Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Akio NEWS avatar
Akio NEWS
Akio NEWS avatar
Akio NEWS
シャン州ターシーレイで豪雨、市内に浸水被害 — 全国で降雨続く

昨日、シャン州の国境の町ターシーレイで激しい雨が降ったため、市内に水が流れ込んだことが分かった。ベンガル湾および中国方面からの冷たい気流の影響で、ミャンマー全土で雨が降り続いている。

မနေ့က ရှမ်းပြည်နယ် နယ်စပ်တာချီလိတ်မြို့တွင် မိုးသည်းစွာရွာသွန်းခဲ့မှုကြောင့် မြို့တွင်းသို့ ရေများဝင်ရောက်လာခဲ့ကြောင်း သိရသည်။ ဘင်္ဂလားပင်လယ်အော်နှင့် တရုတ်နိုင်ငံဘက်မှ လေအေးစီးကြောင်းများကြောင့် မြန်မာနိုင်ငံအနှံ့တွင် မိုးများရွာသွန်းလျှက်ရှိသည်။
地震により焼失した大学入試の答案用紙について、再度試験が実施される予定

カチン州、サガイン管区、マンダレー管区、およびネピドー評議会区域において、大学入学試験が来たる6月16日から21日までの期間に再実施されることが確認されています。

今回の再試験では、2025年3月に行われた以前の試験で全科目を受験した受験者のみが再受験の対象となります。再受験の対象者リストは、該当地域(州・管区・地区・郡区)の教育局および試験センターにて発表される予定です。

ငလျင်ကြောင့်မီးလောင်သွားသည့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစာစစ်ဌာနများ ပြန်လည်ဖြေဆိုရမည်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြန်လည်ကျင်းပ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို ပြန်လည်ကျင်းပ စစ်ဆေးရာ၌ ယခင် ၂၀၂၅ ခုနှစ် မတ်လအတွင်းက စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြိုနယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာပေးမည်ဖြစ်သည်။
中国、ミャンマー地震支援のため10億元まで支援を拡大

ミャンマーで地震災害が発生した当初、中国は1億元相当の緊急人道的地震救援支援を提供することを発表していましたが、このたび支援額を10億元に拡大することが中国大使館より発表されました。

この10億元は、燃料、仮設住宅(プランクハウス)、手術室、医薬品やワクチンなど、緊急に必要とされる物資の提供に充てられる予定であると、中国大使館は説明しています。

တရုတ်နိုင်ငံမှ မြန်မာ့ငလျင်အတွက် ယွမ် ၁ ဘီလီယံအထိ တိုးမြှင့်လှူဒါန်း
မြန်မာနိုင်ငံတွင် ငလျင်ဘေး စတင်ဖြစ်ပွားချိန်၌ ယွမ်ငွေ သန်း ၁၀၀ တန်ဖိုးရှိ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ရန် ကြေညာခဲ့သော်လည်း ယခုအခါ ယွမ် ၁ ဘီလီယံကို ထပ်မံတိုးမြှင့်လှူဒါန်းသွားမည်ဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ယွမ် ၁ ဘီလီယံကို လောင်စာဆီ၊ Plank House၊ ခွဲစိတ်ခန်း၊ ဆေးဝါးနှင့် ကာကွယ်ဆေးများ စသဖြင့် အရေးတကြီးလိုအပ်နေသော ပစ္စည်းများအတွက် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ထားသည်။
マンダレー市、ウーラタイン 僧院にて閉じ込められた僧侶たちを軍人たちが救出する映像

3月28日に発生したミャンマーの地震により、マンダレー市の建物が倒壊し、その中にあるウーラタイン 僧院も崩壊しました。僧侶たちは試験を受けていた最中であり、その結果、80人以上の僧侶が亡くなりました。倒壊後、命を失わずに閉じ込められていた僧侶たちは、ミャンマーの軍隊とインドからの救助チームの協力により、無事に救出されたことが報告されています。

ဦးလှသိန်းဗိမာန်အတွင်း ပိတ်မိနေသည့် သံဃာတော်များအား တပ်မတော်သားများ၊ မီးသတ်အဖွဲ့ဝင်များနှင့် အိန္ဒိယကယ်ဆယ်ရေးအဖွဲ့များ ကယ်ထုတ်နေသည့် ရုပ်သံ

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြန်မာ့ငလျင်ကြောင့် မန္တလေးမြို့ရှိ အဆောက်အဦများ ပြိုကျပျက်စီးခဲ့ရာ သံဃာတော်များ စာမေးပွဲဖြေဆိုနေသည့် ဦးလှသိန်းကျောင်းတိုက်လည်း ပြိုကျခဲ့ပြီး သံဃာတော်များ အပါး ၈၀ ကျော် သေဆုံးခဲ့ရပါသည်။ ပြိုကျခဲ့ပြီးနောက် အသက်မသေပဲ ပိတ်မိနေခဲ့သည့် သံဃာတော်များကို မြန်မာ့တပ်မတော်သားများ၊ အိန္ဒိယမှကူညီကယ်ဆယ်ရေးအဖွဲ့များပူးပေါင်း၍ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါသည်။
02.04.202510:01
100時間以上閉じ込められていた人を生存したまま救出

3月28日に発生した地震によって倒壊したネピドーの「エーチャンター・ホテル」の下敷きになり、100時間以上閉じ込められていた人が、本日朝に生存したまま救出されたと、消防局が発表しました。

地震発生から5日目となる今朝、ネピドーのウッタラティリ地区にある6階建ての「エーチャンター・ホテル」の下層2階部分が崩壊し、その下敷きになっていた2人のうち、1人の男性がミャンマーの消防救助隊とトルコのGEA捜索救助チームの協力により救出されました。

နာရီ ၁၀၀ ကျော်ကြာ ပိတ်မိနေသူကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော နေပြည်တော် အေးချမ်းသာဟိုတယ်အောက်မှာ နာရီ ၁၀၀ ကျော်ကြာ ပိတ်မိနေသူကို ဒီနေ့မနက်မှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
ငလျင်လှုပ်ခတ်ခဲ့ပြီး ၅ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မနက်မှာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ ဟိုတယ်အေးချမ်းသာ(၆)ထပ်အဆောက်အဦ အောက်ဆုံး(၂)ထပ် ပြိုကျလို ပိတ်မိနေသူ(၂)ဦးထဲက အမျိုးသား(၁)ဦးကို မြန်မာနိုင်ငံရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တူရကီနိုင်ငံက GEA Search and rescue အဖွဲ့ဝင်တွေ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ミャンマー・ピンロン市で住宅火災、家族4人が死亡
シャン州ロイレン郡区ピンロン市、第1区パニャタンクン通りにて、本日4月1日午前1時47分頃、袈裟や仏具を取り扱う店舗を併設した住宅で火災が発生し、家族4人が死亡したと地元住民からの報告があった。

ပင်လုံမြိုတွင် သင်္ကန်းပရိက္ခရာဆိုင်ဖွင့်ထားသော နေအိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံး



ရှမ်းပြည်နယ်၊ လွိင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ် (၁)ရပ်ကွက်၊ ပညာတံခွန်လမ်းတွင် ယနေ့ ဧပြီလ ၁ ရက် နံနက် ၁ နာရီ ၄၇ မိနစ်ခန့်က သင်္ကန်းပရိက္ခရာဆိုင်ဖွင့်ထားသော နေအိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
タニンダーリ管区のベイリーブリッジ、PDFによる放火で損壊

2025年4月24日午前10時頃、タニンダーリ管区イェピュー郡区のタラインヤー村グループ、ドウラウッ村付近にある長さ500フィート、幅12フィートの鉄筋コンクリート製ベイリーブリッジがPDF(国民防衛軍)によって放火され、破壊されたことが分かりました。

このベイリーブリッジは、タウィー深海港へ向かう道路上に建設されており、タウィー川を横断する橋です。今回の火災により、6インチと3インチの木製プランク材や上部の舗装部分、約200フィートが焼失し、自動車の通行は停止されているとのことです。

တနင်္သာရီတိုင်းမှ သံကူကွန်ကရစ်ဘေလီတံတားတစ်စီး မီးရှို့ဖျက်ဆီးခံရ

ဧပြီ ၂၄ ရက်၊ နံနက် ၁၀ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု၊ ဒေါက်လောက်ကျေးရွာအနီးရှိ အရှည် ၅၀၀ ပေ၊ အနံ ၁၂ ပေရှိသော သံကူကွန်ကရစ်ဘေလီတံတားတစ်စင်းကို PDF အဖွဲ့က မီးရှိဖျက်ဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ ဘေလီတံတားသည် ထားဝယ်ရေနက်ဆိပ်ကမ်းသိုသွားလာသည့်လမ်းပေါ်၌ ထားဝယ်မြစ်ကို ဖြတ်သန်းဆောက်လုပ်ထားခြင်းဖြစ်ပြီး ယခုကဲ့သို မီးရှိဖျက်ဆီးခံရမှုကြောင့် ၆ လက်မ ၃ လက်မရှိသစ်သားဇလီဖားများနှင့် အပေါ်ပြင်ခင်းများ ပေ ၂၀၀ ခန့်မီးလောင်ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများ ရပ်ဆိုင်းထားရသည်ဟုဆိုသည်။
国家首相、地震被害を受けた省庁施設を視察
SAC議長で国家首相のミンアウンライン上級大将は、地震の被害により損傷したネピドー評議会地域内の各省庁の建物を視察・調査したことが分かりました。
SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေရှိ ဝန်ကြီးရုံးအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
無償の臨時病院での治療提供
3月28日に発生した地震によって負傷した人々が、ネピドーのザンブシリ郡区シュエジャーピン臨時病院で無償で治療を受けていることが分かりました。
同病院では、国軍の医療スタッフ、市民の医療スタッフ、そして国際的な医療スタッフが協力して治療にあたっています。

မတ်လ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ယာယီဆေးရုံ၌ အခမဲ့ ကုသပေးနေကြောင်းသိရသည်။ အဆိုပါဆေးရုံတွင် တပ်မတော်မှ ဆေးဝန်ထမ်းများ၊ အရပ်ဘက်မှ ဆေးဝန်ထမ်းများနှင့် နိုင်ငံတကာမှ ဆေးဝန်းထမ်းများ ပူးပေါင်း၍ ကုသမှုများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
キャウクセ郡 シュエタウリャウン山の巨大石棺岩、爆破解体のための掘削作業開始
ミャンマーでは3月28日に発生した強い地震とその後の余震により、キャウクセ郡にあるシュエタウリャウン山の石棺岩が崩壊する危険性が高まっており、山のふもとに住む住民の生命や財産に被害が及ぶ恐れがあるため、安全な場所に仮設の避難所が開設され、住民の避難が行われました
ကျောက်ဆည်၊ရွှေသာလျောင်းတောင်ပေါ်မှ ကျောက်သေတ္တာကျောက်တုံးကြီးကို မိုင်းခွဲဖျက်ဆီးရန် လွန်ဖောက်မှု ဆောင်ရွက်နေ၊
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ကျောက်ဆည်မြိုရှိ ရွှေသာလျောင်းတောင်ပေါ်မှ ကျောက်သေတ္တာအမည်ရှိ ကျောက်တုံးကြီး ပြုတ်ကျမည့် အခြေအနေဖြစ်ပေါ်လျက်ရှိပြီး တောင်ခြေအနီးတစ်ဝိုက် တွင်နေထိုင်ကြသော ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုးထိခိုက်စေနိုင်သည့်အတွက် ဘေးလွတ်ရာတွင် ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ရွှေ့ပြောင်းပေးခဲ့သည်။
1か月の停戦を発表してから1日後、ニャウンチョー基地がAAに攻撃された

3月28日に発生したミャンマーの地震による救助活動が行われている間、一時的に停戦すると、MNDAA、TNLA、AAの同盟が昨日(4月1日)に発表した。しかし、本日(4月2日)、バゴー地域パントン郡区のニャウンチョー基地がAA部隊によって攻撃されたことが判明した。

တစ်လကြာအပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ပြီး ၁ ရက်အကြာ ညောင်ကျိုးစခန်းကို AA တိုက်ခိုက်

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြန်မာ့ငလျင်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း MNDAA,TNLA,AA မဟာမိတ်အဖွဲ့က ယမန်နေ့ ဧပြီ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သော်လည်း ယနေ့ ဧပြီ ၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်မြို့နယ်ရှိ ညောင်ကျိုးစခန်းအား AA အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ミャンマー地震:マンダレーで600人以上を救出

3月28日に発生したミャンマーの地震災害により、マンダレー市の倒壊した建物内に閉じ込められた市民の救助活動が進められており、現在までに600人以上が無事に救出されたことが確認されています。
မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော မြန်မာ့ငလျင်ဘေးကြောင့် မန္တလေးမြို့ရှိ ပြိုကျပျက်စီးအဆောက်အဦများအတွင်းပိတ်မိနေသော ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယခုအချိန်အထိ အသက်ရှင်လျှက် အယောက်(၆၀၀) ကျော် ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
#myanmarearthquake #news #japanese
地震で倒壊した Bright Kid 幼稚園の瓦礫の中から見つかった子どもたちの持ち物を、保護者たちが取りに来る様子

3月28日に発生した強いマンダレー地震により、震源地に最も近いサガイン市にある Bright Kid 幼稚園も倒壊し、教師1名と子ども7名が亡くなりました。

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ Bright Kid မူကြိုကျောင်း အပျက်အစီးများကြားက တွေ့ရတဲ့ ကျောင်းသားငယ်များရဲ့ အသုံးအဆောင်များကို မိဘများလာယူသည့် မြင်ကွင်း ၊

မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ငလျင်ဗဟိုချက်နှင့် အနီးဆုံး စစ်ကိုင်းမြို့ရှိ Bright Kid မူကြိုကျောင်းလည်း ပြိုကျပျက်စီးမှုမှာ ဆရာမ(၁) ဦးနဲ့ ကလေး (၇) ဦး အသက်ဆုံးရှုးခဲ့ရပါတယ်။
15.04.202515:16
ミャンマーの伝統的なティンジャン水祭りの風景

မြန်မာ့ရိုးရာသင်္ကြန်အကြက်နေ့ ပုံရိပ်များ
ヤンゴン管区の村で小規模な竜巻、住宅3棟が損壊

ヤンゴン管区、タニュン郡、トンコー町域内のピンマカン村近くのパレー村で、4月8日に小規模な竜巻が発生したと地元住民からの情報で分かりました。
この竜巻により住宅3棟が損壊しましたが、人や家畜への被害はなかったとのことです。

ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းက ပျဥ်းမကန်ကျေးရွာအနီး ပုလဲကျေးရွာမှာ ဧပြီ ၈ ရက်နေ့က လေဆင်နှာမောင်း အသေးစား တိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လေဆင်နှာမောင်းကြောင့် နေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး လူနဲ့ တိရစ္ဆာန် ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
SAC 議長、タイから帰国
タイ王国がホスト国として開催した第6回 BIMSTEC サミットに出席した 国家行政評議会(SAC)議長であり、国家首相のミンアウンライン上級大将は、4月4日夜に特別機でタイのドンムアン空港から出発し、午後10時にネピドーの国軍空港に帰国しました。

今回の訪問中、SAC 議長は BIMSTEC サミットに出席し、BIMSTEC の加盟国の政府首脳らと会談を行いました。会談では、ミャンマーで発生した地震による被害状況、人道支援および復興活動の効率的な実施のための国際的な協力の可能性、そして各国間の協力と友好関係の強化について意見交換がなされました。

ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၄ ရက်ညပိုင်းက အထူးလေယာဥ်ဖြင့် ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်မှတစ်ဆင့်ပြန်လည်ထွက်ခွာလာရာ ည ၁၀ နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သိုပြန်လည်ရောက်ရှိလာခဲ့သည်။

နစက ဥက္ကဋ္ဌသည် ဘင်းစတက်အဖွဲဝင်နိုင်ငံများမှ အစိုးရအဖွဲအကြီးအကဲများနှင့်တွေ့ဆုံ၍
မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ် ကြုံတွေ့နေရသည့် အခြေအနေများ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများနှင့်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများကို ဆွေးနွေးနိုင်ခဲ့သည်။
ロシア、インドネシア、タイ、ブータン、フィリピン、ラオス、バングラデシュの救助隊と救助物資が到着

4月1日、ネピドーの軍用空港にロシア、インドネシア、タイ、ブータン、フィリピン、ラオス、バングラデシュからの救助隊および救助物資を積んだ14機の航空機が到着したことが確認されました。

ရုရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘူတန်၊ ဖီလစ်ပိုင်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတိုမှ ကယ်ဆယ်ရေးအဖွဲများနှင့်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများရောက်ရှိ
ဧပြီလ ၁ ရက်နေ့တွင် နေပြည်တော်ရှိတပ်မတော်လေဆိပ်သို့ ရုရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘူတန် ၊ ဖိလစ်ပိုင်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့များနှင့် ပစ္စည်းများပါဝင်သည့် လေယာဉ် ၁၄ စီး ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
中国からの最初の100百万人民元相当の自然災害救援物資がミャンマーに到着

中国の最初の緊急人道支援地震救援物資は、本日3月31日に北京首都国際空港を出発し、同日中にミャンマーに到着したことが確認されました。
ယွမ် သန်း ၁၀၀ ဖိုး ကူညီမည့် တရုတ်နိုင်ငံ၏ ပထမဆုံးအသုတ် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို ရောက်ရှိလာ
တရုတ်နိုင်ငံ၏ ပထမဆုံးအသုတ် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု ငလျင်ဘေး ကယ်ဆယ်ရေးပစ္စည်းများသည် ပေကျင်း မြိုတော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ မတ်လ ၃၁ ရက်တွင် ထွက်ခွာလာခဲ့ပြီး ယနေ့ပင် မြန်မာနိုင်ငံသို ရောက်ရှိလာခဲ့ကြောင်း သိရသည်။
#myanmarearthquake #myanmarquake #myanmar
マンダレー・ゼーチョー市場、80%の店舗再開で活気戻る

大きな地震が発生した後、一時的に閉鎖されていたマンダレー・ゼーチョー市場では、本日4月22日、全体の80%にあたる店舗が営業を再開し、買い物客で活気づいているという。

国内外の専門家による市場建物の調査の結果、安全性に問題はないとの評価が得られたため、4月21日から営業再開が始まった。その際には店舗の70%のみが再開されたとされている。

မန္တလေးငလျင်ကြီး လှုပ်ရှားခဲ့ပြီး‌‌နောက် ယာယီပိတ်လိုက်‌ရသည့် မန္တလေးဈေးချိုတော်တွင် ယနေ့ ဧပြီ ၂၂ ရက်၌ ဆိုင်ခန်းပေါင်း ၈၀ ရာခိုင်နှုန်း ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ဈေးဝယ်သူများနှင့် စည်ကားနေကြောင်း သိရသည်။

ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ဈေးချိုတော် အဆောက်အဦကို စစ်ဆေးခဲ့ရာ လုံခြုံစိတ်ချကြောင်းမှတ်ချက်ရရှိခဲ့သဖြင့် ဧပြီ ၂၁ ရက်က စတင်ဖွင့်လှစ်ရာ အဆိုပါနေ့က ဆိုင်ခန်း ၇၀ ရာခိုင်နှုန်းသာ ဖွင့်လှစ်ခဲ့သည်ဟုဆိုသည်။
豪雨でマンダレーの三階建て住宅が倒壊
3月28日の強い地震の後、今日マンダレー市では激しい雨が降り、三階建ての住宅がさらに倒壊しました。また、余震の影響によっても建物の倒壊が続いています。

အင်အားပြင်ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မန္တလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် သုံးထပ်လူနေအိမ်တစ်လုံး ထပ်မံပြိုကျခဲ့ပါသည်။ ထို့အပြင် နောက်ဆက်တွဲငလျင်ငယ်များကြောင့်လည်း အဆောက်အဦပြိုကျမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
地震で倒壊したSky Villaコンドミニアムから新たに8遺体発見
3月28日に発生したマグニチュード7.7の強い地震により倒壊したマンダレー市アウンミャェターサン郡区のSky Villaコンドミニアムの崩壊に関連し、犠牲者の捜索が続けられており、4月7日には新たに8体の遺体が発見されたことが分かりました。

同建物の瓦礫の中に閉じ込められている人々を、ミャンマー消防局の救助隊員たちと中国から派遣されたBlue Sky Rescueチームのメンバーが協力して捜索・救助活動を行っています。この建物の崩壊は、今回の地震で最も多くの死傷者を出した建物のひとつとなっています。

ပြီးခဲ့သည့် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ ရစ်ခ်ျတာစကေးရှိ အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa Condo ပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများကို ဆက်လက်ရှာဖွေလျက်ရှိရာ ဧပြီလ (၇) ရက်တွင် ရုပ်အလောင်း (၈) လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦး အပျက်အစီးများကြား၌ ပိတ်မိနေသူများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံမှ Blue Sky Rescue အဖွဲ့ဝင်များနှင့် ပူးပေါင်းရှာဖွေနေခြင်းဖြစ်ပြီး ယင်းအဆောက်အဦး ပြိုကျပျက်စီးမှုသည် ယခုငလျင်တွင် လူအ‌သေအပျောက် အများဆုံး ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည့် အဆောက်အဦးဖြစ်သည်။
インレーにある有名な「Myanmar Treasure Hotel」が火災

4月3日の午後、インレーにある有名な「Myanmar Treasure Hotel」が山火事により焼失したとのことです。山火事の延焼により火災が発生し、60棟以上のバンガローがすべて焼け落ちたと伝えられています。

အင်းလေးရှိ နာမည်ကြီး Myanmar Treasure Hotel မီးလောင်
ဧပြီလ ၃ ရက် ညနေပိုင်းတွင် အင်းလေးရှိ နာမည်ကြီး Myanmar Treasure Hotel တောမီးကြောင့် မီးလောင်ပျက်စီးသွားကြောင်းသိရသည်။ တောမီးရှို့ရာမှ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး ဘန်ဂလို အလုံး၆၀ ကျော် အားလုံးမီးလောင်သွားကြောင်း သိရသည်။
中国の救助隊、ドローンを使用してミャンマー地震の救助活動を支援

ミャンマーの地震被害に対応するためにマンダレーに到着した中国の救助隊は、夜間の救助活動において十分な照明を確保するために、ドローンを使用して光を提供していることが確認されました。

တရုတ်ကယ်ဆယ်ရေးအဖွဲများက ဒရုန်းများအသုံးပြု၍ မန္တလေး၌ ကယ်ဆယ်ရေး ဆောင်ရွက်နေမှုရုပ်သံ
မြန်မာ့ငလျင်ဘေးအတွက် မန္တလေးတွင်ရောက်ရှိနေသော တရုတ်ကယ်ဆယ်ရေးအဖွဲ့များက ညအချိန် ကယ်ဆယ်ရေးဆောင်ရွက်ရာ၌ အလင်းရောင်ရရှိစေရန် ဒရုန်းများကို အသုံးပြု၍အလင်းပေးဆောင်ရွက်နေကြောင်း သိရှိရသည်။
31.03.202509:43
SAC 議長 ,地震被災者を支援
国家行政評議会(SAC)議長 兼国軍最高司令官のミンアウンライン上級大将は、地震の被害を受けた市民、公務員、軍人およびその家族を訪問し、見舞いの意を表するとともに、金銭や支援物資を提供したことが伝えられています。

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်သည် ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့်မိသားစုဝင်များအား သွားရောက်ကြည့်ရှုအားပေးခဲ့ကာ ငွေကြေးနှင့် အကူအညီပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Shown 1 - 24 of 52
Log in to unlock more functionality.