ပေါင်ချိန်နှင့် သိုင်းလောကသွေးကြွေး Justice Bao and Die Sha (新包青天之蝶杀)2023 ရုပ်ရှင်
ပေါင်ချိန်ကားတွေကိုမှ စွဲစွဲမြဲမြဲကြည့်ချင်ကြတဲ့ ပရိတ်သတ်ကြီးတွေ အတွက် အခုတင်ဆက်ပေးမဲ့ရုပ်ရှင်လေးက အကြိုက်တွေ့စေမှာပါ
ဇာတ်လမ်းအညွှန်း
နန်းတော်မှာ လိပ်ပြာအဆိပ်နဲ့ ဦးရီးတော်တွေအား လုပ်ကြံမှုတွေဖြစ်ပွားပြီး သူလျှိုပြဿနာတွေဟာလည်း အမြဲလိုလိုပေါ်ပေါက်နေခဲ့ပါတယ် ဘယ်အရာကိုဦးတည်ပြီး ဘယ်သူလုပ်ရပ်လဲဆိုတာ ဘယ်လိုမှ ဖမ်းမမိခဲ့ကြပါဘူး ဒီလိုနဲ့ ဘုရင်မင်းမြတ်က ဒီပြဿနာတွေဟာ မင်းမျိုးမင်းနွယ်ထဲက အာဏာကြီးသူတစ်ယောက်စေခိုင်းတယ်ဟုထင်ကာ ပေါင်ချိန်ကို အမှုဖော်ထုတ်ဖို့ အမိန့်ပေးခဲ့ပါတယ်
ပေါင်ချိန်ကလည်း ဘုရင့်အမိန့်အရ စစ်ဆေးတဲ့အခါမှာတော့ သူအရင်ကဆုံးဖြတ်စီရင်ခဲ့တဲ့ မိစ္ဆာခေါင်းဆောင်အမှုနဲ့ ပတ်သတ်နေကြောင်း သူ့ကိုတမင်ရန်ငြိုးရှိလို့ ဦးတည်လာကြောင်း သိလိုက်ရတဲ့အခါ အရင်အမှုပါပြန်လှန်ရှာဖွေရပါတော့တယ်
ဒီလိုပြန်ရှာဖွေရင်းနဲ့သိလိုက်ရတာ သိုင်းလောကရဲ့ဂိုဏ်းအသီးသီးတွေက သိုင်းပညာရှင်တွေပူးပေါင်းပြီး သွေးကြွေးလာတောင်းကြတယ်ဆိုတာကိုပါပဲ ပေါင်ချိန်တစ်ယောက်ဘယ်လို ဖြေရှင်းသွားမလဲ
ကဲ ပေါင်ချိန်နဲ့သိုင်းလောကသွေးကြွေး ဇာတ်ကားလေးကို အတူကြည့်လိုက်ကြရအောင်