Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Money With Me avatar
Money With Me
Money With Me avatar
Money With Me
20.02.202518:12
- တတ်မြောက်တာဟာ ကိုယ့်အတွက် ပညာချမ်းသာ ခြင်း မျိုးဖြစ်ပါတယ်၊ တခုခုကို ကျွမ်းကျင်စွာ တတ်မြောက်ရင် သင်ဟာဆရာပါပဲ ၊သင်ဟာ ပညာရှိပါပဲ၊ ပညာတတ်ပါပဲ။ ဒါဆိုရင် ကျန်တဲ့ ချမ်းသာမှုတွေကို ဖြည့်လို့ရပါပြီ၊ ပညာနဲ့ ငွေရှာပြီး ငွေချမ်းသာလာခြင်းကို ဆိုလိုပါ။

ပညာနဲ့ ပတ်သတ်ရင် - ဒီကွဲပြားတဲ့ အချက် ၃ ချက်ကို နားလည်အောင် လုပ်သင့်ပါတယ်၊ ၃ခုထဲက ကိုယ်လိုချင်တဲ့ ၊ ကိုယ်လိုအပ်တာကို သင်ယူသင့်ပါတယ် ၊ 1ခု ထက်ပိုပီးတတ်တော့ပိုကောင်းတာပေါ့။

ငွေကြေး ( ဥစ္စာ ဓန ) ​ချမ်းသာခြင်း


ဒီချမ်းသာ ခြင်းကတော့ ပြောစရာမလိုအောင် အားလုံးနဲ့ ရင်းနှီးတယ် ၊ တွေ့နေ မြင်နေရတယ်၊ ဒါပေမဲ့ လူတိုင်းတော့ ဒီ ချမ်းသာ ခြင်းမျိုးမရကြပါဘူး။ ဘာကြောင့်လဲ ဆိုရင်တော့ အကြောင်းရင်းတွေအများကြီးရှိပါတယ်။

ချမ်းသာနည်း မသိသေးလို့ လို့လဲ ပြောလို့ရတယ်။
ပိုက်ဆံအကြောင်း နားမလည်လို့။
ပညာ မတတ်လို့ ၊ မကျွမ်းချင်လို့။

အမျိုးမျိုးပေါ့။

လူတွေက အမြင် တွေမျိုးစုံရှိတယ်၊ ကွဲ ပြားကြတယ်၊ ဘာကြောင့်လဲ ဆိုတော့ ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင် နေရာ မတူလို့ပါ။

ငွေကြေးချမ်းသာခြင်းဆိုတာ ထင်တာ ထက်ပိုမိုက်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြသာနာ တော်တော်များများကို ဖြေရှင်းနိုင်လို့ပါ၊ ငွေကနေလဲ ငွေပြန်ရှာလို့ရတယ် ၊ ပညာ ၊ ပျော်ရွှင်မှု ၊ လိုချင်တာ ၊လိုအပ် စသဖြင့် ပေါ့။

ဒါတွေက ငွေ နဲ့ ဝယ်ယူလို့ရတာတွေပါ၊ ဝယ်ယူလို့မရတာတွေလဲရှိပါတယ်။

ပညာ ဆိုတာ က ငွေနဲ့ဝယ်လို့ရတယ်ဆိုထက် ပညာ တတ်မြောက်မို့ လိုအပ်တာငွေကို ငွေ နဲ့ ဖြည့်လို့ရတယ် ၊ ငွေက ပညာကို အထောက်အကူ ပြုလို့ရတယ်ဆိုတဲ့သဘောပါ။

ဥပမာ - သင်တန်းကြေး ၊ ကျောင်းစရိတ်၊ ကျူရှင်စရိတ် ၊ စားဝတ်နေရေး စသဖြင့်ပေါ့၊ အနီးစပ်ဆုံးနားလည်အောင်ပြောရရင် ပိုက်ဆံရှိတဲ့သူနဲ့ မရှိတဲ့သူ တတ်ရတဲ့ ကျောင်း မတူတာ မျိုးပါ။ ဒါက ခွဲ ခြားတာမဟုတ်ပဲ ကွဲ ပြားသွားတဲ့ အမှန်တရား တခုပါ။

ဒါပေမဲ့ ပညာ တတ်မြောက်မို့ဆိုတာက ကိုယ်ကိုယ်တိုင် လေ့လာ သင်ယူ မှတ်သားမှ ရမှာပါ။

ငွေနဲ့ ဖြေရှင်းတဲ့ ပြသာနာတွေက အများကြီး ရှိပါတယ် ၊ဒါကြောင့် ငွေရှာပါ ၊ငွေနောက်တော့မလိုက်ပါနဲ့ ။

ငွေကြေး ချမ်းသာခြင်းက လူတိုင်းအတွက်လိုအပ်ပါတယ်၊ လူတွေတော်တော်များများရဲ့ ရည်မှန်းချက်ကလဲ ဒါပါပဲ။

ဒါကြောင့် ချမ်းသာ ​မို့အတွက် တွေးတော၊ လေ့လာ ၊ကြိုးစား ၊ သင်ယူ၊ အသုံးချပါ။

ဒီလောက်ဆိုရင်ငွေကြေးချမ်းသာခြင်း တခုထဲမဟုတ်ပဲ '' တကယ့် ချမ်းသာခြင်း ၊ ချမ်းသာ ကြွယ်ဝခြင်း ( Wealthy ) အကြောင်းကို နားလည်မယ်လို့ထင်ပါတယ်။ဒါ့အပြင်

- ချမ်းသာခြင်း ၄ မျိုးနဲ့
- ပညာ ၃ မျိုး အကြောင်းပါ သိ သွားမယ်လို့ထင်ပါတယ်။

အဓိက သိစေချင်တာက တော့ ဗဟုသုတ အနေနဲ့ရော ၊ ကိုယ် နားလည်မှု လွှဲနေတာ တွေ အတွက်ရော ၊ အမြင်မှားနေတာ ၊ Mindset လွဲနေတာ တွေအတွက်ရော ပိုပြီး နားလည်သွားစေချင်တာပါ။

အကြံပြုချက် - နားမလည်ရင် ၊တခုခု သဘော သိပ်မပေါက်ရင် ၂ခါသာ ဖတ်ပါ။ ဒါက စာဖတ်သူအတွက် အကောင်းဆုံး အကြံဉာဏ်ပါ။
19.02.202516:05
ချမ်းသာခြင်း


လူတော်တော်များများက ပိုက်ဆံတွေအများကြီး ရှိတာကို ချမ်းသာတယ်လို့ ခေါ်ကြတယ်။

ဒါက တကယ်ပဲလား?

ငွေကြေးဥစ္စာ ဓန ပတ်ရင်တော့ ဒီ အတွေးက မှန်ပါတယ်၊ တကယ့် ချမ်းသာခြင်းဆိုတာက စိတ်ရော၊လူရော၊ပညာရော၊ဥစ္စာဓန ရော ပေါင်းစည်းထားတာမျိုး ဖြစ်တယ်။

ပိုက်ဆံတွေအများကြီးရှာပြီးမှာ ချမ်းသာပြီပဲထား ကျန်တာ ဘာမှမလုပ်ခဲ့ဘူး ၊ ဒါမှမဟုတ် ပိုက်ဆံတွေအများကြီး ရှာပြီး ခါမှ ဘာမှမလုပ်ရခင် သေ သွားမယ်ဆိုရင်လဲ ဘာမှ မထူး တော့ပါဘူး။

ဆိုတော့ တကယ့် ချမ်းသာခြင်းကို ရအောင် လုပ်မို့လိုပါတယ်။

တခုရှိတာက ကိုယ်လိုချင်တာက ရိုးရိုးချမ်းသာခြင်းလား ၊ တကယ် ချမ်းသာ ခြင်းလားဆိုတာက စိတ်က သေချာ ဆုံးဖြတ်ထား ၊တွေးထားမို့လိုအပ်ပါတယ်။

ကိုယ်က တကယ့် ချမ်းသာ ခြင်းရမို့အတွက်

Life - Style ထဲမှာ တခုခြင်းစီ ဖြည်းဖြည်းချင်း ဖြည့်သွားမို့လိုပါတယ်။

1_ စိတ်ချမ်းသာခြင်း

အလုပ်ကတော့ လုပ်နေပါတယ် ၊ ပိုက်ဆံလဲဝင်နေပါတယ်၊ စိတ်မချမ်းသာရင် စိတ်မပျော်ရင် ဘာလုပ်လုပ်အဆင်ပြေမှာ မဟုတ်ဘူး ၊ ငွေရှာနေတယ် ဆိုရင်တောင် စိတ်ပါ နေတော့မှမဟုတ်ဘူး၊ ဒါကတော့ ကြုံဖူးမှာပါ။

" ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ပါ၊ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်ပါ။ ''

ဒီနေရာမှာ မေးခွန်းထုတ်နိုင်တယ် ၊ မလုပ်လို့မှ မရတာ ၊ မဖြစ်မနေမို့လို့လုပ်နေရတာပေါ့၊ ဒါဆိုရင် အတွေးပြောင်းကြည့် ကိုယ်က မဖြစ်မနေလုပ်ရမှာ ဖြစ်တာ မို့လို့ ဒါကိုပဲ တွေးပြီး စိတ်ညစ်နေလို့ မဖြစ်ဘူး၊ လုပ်ရမဲ့တူတူတော့ ပျော်အောင်ပဲ လုပ်တော့မှာပေါ့၊ စိတ် အဆင်ပြေအောင်ပဲလုပ်တော့မှာပေါ့ ၊ အဲ့လိုနဲ့ တဖြည်းဖြည်းနဲ့မှ စိတ်က ကိုယ်လုပ်တဲ့ အလုပ်ကို ချစ်လာမှာ၊ အလုပ်ကို ချစ်လာတယ်ဆိုတာက ဒီအလုပ်ကို တသက်လုံးလုပ်သွားလို့ပြောတာမဟုတ်ပါဘူး၊ လက်ရှိလုပ်တဲ့ ကာလအတွင်း ဒီနေရာလေးမှပဲ မဖြစ်မနေလုပ်ရမဲ့အတူတူ စိတ်ချမ်းသာအောင် တန်အောင် ၊ ပေါ့ပေါ့ပါးပါး နဲ့ ပျော်ပျော်ရွှင်ရွှင် လုပ် သွား မို့အတွက်ကို ဆိုလို တာပါ။ လူတိုင်း မှာ အခက်ခဲဆိုတာ ရှိတယ်၊ ဒါပေမဲ့လဲ တချို့အရာလေးတွေနဲ့ တန်ဖိုးရှိတဲ့အခိုက်တန့်လေးတွေနဲ့ ဖြေဖျောက်ပြီး အသားကျအောင် လုပ်သွားကြရမှာပဲ။
ဒါမှ အလုပ်နဲ့ ငွေရှာခြင်းနဲ့အတူ စိတ်ချမ်းသာခြင်း ပါ ဖြစ်လာမှာပါ။

ချမ်းသာခြင်းတွေထဲမှာ စိတ်ချမ်းသာခြင်း၊ စိတ်အေးချမ်းခြင်း ကအကောင်းဆုံးပါ၊ စိတ်က ကြည်နေရင် ဘာအလုပ် လုပ်လုပ် အဆင်ပြေမယ်ဆိုတဲ့သဘောပါ၊ ဒါက တော့ လူတိုင်း သိမယ်လို့ထင်ပါတယ်။

2_ လူချမ်းသာခြင်း

"စိတ်ချမ်းသာ ကိုယ်ချမ်းသာ'' ဆိုတဲ့ စာသားလေးကို ကြားဖူးကြမယ်ထင်ပါတယ်၊ လူချမ်းသာတယ်ဆိုတာက ကျန်းမာရေးကို ဆိုလိုတာပါ၊ ကိုယ်ခန္ဓာ၊ ရုပ်ရည်၊ အလှအပ၊ ကျန်းမာရေး စသဖြင့်ပေါ့ ၊ လူချမ်းသာ တဲ့လူတွေလောကမှာအများကြီးပဲ ။

ဥပမာ - အသက်ကြီးပေမဲ့ ကျန်းမာကြံ့ခိုင်တဲ့သူတွေပေါ့ ၊ ပြီးတော့ မင်းသားမင်းသမီး တွေပေါ့ ( သူတို့ရုပ်ရှည်ချမ်းသာတယ်လို့ပြောလို့ရပါတယ်) ၊ ပြီးတော့ Gym ဆော့ပြီး ခန္ဓာကိုယ် လှပတဲ့ သူတွေပေါ့ ။ ဒါတွေက - လူချမ်းသာတဲ့ သူတွေလို့ အနီးစပ်ဆုံး ပြောလို့ရပါတယ်။

ဒီလို ချမ်းသာမှုမျိုးက လူတိုင်းအတွက်လိုအပ်ပါတယ်၊ ဒါတွေက ကိုယ်က ကိုယ့်ကိုယ်ကို ဂရုစိုက်ရင် ဒီချမ်းသာခြင်းမျိုးက ရလာပါလိမ့်မယ်။

3_ ပညာချမ်းသာခြင်း

ကုဋေ ၈၀ သူဌေးသား ပုံပြင်က ကျန်တာ တွေ ခဏထား "ပညာ" ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို ပြချင်တာ။
ပညာ နဲ့ပတ်ရင် ဘယ်လောက်အရေးပါတယ်၊ ဘယ်လိုမျိုး ကျော်ကြားမှုမျိုးရှိတယ်၊ ဘယ်လောက် တန်ဖိုးရှိတယ် ၊ လေးနက်တယ်ဆိုတာ အားလုံး သိကြ ၊ မြင်ကြ ၊ ကြားကြ မှာ အသေချာပါပဲ။

ဥပမာ - ကျန်တာတွေခဏထားနော်၊ လူတွေပြောကြတဲ့ ပုံစံဥပမာကို ပြတာ၊ သူက 10 တန်းအောင် ၊ သူက ဘွဲ့ရ ၊သူက ပညာတတ် ၊သူက ဆရာကြီး ၊ သူက ပါမောက္ခ ၊သူက ကျောင်းအုပ်၊ ကျောင်းဆရာ၊ ( ဒါကတော့ အတန်းပညာပေါ့) ။

ပညာဆိုတာ မျိုးစုံ ရှိတယ်။ အတန်းပညာ၊ အသိပညာ၊ အတတ်ပညာ စသဖြင့်ပေါ့ ၊ သူ့ဟာနဲ့သူ ဂုဏ်ရှိတယ် ၊တန်ဖိုးရှိပါတယ်။

ပညာ တခုစီအလိုက် တန်ဖိုးရှိတယ် ၊ ဂုဏ်ရှိတယ် ၊ကိုယ့်အတွက်ရော တခြားသူတွေအမြင်မှာရော၊ ပညာ ရှိမှ ကိုယ်ရဲ့ အတွေးခေါ် ၊ အယူအစ ၊ ဆုံးဖြတ်ချက် ၊ ကိုယ်ရည်ကိုယ်သွေး စသဖြင့် အရာတွေကို မှန်မှန်ကန်ကန်နဲ့ လုပ်နိုင်မယ် ဖြေရှင်းနိုင်မယ်။

တချို့ကတော့ ပညာကို တခုပဲ မြင်ကြတာများတယ် ၊ ကျောင်းပညာရေး ( အတန်းပညာပေါ့ ) ၊ အဲ့တာကိုပဲ မြင်ပြီး တခြားအရာတွေနဲ့ ယှဥ်ကြတယ် ၊ ဒါက မှန်သင့်သလောက်မှန်ဆိုပေမဲ့ သူ့နေရာနဲ့ သူပါပဲ၊ ကိုယ်သွားမယ် လမ်းကြောင်း ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ၊ ဘယ်နေရာမဆိုပညာဆိုတာ ရှိတယ် ၊လိုအပ်ပါတယ်၊ အပြင်လောကဆိုရင် အပြင်လောက နဲ့ ပတ်သတ်တဲ့ ပညာ ၊ အသိပညာ၊ ကိုယ့်ရဲ့ အလုပ် အတွက် ဝမ်းစာအတွက်ဆိုရင် အတတ်ပညာ၊ ကိုယ့်ရဲ့ အတန်း ၊ Skill အတွက်ဆိုရင် အတန်းပညာပါ။

ဒီ ၃ ခုကို ခွဲခြားပြီး သိမယ် ၊နားလည်မယ်ဆိုရင် ကိုယ့်ရဲ့ အတွေးက တမျိုးပြောင်းသွားပါမယ်၊ အမြင်တမျိုးပြောင်းသွားပါမယ်၊ ဘာလို့လဲဆိုရင် ကိုယ့်ရဲ့ လွဲမှားနေတဲ့ အကြောင်းရာ တခုကို နားလည်သွားမှာမို့လို့ပါ။

ပညာနဲ့ ပတ်သတ်ပြီး နားလည်မယ်လို့ မျော်လင့်ပါတယ်၊ ကိုယ်က အသိပညာ ဖြစ်ဖြစ် ၊အသိပညာ ဖြစ်ဖြစ် ၊အတန်းပညာ ဖြစ်ဖြစ် တခုခု ကြွယ်တာဟာ ပညာတတ်တာပါပဲ၊ ဒါကြောင့် တခုမဟုတ်တခု၊
18.02.202518:01
" ငွေနဲ့ ပတ်သတ်ပြီး ကိုယ် တွေ့၊ကြုံ နေရတာတွေက၊ ကမ္ဘာပေါ် မှာ ဖြတ်ပျက်နေတဲ့ အရာ တွေရဲ့ ( 0.00000001 % ) သာ ဖြစ်ပါတယ်။ ''


- ဒါပေမဲ့ ကမ္ဘာကြီးရဲ့ အလုပ်လုပ် ပုံ 80 % က လူကြီး မင်း ထင်ထားသလို ဖြစ်နိုင်ပါတယ်။

Money With Me


ဒီ စာတိုနဲ့ ပတ်သတ်ပြီး ရှင်းမယ်လို့တော့ ထင်ပါတယ်၊ တွေးကြည့်ပါ - ငွေနဲ့ပတ်သတ်ပြီး ကိုယ် ကြုံဖူးတဲ့ အရာတွေ ၊ ကိုယ်မြင်နေရတဲ့ အရာတွေက ကမ္ဘာကြီးနဲ ယှဥ်လိုက်ပြန်ရင်လဲ အသေးမွှား ပဲ ဖြစ်နေတယ်၊ ဆိုတော့ ကာ ဒီ အရာမှ ကိုယ်နားလည်ရမဲ့ အရာတခုက -

" ကြုံတွေ့နေတဲ့ ပြသာနာ က ကြီးနေတယ် ဆိုခဲ့ရင်တောင် ၊ ကိုယ်က ကမ္ဘာကြီးလို အရင် တွေ့ပြီး ဒါက အသေးမွှားလေးပါ ၊ ငါ ဖြေရှင်းနိုင်ပါတယ်၊ ဒီလောက်လေးနဲ့ ငါလက်လျော့မို့ မလိုဘူး ၊ ငါ ရှောင်ပြေးစရာလဲ မလိုသလို ၊ ငါကြောက်စရာလဲ မလိုဘူး ၊ ဘယ်လို ပဲ ဖြစ်ဖြစ် ငါ ဖြေရှင်းနိုင်တယ် '' ဆိုပြီး အတွေးမျိုး ရရှိနိုင်ရမယ်။

[ ဒီ အတွေး က ကိုယ့် အတွက် အများကြီး အထောက်ကူ ဖြစ်စေလိမ့်မယ်။
]

အကယ်၍ အဲ့လို မတွေးပဲ ကိုယ်က '' ပြသာနာ ဖြစ်ပြန်ပြီ၊ စိတ်ညစ်တယ် ၊ စိတ်ပျက်တယ် ၊ ငါဘယ်လို ဖြေရှင်းရမလဲ ၊ ငါထွက်ပြေးချင်တယ် ၊ ငါထွက်ပြေးလိုက်ရင်ရော အဆင်ပြေသွားပါ့မလား။ '' စသဖြင့် ဒီလို အတွေးမျိုး တွေးမိမယ်ဆိုရင် ဒါက ပြသာနာ ကို မဖြေရှင်းနိုင်ပါဘူး။

ပြသာနာဆိုတာ ရှောင်ပြေးလို့ မရဘူး၊ ဒါကို သေချာ မှတ်ထားပါ။


ကိုယ်က ဖြေရှင်းမို့ပဲ တွေးရမယ်။

ပေးချင်တဲ့ Advice ကတော့ -
" မဖြေရှင်းပဲ ရှောင်ပြေးတာထက် ၊ ညည်းညူနေတာထက် ၊ ဖြေရှင်းမို့နည်းလမ်းကို ရှာဖွေတာက ၊ တကယ့် ပြသာနာကို ဖြေရှင်းတဲ့ နည်းလမ်းပါ။ ''

" မဖြေရှင်းနိုင်ဘူး တွေးပြီး စိတ် ရှုပ်ခံ စိတ် ညစ်ခံတာထက် ၊ ဖြေရှင်းနိုင်တယ် ၊ ပေါ့ပေါ့ပါးပါး အေးဆေး လုပ်နိုင်ပါတယ်လို့ တွေးတာက ပြသာနာ တခုကို ဖြေရှင်းမို့ အထောက်ကူ ဖြစ်တဲ့ အပြင် ၊ ကိုယ့်စိတ်ကိုလဲ အေးစေပါတယ်။ ''
( ခက်ခဲ နေရင်တောင် စိတ် အေး ရသေးတယ်ဆိုတဲ့သဘောပါ။ )
18.02.202514:54
Money - ငွေ၊ ပိုက်ဆံ။


" စကား မပြောတတ်ပေမဲ့ ၊ စကား တအားပြောတဲ့ စက္ကူ။

" ပိုက်ဆံ မရှိတာက ပြသာနာ မဟုတ်ပေမဲ့ ၊ ပြသာနာတော်တော်များများက ပိုက်ဆံ ကြောင့်ပဲ ဖြစ်တယ်။

ငွေဆိုတာ သုံး တတ်ရင် ဆေး ၊ မသုံး တတ်ရင် ဘေး ပဲ။


ငွေဆိုတာက မီးနဲ့ တူတယ် ၊ အသုံးမချ တတ်ရင်လောင်တတ်တယ်၊ အသုံးချတတ်ရင်တော့ အများကြီး အသုံး ဝင်ပါတယ်။


ပိုက်ဆံ အကြောင်းပြောရင် ပြောလို့မကုန်နိုင်သလို၊ အဓိပ္ပါယ်ဖွင့်မယ်ဆိုရင်လဲ အဓိပ္ပါယ်ဖွင့်လို့မကုန်နိုင်ပါဘူး။

ငွေပေါ် လူတွေက အမျိုးမျိုး မြင်ကြတယ်။

- တချို့က ဒုတိယ ဘုရားသခင်ပေါ့။
- တချို့က ရေပေါ့ ။
- တချို့က ပင်လယ်ရေပေါ့၊ သောက်လေသောက်လေ အငတ်မပြေ။
- တချို့က အန္တရာယ် ပေါ့။
- တချို့ ကောင်းတဲ့ အရာပေါ့။
- တချို့ မကောင်းတဲ့ အရာပေါ့။
- တချို့ကတော့ လိုအပ်တယ်ပေါ့။
- တချို့ကတော့ မလိုအပ်ဘူးပေါ့။
- တချို့က အရေးပါတယ်။
- တချို့ကအရေးမပါဘူး။

အမြင်တွေကတော့ အမျိုးမျိုးပါပဲ၊ ကြုံတွေ့ရတဲ့ အတွေ့ကြုံ ၊ အခြေနေတွေအပေါ် မူတည်ပြီး အမြင်တွေ မတူတာပဲ ဖြစ်တယ်၊ ဒါက ငွေ ပေါ် လူတွေအမြင် ဖြစ်ပြီး တယောက်နဲ့တယောက် အမြင် မတူတာက အခြေနေနဲ့ အတွေ့ကြုံ မတူလို့ ဖြစ်တယ် ၊ ဒါကြောင့် အမြင်မတူ ရင် ၊ သဘောထား မတူတာ မျိုးဆို မှားနေတာ တော့ မဟုတ်ပါဘူး ၊ ဒါက တယောက်နဲ့တယောက် ကြုံ ခဲ့တာ မတူ ညီလို့ပါ။

ဒါကြောင့် များများ နားထောင် ပါ၊ ဒါဆို ကိုယ့်မှာ အမြင် ( ၂ ) ခု ဖြစ်သွားပါမယ်။

ငွေဆိုတာ ကိုင်တွယ်ရခက်ပါတယ်၊ ကိုယ်က ကိုင်တွယ်နိုင်မဲ့ ပညာ ၊ အရည်ချင်း၊ ဗဟုသုတ ၊ အတွေ့ကြုံ မရှိရင်ပေါ့။

ဒါတွေက လေ့လာရင် သင်ယူရင် ရနိုင်မဲ့ အရာတွေပါ၊ ငွေကို သေချာ ကိုင်တွယ်နိုင်ရင် မချမ်းသာရင်တောင် ပြသာနာတွေ တော်တော်များများ ကို ဖြေရှင်းနိုင်မယ်၊ ဖြေရှင်းနိုင်စွမ်းရှိလာမယ်။

ငွေကြေးနဲ့ ပတ်သတ်တဲ့ ပညာ ကို လေ့လာမယ်၊ သင်ယူမယ်ဆိုရင်ကိုယ့်အတွက် အများကြီး အကျိုးရှိပါတယ်။
ငွေကြေးနဲ့ပတ်သတ်တဲ့ ပညာကို လူတိုင်းသင်ယူ တတ်မြောက်သင့်ပါတယ်၊ လူတိုင်းလေ့လာ ထားသင့်ပါတယ်။
ငွေကြေးနဲ့ ပတ်သတ်ပြီး လေ့လာလို့ရတဲ့ နေရာတွေ အများကြီး ပါ။
YouTube TikTok Facebook...
ပြီးတော့ ငွေနဲ့ ပတ်သတ်ပြီး ရေးထားတဲ့ စာအုပ်တွေအများကြီးရှိပါတယ်။
ဒီနေရာတွေက လေ့လာလို့ ကောင်းပါတယ်။ ဘယ်နေရာက ပဲ လေ့လာ လေ့လာ ဒီပညာ ရမို့ပဲ အရေးကြီးပါတယ်။

Assets With Me ရဲ့ Money With Me မှာကတော့ ငွေနဲ့ ပတ်သတ်ပြီး အချက်လက်တွေ ၊ အသိပညာတွေ ၊ဗဟုသုတ တွေ ကို အများကြီး လေ့လာ လို့ရအောင် လုပ်ဆောင်ပေးသွားပါမယ်။

တောင်းဆိုချင်တာကတော့

‌လူတိုင်းအတွက် အကျိုးရှိ စေမို့ ရည်ရွယ်ချက်နဲ့ တည် ထောင်ထားတာ မို့လို့ လေ့လာသူ မိတ်ဆွေအနေနဲ့ စာတကြောင်း ၊စာစု တခု၊ စာပိုဒ်လေးတပိုဒ် စသဖြင့် တခုခုရအောင် လုပ်ပါ။ဒါဆိုရင် အများကြီးအကျိုးရှိစေမှာပါ ။

လေ့လာ မယ်ဆိုရင်

အချိန်မဆွဲပါနဲ့ ၊ အချိန် မရွှေ့ ပါနဲ့၊ နောက်ကျ မှ အများကြီး ဖတ်မယ်ဆိုပီး မတွေးပါနဲ့ ၊ စာကြောင်း မြင်ရင် တကြောင်းသာ ဖတ်လိုက်ပါ၊ ပြီးရင် ဆက်ဖတ်ချင်သွားပါလိမ့်မယ်။

Assets With Me -

ASSETS WITH ME Organization.
Shown 1 - 4 of 4
Log in to unlock more functionality.