Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
Popular Journal avatar
Popular Journal
Popular Journal avatar
Popular Journal
Date range
Number of views

Citations

Posts
Hide reposts
အခြေခံပညာကျောင်းများတွင် ဘောလုံးပညာသင်ပေးမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ Football For School ပရိုဂရမ် စီမံကိန်းအဖြစ် မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် ဘောလုံးပညာသင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းကို ၂၀၂၅ ခုနှစ် ပညာသင်နှစ်က စတင်ကာ ပြုလုပ်ပေးမည်ဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အားကစားနှင့် ပညာရေး ဌာနတို့ ပူးပေါင်းလုပ်ဆောင်ကြမည် ဖြစ်သည်။

စီမံကိန်းအရ ဘောလုံးအခြေခံနည်းစနစ်များပါသည့် အပလီကေးရှင်းများကို ကျောင်းများ၌ ဖြန့်ဝေပြီး နည်းပြ ဆရာ၊ ဆရာမ များက ကာယအချိန်များ၌ သင်ကြားပေးရန် စီစဉ်လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

ထို့ပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယင်းစီမံကိန်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို Adidas ကုမ္ပဏီက ထုတ်လုပ်သည့် က-လေးကန် ဘောလုံး အလုံးရေ (၄)သောင်းကျော်ကို ပံ့ပိုးပေးမည်ဖြစ်ကာ (Football For School) ပရိုဂရမ် စီမံကိန်း ပြုလုပ်မယ့် ကျောင်းတွေကို ဖြန့်ဖြူးပေးသွားမည်လည်း ဖြစ်သည်။
မြေရှားသတ္တုသဘောတူညီချက် လက်မှတ်ရေးထိုးရန် ဇယ်လင်စကီး အမေရိကသို့ ရောက်လာနိုင်

ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးသည် ဖေဖော်ဝါရီ ၂၈ ရက် (သောကြာနေ့) တွင် ယူကရိန်း၏ မြေရှားသတ္တုများ နှင့်ပတ်သက်သည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် အမေရိကန်သို့ လာရောက်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ‌ပြောကြားသည်။

"သူ (ဇယ်လင်စကီး) သောကြာနေ့မှာ လာမယ်လို့ ကြားတယ်။ သူလာချင်ရင် ငါ့အတွက် ပြဿနာမရှိဘူး...၊ ငါတို့အနေနဲ့ လုံခြုံမှုရှိဖို့လိုတယ်။ ငွေတွေပြန်ရဖို့လည်း လိုတယ်"ဟု ထရမ့်က အိမ်ဖြူတော်၌ အတည်ပြုပြောဆိုခဲ့သည်။

အမေရိကန်သမ္မတအဆိုအရ၊ ဇယ်လင်စကီးသည် ယူကရိန်း၏ မြေရှားသတ္တုများဆိုင်ရာ သဘောတူညီချက်ကို သူနှင့်အတူ လက်မှတ်ရေးထိုးလိုသည်ဟု ဆိုသည်။ ဤသတင်းကို အိမ်ဖြူတော်သတင်းထောက်များက ကိုးကားဖော်ပြခဲ့ပြီး၊ ရုရှားသတင်းဌာန TASS မှလည်း ထုတ်ပြန်ခဲ့သည်။
12.02.202503:46
တာချီလိတ်- မယ်ဆိုင်အမှတ်(၁) ချစ်ကြည်ရေးတံတား ဖြတ်သန်းခွင့် အချိန်တိုးမြင့်ပေးရန် ထိုင်းဘက်တောင်းဆို

ရှမ်းပြည်နယ်အရှေ့၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့-မယ်ဆိုင်အမှတ်(၁) ချစ်ကြည်ရေးတံတား ဖြတ်သန်းခွင့် အချိန်တိုးမြင့်ပေးရန် ထိုင်းနိုင်ငံဘက်ကတောင်းဆိုလာကြောင်း ဒေသအာဏာပိုင်အဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ တံတားဖွင့်လှစ်ချိန်ကို နေ့စဉ် နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ ဖြတ်သန်းခွင့်ပြုနေရာမှ နံနက်(၆)နာရီမှ ည (၈)နာရီ အထိဖြတ်သန်းခွင့်ပြုရန်တောင်းဆိုလာခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းနှင့်ပတ်သက်၍ ယနေ့ ဖေဖော်ဝါရီ (၁၁)ရက် နံနက်ပိုင်းတွင် နှစ်နိုင်ငံတာဝန်ရှိသူများ မယ်ဆိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း အချိန်တိုးမြင့်ဖြတ်သန်းခွင့်ပြုမည် မပြုမည်ကို ဆုံးဖြတ် ချက် မချမှတ်ရသေးကြောင်း ဆိုသည်။

တာချီလိတ်-မယ်ဆိုင် အမှတ်(၁) ချစ် ကြည်ရေးတံတားကို ကိုဗစ်-၁၉ ကာလ တံတားမပိတ်မီက ည (၈)နာရီအထိဖြတ်သန်းခွင့်ပြုခဲ့ရာ ယင်းကဲ့သို့ အချိန်တိုးမြှင့်ဖွင့်လှစ်ရန် နှစ်နိုင်ငံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဖြည့်စွက် ရှင်းပြသည်။
၂၀၂၄အတွင်းအမေရိက၌တုပ်ကွေးကူးစက်မှုစံချိန်တင်မြင့်တက်

လော့ဆန်းဂျလိစ်၊ဖေဖော်ဝါရီ ၈

အမေရိကန်ပြည်ထောင်စု၌ ယခုနှစ်တုပ်ကွေးရာသီတွင် ဖျားနာမှုပေါင်း အနည်းဆုံး ၂၄ သန်း၊ဆေးရုံတက်ရသူပေါင်း ၃၁၀,၀၀၀ နှင့် တုပ်ကွေးရောဂါကြောင့် ‌ေ-သဆုံးသူ ၁၃,၀၀၀ ရှိကြောင်း သောကြာနေ့ကထုတ်ပြန်ခဲ့သည့် စာရင်းဇယားများအရသိရသည်။

အမေရိကတစ်ဝန်း ရာသီတုပ်ကွေးရောဂါကူးစက်မှုလည်းမြင့်တက်လာပြီး ဖြစ်ပွားမှုလည်း တိုးလာနေဆဲဖြစ်ကြောင်းလည်း ကြေငြာချက်ထုတ်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်တွင်ကုန်ဆုံးသော နောက်ဆုံး ရက်သတ္တပတ်အတွင်း တုပ်ကွေးနှင့်ဆက်စပ်‌ေသာ ကလေ-းငယ်‌ေ-သဆုံးမှု သည် ၁၀ ဦးအထိရှိခဲ့ပြီး တုပ်ကွေးရာသီအတွင်း ကလေ-း‌ေ-သဆုံးမှုစုစုပေါင်း ၅၇ ဦးအထိ ရှိလာခဲ့ကြောင်းလည်းသိရသည်။

တုပ်ကွေးကူးစက်မှုမြင့်တက်လာသဖြင့် အသက် ခြောက်လနှင့်အထက်ရှိသည့်နိုင်ငံသားတိုင်း နှစ်စဉ်မဖြစ်မနေ ကာကွယ်ဆေးထိုးထားရန်လည်း အမေရိကရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာကအကြံပြုထားသည်။

Source : ရှင်းဟွာ
၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို " ဘိုးတော်ကင်း" ဇာတ်ကားဖြင့် ခြူးလေး ရရှိ

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကဲဖြတ်အဖွဲ့က စိစစ်အကဲဖြတ်ကာ ချီးမြှင့်ခဲ့သည့် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို သရုပ်ဆောင် ခြူးလေးက " ဘိုးတော်ကင်း" ဇာတ်ကားဖြင့် ရရှိခဲ့သည်။

"ဘိုးတော်ကင်း" ဇာတ်ကားကို ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ပြီး ဒါရိုက်တာ ကိုဇော်အရုဏ်ဦး က ဖန်တီးပုံဖော်ထားခြင်း ဖြစ်သည်။

" ဘိုးတော်ကင်း" ဇာတ်ကားတွင် အကယ်ဒမီ မြင့်မြတ် ၊ အိချောပို ၊ ခြူးလေး ၊စည်သူဝင်း ၊ ထက်ထက်ထွန်း ၊ ဥဩသံသာ ၊ သံစဥ်ဆည်းဆာ ၊ လှနုထွန်းတို့ ပါဝင်သရုပ်ဆောင်ထားခြင်း ဖြစ်သည်။
26.02.202506:43
မြေရှားသတ္ထုလုပ်ငန်းဖွံ့ဖြိုးရေးသည် အရေးကြီးဦးစားပေးဖြစ်--ပူတင်

မော်စကို၊ ဖေဖော်ဝါရီ ၂၅

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း၊ စီးပွားရေးတိုးတက်မှုနှင့် လူနေမှုဘဝအရည်အသွေးတို့ကို မြှင့်တင်ပေးနိုင်မည့် မြေရှားသတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသော ဦးစားပေးလုပ်ငန်းဖြစ်ကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

မြေရှားသတ္ထုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးတစ်ခုတွင် ဗီဒီယိုကွန်ဖရင့်မှ တစ်ဆင့် မိန့်ခွန်းပြောကြားရာ၌ ယင်းကဏ္ဍသည် ရုရှားနိုင်ငံ၏ ခေတ်သစ်စီးပွားရေးအတွက် အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း ပူတင်က မှတ်ချက်ပြုပြောကြားခဲ့သည်။

ပူတင်က မြေရှားသတ္တုများသည် မိုက်ခရိုအီလက်ထရွန်းနစ်၊ စွမ်းအင်၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦဖွဲ့စည်းမှုနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်ပြီး နည်းပညာဆိုင်ရာ သဘောတရားအသစ် တစ်ခုလုံးတွင် လိုအပ်နေကြောင်း အထူးသိရှိစေရန် ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မြေရှားသတ္ထုလုပ်ငန်းဖွ/
25.02.202517:03
👉မြန်မာ - ချုံချင့် ပညာရေးဆိုင်ရာကဏ္ဍများ ပူးပေါင်းဆောင်ရွက်မည်

👉ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့ တိုက်ရိုက်ကုန်သွယ်မှုပြန်လည်စတင်ပြီ

👉ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူ (၄) သိန်းကျော်ရှိဟုဆို

👉နိုင်ငံ၏ ဘောလုံးလောကနှင့် ပြိုင်ပွဲများ ပိုမိုဖွံ့ဖြိုးလာရေးကြိုးပမ်းရန် အားကစားဝန်ကြီး တိုက်တွန်း

👉MH370 လေယာဉ်ပျောက် ရှာပုံတော် ပြန်ဖွင့်

👉အသက် (၂) နှစ်အောက် ကလေ-းငယ်များကို ငွေကြေးထောက်ပံ့မည်

👉ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် RCSS တိုက်တွန်း

👉Epson ကုမ္ပဏီသည် ၎င်း၏ EcoTank ပရင်တာစီးရီးကမ္ဘာတစ်ဝန်းရောင်းချမှု အလုံးရေသန်း၁၀၀ကျော်သည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် After-Sales Service ဝန်ဆောင်မှု စတင်

👉ယူကရိန်းအရေးဥရောပနှင့်အခြားနိုင်ငံများပါဝင်‌ဆွေး‌နွေးနိုင်--ပူတင်

👉ရိုးရာသနပ်ခါးအလှ လိမ်းချယ်ပြိုင်ပွဲကျင်းပမည်

👉သီရိလင်္ကာရေတပ်က အိန္ဒိယငါးဖမ်းသမား ၃၂ ဦးကို ဖမ်းဆီး

👉မလေးရှားနိုင်ငံတွင် ပလတ်စတစ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး မြန်မာလုပ်သားတစ်ဦး အသက်ဆုံးရှုံး

👉သာပေါင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ နေအိမ်(၄)လုံးပျက်စီး

👉မြဝတီမြို့ ပြည်သူ့ဆေးရုံအား ကျပ်သိန်း (၄,၀၀၀)ခန့် ကုန်ကျခံ၍ ဆိုလာလျှပ်စစ်မီးပေးဝေရေးစနစ် ဆောင်ရွက်မည်

👉ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား ရောင်တော်ဖွင့်ကုသိုလ်ပြု

👉ဖိုင်နယ်ပွဲကို သန့်သန့်ရှင်းရှင်းနှင့် လေးလေးစား စားယှဉ်ပြိုင်ကစားသွားမည်ဟု ဝင်းသိင်္ဂီထွန်းပြော

👉မော်လမြိုင်-ရန်ကုန် အမြန်ရထားခရီးစဉ်ကြိုတင်လက်မှတ်များ ပိတ်ရက်မရှိ ရောင်းချပေးနေ

👉တာချီလိတ်မြို့နယ်တွင် ဒီဇယ်ဆီဖလှယ်ရာမှ ဆီဘောက်ဆာကားမီးလောင်ကျွမ်းမှုဖြစ်

👉လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ၍ ယနေ့မှ ဖေဖော်ဝါရီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၂)ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်

👉မနက်ဖြန် ညနေတွင် နီပေါ-မြန်မာ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်မည်

👉ရုရှားသည်မိတ်ဆွေစစ်ဖြစ်--ရှီကျင့်ဖျင်
အစိုးရအေဂျင်စီများအား အီလွန်မတ်စ် ဦးဆောင်သော အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ထရမ့် အမိန့်ထုတ်ပြန်

ဝန်ထမ်းအင်အားလျှော့ချရန်နှင့် အနာဂတ်တွင် ခန့်ထားမှုများကို ကန့်သတ်ရန် ရည်ရွယ်၍ အစိုးရအေဂျင်စီများအား အီလွန်မတ်စ် ဦးဆောင်သည့် U.S. DOGE Service(အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန) နှင့် ပူးပေါင်းဆောင်ရွက်ကြရန် အမိန့်ညွှန်ကြားချက်တစ်ရပ်ကို သမ္မတ ဒေါ်နယ် ထရမ့်က အတည်ပြုလက်မှတ်‌ရေးထိုးခဲ့သည်။

ဤအမိန့်ကို လက်မှတ်ရေးထိုးခြင်းမပြုမီ၊ ထရမ့် သည် သူ၏ Oval Office တွင် အီလွန်မတ်စ် နှင့် အတူရှိနေခဲ့သည်။ မတ်စ်ဦးဆောင်နေသော DOGE သည် အစိုးရ၏ ထိရောက်မှုများကို ရှာဖွေရန် ထရမ့်က အာဏာပေးထားသော အေဂျင်စီတစ်ခုဖြစ်သည်။

ထိုနေ့အစောပိုင်းတွင်၊ ထရမ့်သည် ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာအား အိမ်ဖြူတော်တွင် လက်ခံ‌တွေ့ဆုံဆွေးနွေးခဲ့ပြီး ဂါဇာကမ်းမြှောင်ဒေသကို သိမ်းပိုက်ရန်နှင့် ပါလက်စတိုင်း‌ဒေသခံများကို အခြားနေရာသို့ ရွှေ့ပြောင်းရန် အစီအစဉ်များကို ဆက်လက်တွန်းအားပေး‌ပြောကြားခဲ့သည်။
လေပြင်းတိုက်၊နှင်းကျ၍ဟော့ကိုင်းဒိုး၌လေယာဉ်ခရီးစဉ်များဖျက်သိမ်း

တိုကျို၊ ဖေဖော်ဝါရီ ၁၁

ဂျပန်နိုင်ငံတွင် အင်္ဂါနေ့က လေပြင်းထန်စွာ တိုက်ခတ်ပြီး ဆီးနှင်းများ ကျဆင်းသောကြောင့် ဟော့ကိုင်းဒိုးရှိ နယူး ချီတို့ လေဆိပ်သို့ အဝင်အထွက် လေယာဉ်ခရီးစဉ် ၉၁ ခုထက်မနည်းကို ဖျက်သိမ်းခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
ညနေ ၅ နာရီထိ ဆောင်းလေဖိအားကြောင့် လေဆိပ်အနီးတွင် လေပြင်းများတိုက်ခတ်ခြင်းနှင့် ဆီးနှင်းများထူထပ်စွာရွာသွန်းခြင်း တို့ကြောင့် မြင်ကွင်းဆိုးရွား သဖြင့် လေယာဉ်ခရီးစဉ် ၉၁ ခုကို ဖျက်သိမ်းခဲ့ရကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း NHK က ပြောသည်။

ခရီးသည်အများအပြားသည် လေဆိပ်တွင် သောင်တင်နေခဲ့ပြီး လေကြောင်းလိုင်းကောင်တာများတွင် လူတန်းများကို ရှည်လျားစေခဲ့သည်။ သူတို့သည် အခြားခရီးစဥ်များကို ရှာဖွေနေကြကြောင်း သတင်းတွင်ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/လေပြင်းတိုက်၊နှင်းကျ၍ဟ/
၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို " နှောင် " ဇာတ်ကား ဖြင့် အကယ်ဒမီ နေတိုးရရှိ

၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆော င်ဆုကို " နှောင်" ရုပ်ရှင် ဇာတ်ကားဖြင့် အကယ်ဒမီနေတိုးက ရရှိခဲ့သည်။

" နှောင် " ရုပ်ရှင် ဇာတ်ကားကို ရွှေနဒီရွှေရည် ရာပ်ရှင်ထုတ် လုပ်ရေးက ရိုက်ကူး ထုတ်လုပ်ပြီး ဒါရိုက်တာ ဩရသ ဖန် တီးပုံဖော်ထားသည့် မောတ္တာဖွဲ့ အိမ်ထောင်ရေး ဇာတ်ကားတစ်ကားဖြစ်သည်။

ဖန်တီးတင်ဆက်မှု ကောင်းမွန်ထူးခြားသည့်အတွက် " နှော င်" ရုပ်ရှင်ကားအနေဖြင့် ရုပ်ရှင်အတတ်ပညာရှင်ဆုဖြစ်သည့် အကောင်းဆုံ ရုပ်ရှင်တည်းဖြတ်ဆု ၊ အကောင်းဆုံး ရုပ်ရှင်အထူးဆုကိုလည်း ရရှိခဲ့သည်။

အကယ်ဒမီ နေတိုးသည် "မိုးညအိမ်မက်မြူ"၊ "နက္ခတ်မှားတဲ့တိုက်ပွဲ"၊ "တာတေကြီး" ဇာတ်ကားတို့ဖြင့် အမျိုးသားဇာတ်ဆောင်ဆုကိုရရှိထားပြီး ယခုတစ်ကြိ မ်ရရှိခဲ့သည့်အတွက် (၄) ထပ်ကွမ်း အကယ်ဒမီဆုရှင်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။

အကယ်ဒမီ (၃) ဆု ရရှိခဲ့သည့် "နှောင်" ဇာတ်ကားတွင် အ ကယ်ဒမီ နေတိုး ၊ နော်ဖောအယ်ထား ၊ ပိုးမမီသာ ၊ သူရိယ ၊ ကောင်းဆက်ပိုင် ၊ ဖြိုးငွေစိုး ၊ တင်မောင်ဆန်းမင်းဝင်းတို့ အဓိကပါဝင်သရုပ်ဆောင်ထား သည်။
၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို " အိပ်မက်ကာရန်" ဇာတ်ကားဖြင့် ဒါရိုက်တာ ဝင်းလွင်ထက်ရရှိ

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကဲဖြတ်အဖွဲ့က စိစစ်အကဲဖြတ်ကာ ချီးမြှင့်ခဲ့သည့် အကောင်းဆုံး ရုပ်ရှင်ဒါရိုက် တာဆုကို "အိပ်မက်ကာရန်" ဇာတ်ကားဖြင့် ဒါရိုက်တာ ဝင်းလွင်ထက်က ရရှိခဲ့သည်။

အဆိုပါ "အိပ်မက်ကာရန်" ဇာတ်ကားကို ဒါရိုက်တာဝင်းလွ င်ထက်က ဖန်တီးပုံဖော်ထားသည့် ရုပ်ရှင်နှင့် ဂီတ ပူးတွဲဖန် တီးမှု အနုပညာမြောက် ဇာတ်ကား တစ်ကားဖြစ်ပြီး အ က ယ်ဒမီ ဓီရာမိုရ်လည်း အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို ရရှိထားသည်။

ယင်း ဇာတ်ကားတွင် အကယ်ဒမီ နေတိုး ၊ လွှမ်းပိုင် ၊ စိုင်းစည်တွမ်ခမ်း၊ ဝိုင်းလေး ၊ ယွန်းရွှေရည် ၊စုမြတ်နိုးဦး ၊စင်သီယာ ၊ ရွှေပိုးကောင် ၊ ဆွိ ၊အောင်ကိုမိုး ၊ မေခလာ ၊တင်ဇာမော် ၊ ချောစုခင် ၊ အောင်ထက်တို့ ပါဝင်သရုပ်ဆောင်ထားသည်။
26.02.202506:13
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ လျှောက်လွှာပြန်တင်သူ (၂၇၀၀၀) ဝန်းကျင်ရှိ

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းများကို ဝယ်ယူရန်လျှောက်လွှာဝယ်ယူသူ (၃၀၀၀၀) ဝန်းကျင်ရှိပြီး လျှောက်လွှာပြန်တင်သူ (၂၇၀၀၀) ဝန်းကျင်ရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ယင်းတွင် ရောင်းချပေးမည့်အခန်းအရေအတွက်သည် ၉၀၀ ခန့်ဖြစ်ပြီး ဖေဖော်ဝါရီ (၁၃) ရက်မှ စတင်ကာ (၂၁) ရက်အထိလျှောက်လွှာများကို ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး နေရေး အခက်အခဲ ရှိသော ပြည်သူ ၊အငြိမ်းစားဝန်ထမ်းနှင့် တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းငယ်များကို အချိုးကျ ခွဲဝေ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သတ်မှက်ထားသော တိုက်ခန်းတန်ဖိုးငွေကို တစ်လုံးတည်း အကြေပေးသွင်းခြင်း (သို့မဟုတ်) (၃)လအတွင်း အရစ်ကျပေးသွင်းရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဝယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်ကြောင်းကော်မတီက အသိပေးထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ရိုးမရိပ်သာ-တန်ဖိုးနည်-3/
မနက်ဖြန် ညနေတွင် နီပေါ-မြန်မာ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်မည်

(၄)နိုင်ငံ အမျိုးသမီး ဘောလုံးဖိတ်ခေါ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အား ဖေဖော်ဝါရီ(၂၆)ရက် ၊ ည‌နေ (၆)နာရီ (၄၅) မိနစ်အချိန်တွင် အိမ်ရှင်နီပေါအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။

အိမ်ရှင် နီပေါအသင်း နှင့် မြန်မာအသင်းတို့သည် အုပ်စုတွင်းယှဉ်ပြိုင်အပြီး ရမှတ်(၆)မှတ်စီဖြင့် ဗိုလ်လုပွဲတွင် ထိပ်တိုက်တွေ့ဆုံကြရခြင်းဖြစ်သည်။

ယနေ့တွင် ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ယုကီတက်ဆုရို က "ပထမဆုံးအနေနဲ့ ကျွန်တော်တို့ကို ဒီပြိုင်ပွဲကို ဖိတ်ခေါ်ပေးတဲ့ အိမ်ရှင်နီပေါနိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မနက်ဖြန်-ညနေတွင်-နီပေါ-မ/
စနေနေ့နောက်ဆုံးထား၍ ဂါဇာဓါးစာခံများမလွှတ်လျှင်ငရဲကျမည်

ဖေဖော်ဝါရီလ ၁၅ ရက်(စနေနေ့)ကို နောက်ဆုံးထား၍ ဂါဇာ ကမ်း‌ေမြှာင် ဒေသမှ ဓါးစာခံများအားလုံးကို လွှတ်ပေးရန် နှင့် မလွှတ်ပါက ကြီးမား သော ဒုက္ခဘေး နှင့် ကြုံရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပြီး အစ္စရေး-ဟားမတ်စ် အပစ်ရပ်စဲမှုကို ဖျက်သိမ်းရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဟားမတ်စ်အဖွဲ့က နောက်ထပ် ဓါးစာခံ အကျဉ်းသား လဲလှယ်မှုအစီအစဉ်များကို ရွှေ့ဆိုင်းမည်ဟု ခြိမ်းခြောက်ကာ ဇန်နဝါရီလ ၁၉ ရက်တွင် အသက်ဝင်ခဲ့သော ရက်သတ္တခြောက်ပတ်ကြာ အပစ်ရပ်စဲမှု ပျက်ပြယ်သွားနိုင်သည့် အန္တရာယ်ကို ဖြစ်စေခဲ့ပြီးနောက်တွင် ထရမ့်ပ်၏ အရှေ့အလယ်ပိုင်းအရေး ၌ နောက်ဆုံးစွက်ဖက်မှုထွက်ပေါ်လာခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/စနေနေ့နောက်ဆုံးထား၍-ဂါဇ/
အလုပ်ကမ်းလှမ်းစာများ စိစစ်နိုင်ရန်အတွက် စာရွက်စာတမ်းများ ပေးပို့နိုင်ရန် ဂျပန်ရှိ မြန်မာသံရုံး ထုတ်ပြန်

အလုပ်ကမ်းလှမ်းစာ (Demand Letter) များ စိစစ်နိုင်ရန်အတွက် မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် စာရွက်စာတမ်းများပေးပို့နိုင်သည့် ကုမ္ပဏီ (၂၀၉)ခု၏ အမည်စာရင်းကို ထုတ်ပြန်ထားသည်။

ထိုသို့ စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ထုတ်ပြန်ချက် (6/2 025) အနေဖြင့် ထုတ်ပြန်ထားရှိပြီး ဖြစ်ကာ ထုတ်ပြန်ကြေညာသည့် စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများသည် Labour Section Myanmar Embassy, Tokyo၊ 4-8-26, Kita Shinagawa, Shinagawa Ku, Tokyo 140-0001 သို့ ပေးပို့ရမည် ဖြစ်သည်။

ထို့ပြင် ယခုထုတ်ပြန်ကြေညာသည့် စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများအနက် အချို့ကုမ္ပဏီများ သည် ကြေညာချက်မထုတ်ပြန်မီကတည်းက သံရုံးသို့ စာရွက်စာတမ်း၊ အချက်အလက်များ ကြိုတင်ပေးပို့မှုများ ပြုလုပ်ထားကြရာ ထိုသို့ကြိုတင်ပေးပို့ခြင်းသည် အကျုံးဝင်မှု မရှိကြောင်း နှင့် ယခုကြေညာချက်တွင်ပါရှိမှသာ ကြေညာချက်အမှတ်စဉ်ဖော်ပြလျက် စာရွက်စာတမ်း၊ အထောက်အထားများကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ရန် လိုအပ်ပါကြောင်း အကြောင်း ကြားကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို "တိမ်ပန်းချီ" ဇာတ်ကားဖြင့် အကယ်ဒမီဝတ်မှုံရွှေရည်ရရှိ

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကဲဖြတ်အဖွဲ့က စိစစ်အကဲဖြတ်ကာချီးမြှင့်ခဲ့သည့် ရုပ်ရှင်အနုပညာရှင်ဆုတစ်ခုဖြစ်သည့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရုပ် "တိမ်ပန်းချီ" ဇာတ်ကားဖြင့် အကယ်ဒမီဝတ်မှုံရွှေရည်က ရရှိခဲ့သည်။

"တိမ်ပန်းချီ" Brave Empire ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက် ကူးထုတ်လုပ်ထားပြီး ၀တ္ထု ဟမ်စိုင်း(ဆေး-မန်း) ၊ ဇာတ်ညွှန်း အေးသီရိကို၊ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်တို့ကဖန်တီးပုံဖော်ထားသည့်ဇာတ်ကားဖြစ်သည်။

မြန်မာ့အိမ်ထောင်ရေး အသိုင်းအဝိုင်းတွင်ဖြစ်လေ့ဖြစ်ထရှိနေသည့် အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့်မိသားစုအသိုက်အမြုံများ ပြိုလဲပျက်စီးရမှုကိုခံစားနားလည်နိုင်ရန်ဖန်တီးရေးသားနိုင်မှုကြောင့် ယင်းဇာတ်ကားနှင့်ပင် အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကို အမျိုးသမီးဇာတ်ညွှန်းဆရာ အေးသီရိကို က ရရှိခဲ့သေးသည်။

"တိမ်ပန်းချီ" ဇာတ်ကားတွင် သရုပ်ဆောင်များအနေဖြင့် အေးချမ်းမောင် ၊ အကယ်ဒမီဝတ်မှုံရွှေရည် ၊ နေမျိုးအောင် ၊ ညီနန္ဒ ၊ စည်ဖြိုး ၊ မယ်လိုဒီ ၊ ထူးမွန် ၊ မိုခမ်း ၊ဇာခြည်လွင် ၊ အောင်သီဟတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို "နှောင်" ဇာတ်ကားဖြင့် အာကာကျော်ရရှိ

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကဲဖြတ်အဖွဲ့က စိစစ်အကဲဖြတ်ကာ ချီးမြှင့်ခဲ့သည့် ရုပ်ရှင်အတတ်ပညာရှင်ဆုတစ်ခုဖြစ်သည့် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို " နှောင် " ဇာတ်ကားဖြင့် အာကာကျော်က ရရှိခဲ့သည်

" နှောင်" ဇာတ်ကားသည် ဒါရိုက်တာ ဩရသ ဖန်တီးပုံဖော်ထားသည့် မောတ္တာဖွဲ့ အိမ်ထောင်ရေး ဇာတ်ကားတစ်ကားဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် အကယ်ဒမီ ဆန်ကာတင်စာ ရင်းဝင် ဇာတ်ကားတစ်ကား ဖြစ်သည်။

"နှောင်" ဇာတ်ကားတွင် အကယ်ဒမီ နေတိုး ၊ နော်ဖောအယ်ထား ၊ ပိုးမမီသာ ၊ သူရိယ ၊ ကောင်းဆက်ပိုင် ၊ ဖြိုးငွေစိုး ၊ တင်မောင်ဆန်းမင်းဝင်းတို့ ပါဝင်သရုပ်ဆောင်ထားသည်။

အဆိုပါ ဇာတ်ကားဖြင့် အကယ်ဒမီနေတိုး အကယ်ဒမီရရှိနိုင်ကြောင်းလည်း ခန့်မှန်းမှုများ ရှိထားရာ ခန့်မှန်းမှု မှန်မမှန်ကို မကြာမီအချိန်အတွင်း၌ပင် တွေ့မြင်ရတော့မည် ဖြစ်သ ည်။
26.02.202506:04
ကိုရီးယားအဝေးပြေးလမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်ပြို-ကျ၊လေးဦး‌ေ-သ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် တောင်ပိုင်းရှိ အဝေးပြေးလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသည် အင်္ဂါနေ့က ပြို-ကျခဲ့ရာ လူ လေးဦးထက်မနည်း ‌ေ-သဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု မီးသတ် အရာရှိများက ပြောကြားသည်။

ဆိုးလ်မြို့မှ ကီလိုမီတာ ၇၀ ခန့်အကွာရှိ Anseong အရပ်တွင် နံနက် ၉း၄၉ နာရီက အဆိုပါ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဝေးပြေးလမ်း တံတားကို ထောက်ကူသည့် မီတာ ၅၀ အရှည် ကွန်ကရစ်အဆောက်အအုံ ငါးခုကို ကရိန်းဖြင့် တစ်ခုပြီးတစ်ခု နေရာချနေစဉ် ပြို-ကျမှုဖြစ်ခဲ့ခြင်းဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။

ဖြစ်စဉ်တွင် တရုတ်နိုင်ငံသား နှစ်ဦး အပါအဝင် လူလေးဦး ‌ေ-သဆုံးခဲ့ပြီး ဒဏ်ရာရခဲ့သူ ခြောက်ဦးတွင် ငါးဦးသည် စိုးရိမ်ရကြောင်းနှင့် ယင်းငါးဦးတွင်လည်း တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ကြောင်း Anseong မီးသတ်ဌာန အရာရှိ ကိုကျွန်းမန်က ပြောဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ကိုရီးယားအဝေးပြေးလမ်းဆ/
ထိုင်းက မြန်မာရှိ ငွေလိ-မ်ဂိုဏ်းများကို အရှိန်မြှင့် တိုက်မည်

ထိုင်းအစိုးရသည် မြန်မာနိုင်ငံဘက်ခြမ်းတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ငွေလိ-မ်ဂိုဏ်းများကို တိုက်ပွဲအရှိန်မြှင့်သွားရန်ရှိနေပြီး ကြံရာပါဟု သံသယရှိသူများကို နယ်စပ်ဖြတ်ခွင့် ပိတ်ပင်ခြင်း၊ မြန်မာဘက်သို့ ဆိုလာပြားတင်ပို့မှုကို ရပ်ဆိုင်းခြင်းများ ပါဝင်နိုင်သည်ဟု အကြီးတန်း အရာရှိများက ပြောသည်။

လက်ရှိ ငွေလိ-မ်ဂိုဏ်းများကို တိုက်ဖျက်ရေး အစီအမံများကို ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် Chatchai Bahgchuad က အင်္ဂါနေ့(ဖေဖော်ဝါရီ ၁၁) တွင် ပြောကြားခဲ့သည်။

ထိုအစီအမံများဖြင့် မလုံလောက်ဟု တွေ့ရှိရပါက ပိုမိုထိရောက်သည့် နောက်ထပ်အစီအမံများ ချမှတ်သွားမှာဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ထိုင်းက-မြန်မာရှိ-ငွေလိ/
12.02.202502:02
ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၏ ရေနည်းသတိပေးမှတ်(၃၆၀)စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိမည်

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၏ ရေနည်းသတိပေးမှတ်(၃၆၀)စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိမည်ဟု မိုးဇလမှ ဖေဖော်ဝါရီ ၁၀ ရက်မွန်းလွဲ ၂ နာရီခွဲက ရေနည်းမည့်အခြေအနေအား အသိပေးထုတ်ပြန်ခဲ့သည်။

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် (၂၅၂) စင်တီမီတာသို့ရောက်ရှိနေပြီး ဖေဖော်ဝါရီလ၏ ဒုတိယ(၁၀)ရက်ပတ်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့်ကျဆင်းနိုင်ကာ မြို့၏ရေနည်းသတိပေးမှတ်(၃၆၀)စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။
ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ (၂) သိန်း ကျော် တင်ပို့နိုင်ခဲ့

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန်(၂၀၉၅၉၉) တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၁ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ပြည်ပသို့ ကုမ္ပဏီပေါင်း (၅၀) မှ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် နိုင်ငံပေါင်း (၈) နိုင်ငံသို့ တင်ပို့ခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်၏ ဆယ်လတာအတွင်း ပြည်ပသို့ ဆန်တန်ချိန် (၂၂၄၄၂၅၅) တန်တင်ပို့ထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ (၁၀၄၉)သန်းရရှိထားကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဇန်နဝါရီလအတွင်း-ပြည်ပသိ/
၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို " မီး" ဇာတ်ကားဖြင့် အေးချမ်းမောင် ရရှိ

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကဲဖြတ်အဖွဲ့က စိစစ်အကဲဖြတ်ကာ ချီးမြှင့်ခဲ့သည့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို သရုပ်ဆောင် အေးချမ်းမောင်က " မီး" ဇာတ် ကားဖြင့် ရရှိခဲ့သည်။

"မီး" ဇာတ်ကားကို ဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ပြီး ဝတ္ထု ဇာတ်ညွှန်း အင်းကြင်းဟန်၏ စိတ်ကူးအိပ်မက်ကို ဒါက်ရိုက်တာ မီးပွားက ဖန်တီးပုံဖော်ထားခြင်းဖြစ်သည်။

အဆိုပါ " မီး "ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ နေဝင်း ၊ အေးချမ်းမောင် ၊ ခင်ဝင့်ဝါ ၊ ၊ ပိုးမမီသာ တို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။
၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်အသံဆုကို မီး ဇာတ်ကားဖြင့် အောင်မျိုးမြတ်နှင့် ရဲဝင်းတို့ရရှိ

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကဲဖြတ်အဖွဲ့က စိစစ်အကဲဖြတ်ကာ ချီးမြှင့်ခဲ့သည့် ရုပ်ရှင်အတတ်ပညာရှင်ဆုတစ်ခုဖြစ်သည့် အကောင်းဆုံး ရုပ်ရှင်အသံဆုကို "မီး" ဇာ တ်ကားဖြင့် အောင်မျိုးမြတ်နှင့် ရဲဝင်း ရရှိခဲ့သည်။

"မီး" ဇာတ်ကားသည် ဒါရိုက်တာ မီးပွားဖန်တီးပုံဖော်ထားသည့် ၂၀၂၄ ခုနှစ်အတွက် အကယ်ဒမီ ဆန်ကာတင်စာ ရင်းဝင် ဇာတ်ကားတစ်ကား ဖြစ်ပြီး အေးချမ်းမောင် ၊ ခင်ဝင့်ဝါ ၊ နေဝင်း ၊ ပိုးမမီသာတို့ ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ကားတစ်ကားဖြစ်သည်။
Shown 1 - 24 of 106
Log in to unlock more functionality.