ စောင့်နေတယ် ဝင်ညှိပြီး စီမံချက်ဆွဲ ကွာ ''
'' ဟုတ် အဘ ''
'' ကဲ ဆက်လုပ်တော့ မင်းက အဖွင့်ပွဲကရမှာမို့ သိပ်အရေးကြီးတယ် ၊ ရန်သူ့စခန်းကို အောင်မြင်စွာ သိမ်းပိုက်တာပဲ လိုချင်တယ် ၊ မအောင်မြင်ရင် မင်းနှုတ်ထွက်တော့ ''
'' ဟုတ် အဘ ''
ရှင်းလင်းပြတ်သားတဲ့ အမိန့် ၊ ပြည့်စုံတဲ့ ထောက်ပံ့မှု ၊ စစ်သားပီသတဲ့ စစ်သားတို့ရဲ့ တိကျပြတ်သားသော အမိန့်ပေး အမိန့်ယူ ကဏ္ဍ ပြီးပြတ်ပေပြီ ။ ဗိုလ်မှူးကြီးတင်ထွန်းလည်း အမြှောက်တပ်မှူးနဲ့ တွေ့ပြီး ညှိနှိုင်းပါတယ် ။
'' ကိုယ်ကတော့ စီမံချက်နဲ့ မပစ်စေချင်ဘူး ၊ အမြှောက်ကို ပစ်နိုင်သမျှ ပစ်ပေး ၊ ကိုယ်က ရပ်ဆိုမှ ရပ်ကွာ ၊ မြေပြင်အခြေအနေ ကြည့်ရအုံးမှာလေ ''
'' ရတယ် အရေးကြီးတာ ဆက်သွယ်ရေး မပျက်ဖို့ပဲ ''
'' OK ကွာ ဒါဆိုရပြီ ''
ဗိုလ်မှူးကြီးတင်ထွန်းလည်း ညှိနှိုင်းအပြီး တောက်လျှောက်ပြန်လာပါတယ် ။ မိမိတည်နေရာရောက်တော့ စခန်းသိမ်းတိုက်ပွဲအတွက် အသေးစိတ်ဆွေးနွေး တာဝန်ပေးတယ် ။ ရန်သူနဲ့ ကိုက် ၂၀၀ လောက်ပဲ ဝေးတဲ့ ဆက်သွယ်ရေး မြောင်းထဲမှာ သေနတ်ကိုယ်စီ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ဗီတာမင်အလုံး ၁၀၀ သောက်ထားတဲ့ ကျားတွေလို ဝုန်းကနဲ ထွက်တိုက်ဖို့ အမိန့်စောင့်နေကြပါပြီ ။
ညနေ သတ်မှတ်ချိန်မှာ လက်နက်ကြီး သံတွေ တဝုန်းဝုန်း ကြားလာပါပြီ ။ မဲသဝေါ တနယ်လုံးကို ဖြန့်ကျက်ပြီး ဝါးလုံးထိုး ပစ်ချလိုက်တဲ့ လက်နက်ကြီးသံတွေက ဟိန်းဟိန်းထနေပါတော့တယ် ။
မိမိစစ်သည်များအတွက် မကြားရတာ ကြာပြီဖြစ်တဲ့ မိမိလက်နက်ကြီးသံများကြောင့် ရင်ဆိုင်ကုန်းအားလုံးရှိ စစ်သည်အပေါင်းတို့ရဲ့ ရင်ထဲကို သတ္တိရင်းမြစ်များ ထိုးထည့်ပေးလိုက်ပါပြီ ။
အမြှောက်သံတွေကြားထဲက ဆက်သွယ်လာတဲ့ အသံကို ဗိုလ်မှူးကြီးတင်ထွန်း ကြားရပါပြီ ။ သတ်မှတ် အမြှောက်ဆံ ၁၀ ဆံသာ ကျန်တော့တယ် ၊ လိုအပ်ရင် ဘယ်လောက်ကုန်ကုန် ထပ်ပစ်မယ် အားမနာနဲ့ ပြော တဲ့ ။ ဒီတော့ တပ်ရင်းမှူးက ရပြီ ဆယ်ချက်ပစ်ပြီး ရပ်တော့လို့ ပြန်ပြောလိုက်ပါတယ် ။
ဆက်သွယ်ရေးမြောင်းထဲကနေ အမြှောက်သံကို ရေတွက်နေပါတယ် ။ ၉ / ၁၀ ပြီးတာနဲ့ ဗိုလ်မှူးကြီးတင်ထွန်းရဲ့.. ''တက် '' ဆိုတဲ့ ရင်ခေါင်းသံကြီးနဲ့ အမိန့်သံအောက်မှာ ခမရ ၃ စစ်သည်တို့ ဝုန်းကနဲ ဆောင့်ထွက် ထိုးတက် ပစ်ခတ်ကြပေပြီ ။
မဲသဝေါ တိုက်ပွဲ စပါပြီ ဆိုကတည်းက ကိုယ့်ဘက်ကချည်း လူအင်အားအသာစီး ၊ ပစ်အားအသာစီး နဲ့ အထက်စီးက တောက်လျှောက် တိုက်ခိုက်ခဲ့ကြတဲ့ KNU တို့ခမျှာ ဗိုလ်ချုပ်မောင်လှ ရောက်လာမှ သူတို့ တခါမျှ မကြုံဖူးတဲ့ လက်နက်ကြီးပစ်အားကြောင့် ခေါင်းမဖော်နိုင်အောင် ဖြစ်နေကြရပါတယ် ။
ဒီအချိန်မှာ ကျားစီး ဖားစီး..
'' ခမရ ၃ ကွ '' '' တက်..တက် '' '' တပ်မတော် ကွ ''
ဆိုတဲ့ အသံနက်ကြီးတွေနဲ့ အော်ဟစ်ကြုံးဝါးပြီး G 3 / G 4 သံ ဟိန်းဟိန်းထအောင် ပစ်ခတ်ကာ အသားဝါးစားမတတ် ပစ်တက် တက်လာသော မြန်မာ့တပ်မတော်သားတို့ကြောင့် အသဲအူပြောင်းပြန်လန်မတတ် ရှော့ဖြစ်သွားကြရပါပြီ ။
ဂယောင်ခြောက်ခြား ပစ်ခတ်ခုခံကြသေးပေမယ့် ရဲရင့်တဲ့ ခြေထောက်တွေကို တားမရတော့ပါဘူး ။ အမြှောက်ဒဏ်ကြောင့် ကုန်းတဖက်ခြမ်းပြေးပုန်းနေရချိန် ဝုန်းကနဲ အုပ်လိုက် ရောက်လာတဲ့ စစ်သည်တွေကြောင့် နောက်ကျတဲ့ဖနောင့် သစ္စာဖောက် ဆိုပြီး ပြေးကြရပါပြီ ။
အလံထူပြီး '' ရပြီအဘ '' ဆိုတဲ့ ဆက်သွယ်ရေးစက်သံထဲက သတင်းပို့သံကြောင့် ရှိသမျှ တပ်မတော်သားအားလုံးရဲ့ ဟေးးးကနဲ ပျော်ရွှင်တက်ကြွစွာ အော်ဟစ်လိုက်သံက နားဝင်ချိုစရာကြီးပါပဲ ။

မိမိဘက်မှ စစ်သည် ၁၁ ဦး ကျဆုံးခဲ့ရပြီး ၆၂ ဦး ဒဏ်ရာရှိခဲ့ပါတယ် ။ ရန်သူ့အလောင်း ၃၄ လောင်း ရရှိခဲ့ပါတယ် ။ အဲဒီနောက် မဲသဝေါမှာ တပ်မတော်မှ အထိုင်စခန်းချထားပြီး KNU တို့ရဲ့ ဝင်ငွေစီးကြောင်းကို အမျှော်အမြင်ကြီးစွာ ပိတ်ဆို့ထားလိုက်ပါတယ် ။ ဒီတော့ KNU ရော ထိုင်းကုန်သည်များအတွက်ပါ လိုင်းပျောက်ကုန်ရပါတယ် ။
အဲလိုနဲ့ မဲသဝေါမှာ ပင်မစခန်း ၊ ကာကင်းကုန်းစခန်းအဖြစ် အံ့ကျော်ကုန်း ၊ ပွှိုင့် ၉၆၂ ၊ ကဆာနဒီ ကုန်းဆိုပြီး တည်ဆောက်ထားပါတယ် ။ ၁၉၈၈ အရေးအခင်း ဖြစ်လာချိန်မှာ KNU တို့က အခွင့်ကောင်းယူပြီး မဲသဝေါကို ( 6 - 9 - 1988) မှာ ပြန်လည်သိမ်းပိုက်ဖို့ လုပ်ဆောင်လာပါတယ် ။
မဲသဝေါမှာ တပ်မတော်က အင်အား ၃၀၀ လောက်ပဲ ရှိပါတယ် ။ ပင်မ စခန်းမှာ တပ်ခွဲ ၁ ခွဲထားပြီး လှုပ်ရှား ၊ ကာကင်းကုန်းတွေမှာ တပ်ဖြန့်ကာကွယ်ထားရပါတယ် ။ KNU အင်အား 2100 နဲ့ 16 - 9 - 1988 မှာ မဲသဝေါကို တရကြမ်းဝင်တိုက်ကြပါပြီ ။
၇ ဆ လောက်များပြားတဲ့ အင်အားနဲ့ တရကြမ်းဝင်တိုက်ကြတာပါ ။ အံ့ကျော်ကုန်းဆို မိမိအင်အား ၂၀ လောက်ကို ရန်သူ ၄၀၀ လောက် ဝင်တိုက်တာ ခံရပါတယ် ။ တပ်မတော်က ခံစစ်အတွက် ခလရ ၇၆ ဒု ဗိုလ်မှူးကြီး သီဟသူရကျော်ညွှန့်က ဦးစီးနေပါတယ် ။
အင်အားခြင်း အဆမတန် ကွာခြားခြင်းကြောင့် မောရဝတီတောင်ကျောပေါ်ကို ပြန်လည်ဆုတ်ခွာပြီး ခံစစ်ပြင်ဆင်ရပါတယ် ။ ရန်သူ့အတွက် မဲသဝေါ ပင်မစခန်း နဲ့ ကာကင်းကုန်း ၃ ခုလုံးကို တရက်ထဲနဲ့ သိမ်းယူနိုင်လို့ နိုင်ကြက်သဖွယ် ဖြစ်နေပါပြီ ။
ဒီတော့ မောရဝတီတောင်ကျောပေါ်က ခံစစ်ကို ဖြိုနိုင်ရင် မဲသဝေါကို အကုန်ရပြီလို့ ဆိုနိုင်မှာ ဖြစ်တဲ့အတွက် KNU တို့ မောရဝတီကို လိုက်စစ်ဆင်ပါပြီ ။.တပ်မတော် ခေါင်းဆောင်များက အင်အားခြင်း မမျှလို့ ခွာစစ်ဆင်လိုက ခွာနိုင်ကြောင်း ပြောဆိုပေမယ့် 1986 ခုနှစ်တုန်းကမှ နာမည်ကျော် စီစီဝမ်တာပန် တိုက်ပွဲကနေ သီဟသူရဘွဲ့ ရရှိထားတဲ့ သူရဲကောင်းတပ်မှူးက မဆုတ်ပဲ ခံတိုက်ပါ့မယ်လို့ သတင်းပို့ခဲ့ပါတယ် ။
ဒီလိုနဲ့ ပွဲကြီးပွဲကောင်း ဆင်နွဲကြရပြန်ပါပြီ ။ တိုက်ပွဲ အနေအထားကို လေ့လာကြည့်မယ်ဆိုရင်.....
ကိုရွှေမျိုးဝင်း
( ရှေးက စွမ်းရည်ထက်မြက်ပါသော သူရဲကောင်း စစ်သည် တပ်မတော်သားများရဲ့ ခုခံစစ် ၊ တိုက်စစ် ၊ အုပ်ချုပ်ထောက်ပံ့မှုစနစ်များအား အတုယူလေ့လာဖွယ် ဖြစ်အောင် တင်ပြလိုက်ရပါတယ်)

လက်နက်ရဖို့ လွယ်ခဲ့သလား (6)
==========================
အစ္စရေးတို့ဟာ မြန်မာကို ကူညီဖို့ အတွက် စဉ်းစားတဲ့ နေရာမှာ သူတို့စက်ရုံတွေ လက်နက်ခဲယမ်းတွေ နဲ့ ကူညီမယ် ဆိုရင် အမေရိကန် နဲ့ ဥရောပက ကန့်ကွက်ကြမှာကို သိနေပါတယ် ။
ဒါပေမယ့် မြန်မာအတွက် ရေကန်အသင့် ကြာအသင့် ဖြစ်နေတာ တခုလည်း ရှိနေပါတယ် ။ အဲဒါကတော့ အစ္စရေး နဲ့ လက်ဘနွန်တိုက်ပွဲ ဖြစ်သွားပြီးနောက် အစ္စရေးတို့ လက်ရသိမ်းပိုက်မိထားတဲ့ လက်နက်ခဲယမ်းတွေ အများအပြား ရှိနေခြင်းပဲ ဖြစ်ပါတယ် ။
အဲဒီလက်နက်ခဲယမ်းတွေကို စင်္ကာပူသို့ လိပ်မူပြီး စင်္ကာပူမှ တဆင့် မြန်မာသို့ အခပေးဖျက်ဆီးရန် အကြောင်းပြချက်နဲ့ ပေးပို့ခဲ့တဲ့ 81 mm များနဲ့ ရောနှောပြီး အရောက်ပို့ပေးခဲ့ပါတယ် ။
ပြည်တွင်း နိုင်ငံရေး စစ်ရေးပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး အားအင်ချိနဲ့နေတဲ့ တပ်မတော်အတွက် စင်္ကာပူ နဲ့ အစ္စရေးတို့ ပေးပို့လိုက်တဲ့ လက်နက်ခဲယမ်းများဟာ ငှက်သိုက် နဲ့ ကျောက်သွေး ရောတိုက်လိုက်သလို အားအင်ပြည့်ဖြိုးလာခဲ့ရပါတယ် ။
ဘာတေးလစ်တနာက လက်ဘနွန်စစ်ပွဲရဲ့ လက်နက်ခဲယမ်း မှောင်ခိုစျေးကွက်ကြီးဟာ ကြီးမားများပြားသလောက် အဆုံးသတ်ပန်းတိုင်ဟာ မြန်မာနိုင်ငံဖြစ်နေပါလား ဆိုပြီး ရေးသားခဲ့ပါသေးတယ် ။
1991 မှာတော့ အစ္စရေးပညာရှင်တွေ မြန်မာပြည်ကို ရောက်လာပါတယ် ။ မြန်မာ့တပ်မတော် အထူးတပ်ဖွဲ့အတွက် အသုံးပြုမယ့် 9 mm Uzi Submachine guns များ ရောင်းချရန် သို့မဟုတ် ထုတ်လုပ်ရန် အတွက် အကူအညီလာပေးတယ်လို့ ဝေဖန်ခဲ့ကြပါတယ် ။ အစ္စရေးတွေလာပြီး မကြာခင်မှာပဲ BA 94 အမျိုးအစားကို မြန်မာက ထုတ်လုပ်ခဲ့တာ တိုက်ဆိုင်မှုလားတော့ မဆိုနိုင်ပါဘူး ။
Fritz Werner က ထုတ်လုပ်ခဲ့တဲ့ 762 mm ကျည်သုံး G3 G4 အစား 556 mm ကျည်သုံး Infantry Assault Rifle များထုတ်လုပ်နိုင်ရန် အစ္စရေးက ထပ်မံလာရောက်ပြီး ကူညီပံ့ပိုးပေးခဲ့ပါတယ် ။ မြန်မာနဲ့အစ္စရေးတို့က ငြင်းဆိုခြင်း ဝန်ခံခြင်း မပြုပဲ ဦးသန်းရွှေရဲ့ ထုံးစံအတိုင်း ဘာသိဘာသာပဲ နေပြလိုက်ပါတယ် ။
သို့သော် မြန်မာ့တပ်မတော်အတွက် MA စီးရီး လက်နက်ငယ်များ ဝံ့ကြွားစွာ ထွက်ပေါ်လာချိန်မှာတော့ စင်္ကာပူကနေ ဝယ်လာပါတယ်ဆိုတဲ့ လက်နက်စက်ရုံဟာ အစ္စရေးတို့ရဲ့ ကမ္ဘာကျော် Uzi နဲ့ Galil Asault များထုတ်လုပ်တဲ့ Israeli Military Industries (IMI) ရဲ့ နည်းစနစ်တွေ များစွာပါနေတာကို တွေ့ရပါတယ် ။
ဒီလို လက်စလက်နတွေ နဲ့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးသမိုင်းကြောင့် အစ္စရေးသည် မြန်မာ့တပ်မတော်ထောက်လှမ်းရေးကိုလည်း Mossad ရဲ့ အကြံဥာဏ်များ ၊ နည်းပညာများ နဲ့ လျှို့ဝှက်စွာ ထောက်လှမ်းရေးသင်တန်းများ ပေးခဲ့မယ်လို့လဲ ထင်ကြေးပေးသူတွေ မနည်းလှပါဘူး ။
ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့ အိပ်မက်ဖြစ်တဲ့ အမြှောက်တပ်ဖွဲ့ ကြီးတွေ ဖွဲ့စည်းဖို့ကိုလည်း အားသွန်ခွန်စိုက် ပြုလုပ်ခဲ့ပါတယ် ။ ဒေသတွင်းမှာ လူရိုသေခန့်ညားလောက်တဲ့ ပမာဏအထိ အမြှောက်တပ်ကြီးကို ခေတိမှီအမြှောက်တွေနဲ့ တပ်ဆင် ဖွဲ့စည်းဖို့ အားထုတ်ပါတယ် ။
ဦးစွာ နိုင်ငံအသီးသီးက အမြှောက်ကုမ္ပဏီ ၃၇ ခုမှ အမြှောက်ကြီးများကို ဝယ်ယူစုဆောင်းပါတယ် ။ ထုတ်လုပ်တဲ့ နိုင်ငံတွေက အမေရိကန် ၊ ဗြိတိန် ၊ အစ္စရေး ၊ ယူကရိန်း ၊ ရုရှား ၊ တရုတ် စတဲ့ နိုင်ငံတွေက နည်းပညာတွေ အားလုံးဝယ်ခဲ့ပါတယ် ။
ယင်းတို့ထဲကမှ အကောင်းဆုံး အားသာချက်များကို ပြန်လည်ပေါင်းစပ်ပြီး မြန်မာတပ်မတော်ကနေ ကိုယ်တိုင် အမြှောက်ကြီးတွေ ထုတ်လုပ်ခဲ့ကြပါတယ် ။
ယခင်က ခနော်လီ ခနော်နဲ့ အမြှောက်များနဲ့ တပ်ရင်း ၇ ရင်းသာ ရှိခဲ့ရာမှ ၁၉၉၈ မှာ အမြှောက်တပ်ရင်းပေါင်း ရာကျော်ထိ တိုးချဲ့နိုင်ခဲ့ပါတယ် ။
ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပြီးနောက် ပြောင်းလဲလာမယ့် စစ်ရေးအခြေအနေအရ သူ့ရဲ့ ပိုမိုကြီးကျယ်ခမ်းနားလှတဲ့ အိပ်မက်ကြီးကို ပထမအဆင့်အနေနဲ့ စတင် အကောင်အထည်ဖော်ခဲ့ပါတယ် ။
အနာဂါတ် စစ်ပွဲများအတွက် တရုတ်လုပ် 122 ဟောင်ဝစ်ဇာများ ၊ တင့်ပစ် အမြှောက်များ ၊ 57 mm ယာဉ်တင်အမြှောက်များ ၊ 37 mm တင့်ပစ်နဲ့ 107 mm ရောကတ်လောင်ချာများ ၊ တရုတ်ကတဆင့် မြောက်ကိုရီးယားရဲ့ 20130 (Soviet 1946 ) တို့ကို ဝယ်ပြီး လေ့လာပြန်ပါတယ် ။
အဲဒီလေါက်နဲ့ အားမရသေးပဲ အစ္စရေး တပ်မတော်သုံး Solton 15 mm နောက်ဆုံးပေါ် အမြှောက် 16 လက်ကို 1998 မှာ ထပ်မံဝယ်ယူပြီး လုံးဝ အသစ်စက်စက် ခေတ်မှီ အမြှောက်တပ်ရင်းအသစ်တခု စတင် ဖွဲ့စည်းခဲ့ပါတယ် ။ ယင်းအမြှောက်တွေအတွက် လိုအပ်တဲ့ ခဲယမ်း နဲ့ ဖော့စ်ပါးရပ် များကိုတော့ ပါကစ္စတန်က ဝယ်ခဲ့ပါတယ် ။
1998 က စပြီး ဦးသန်းရွှေရဲ့ စီမံချက်နဲ့ ခေတ်မှီ အမြှောက်တပ်ကို စတင်ဖွဲ့စည်းခဲ့ပြီး နောက် ထပ်မံဝယ်ယူခြင်း ကိုယ်တိုင်ထုတ်လုပ်ခြင်းများနဲ့ ဒလကြမ်း ဆောင်ရွက်ခဲ့ကြပါတယ် ။ ယခုဆိုလျှင် တချိန်က မြန်မာ့တပ်မတော်ရဲ့ အားကိုးခဲ့ရဆုံး လက်စွဲတော် 105 မြှောက်ကြီးတွေထက် စွမ်းရည်များစွာ သာလွန်နေတဲ့ ခေတ်မှီအမြှောက်တပ်ရင်း ပေါင်း မည်မျှပိုင်ဆိုင်နေပြီလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်အောင် ဖြစ်ထွန်းခဲ့ရပါပြီ ။

03.05.202501:23
ရိက္ခာစို ရိက္ခာခြောက်
===================
တပိမတော်အတွက် မဆလ ခေတ်တုံးက စလာခဲ့ရတဲ့ ပြဿနာက အခုထိ ပြန်မဖြီရသေးတာ ရှိတယ် ။ ဒီတော့ အရင်ရှေးခေတ် မြန်မာ့တပ်မတော်သားတွေ အတွက် ရိက္ခာစို ၊ ရိက္ခာခြောက် ဘယ်လိုရခဲ့သလဲ ပြန်လေ့လာကြည့်ပါ ။
ရိက္ခာစို အဖြစ် အမဲသား ၊ ကြက် / ဘဲ ၊ ငါး ၊ ကြက်ဥ / ဘဲဥ တမျိုးမျိုးကို နေ့စဥ်ပေးတယ် ။ ပေါ့တော့တော့ ပေးကြတာတော့ မဟုတ်ဘူး အသားထုတ်မယ့် တိရိစ္ဆာန်ကို ကျန်းမာရေးစစ်ဆေးပြီးမှ လတ်လတ်ဆတ်ဆတ် ပေးဝေကြတာပါ ။ အသီးအရွက်ကတော့ နေ့စဥ်မဟုတ်ပေမယ့် ရက်ခြားရတတ်ပါတယ် ။
ရိက္ခာခြောက်အဖြစ် ဆန် ၊ ဆီ ၊ ဆား ၊ လက်ဖက်ခြောက် ၊ ဗူးနို့ဆီ ၊ သကြား ၊ ကုလားပဲ အစုံရကြပါတယ် ။ နောက်ဆုံး လောင်စာထင်းကိုတောင် ပေးခဲ့ပါတယ် ။
ပြဿနာက ဘယ်အချိန်စလာလည်း ဆိုတော့ မဆလပါတီရဲ့ လွှတ်တော် အစည်းအဝေးမှာ နိုင်ငံခြားငွေ အသုံးလျှော့ဖို့ နဲ့ အခြားအသုံးစရိတ်တွေ ချွေတာဖို့ အမျိုးသမီး အမတ်တဦးက အဆိုတင်သွင်းပြီး ထောက်ခံကြပါရော ။
ဒီဆုံးဖြတ်ချက်အရ တပ်ကို စံပြအဖြစ် ရိက္ခာခွဲတမ်းတွေ လျော့ချလာပါရော ။ နေ့စဥ်ပေးနေတဲ့ ရိက္ခာစိုအစား ငွေကြေး မဖြစ်စလောက် သတ်မှတ်ပြီး ရိက္ခာစို ဖြတ်တောက်လိုက်တယ် ။
နောက် ရိက္ခာခြောက်ကို လေ့လာကြည့်ပါ ။ ပြည်ပက ဝယ်နေရတဲ့ ဗူးနို့ဆီတွေ ဖြတ်တောက်ပြီး အစားထိုးအဖြစ် ပြည်တွင်းချက်နို့ဆီတွေကို ပလပ်စတစ်အိတ်လေးတွေနဲ့ ပေးဝေလာပါတယ် ။ ချက်ခြင်း အချဥ်ပေါက် ပျက်စီးတတ်တဲ့ နို့ဆီမို့ တပ်မတော်သားတွေ အတွက် အသုံးမဝင်ပါဘူး ။
ပဲဆီ နှမ်းဆီ နေရာမှာ ဝါစေ့ဆီတွေ အစားထိုးပေးခဲ့ကြပါတယ် ။ အရေအတွက်တွေ လျော့ပေးလာပါတယ် ။ ဆန်ကတော့ မြန်မာပြည်ရဲ့ အညံ့ဆုံးဆန်ကြမ်းပဲ ပေးဝေပါတယ် ။ ရီစရာမဟုတ်ပါဘူး ကြက်ဥ ဘဲဥ နေရာမှာ ငုံးဥအစားထိုးပေးတဲ့ အထိ ဖြစ်ခဲ့ဘူးပါတယ် ။
အမှန်က ရိက္ခာစို ၊ ရိက္ခာခြောက်ဆိုတာ လူတယောက် တနေ့တာ ပြန်ဖြည့်ရမယ့် ကယ်လိုရီကို အသေအချာ တွက်ချက်ပြီးမှ ပေးဝေခဲ့ကြတာပါ ။ မိသားစုအတွက်လည်း အပိုဆောင်း ပေးဝေရပါတယ် ။ အဲဒါကို ဦးနေဝင်းက ပြည်သူတော့ ဝေစုမလျော့စေနဲ့ ငါတို့ တပ်မတော်သားတွေပဲ အနစ်နာခံကြရမယ်ဆိုပြီး လိုအပ်ချက်အရ လုပ်ခဲ့ရတာမျိုးကို အဲသလို တွေ့ခဲ့ရပါတယ် ။
ခေတ်ကာလအရ ( ကြက်သား ဝက်သား ဧည့်သည်လာမှ စားရတဲ့ အချိန်) ရိက္ခာ ဝိတ်လျော့ခဲ့ရပြီး မစို့မပို့ ငွေကြေးအစားထိုးပေးနေခဲ့တာ မဆလ ခေတ်ကနေ ဒီကနေထိပါပဲ ။ ရိက္ခာစိုဖိုး တနေ့ ၇၅၀ ပေးတယ် ဆိုတာ ရှက်စရာပါပဲ ။ အမဲသား ၁၀ သား ၃၀၀၀ ကျပ် ကာလမှာ ၃ ကျပ်သားဖိုးလောက် ပေးနေတာ သဘာဝမကျတော့ပါဘူး ။
စားရေရိက္ခာဆိုတာ အခုခေတ်မှာ အင်မတန်ပေါများနေပါပြီ ။ ဟိုဘက်ခေတ်ကလိုပဲ ရဲဘော်တဦးခြင်းအတွက် ( မိသားစုအပါ) စနစ်တကျ တွက်ချက်ထားသော စကေးအတိုင်း ပြန်လည် ပေးဝေဖို့ ကောင်းနေပါပြီ ။ ၇၅၀ သည်ကား မူလတန်းကလေး မုန့်ဖိုးတောင် မရှိတော့ပါဘူး ။
မိမိစစ်သည်တို့ ခွန်အားပြည့်ဝစေရန် ယခင်တုန်းကလို ( မဆလ ခေတ်ရှေ့ ကဲ့သို့) ပြန်လည် ထောက်ပံ့သင့်ပါပြီ ။ ထောက်ပို့တပ်များကိုလည်း ပေးဝေသမျှ ပစ္စည်းမှန် ၊ အလေးချိန်မှန်စေဖို့ စဥ်ဆက်မပျက် စစ်ဆေးကြီးကြပ်ဖို့ အရေးကြီးပါတယ် ။
လက်ရှိ ယနေ့တပ်မတော်မှာ ထောက်ပံ့နေသော ပြုတ်မနူး ကုလားပဲ ပြဿနာ ကြီးထွားနေတယ်လို့ ကြားရပါတယ် ။ ပြုတ်မနူး အညံ့စား ကုလားပဲက မြန်မာပြည်က မထွက်ပါဘူး ။ စျေးကွက်မှာ မြန်မာကုလားပဲထက် ညံ့သော အိန္ဒိယ ကုလားပဲများအား စျေးသက်သက်သာသာနဲ့ ရတယ်လို့ ကြားရပါတယ် ။
ထုံးစံအတိုင်း အကောင်းနဲ့အညံ့ လဲလှယ်ပေးဝေနေသလားဆိုတာ စီစစ်သင့်ပါတယ် ။ စစ်သား နဲ့ ပဲ လင်မယားလို နေကြရတာမို့ ကုလားပဲ ပြဿနာကိုလည်း ကိုင်တွယ်သင့်ပါတယ် ။
စတန်းဒက် Army အော်နိုင်ဖို့ မိမိစစ်သည်များအတွက် အရည်အသွေးကောင်း ရိက္ခာစို ရိက္ခာခြောက်များ ပြည့်ဝစွာရရှိရေး ဦးစားပေးဆောင်ရွက်သင့်ပြီလို့ ယူဆမိပါတယ် ။ တပ်မတော်သားများအတွက် မဆလခေတ်ရဲ့ ဆိုးမွေတခုကို ချန်ထားသင့်ပါပြီ ။

မဲသဝေါ မှ သူရဲကောင်း စိတ်ဓာတ်များ (6)
===============================
18 - 12 - 1988 မနက် 10:30 မှာ အံ့ကျော်ကုန်း နဲ့ ကဆာနလီကို ပွှိုင့် ၉၆၂ ပေါ်ကနေ 81 mm 7 လက် ၊ 60 mm စိန်ပြောင်းများနဲ့ နည်းဗျူဟာ ၄၄၂ မှ အမြှောက်ပစ်ချက်များနဲ့ စတင် ဖွင့်လှစ်လိုက်ပါတယ် ။
ဒုတိယဗိုလ်မှူးကြီး မြင့်မောင်ကတော့ KNU တို့ အထူးကြောက်ရွံ့သော 84 mm ( ဂါးလ်ဂူးစတပ်) နဲ့ အံကျော်ကုန်းအား အနီးကပ်ပစ်ခတ်စေပါတယ် ။ ထိုအချိန်မှာ ချေမှုံးရေးတပ်တွေက ဆက်သွယ်ရေးတူးမြောင်းမှ တိတ်တိတ်လေး ချီတက်နေကြပါတယ် ။
နေ့လည်မှာ ရန်သူရဲ့ မိုင်းပဒေသာပေါက်ကွဲပြီး စစ်သည်အများအပြား ကျဆုံး ဒဏ်ရာရခဲ့ပါတယ် ။ ငြိမ်သက်နေတဲ့ ရန်သူတွေလည်း မိုင်းကွဲသံကြားရာသို့ စုပြုံပစ်ခတ်ပါတယ် ။ အံ့ကျော်ကုန်းမှ 57 mm ဖြင့် တိုက်ရိုက်ပစ်ခတ်သော်လည်း ခမရ ၇ စစ်ကြောင်း ၂ သည်ကား အင်္ဂတေကိုင်ထားတဲ့ ကျောက်ဆောင်ကဲ့သို့ နောက်မဆုတ်တမ်း ခြေကုတ်ယူထားပါတယ် ။
ဘရာဇီယာကုန်းနှင့် ပွှိုင့် ၁၇၇၈ တို့မှ မိမိစစ်သည်များကတော့ အော်ဟစ်အားပေးနေကြပါတယ် ။ အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြရင်း ဗိုလ်သွင်ကိုကို ရဲ့ တပ်စုဟာ ခြံစည်းရိုးထိ ရဲရင့်စွာ ဇွတ်တိုးကပ်ပြီး ဘန်ဂလိုများအား ဖောက်ခွဲခြင်း ၊ လက်ပစ်ဗုံးများ ပစ်သွင်းခြင်းတို့ကို လုပ်ကြပါတယ် ။
စစ်သည်များက အတင်းဝင်တိုးကြရာ ရန်သူမှ ရှေ့ထွက်မိုင်းများ တပြိုင်နက်တည်း ဖောက်ခွဲလိုက်ရာ အများအပြား ကျဆုံးဒဏ်ရာ ရရှိကြပါတယ် ။ ဗိုလ်မှူးသိန်းထွန်းအောင်က ဒဏ်ရာရသူတွေ နောက်ပြန်ပို့ပြီး လှံစွပ်တက်ထိုးကြပြန်ပါတယ် ။
အင်အားအပြည့်နဲ့ ရန်သူတွေဟာ လှံစွပ်ထိုးတာကိုလည်း လန်ကျအောင် ခုခံနိုင်ခဲ့သောကြောင့် နေ့ ၁၂ နာရီ ထိုးစစ် မအောင်မြင်ပါဘူး ။ လက်မလျှော့တဲ့ တပ်မတော်ဟာ အနားယူ ကျည်ဖြည့်ပြီး ညနေ 3:30 မှာ ထပ်တိုးပါတယ် ။ ပိတ်ပိတ်ပိန်းနေတဲ့ သိပ်သည်းလှသော ခံစစ်ကြောင့် မရပြန်ပါဘူး ။
ဗိုလ်မှူးသိန်းထွန်းအောင်ဟာ အမာစား စစ်မှူးပီပီ ညနေ 4:10 မှာ တတိယအကြိမ် တက်ထိုးတယ် ။ အပေါ်စီးက ရန်သူကို တိုးမရပါဘူး ။ မှောင်စပျိုးတဲ့ ညနေ 6 နာရီမှာ မလျော့စတမ်း ထပ်ထိုးပြန်ပါတယ် ။ မအောင်မြင်ပါဘူး ။
18 - 12 - 1988 မှာ တရက်တည်း ၄ ကြိမ် တိုးကြသော်လည်း မအောင်မြင်တဲ့ အတွက် ဗိုလ်မှူးသိန်းထွန်းအောင်ဟာ နောက်ဖက်ကို ကိုက် ၂၀၀ ခန့်ဆုတ်ပြီး ခြေကုတ်ယူထားပါတယ် ။ သူ့တပ်ခွဲက စစ်သည်တို့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာအတွက် များစွာ ပေးဆပ် ခဲ့ကြရပါတယ် ။
ဗိုလ်ကြီးနေဝင်းမြင့်ရဲ့ တပ်ခွဲ ၅ ကလည်း ညဘက်မှ အံ့ကျော်ကုန်းကို ဘေးဖက်မှပန်းပြီး တိုက်ခိုက်ပါတယ် ။ ဗိုလ်စိုးမြင့်အောင်ရဲ့ လက်ရွေးစင်တပ်က ဘန်ဂလိုတွေ ဖောက်ခွဲပြီး ခြံစည်းရိုးထဲထိ ဝင်တိုးကြပါတယ် ။
ခြံစည်းရိုး ၂ ထပ်အတွင်း ရောက်လာတော့ ရန်သူ ၁၀၀ ခန့်မှ ပြင်းပြင်းထန်ထန် ပစ်ခတ်တားဆီးကြပါတယ် ။ စစ်ကြောင်း ၁ ၊ ၂ နှစ်ကြောင်းလုံးရဲ့ တပ်ရင်းအကူများကလည်း တပ်ရင်းမှူးကိုယ်တိုင် ဦးစီးပြီး ရန်သူနဲ့ ကိုက် ၃၀၀ အကွာထိ မီးကုန်ယမ်းကုန် ပစ်ကူပေးလာကြပါတယ် ။
ရဲရင့်တဲ့ ဗိုလ်စိုးမြင့်အောင်တပ်ကို စိုးရိမ်လို့ ဗိုလ်ကြီးနေဝင်းမြင့်ရဲ့ ခွဲ ၅ ကလည်း အတင်းကျားတက်ထိုး ကူညီကြပါတယ် ။ အဲဒါတောင် လက်ရွေးစင်တပ်စုမှ တပ်စိတ် ၂ စိတ်ခန့် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ် ။
နောက်တကြိမ် ဗိုလ်ဇော်အောင် တပ်စု ကျားတက်ထိုးတယ် မရဘူး ။ တတိယအကြိမ် ဗိုလ်ကြီးနေဝင်းမြင့် ကိုယ်တိုင်ကျားတက်ထိုးတယ် မရပြန်ဘူး ။ အဲဒီ အချိန်မှာ ကဆာနလီမှ ရန်သူ ၁၅၀ ကလည်း နောက်ကျောကနေ ဝင်တိုက်ပါတယ် ။ တပ်ခွဲ ၅ က စစ်နှစ်ဖက် ညှပ်တိုက်ခံရလို့ ပြန်ဆုတ်ပြီး စစ်ကြောင်း ၂ နဲ့ ပူးပေါင်းထားရပါတယ် ။
18 - 12 - 1988 တနေ့လုံး တညလုံး မိမိတို့ဘက်မှ အကောင်းဆုံး အရဲရင့်ဆုံး တိုက်ခိုက်ခဲ့ကြသလို KNU ဘက်မှလည်း အပြင်းထန်ဆုံး အမာကျောဆုံးသော ခုခံစစ် ဆင်နွဲနိုင်ခဲ့တယ်လို့ မှတ်တမ်းတင်ရတဲ့ တိုက်ပွဲဝင် နေ့ပဲ ဖြစ်ပါတယ် ။
19 - 12 - 1988 တိုက်ပွဲမရှိဘူး ။ မိမိဘက်က လူသူ ခဲယမ်း ဖြည့်စွက်ရေးဆောင်ရွက်နေရလို့ ဖြစ်ပါတယ် ။
20 - 12 - 1988. မနက်စောစောမှာ ဗိုလ်ချုပ်မောင်လှ နဲ့ ခမရ ၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမြင့်မောင်တို့ တွေ့နေကြပါပြီ ။ ဗိုလ်ချုပ်မောင်လှက...
'' တွေဝေမနေနဲ့ ၊ စိတ်ညစ်မနေနဲ့ မြင့်မောင် ။ စစ်တိုက်တယ်ဆိုတာ ဒီလိုပဲကွ ။ မင်းရဲ့ တပ်နဲ့ပဲ အံ့ကျော်ကုန်းကို မရ ရအောင်တိုက်ယူမယ် ။ လက်နက်ကြီးပစ်ကူတွေ မနေ့ကထက် ထိရောက်အောင် ပြင်စမ်း ။ ပစ်မှတ်ကို တိတိကျကျ ထိအောင်ပစ်ကြ ။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ နဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို မင်းတို့ကြောင့် မကျစေနဲ့ ။ ငါတို့ တပ်မတော်ရဲ့ အောင်မြင်မှုကို ကမ္ဘာက သိအောင်ပြကြ ။ မင်းဘာသာ ကြိုက်သလိုတိုက် ၊ ကြိုက်တဲ့နည်းသုံး ၊ ငါလိုချင်တာ အံ့ကျော်ကုန်း ရဖို့ပဲ ။ နားလည်လား မြင့်မောင် နားလည်ရင် မင်းစိတ်ကြိုက် ဆက်လုပ် ''

ဗိုလ်ချုပ်မောင်လှက ဒုတိယဗိုလ်မှူးကြီးတင့်လွင်ကို အနီးကပ်ပစ်ကူပေးပြီး ကြပ်မတ်ရန် တာဝန်ပေးသည်။
ဗိုလ်ချုပ် မောင်လှသည် နဗဟ(၄၄၁)မှူး ဒုတိယဗိုလ်မှူးကြီး တင့်လွင်၊ ခမရ(၆)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြင့်သိန်းနှင့် ခမရ(၇)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြင့်မောင်တို့ကို ပွိုင့် ၈၆၅သို့ခေါ်ယူပြီးနောက် ပွိုင့် ၁၇၇၈နှင့် အံ့ကျော်ကုန်းကိုသိမ်းပိုက်ရရှိရေးအတွက် အသေးစိတ်ဆွေးနွေး တွက်ချက် အမိန့်ပေးပါတယ် ။
" ပွိုင့် ၁၇၇၈ကို ဗိုလ်မှူးရွှေမန်းနဲ့ ခမရ(၆)စစ်ကြောင်း(၂)က သိမ်းရမယ်၊ အံ့ကျော်ကုန်းနဲ့ ပတ်ဝန်းကျင်ကို ဒုတိယဗိုလ်မှူးကြီးမြင့်မောင်နဲ့ ခမရ(၇)က သိမ်း..."
" အခုတိုက်ပွဲဟာ မဲသဝေါတိုက်ပွဲစဉ်ကို နိဂုံးချုပ်ဖို့အစပျိုးတာပဲ၊ ပိပိရိရိနဲ့ သတ္တိရှိရှိလုပ်ကြ။ ရအောင်တိုက်ကြ။ စ,တိုက်မယ့် (ယ)ရက်ကတော့ ဒီဇင်ဘာ(၁၆)၊ တိုက်ပွဲစချိန်ကို ရဲဘော်တွေနေ့လည်စာစားပြီးချိန်၊ ညစာစားပြီးချိန်တွေမှာ ငါကိုယ်တိုင်သတ်မှတ်မယ်..."
တိုက်ရမယ့် ရက်တော့ သတ်မှတ်လိုက်ပါပြီ ။ မတိုက်ခင်စပ်ကြား တိုက်ခိုက်ရေးတပ်တွေကို ကောင်းကောင်းစား ကောင်းကောင်းနားဖို့ စီစဥ်ပေးတာကလည်း အတုယူဖွယ်ပါပဲ ။ လက်အောက်ငယ်သားတွေကို ခိုင်းပဲ ခိုင်းတတ်ပြီး စောင့်ရှောက်ပြုစုဖို့ လူလိုမသိတဲ့ ခေါင်းဆောင်ခပ်ပဲ့ပဲ့များ သတိပြုမိဖို့ အရေးကြီးပါတယ် ။
ကဲ သတ်မှတ်ထားတဲ့ ဒီဇင်ဘာ ၁၆ ရောက်ပေပြီ ။ လက်နက်ကြီးကျည် ၊ လက်နက်ငယ်ကျည်တို့လည်း အားပါးတရ စုပုံဝေငှပြီးလေပြီ ။ တပ်မတော်သား စစ်သည်အပေါင်းတို့ရဲ့ ရဲရဲတောက် တိုက်ခိုက်ရေး စိတ်များလည်း အမြင့်ဆုံးရောက်ချေပြီ ။
ရန်သူနဲ့ရင်ဆိုင်ထားရင်း ရင်ခုန်စွာ စောင့်နေကြချိန်မှာပဲ မိမိရဲ့ လက်နက်ကြီးသံများက ဝုန်းဒိုင်းကြဲ စတင်လာပါပြီ ။ နားကွဲမတတ် အဆက်မပျက် ပစ်ခတ်နေသော လက်နက်ကြီးသံများ အောက်မှာ တိုက်မိန့်စောင့်နေကြတဲ့ တပ်ရင်းမှူးများရဲ့ ရင်ခုန်သံနှုံးကလည်း မနည်းမနော ရှိနေကြမှာပါ ။
အတန်ကြာတော့ သူတို့မျှော်နေတဲ့ ဗိုလ်ချုပ်မောင်လှ အသံကို စက်ထဲကနေ ကြားလိုက်ရပါပြီ.......
'' ကိုမြင့်သိန်း...၊ ခင်ဗျားလူတွေကို ချခိုင်းတော့...။ (န)နာရီမှာ လက်နက်ကြီးအပစ်ရပ်ပေးမယ်..."
တပ်ရင်းမှူးတွေလည်း ဆင့်ကဲ အမိန့်သံကြားရတော့ ချက်ခြင်းပဲ......

'' မသင်္ကာရင် ပစ်ရှင်း ရှင်းတက် ။ ရန်သူက ခြုံထဲပစ်ရင် ခြုံကိုပစ် ၊ ရွာထဲက ပစ်ရင် ရွာထဲပစ် ၊ ဘုန်းကြီးကျောင်းက ပစ်ရင် ဘုန်းကြီးကျောင်းပစ် ၊ တောင်ကုန်းပေါ်က ပစ်ရင် တောင်ကုန်းပေါ်ပစ် ၊ နောက်ဆုံး မင်းမေစပထဲက ပစ်ရင် မင်းမေစပပါ ပစ် ''
ဆိုတဲ့ အမိန့်တွင်တွင်ကြီး ကြားနေရတဲ့ ကာလပေါ့ ။
အဲသလို လမ်းဖောက် စစ်ကြောင်းထိုးနေသလို ပထမဆုံး စစ်ကူရောက်သွားတဲ့ ခမရ ၃ ကို မှတ်မိမှာပါ ။ စစ်သည် ၅၁ ဦးပဲ ကျန်တဲ့အထိ ဖြစ်ခဲ့လို့ ဖွဲ့စည်းပုံ ပျက်သွားတဲ့ ခမရ ၃ ကို နောက်တန်းသို့ ပြန်ခေါ်ပြီး သူ့နေရာကို ခမရ ၄ အား အစားထိုးပါတယ် ။
ခမရ ၃ အား ပြန်လည်စုဖွဲ့ပြီး အင်အားဖြည့်တင်းကာ ဗိုလ်မှူးကြီးတင်ထွန်းအား တပ်ရင်းမှူးသစ်အဖြစ် တာဝန်ပေးပါတယ် ။ အထက်ပါနည်းနဲ့ ပွှိုင့် 865 ဆီသို့ လိုအပ်သော ရိက္ခာ ၊ လက်နက် ၊ ခဲယမ်း စုပုံပြီးချိန် ရောက်လာတာကတော့ 30 - 11 - 1988 ပါပဲ ။
ပြန်လည်စုဖွဲ့ထားတဲ့ ခမရ ၃ ကို အင်အားအပြည့်နဲ့ H 575241 တောင်ကုန်းကို စျေးဦးပေါက် ပြန်သိမ်းပိုက်ဖို့ စီစဥ်ပါတယ် ။ စစ်ဆင်ရေးခန်းမရှိရာသို့ ခမရ ၃ တပ်ရင်းမှူး ဗိုလ်မှူးကြီးတင်ထွန်းကို ဗိုလ်ချုပ်မောင်လှက ဆင့်ခေါ်ပါတယ် ။
ဗိုလ်ချုပ်မောင်လှလို ကစထမှူးအဆင့် ( တိုင်းမှူး ၃ ဦး အထက်မှ ရာထူး) ထိုင်တဲ့ စစ်ဆင်ရေးခန်းမဆိုတာ ခမရ ၃ ရှေ့တန်းကနေ ၃ မိုင်ပဲ ကွာဝေးသတဲ့ ။ ရှေ့တန်း ၃ မိုင်အကွာထိ ရုံးထိုင်ကွပ်ကဲနေတဲ့ ကစထမှူးဆိုတာ ပုံပြင်မဟုတ်ဖူးနော် ။
တပ်ရင်းမှူးရောက်လာချိန်က မနက် ၉ နာရီ ပါ ။ ဗိုလ်ချုပ်မောင်လှက...
'' အချိန် သိပ်မရှိတော့ဘူး ၊ ထိုးစစ်ဆင်တိုက်ခိုက်ရတော့မယ် ။ ထိုးစစ် အဆင့် တစ် အနေနဲ့ မင်းရင်ဆိုင်ထားရတဲ့ ရန်သူ့ကုန်းကို အရင်တိုက်ရလိမ့်မယ် ။ လက်နက်ငယ် နဲ့ ကျည်ဆံ မင်း လိုသလောက်ထုတ်ယူ ။ ပွှိုင့် 5 တလက်နဲ့ ကျည်ဆံ ၁၀၀၀ ထပ်ပေးမယ် ။ တိုက်ရိုက်ပစ်ကူအဖြစ် 120 mm ၄ လက် ပစ်ကူပေးမယ် ။ 76 mm အမြှောက် နဲ့ ကကကြည်း အရံ 81 mm ၈ လက်က ရန်သူရဲ့ အကူတပ်တွေကို ဦးနှိမ် ပစ်ခတ်ပေးမယ် ။ မင်းအနေနဲ့ မင်းတပ်ရင်းမှာ ရှိနေတဲ့ လက်နက်ကြီးတွေကိုလည်း လိုရင် လိုသလိုထုတ်သုံးလို့ ရတယ် ''
ဒီလို ရှင်းလင်းပြတ်သားတဲ့ တိုက်စစ် စီမံချက်ကို ကြားလိုက်ရတော့ ဗိုလ်မှူးကြီးတင်ထွန်းက သမိုင်းဝင် စကားပြန်ပြောလိုက်လို့ နာမည်ကျော် စစ်သူရဲကောင်း ဗိုလ်ချုပ်မောင်လှတောင် ပခုံးတွန့် ကြက်သီးထသွားရပါတယ် ။ ဗိုလ်မှူးကြီးတင်ထွန်း ပြန်ပြောလိုက်တဲ့ ရဲရဲတောက် စကားကတော့......

28.04.202508:24
စစ်ရေး အနာဂါတ် ဖြစ်နိုင်ခြေများ
============================
ကျနော်စစ်ရေး ကိစ္စတွေ မရေးသားတာ ကြာပါပြီ ။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်ချုပ်ကြီး ရုရှားခရီးစဥ်အပြီး လုပ်ခဲ့ ကိုင်ခဲ့ ချုပ်ဆိုခဲ့တဲ့ အကြောင်းအရာများကြောင့် ပြောစရာမလိုတော့ဘူးလို့ ယူဆမိခဲ့မိလို့ပါပဲ ။
ငလျင်ကြောင့် တကမ္ဘာလုံးက အာရုံစိုက်လာချိန်မှာ ရန်သူက ယုံကြည်နိုင်ဖွယ် မရှိသော အပစ်ရပ် ကြေညာချက် စတင်ထုတ်ပြန်ခဲ့ပါတယ် ။ ဒီလိုပါပဲ နစက အနေနဲ့ တုန့်ပြန် ကြေညာခဲ့ရင်း ထိုးစစ်အတွက် အရှိန်သပ်ခဲ့ကြပါတယ် ။
ဒီကာလမှာလည်း ကလိမ်ကကျစ် ရန်သူတို့ရဲ့ အလစ်အငိုက် တိုက်ခိုက်မှုတွေကြောင့်လည်းကောင်း ၊ မိမိတပ်မှူးအချို့ရဲ့ သတ္တိမရှိမှု ၊ အရည်အသွေးညံ့ဖျင်းမှုတို့ကြောင့်လည်းကောင်း မြို့ရွာအချို့ ဆုံးရှုံးခဲ့ရပြန်ပါတယ် ။
အဲဒီ အချိန်မှာပဲ လားရှိုးကိစ္စ ဇယားငြိမ်သွားပြီး 21 - 2 - 2025 ရဲ့ အမိန့်စာ အမှတ် 38/2025 လိုင်းပေါ်ပြန့်လာပါတယ် ။ အဲဒီ အမိန့်စာကို သေချာလေ့လာကြည့်ပါက အရေးကြီးတဲ့ အချက်တွေ တွေ့ရပါမယ် ။
က ။ ဂြိုလ်တုစနစ် တည်ထောင်ဖို့
ခ ။ စနစ်ထိမ်းချုပ်တဲ့ လုပ်ငန်းစဥ်
( ငှါးသုံးမဟုတ်ဖူး)
ဂ ။ ကိုယ်ပိုင် ဂြိုလ်တုအတွက် လုပ်ငန်းစဥ် တင်ပြဖို့
ဃ ။ ပြည်တွင်း ပြည်ပ ပုဂ္ဂလိပညာရှင်များနဲ့ပါ ပူးပေါင်းပြီး အာကာသ နည်းပညာတိုးတက်အောင် လုပ်ဖို့
င ။ ကိုယ်တိုင် စီမံထိမ်းချုပ်ပြီး ပြည်ပနိုင်ငံများသို့ ငှားရမ်းနိုင်သည်ထိ ( ဆိုတော့ကား ရည်မှန်းချက်က ၁ လုံး ၂ လုံး လောက် မဟုတ်ဖူး ဆိုတာ သိသာလာပြီ )
စ ။ နည်းပညာ နဲ့ လုပ်ထုံးလုပ်နည်း ကော်မတီဖွဲ့ရန် ဦးဆောင်ကော်မတီကို တင်ပြပါရန် ( ဖောရှောမလုပ်နဲ့ အမြန်ဆုံးလုပ်ကြဖို့ ညွှန်ကြားထားတာပါ)
ဒီလို ထွက်ပေါ်လာတဲ့ အမိန့်ကြေညာစာနောက်မှာ အဓိပ်ပါယျတှေ အများကြီး မြင်ရသလို အကျိုးသက်ရောက်မှုတွေလည်း များစွာတွေ့မြင်လာရပါတယ် ။ ရန်သူတွေအတွက် စိတ်ဓာတ်ပျက်ပြားလောက်တဲ့ အခင်းအကျင်းဖြစ်ပါတယ် ။
ထုံးစံအတိုင်း လှောင်ပြောင်သရော်လိုသူတွေကတော့ လှောင်ကြ ပြောင်ကြမှာပါပဲ ။ ရေငုပ်သင်္ဘောတွေတုန်းကလည်း ဒီလိုပါပဲ ။ အိန္ဒိယကနေ မြန်မာပိုင်နက်ထိ မြန်မာ့တပ်မတော်သားတွေကိုယ်တိုင် မောင်းယူခဲ့တာပါဆိုမှ ပါးစပ်ပြဲကြရအောင် အံ့သြခဲ့ရတာလေ ။
ဂြိုလ်တုကို ကိုယ့်စိတ်ကြိုက် သုံးလို့ ရပြီဆိုတာနဲ့ ရန်သူကို အပူလှိုင်းကနေ ရှာဖွေ သုတ်သင်နိုင်တော့မှာပါ ။ အဲဒါကြောင့် စစ်ရေးကဏ္ဍကို သိပ်အရေးလုပ်မနေချင်တော့တာပါ ။
လောလောဆယ်ရန်သူတို့ ရင်ခုန်နေရတာက စက်တပ်လေထီး ( Paramotor) အပြင် ပိုကောင်းတဲ့ ဂျိုင်ရိုကော်ပတာ( Gyrocopter) သုံးဖို့လုပ်ဆောင်လာနေတာ တွေ့ရပါတယ် ။ သူက ရဟတ်ယာဥ် အသေးစားပါပဲ ။
အလေးချိန် ၆၀၀ ကီလိုဂရမ် သယ်နိုင်မယ် ၊ တနာရီကို ၉၀ မိုင်နှုံးကနေ ၁၂၀ မိုင်နှုံးအထိ ပျံသန်းနိုင်ပါတယ် ။ ပေပေါင်း ၁၂၀၀၀ အမြင့်ကနေ မိုင် ၂၃၅ မိုင်ထိ ပျံသန်းနိုင်တယ် ။ ပျံသန်းချိန် ၃ နာရီ မှ ၄ နာရီထိ စွမ်းဆောင်နိုင်ပါတယ် ။ တက်ဖို့ပြေးလမ်းက ၂၃၀ ခန့်လိုပြီး အဆင်းကတော့ ပေ ၁၀၀ လောက် လိုမယ်လို့ သိရပါတယ် ။
အဓိက အားသာချက်တခုက မောင်းနှင်သူက နာရီ ၅၀ လေ့ကျင့်ပေးရင်ပဲ မောင်းနှင်နိုင်တဲ့ဆိုတဲ့ အချက်ပါပဲ ။ တရုတ် Gyrocopter တွေကတော့ စစ်သည် ၂ ဦးစီးနင်းပြီး စက်သေနတ် နဲ့ 120 mm ဗုံးသီး ၆ လုံး သယ်နိုင်မယ်လို့ ကြေညာထားပါတယ် ။
တနေ့က ပျက်ကျသွားတဲ့ လေ့ကျင့်နေဆဲ Gyrocopter တစီး PDF တွေရသွားလို့ လိုင်းပေါ်မှာ တင်လာတာ တွေ့ရပါတယ် ။ ၂ ယောက်စီးကို ကော်ပိုက်တွေနဲ့ တည်ဆောက်ထားတာလို့ ထင်ပါတယ် ။ ကော်ပိုက်သုံးထားရင်တော့ ပိုမိုပေါ့ပါးပြီး လက်နက်အလေးချိန် ပိုသယ်ဆောင်နိုင်ခြင်း ရှိလာနိုင်ပါတယ် ။
တပ်မတော်က ကိုယ်တိုင်ထုတ်ပြီး တပ်အင်အားဖြည့်ဖို့ ဆောင်ရွက်နေတာလို့ တွေးမိပါတယ် ။ လတ်တလော သုံးနေတဲ့ ကင်းထောက်ဒရုန်းအဆင့် ၊ ပါရာမော်တာအဆင့် ( Paramotor) အဆင့်တောင် ခေါင်းကိုက်နေရတဲ့ ရန်သူအတွက် သေချင်စော်နံရမယ့် သတင်းတွေ ဖြစ်ပါတယ် ။
အပစ်ရပ်ကာလအတွင်း ထိုးစစ်ထက် ခုခံစစ် ဦးစားပေးနေတဲ့ ကာလမှာတောင် ဗန်းမော် ၊ ကျောက်ဖြူ ၊ တောင်ခမ်း နဲ့ အညာမြေတကျောက ပွက်ပွက်ဆူနေတဲ့ ရန်သူ့ ငိုသံတွေကြားနေရပါတယ် ။
မိမိဘက်က ဆုံးရှုံးမှုများလည်း တွေ့နေကြရပါတယ် ။ စစ်ရဲ့သဘောအရ ဒါမျိုးကတော့ မလွဲမသွေ ကြုံနေကြရမှာပါပဲ ။ ရေရှည်စစ်အတွက် အရေးကြီးတဲ့ ငွေကြေး ၊ စစ်သည်အင်အား ဖြည့်တင်းနိုင်စွမ်း ၊ လက်နက်ယမ်းထုတ်လုပိနိုင်မှု ၊ နည်းပညာ ၊ တသွေးတသံ တမိန့် ( စည်းလုံးခြင်း) ၊ ဒါတွေ သာတဲ့သူက နိုင်မှာပဲ ။
ကဲ ကိုယ့်ဘာသာ ချိန်ဆကြည့်ပေတော့ဗျာ ။ အနာဂါတ် စစ်ပွဲရဲ့ ချိုမြိန်တဲ့ အောင်ပွဲဟာ မြန်မာ့ တပ်မတော်အတွက် ကလွဲလို့ ဘယ်သူမှ မရှိပါဘူးဗျာ ။

26.04.202508:33
ဒီတော့ ဥပဓိ ကံ အကြောင်းတရားကို ပြန်ကြည့်ပါ ။ ရုပ်ဆင်းအင်္ဂါအလှထက် စိတ်အလှက ပိုပြီး တန်ဖိုးကြီးနေတာ တွေ့ရပါလိမ့်မယ် ။ သိပ်လှပတဲ့ မင်းသမီး ၊ မင်းသားတွေ စန်းဇာတာ အလွန်တက်ရင် သက်တမ်း ထက်ဝက်ပါပဲ ။ နှစ်ပေါင်း ၃၀ ထက်ပိုပြီး သံပတ္တိကံက အကျိုးပေးလေ့ မရှိဘူးလို့ ယေဘူယျသတ်မှတ်ရပါလိမ့်မယ် ။
စိတ်အလှကြတော့ အိုမင်းရွတ်တ လူလုံးမလှ ဖြစ်နေလေ တန်ဖိုးတက်လာလေ ဖြစ်တတ်ပါတယ် ။ မာသာထရီဇာလို အဖွားကြီးသေတော့ တကမ္ဘာလုံး ငိုကြွေးပူဆွေးခဲ့ကြရတာ သူမရဲ့ ရုပ်လှကြောင့်မဟုတ်ပါဘူး စိတ်အလှကြောင့်ပါ ။
ကံတရား အကျိုးပေးလို့ အရမ်းလှနေသူတွေအတွက် စိတ်အလှပါ ထပ်ဆောင်းလိုက်မယ်ဆိုရင် မိမိရဲ့ သံပတ္တိအကျိုးက သံသရာထိ လိုက်ပါလာနိုင်ပါလိမ့်မယ် ။
အတိတ်က ကံတရားကြောင့် ဝိပတ္တိကံတရားအရ ရုပ်ဆင်းအင်္ဂါ မပြည့်စုံသူများ အနေနဲ့လည်း စိတ္တဇကမ္မရုပ် လှပအောင် အားထည့်ကျိုးစားကြရင် မိမိရဲ့ အတိတ်ကံအားနည်းချက်ကို ပြန်လည် ကုစားလို့ ရနိုင်ပါတယ် ။
ထို့ကြောင့် သံပတ္တိကံကောင်းသူများရော ဝိပတ္တိကံအကျိုးပေးသူများကော ပစ္စုပ္ပန်မှာ စိတ်ထားလှလှ ထားကြရင်း မကောင်းတဲ့ အကျိုးပေးများမှ ရှောင်လွှဲ၍ ရနိုင်ပါကြောင်း နဲ့ ရထားတဲ့ကံကောင်းခြင်း သက်တမ်းများ ဆွဲဆန့်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ချင်ပါတယ် ။
ကမ္မပစ္စယောသည် စာပိုဒ်တိုလေး ၂ ခုသာ ပါသော်လည်း အင်မတန် ကျယ်ဝန်းလှပါတယ် ။ ကျန်တဲ့ အပိုင်းကို နောက်တပုဒ်မှ ထပ်မံဆွေးနွေးကြည့်ကြပါစို့ ဗျာ ။

Shown 1 - 24 of 623
Log in to unlock more functionality.