ကျားဖြန့်ကိစ္စရှင်းပုံရှင်းနည်း
—
တရုပ်အစိုးရရဲ့ကျားဖြန့်ပြသနာဖြေရှင်းပုံဟာသူတို့အပေါ်လူထုအမြင်ကောင်းလာစေရေးရည်မှန်းချက်နဲ့သာသာထိုးထိုးပိုလုပ်ပြနေတာလို့မြင်မိတယ်..
လူ့အခွင့်အရေးနဲ့ဒီမိုကရေစီဆိုပြီး အမေရိကန်ကြီးကဦးဆောင်အော်ခဲ့သလို အခုတရုတ်ကြီးကလဲ”ကမ္ဘာ့ဆိုက်ဘာလိမ်လည်မှုတိုက်ဖျက်ရေး”ဆိုပြီးဒေသတွင်းမှာအော်ချက်ထုတ်နေတာ..
တနည်းအားဖြင့်ပြောရရင်"နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းတွေ transnational crimes နဲ့ ကမ္ဘာတဝှန်းဆိုက်ဘာရာဇဝတ်မှု international cyber crimes နှိမ်နင်းရေးတွေကို သူကဦးဆောင်ပြမယ်လို့တရုတ်ကြီးကဆုံးဖြတ်ပြီးနေရာဦးထားပုံပေါ်နေတယ်..
—-
တကယ်တမ်းမှာတော့ ဒီကျားဖြန့် နိုင်ငံတကာဆိုက်ဘာလိမ်လည်ရာဇဝတ်ဂိုဏ်းတွေဟာ မက္ကာအိုနဲ့ ဟောင်ကောင်လိုတရုတ်ထိန်းချုပ်နယ်မြေတွေမှာသန္ဓေတည်ပြီးမှ ဥပဒေအာဏာထိမ်းချုပ်မှုပျော့ကွက်တွေရှိနေတဲ့ လာအို ကမ္ဘောဒီးယား မြန်မာစတဲ့နယ်စပ်ဒေသတွေကိုပြောင်းရွေ့ဝင်လာတာပါ..
ရွှေကုက္ကိုကို ကမ္ဘာ့ဆိုက်ဘာဂိမ်းစီတီကြီးအဖြစ်စတင်ထူထောင်မယ်ဆိုကထဲကလဲ ရင်းနှီးမြုပ်နှံသူတွေဟာ Hong Kong နဲ့ Macao က Traid လူဆိုးဂိုဏ်းဝင်တွေဖြစ်တယ်ဆိုတာသိခဲ့ကြပြီးသားပါ..
—-
ဒီပြသနာဟာ AI အဆင့်မြင့်နည်းပညာအပါအဝင် massive data collection and exploitation လို့ခေါ်တဲ့ လူအများရဲ့ကိုယ်ရေးအချက်အလက်တွေကိုတရားမဝင်ရယူစုဆောင်းပြီးမှလိမ်လည်မှုတွေကိုကျူးလွန်တာဖြစ်တဲ့အတွက် ဒီကျူးလွန်မှုတွေလုပ်ဆောင်နေတဲ့(လူနည်းစုလို့တောင်ပြောလို့ရတဲ့) ဂိုဏ်းဝင်တွေကိုအခုလိုအုတ်အော်သောင်းနင်းဖမ်းဆီးအရေးယူဘို့လုပ်နေကြသလို တကယ့်အရင်းအမြစ်ပြသနာကြီးဖြစ်တဲ့ ကိုယ်ရေးအချက်အလက်ပေါက်ကြားမှုယိုပေါက်ကြီးတွေကိုလဲ အဆင့်မြင့်နည်းပညာတွေသုံးပြီးပိတ်ဆို့တားဆီးရမှာဖြစ်တယ်..
—
တရုတ်ပြည်မှာက လူထုအကြားအစိုးရဌါနပေါင်းစုံကနည်းအမျိုးမျိုးနဲ့ကောက်ယူထားတဲ့ ပုဂ္ဂိုလ်ရေး/ကိုယ်ရေးအချက်အလက်တွေအပြင် အခုတပြည်လုံးသုံးနေတဲ့ Wechat pay Ali pay စတဲ့ငွေပေးချေစံနစ်တွေကနေတဆင့်လဲလူတိုင်းရဲ့ကိုယ်ရေးအချက်အလက်တွေကိုပုဂ္ဂလိကကုမ္မဏီတွေကရယူထားပြီးဖြစ်နေတယ်..
ဒီအချက်အလက်တွေပေါက်ကြားအသုံးချခံရပြီး massive data breach ကြီးတွေအဖြစ်မကြာခင်အကြီးအကျယ်ထိန်းမနိုင်သိမ်းမရဖြစ်လာနိုင်တယ်..
တရုတ်ပြည်ထက်စာရင် အမေရိကန်လိုနိုင်ငံမျိုးတွေမှာတော့ကိုယ်ရေးအချက်အလက်မပေါက်ကြားစေရေးထိန်းသိမ်းမှုတွေပိုရှိပါတယ် (TikTok ကိုအစိုးရကထိန်းချုပ်ဘို့ကြိုးစားတာမျိုးအပါအဝင်)..
ဒါ့ကြောင့် ပြောရရင်တော့ အခုဖြစ်နေတဲ့ကျားဖြန့်ပြသနာဟာနည်းပညာနဲ့တန်ပြန်ထိန်းချုပ်နိုင်မှအမြစ်ပြတ်မယ်ဆိုတာသိပေမဲ့ တရုတ်နိုင်ငံအစိုးရဟာဒီပြသနာကို transnational crime နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေအဖြစ်ဘဲပိုမိုပုံဖေါ်ပြီး သူ့မှာရှိနှင့်ပြီးဖြစ်နေတဲ့ intrinsic potential weakness for massive breach လူထုရဲ့ကိုယ်ရေးအချက်အလက်လုံခြုံမှုအချိန်မရွေးကျိုးပေါက်သွားနိုင်တဲ့အားနည်းချက်ကိုဖုံးကွယ်ထားတာပါ..
ဒါ့အပြင် တရုတ်အစိုးရဟာကျားဖြန့်လူဆိုးဂိုဏ်းနှိမ်နှင်းရေးကို လတ်တလောမှာသူတို့ရဲ့ဒေသတွင်းဩဇာဖြန့်ကျက်ရေးလုပ်ငန်းစဉ်တခုအဖြစ်အသုံးချနေတယ်လို့လဲမြင်မိတယ်..
သန်းလွင်ထွန်း
၂၅ ဖေဖေါ်ဝါရီ ၂၀၂၅