Україна Online: Новини | Політика

Телеграмна служба новин - Україна

Резидент

Мир сегодня с "Юрий Подоляка"

Труха⚡️Україна

Николаевский Ванёк

Лачен пише

Реальний Київ | Украина

Реальна Війна

Україна Online: Новини | Політика

Телеграмна служба новин - Україна

Резидент

Мир сегодня с "Юрий Подоляка"

Труха⚡️Україна

Николаевский Ванёк

Лачен пише

Реальний Київ | Украина

Реальна Війна

Україна Online: Новини | Політика

Телеграмна служба новин - Україна

Резидент

Hana : The Sweet Orophile
TGlist rating
0
0
TypePublic
Verification
Not verifiedTrust
Not trustedLocation
LanguageOther
Channel creation dateMar 10, 2025
Added to TGlist
Mar 10, 2025Linked chat
HT
Hana : The Sweet Orophile chat
7
Records
09.03.202514:03
108.6KSubscribers10.04.202523:59
400Citation index16.03.202509:51
1.8KAverage views per post23.03.202507:59
1.8KAverage views per ad post30.03.202523:59
3.18%ER16.03.202509:51
1.66%ERRGrowth
Subscribers
Citation index
Avg views per post
Avg views per ad post
ER
ERR

29.03.202514:23
မန္တလေးမြို့မှာ ဖွင့်လှစ်ထားသော V.Jun Showroom မှာရှိတဲ့ပစ္စည်းမှန်သမျှ FREE !!!
ယခုငလျင်ဘေးဒဏ်ကြောင့်ဒုက္ခရင်ဆိုင်ကြုံတွေ့နေရသောပြည်သူ များအားလုံး V.Jun Mandalay Showroom မှာရှိတဲ့အရေးပေါ်သုံး
ရန်လိုအပ်သည့်ပစ္စည်းများဖြစ်တဲ့…
✅Powerbank
✅LED Cable 2m (လျှပ်စစ်မီး မရရှိသည့်အချိန်တွင် USB ပေါက်နှင့်သော်လည်းကောင်း Powerbank နှင့်ချိတ်ပြီးသုံးလို့ရပါတယ်ခင်ဗျာ မီးအလင်းရောင် အရမ်းကြည်ပြီး အရမ်းလင်းပါတယ်ခင်ဗျာ။)
✅Charger
✅Cable
✅Cover
✅မှန်ကပ် များကို အခမဲ့လာရောက်ယူဆောင်လို့ရပါတယ်ခင်ဗျာ…
📌 မှတ်ချက်📌
✅ငလျင်ဘေးဒဏ်သင့်ပြည်သူများ နှင့် ပရဟိတလူမှုကူညီရေး အသင်းများသာ ရည်ရွယ်ပါတယ်ခင်ဗျာ..
အမှန်တကယ်လိုအပ်နေသူများတွက် အသုံးဝင်စေချင်သည့်အတွက် အမှန်တကယ်လိုအပ်နေသူများသာ လာရောက်ယူဆောင်စေချင်ပါတယ်ခင်ဗျာ..
ပြည်သူများအားလုံးဘေးအန္တရာယ် ကင်းရှင်းကြပါစေခင်ဗျာ..🙏🏻
V.Jun Mandalay Address📌
09753916004
62 x 109 ထောင့်၊ ချမ်းမြေ့သာစည်မြို့နယ်၊ မန္တလေး။

28.03.202514:33
ချက်ချင်းအသိပေးတဲ့ App ပါ။
Website က အဆင်မပြေရင် ဒါကို Down ထားလည်းရပါတယ်ဗျ ၊ သတင်းတွေမြင်ပြီး လွန်စွာဝမ်းနည်းရပါတယ်။

29.03.202505:02
ဒီအကောင့်ကနေ တိုက်အောက်မှာပိတ်မိနေသူတွေကို ထုတ်နေတယ်။ ကြည့်ရဲတဲ့သူတွေပဲ ကြည့်ကြပါ။
https://www.facebook.com/share/v/1FRYQksU84/

29.03.202502:44
ရန်ကုန်တိုင်းအတွင်းမှာ ငလျှင်ဒဏ်ကြောင့် လောလောဆယ် တစ်နေ့ကို အုပ်စု ၆ ခုခွဲပြီး တစ်ရက် ၄ နာရီနဲ့ပဲ အလှည့်ကျ မီးပေးနိုင်ပါတော့တယ်။
မီးလာရင် ဦးစားပေးလုပ်ရမယ့်အရာတွေကိုသာ အဓိက လုပ်ထားကြပါဗျ။
#Crd

29.03.202502:38
လျှပ်စစ်မီးအခြေအနေ သတိပေးချက်
ယခု ဖြစ်ပေါ်သွားသော ငလျင် နောက်ဆက်တွဲ အခြေအနေအရ မီးပြန်ရရှိနိုင်မှု အခြေအနေအား ဦးဟန်ဇော် (GM) , ဦးဇော်ထက်အောင် (AGM) YESC တို့အား စုံစမ်းမေးမြန်း ကြည့်ရာ အောက်ပါ အတိုင်းပြန်လည်ဖြေကြားခဲ့ပါသည်။
(၁) မဟာ ဓာတ်အားလိုင်း မှ ရန်ကုန် Station သို့ မီးအဝင် မရှိတော့ပါ။
(၂) ရဲရွာဆည် ပျက်ဆီးမှု နှင့် ဓာတ်အား စက်ရုံများ ပျက်ဆီးမှု အတိုင်းအတာ မသိရှိရသေး၍ မည့်သည့် အချိန် မီးပြန်လည်ရှိမည်အား အတိအကျ ပြော၍ မရနိုင်ကြောင်း။
(၃) ရန်ကုန် တိုင်းအနေဖြင့် အသေးစား ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသော မီဂါဝပ် ၃၀၀ မှာ အရေးကြီး VIP များသာ ပေးနိူင်မည်ဖြစ်ပြီး ကျန် Public များ အတွက် မီးပေးနိုင်ခြင်း ရှိမှာ မဟုတ်ကြောင်း။
(၄) ၎င်း တို့ YESC ဌာနများ အတွက် မီးရရှိရေးအတွက်ပါ မီးစက်များ ပြင်ဆင်နေကြောင်း။
သို့ဖြစ်ပါ၍ မဟာဓာတ်အားလိုင်း ပြန်ရရှိနိုင်မှုမှာ မည့်သည် အချိန်တွင် ရရှိမည် မသေချာ မရေရာ ပါသဖြင့် ကြိုတင်ပြင်ဆင် နိုင်ရေး တင်ပြအပ်ပါသည် ခင်ဗျာ။
မိတ်ဆွေများကို ပြန်လည်မျှဝေခြင်းဖြင့် ကူညီပါ

23.04.202509:08
သူမဟာ ဒီလိုပဲ (၁၉၉၉)
IMDb - 6/10
Genre - Comedy, Romance
ဆယ်ကျော်သက်အချစ်ရုပ်ရှင်ကားတစ်ကားပေမဲ့ ပုံမှန်ဆယ်ကျော်သက်ကားတွေနဲ့ မတူညီတဲ့ ရှုထောင့်ကနေ ခံစားသက်ဝင်ပြီး ကြည့်ရှုရမယ့်ကားလေးပါ။ကျောင်းရဲ့ နာမည်ကျော် ဇက်ဆိုင်လာ က တေလာဗန် ဟာရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး အသဲကွဲနေသောအခါ၊ သူ့သူငယ်ချင်းတွေက အသဲကွဲနေတဲ့သူ့ကို နှစ်သိမ့်ကြရင်း အလောင်းအစားတစ်ခုကို လောင်းကြဖို့ အခြေအနေတစ်ခုဖြစ်လာပါတယ်။ အဲ့အလောင်းအစားကတော့ ဒီကျောင်းက တစ်ယောက်ယောက်ကို ရွေးချယ်ပြီး ဇက်ဆိုင်လာ က အလှဘုရင်မ ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ သူတို့ဖန်တီးပေးရမယ့် သားကောင်က ကျောင်းက လူထူးဆန်းမလေး လန်နီ ဖြစ်နေတဲ့အခါ၊ သူ့ရဲ့အလောင်းအစားကို အနိုင်ရဖို့ ဇက်ဆိုင်လာ က လန်နီ ကို ချဉ်းကပ်ခဲ့ရင်း တစ်ယောက်နဲ့ တစ်ယောက်နီးစပ်သွားတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဇက်ဆိုင်လာ က အလောင်းအစားမှာ အနိုင်ရနိုင်မလား၊ ဒါမှမဟုတ် လန်နီ ကို တကယ်ချစ်မိသွားမလားဆိုတာကို ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဆယ်ကျော်သက်အချစ်ကား တစ်ကားဖြစ်ပါတယ်။
t.me/dramamv/764

31.03.202504:26
သတင်းစီးဆင်းမှုနည်းပါးနေပြီး
အကူအညီအထောက်အပံ့ များစွာ လိုအပ်နေတဲ့ ငလျင်ဘေးသင့် ကျနော်တို့ ရှမ်း/တောင်ဒေသ အင်းလေး ..။

25.03.202510:07
သန့်ရှင်းရေးသမား (၂၀၂၅)
စတားဝါး နာမည်ကြီး မင်းသမီး ဒေစီရစ်ဒလီ ရဲ့ ထိုင်ရာမထကြည့်ကောင်းမယ့် မနားတမ်းချမည့် အက်ရှင်ကားလေးထွက်လာပါတယ်။ စစ်ပြန် မရိန်းအဖွဲ့၀င်ဟာင်း ဂျိုအန်နာ ဟာ တပ်ထဲမှာ ပြဿနာဖြစ်ခဲ့ပြီး ထွက်လာခဲ့ကာ မစ်တန်ညီအစ်ကိုပိုင်တဲ့ Aangan ဆိုတဲ့ စွမ်းအင်ကုမ္ပဏီကြီးရဲ့ အထပ်မြင့် ပြတင်းပေါက်တွေကိုသန့်ရှင်းရေးလုပ်တဲ့သူအဖြစ် ဘ၀ကိုရှေ့ဆက်နေပါတယ်။ တစ်နေ့ ဒီကုမ္မဏီက အစုရှယ်ယာ၀င်တွေ့ဆုံညစာစားပွဲ လုပ်နေတုန်း သဘာ၀ပတ်၀န်းကျင်လှုပ်ရှားသူ အစွန်းရောက်အဖွဲ့က ပွဲလာတဲ့သူတွေအားလုံးကို ဓားစာခံဖမ်းဆီး ခြိမ်းခြောက်ပြီး ကုမ္ပဏီနဲ့ အစိုးရအဖွဲ့ကြားက အကျင့်ပျက် ခြစားမှုတွေကိုဖော်ထုတ်ဖို့အတွက် အနုကြမ်းစီးပါတော့တယ်။ ဒီအဖွဲ့က ခေါင်းဆောင်က ဂျိုအန်နာ ရဲ့ သူငယ်ချင်းဖြစ်နေတာကို သိလိုက်ရတဲ့အချိန် ဒီလူတွေကိုကယ်တင်ဖို့အတွက် ရဲတပ်ဖွဲ့ SWAT အဖွဲ့တွေရဲ့ တာ၀န်ကို အောက်ခြေသန့်ရှင်းရေးသမား ဂျိုအန်နာ က တာ၀န်ယူရပါတော့တယ်
t.me/gwmmupl/3527

30.03.202503:34
စစ်ကိုင်းမြို့မှာ Injury (ထိခိုက်မှု) အသေးစားလေးတွေဆို ညီမတို့အိမ်က ဆေးခန်းမှာ လက်ခံကုပေးနေပါတယ်။ ဆေးရုံကလူနာတအားများတဲ့အတွက် ပုံမှန်ဆေးဝါးနဲ့ ထိခိုက်ဒဏ်ရာဆိုရင် စိန်ကုန်းရပ်ကွက် က ဆေးခန်းမှာ သွားရောက်ကုသနိုင်ပါတယိ။
09971206677
09798846968
09978994626
09777976352
ဆေးခန်းအိမ်ဆက်သွယ်ရန်ဖုန်းပါ
#sagaing
09971206677
09798846968
09978994626
09777976352
ဆေးခန်းအိမ်ဆက်သွယ်ရန်ဖုန်းပါ
#sagaing
04.04.202515:30
ပခုက္ကူ ငလျှင်လှုပ်
- မကြမ်း/ မပျော့
အခြားမြို့တွေအဆင်ပြေကြလားဗျ
- မကြမ်း/ မပျော့
အခြားမြို့တွေအဆင်ပြေကြလားဗျ

31.03.202523:21
ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လလယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်လာနိုင်ချေရှိသည့် အခြေအနေ update
(ဧပြီလ ၁ ရက် နံနက် ၂ နာရီ ၁၅ မိနစ်)
====
🔸 ဗီယက်နမ်ကမ်းခြေ အရှေ့တောင်ဘက်ပင်လယ်ရေပြင်မှာ INVEST-97W ဖြစ်နေကြောင်းတွေ့ရပြီး GFS ensemble model(GEFS)က ဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းကို ခန့်မှန်းဖေါ်ပြထားပါတယ်။
🔸 ECMWF Cyclone Genesis Chart မှာ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ဧပြီလ ၃ ရက်နေ့မှ စတင်၍လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး မုန်တိုင်းအဆင့်သို့ရောက်ရှိနိုင်ချေ ၄၀% ရှိနေကြောင်း၊ ဧပြီ ၄ ရက်နှင့် ၅ ရက်နေ့များမှာ မုန်တိုင်းအဆင့်သို့ရောက်ရှိနိုင်ချေ ၆၀% ဖြစ်လာကြောင်း ဖေါ်ပြနေတာတွေ့ရပါတယ်။
🔸 Windy GFS model ရဲ့ ကြိုတင်ခန့်မှန်းချက်မှာတော့ ဧပြီလ ၅ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အတွင်း ရောက်ရှိလာမည့် တောင်တရုတ်ပင်လယ်ဘက်မှ ထိုင်းပင်လယ်ကွေ့ကို ဖြတ်ကျော်ပြီးကပ္ပလီပင်လယ်ကို ဝင်ရောက်လာနိုင်သည့်(INVEST-97W)သည် သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းအဆင့်ရောက်လာနိုင်ကြောင်း၊ မြောက်ဘက်-ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းဆီသို့ ဆက်လက်ရွေ့နိုင်ကြောင်းခန့်မှန်ထားတာတွေ့ရပါတယ်။
🔸 လတ်တလောရရှိထားတဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ တောင်တရုတ်ပင်လယ်ဘက်မှ INVEST-97W သည် ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းကို ဝင်ရောက်လာနိုင်ပြီး မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တာကြောင့် လမ်းကြောင်းအားဖြင့် မြန်မာနိုင်ငံဘက်ကိုဦးတည်သည်ဖြစ်စေ၊ ဦးတည်ရွေ့လျားခြင်းမရှိသည်ဖြစ်စေ လမ်းကြောင်းညာဘက်မှာရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ လေဖိအားနည်းရပ်ဝန်းအရှိသက်ရောက်မှုကို ခံရမှာဖြစ်တာကြောင့် ...
🔸 မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအပြင် ပဲခူးတိုင်းအနောက်ခြမ်းဒေသတွေမှာပါ လေ/မိုး/လှိုင်း အသင့်အတင့်မှပြင်းထန်နိုင်တဲ့ အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။
🔸 ဧပြီလ ၃ ရက်နေ့မှာ ကပ္ပလီပင်လယ်အတွင်းဝင်ရောက်လာနိုင်မဲ့ INVEST-97W ကို ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမယ်။
⚠️ လေဖိအားနည်းရပ်ဝန်း(သို့မဟုတ်)မုန်တိုင်းရယ်လို့ ဖြစ်လာသေးတာမဟုတ်ဘဲ ကြိုတင်ခန့်မှန်းချက်မှာသာရှိနေဆဲဆိုတာ မှတ်သားထားဘို့လိုပါမယ်။
Original Post - Facebook/ Win Naing

30.03.202508:08
Breaking News- မန္တလေးမြို့ အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာအပါအဝင် မြို့နယ်များတွင် ခံစားသိရှိရတယ်လို့ သတင်းတွေတက်လာပါတယ်။
မန္တလေးမြို့ အနီးသို့ ဗဟိုပြု၍ ယနေ့ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်အချိန် ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်အခြေစိုက် ငလျင်စောင့်ကြည့်ရေးအဖွဲ့ USGS က သတင်းထုတ်ထားပါတယ်။

30.03.202504:44
မန္တလေး ပျော်ဘွယ်တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိလာ
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အဆောက်အအုံပြိုကျပြီး သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပျော်ဘွယ် မီးသတ်တပ်ဖွဲ့က ပြောသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များပျက်စီးဆုံးရှုံးခြင်း၊ လူသေဆုံးဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပျော်ဘွယ် မီးသတ်တပ်ဖွဲ့က ယနေ့ မတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်သည်။
ပျော်ဘွယ်မြို့နယ်တွင် လတ်တလော ငလျင်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ခန့်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ပြိုကျနေသော ငလျင်ကြောင့် ကမ္ဘောဇဘဏ် အဆောက်အဦအတွင်း ၂၄ နာရီကျော် ပိတ်မိသော ဘဏ်ဝန်ထမ်းတစ်ဦးအား အန္တရာယ်ကြားမှ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့သည်ကို တွေ့ရသည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အဆောက်ဦမှာအတွင်းမှာ ငလျင်ကြောင့် ပျောက်ဆုံးနေသူများ ဆက်လက် ကယ်ထုတ်နေကြောင်း ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာန က ပြောသည်။

14.04.202502:39
မြန်မာနိုင်ငံအခြေအနေနဲ့တူတဲ့ကား (၂၀၂၄)
IMDb - 7/10
Genre - Drama
အလုပ်အကိုင်မရှိ မငြိမ်သက်နေတဲ့ ဗီဇာယူပြီး နိုင်ငံထဲက ပြေးတဲ့ လူတွေက ပြေး၊ မပြေးနိုင်တဲ့ လူတွေက ကျန်နေတဲ့ နိုင်ငံကြီးထဲက အဖြစ်သနစ်တွေအကြောင်းပေါ့။ ဒီနိုင်ငံမှာ ပြေးသွားတဲ့ လူတွေရဲ့ ကျန်ရစ်သူတွေလည်း တော်တော်များတယ်။ ဒီရုပ်ရှင်ဟာ ကျန်ရစ်ခဲ့သူတွေရဲ့ အခက်အခဲတွေအကြောင်းလို့ ပြောလို့ရတယ်။ လင်မရှိတော့သူတွေ၊ အဖေမရှိတော့သူတွေ၊ သူတို့ဘဝကြီးကို မပြေလည်မှုများစွာနဲ့ နိုင်ငံကြီးမှာ ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့အကြောင်းပေါ့။ ဒီရုပ်ရှင်က အဓိကဇာတ်ကောင်က တစ်ပြည်ခြား ပြေးသွားတဲ့ ယောက်ျားရဲ့ သားတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဇနီးပေါ့။ သူ့သားလေးရယ်၊ အဖမ်းခံလိုက်ရပြီး လင်သေသွားတဲ့ အစ်မရယ်၊ သူရယ် ခက်ခက်ခဲခဲ ရှင်သန်နေကြတယ်။ သူက မုန့်လုပ်၊ သူ့သားလေးက မုန့်ပို့ပေါ့။ ဒီလိုနဲ့ မုန့်ပို့လို့ အဆင်ပြေအောင် ဆိုပြီး ဆိုင်ကယ်လေးတစ်စီး ရှိသမျှအကုန် ပုံအောပြီး ဝယ်လိုက်တယ်။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို၊ ကောင်းရောင်းကောင်းဝယ် လုပ်စားရာကနေ မုန့်ပို့တဲ့ ဆိုင်ကယ်လေး အခိုးခံလိုက်ရတယ်။ မငြိမ်သက်နေတဲ့ နိုင်ငံဆိုတော့ သူခိုးတွေလည်းပေါ၊ ရဲတွေကလည်း မလိုက်နိုင်။ ဆိုင်ကယ်ပျောက်လိုက် ရှာရင်း ပင်လယ်ဝေတဲ့ အကြောင်းပါပဲ။ နီးနီးစပ်စပ်လေးဆိုတော့ ထိထိမိမိ ဖြစ်မယ့်ပုံပါပဲ။
t.me/gwmmupl/3916

19.04.202503:45
ရှာမတွေ့တဲ့ ကြည့်ချင်တဲ့ကားလေးတွေရှိရင် ပြောလို့ရပါတယ်နော်။ ဇာတ်ကားနာမည် မြန်မာလိုတွေဖြစ်နေတာက ကော်ပီရိုက် ကြောက်လို့ပါ။
Log in to unlock more functionality.