"Gravity of Love" (2018)
ဇာတ်လမ်းအကျဥ်း...
ကံကြမ္မာဟာ လူသားတွေရဲ့ အချစ်ရေးကို ဖန်တီးပေးနိုင်တယ်လို့ ယုံကြည်ထားတဲ့ ကောင်မလေးဖာ..
ဒါပေမယ့် သူမရဲ့ အချစ်ရေးဟာတော့ ကံခေခဲ့ရှာပါတယ်။ ရည်းစားဟောင်း သုံးယောက်ကပစ်သွားခဲ့တဲ့အတွက် ရည်းစားဟောင်းတွေရဲ့ မင်္ဂလာပွဲကို သွာဖျက်ဆီးရင်း ကံကြမ္မာဆိုတာကြီးကို ပျော်ပျော်ကြီး အရွဲ့တိုက်နေခဲ့ပါတယ်။
ရည်းစားဟောင်းတစ်ယောက်ရဲ့ မင်္ဂလာပွဲကို သွားသောင်းကျန်းရာကနေ ဇန်ဆိုတဲ့ ဂျပန်ထိုင်း ကပြားကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူတို့ရဲ့ တွေ့ဆုံမှုတွေဟာ တစ်ခါမဟုတ် နှစ်ခါမဟုတ် ဖြစ်လာတဲ့အချိန်မှာတော့ ဇန်က ဖာ့ကို ကံကြမ္မာက စီစဉ်ပေးထားတဲ့ ဖူးစာဖက်လို့ ယုံကြည်သွားပါတယ်။ ဒါပေမယ့်လည်း ဖာကတော့ ကံကြမ္မာဆိုတာကြီးကို ထပ်အယုံအကြည်မရှိတော့ပါဘူး။
ဇန်ကလည်း တိုက်ဆိုင်မှုမဟုတ်ဘဲ ကံကြမ္မာကြောင့်ဖြစ်တယ်ဆိုတာကို ဖာ့ကို ပြန်ယုံကြည်အောင် အကြိမ်ကြိမ်သက်သေပြရင်း ဖာ့ကို နောက်တစ်ကြိမ် ပြန်ဖြစ်လာအောင် စွမ်းဆောင်နိုင်ဦးမှာလား။ ကံကြမ္မာက သူတို့နှစ်ယောက်ကို တွေ့ဆုံအောင် ဖန်တီးပေးခဲ့ပြီး ဘယ်လိုတွေ ပြန်ကျီဆယ်ပြဦးမလဲဆိုတာကို ဒီ Gravity of Love ဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်...