လူတစ်ယောက်ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ရပြီး ရေပန်းစားလာတာနဲ့အမျှ ဝင်ငွေတွေလည်း အများကြီးတိုးလာတာ အားလုံးသိကြမှာပါ
ဒီကားထဲမှာ Seo A-ri ဟာ ဆိုရှယ်မီဒီယာလောကထဲကိုခုန်ဆင်းပြီး Influencer တစ်ယောက်အဖြစ်ရပ်တည်ခဲ့ပါတယ်။ Seo A-ri က သူမရဲ့ Follower တွေတိုးလာအောင် မိုက်ကန်းတဲ့အရာတွေပါလုပ်ခဲ့ပါတယ်
ဒီလိုနဲ့ လျင်မြန်စွာ ရေပန်းစားလာခဲ့ပြီး Celebrity ဘဝကို ဖြတ်သန်းရင်းပျော်မွေ့နေတဲ့အချိန် Cele လောကရဲ့ ကမ္ဘာတစ်ဖက်ကဆိုးရွားလှတဲ့နောက်ဆက်တွဲတွေနဲ့ ကြုံတွေ့လာရတဲ့အခါ Seo A-ri တစ်ယောက် ဘယ်လိုရင်ဆိုင်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရမယ့်ကားလေးဖြစ်ပါတယ်
စုစုပေါင်း (12) ပိုင်းပါဝင်မှာဖြစ်ပြီး Netflix ကနေ ၁၂ ပိုင်းလုံးတစ်ခါတည်း ထုတ်လွှင့်ပြသသွားမှာပါ