Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
MS M°O°V°I°E - 2 avatar
MS M°O°V°I°E - 2
MS M°O°V°I°E - 2 avatar
MS M°O°V°I°E - 2
Date range
Number of views

Citations

Posts
Hide reposts
An Affair (2018)

An affair (2018) ဟာ IMDb 5.5 ရရှိထားတဲ့ နော်ဝေး drama/suspense အမျိုးအစား
ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဂျွမ်းဘားမယ်ဟောင်းဖြစ်တဲ့ အနီတာ ဟာ
အထက်တန်းကျောင်းမှာဆရာမအဖြစ်နဲ့ အလုပ်ရခဲ့ပါတယ်။အဲ့အချိန်မှာပဲ အတန်းထဲက ကျောင်းသားတစ်ယောက်ဟာ သူ့ကိုစွဲလန်းနေမှန်းသိလိုက်ရချိန်မှာ
အနီတာ တစ်ယောက်ဘယ်လိုတုန့်ပြန်မလဲ၊ ဂုဏ်သိက္ခာတွေကို စွန့်လွှတ်မလား၊ ကျင့်ဝတ်တွေကို စောင့်ထိန်းမလား၊
သူဘယ်လမ်းကိုရွေးမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လိင်အသားပေး အနည်းငယ်ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။
လူတွေရဲ့သဘော သဘာဝကို မြင်သာအောင်ရိုက်ပြထားတဲ့ သဘာဝဆန်ဆန်ဇာတ်လမ်းမျိုးကြိုက်သူတို့အဖို့တော့
စိတ်အာသာပြေစေမှာပါ..

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/443
The Corruptor

ဖဲမင်းသားကြီး ချောင်ယွင်ဖတ်နဲ့ အက်ရှင်မင်းသားကြီး Mark Wahlbergတို့ပူးတွဲသရုပ်ဆောင်ထားတဲ့ ရဲစုံထောက်ကားဖြစ်တာမို့ မကောင်းမှာမပူရဘူးဗျ…။ဇာတ်လမ်းဇာတ်အိမ်ကိုတော့ နယူးယောက်က ရာဇဝတ်ဂိုဏ်းသားတွေခြေဆန့်ရာ တရုတ်တန်းမှာ ဇာတ်အိမ်တည်ထားပါတယ်….။
ရဲသားတစ်ဦးဖြစ်တဲ့ ချန်းဟာ တရုတ်တန်းမှာတာဝန်ကျရင်း နေ့စဥ်ပဲလူမိုက်ဂိုဏ်းတွေရဲ့ နေ့စဥ်နယ်မြေလုမှုတွေ၊မူးယစ်ဆေးမှုတွေဒုစရိုက်မှုအစုံကို တိုက်ဖျက်နေရတယ်ပေါ့….မှန်မှန်ကန်ကန်နေထိုင်တာလည်းရှိသလို အခြေအနေအရ လူမိုက်တွေနဲ့တွဲဖက်ပြီး အမှုလိုက်ရတာလည်းရှိတဲ့ တရုတ်တန်းကရဲဘဝကို မြင်တွေ့ရမှာပါ…။ဒါကြောင့် ဇာတ်လမ်းနာမည်က The Corruptor(ချစားသူ)ဖြစ်နေတာပါ…။ဒါပေမဲ့ ဒီအခြေအနေတွေက တရုတ်တန်းကို လူဖြူရဲအရာရှိတစ်ယောက်တာဝန်ကျလာတဲ့အချိန်မှာပြောင်းလဲသွားပါတော့တယ်…ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုလို့ရပါပြီ…။

Video In Comment📌
The Hangover 2

The Hangover 2မှာ Iconic ဖြစ်စရာ Moments တွေ၊ တကယ်ရယ်ရတဲ့ ဟာသတွေ၊ သောက်တလွဲ Lines တွေနဲ့ လူလတ်ပိုင်းတွေဘယ်လို ဗရုတ်ကျလဲဆိုတာကို မြင်တွေ့မှာပါ..Part I နဲ့ Part II က ဇာတ်လမ်းကျောရိုးတူပြီး Part III ကတော့ Conclusion သဘောမျိုးနဲ့အဆုံးသတ်ထားပါတယ်..
• ဒီရုပ်ရှင်က တကယ်မောပန်းနွမ်းနယ်နေချိိန် Comfort ရုပ်ရှင်တစ်ခုအနေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး Movie Night မှာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ Comedy ရုပ်ရှင်တစ်ခုပါ..ဒါပေမယ့် R-Rated ဖြစ်တာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို တော်တော်ပွင့်လင်းမှရပါမယ်.

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/439
Fight Back To school 1

ပစ္စတိုပျောက်ဆုံးမှုကို စုံစမ်းရင်း ကျောင်းပြန်တက်ဖို့ဖြစ်လာခဲ့တဲ့ ဆရာချောင်

ငယ်ငယ်တုန်းက ဘယ်လောက်ထိကြည့်ခဲ့ကြည့်ခဲ့ ခုချိန်ထိ ပြန်ကြည့်လို့ကောင်းနေဆဲ လက်ရာတွေကို ပေးစွမ်းနိုင်တဲ့အထဲမာတော့ မင်းသားကြီးStephen Chow ဇာတ်ကားတွေကတော့ ထိပ်ဆုံးနေရာက ပါဝင်ပါတယ် ရီလဲရတဲ့အပြင်ကိုမှ သူရိုက်ခဲ့တဲ့ ကားတိုင်းမှာပါ ကြည့်တဲ့သူကို message တခုခုကို ချန်ထားခဲ့ပါတယ် သူ့ဇာတ်ကားတွေအများကြီးထဲက တချိန်တုန်းက နာမည်ကြီးခဲ့တဲ့ Fight Back To School ကို ပြန်လည်ခံစားစေရန်အလို့ငှာ တင်ဆက်ပေးလိုက်ပါတယ်

Video In Comment📌
Topic Thunder

ဒီဇာတ်ကားက ပိုစတာကြည့်ပြီးခန့်မှန်းရရင် ရှယ်ကြမ်းမယ့် စစ်ကားလို့ ထင်စရာရှိပေမယ့်တကယ်တမ်းတော့ ရှယ်ကြမ်းတဲ့ ဟာသဇာတ်ကားပါ။

မင်းသားတွေက Iron Man မင်းသားကြီး Robert Downey Jr…Night at The Museum မင်းသားကြီး Ben Stiller…ဂါလီဗာ မင်းသားကြီး Jack Black…မင်းသားကြီး Tom Cruise…

စတဲ့ နာမည်ကြီးမင်းသားတွေပါဝင်ထားပါတယ်။ နာမည်ကြီးမင်းသားတွေ ရုပ်ဖျက် ပုံဖျက်ပြီး ပါဝင်ထားလို့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။

သရုပ်ဆောင်တွေကြောင့် ရယ်ရမှာထက် ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ။အတော်ဂွကျလှတဲ့ ဇာတ်လမ်းဖြစ်ပြီး စဉ်းစဉ်းစားစားရိုက်ကူးတတ်တဲ့ ဇာတ်ညွှန်းကို အထူးချီးကျူးမိပါတယ်။

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/435
Who I am?

❝ ပိတ်ရက်မှာ အပန်း‌‌ဖြေကြည့်ဖို့ရာ မင်းသားကြီး𝗝𝗮𝗰𝗸𝗶𝗲 𝗖𝗵𝗮𝗻 ရဲ့ အကောင်းဆုံး သောရုပ်ရှင်များ ❞


ကျွန်တော်တို့ငယ်ဘဝရဲ့ ဟီးရိုးကြီးလဲဖြစ် အကြိုက်ဆုံးအက်ရှင်မင်းသားကြီး 𝗝𝗮𝗰𝗸𝗶𝗲 𝗖𝗵𝗮𝗻 ဆိုရင်တော့ မသိကြမဲ့သူ မရှိလောက်ပါဘူး တကမ္ဘာလုံးက ပရိသတ်တွေရဲ့ အချစ်တော်မင်းသားကြီးဖြစ်ပြီး သူ့ရဲ့ စတန့်ပြကွက်တွေ ၊ အက်ရှင်ဇာတ်လမ်းတွေနဲ့တင် ပရိတ်သတ်ကို ဘဝတလျောက်လုံးအကောင်းဆုံးဖျော်ဖြေမှုမျိုးကိုသာ ပေးစွမ်းခဲ့ပါတယ် စတန့်ပြကွက်တွေကို လူစားမထိုးပဲ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တာတွေကြောင့်လဲ ရခဲ့တဲ့ဒဏ်ရာအနာတရတွေဟာ ဒုနဲ့ဒေးပါပဲ ဒီကနေ့မှာတော့ မင်းသားကြီး 𝗝𝗮𝗰𝗸𝗶𝗲 𝗖𝗵𝗮𝗻ရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲကမှ Old But Goldရုပ်ရှင်တချို့ကိုတင်ဆက်ပေးလိုက်ပါတယ်

Video In Comment📌
RocknRolla 2008

နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။

လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်း အကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့်ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေးတစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။

ဘယ်လိုမျိုးအဖြစ်အပျက်တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက်တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။

Video In Comment📌
Legends Of The Fall (1994)

ဒဏ္ဏာရီဆန်တဲ့ လူသားတစ်‌ယောက်အကြောင်းပြောရင် ကျွန်တော်ကတော့ ထရစ္စတန်ကို မေ့နေလိုမရပါဘူး။ သူ့ဘဝရဲ့ ပုံပြင်ကတော့ လူတိုင်းကို မှင်သက်စေလိမ့်မယ်။ သားရဲတစ်ကောင်လို သန်မာတဲ့ လူရိုင်းလေးက စိတ်သဘောထားကြတော့ နုနယ်လွန်းလှတယ်။ ချစ်လှစွာသော သူ့ ညီအကို သုံးယောက်ကြား ဝင်ရောက်လာတဲ့ သိမ်မွေ့တဲ့ အမျိုးသမီးလေးရဲ့ နှလုံးသားကရော ဘယ်သူ့ဆီမှာပါလဲ။ အနေအေးပြီး ရိုးလွန်းတဲ့ အကိုကြီးရဲ့ ခံစားချက်ကလည်း စာဖတ်သူကို ဘယ်လို ခံစားချက်ဖြစ်စေမှာလည်း သိပါရစေ။စည်းဘောင်တွေ အပြင်မှာ ပျော်ပျော် နေတတ်တဲ့ လူသားက သူ့ချစ်တဲ့သူ တွေကိုရော ကာကွယ်ပေးနိုင်ပါ့မလားဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရူခံစား ကြည့်ပါဦး။ ဒီလူရိုးကြီးနဲ့ နှလုံးသားကို ဘယ်လို ထင်လဲ ပြောကြည့်ပါအုံး။

Video In Comment📌
ကမ္ဘာပေါ်ကသမိုင်းပညာရှင်တွေကိုတောင် တွေဝေသွားစေနိုင်တဲ့ထိ ဖန်တီးထားတဲ့ ဝတ္ထုတွေရဲ့ ပဲ့ကိုင်ရှင် စာရေးဆရာကြီး Dan Brown ..... ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေ၊ သမိုင်းဝင်အဖြစ်အပျက်တွေကိုမှ စိတ်ကူးယဉ်အကြောင်းအရာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဒါတွေက တဂယ်ဖြစ်နိုင်တာလား တဂယ်ရော အဲ့လိုရှိခဲ့ပါလားဆိုတဲ့ အထိတွေးမိစေရအောင် သူ့ရဲ့ ဝတ္ထုတွေက လူတော်တော်များများကိုတွေဝေစေခဲ့ပါတယ် စာအုပ်အနေနဲ့ ၆အုပ်တိတိထွက်ရှိထားပြီး ရုပ်ရှင်အနေနဲ့ကတော့Da Vinci Code ၊
Angels & Demons ၊ Inferno ဆိုပြီး ၃ကားထိ ထွက်ရှိထားခဲ့ပါတယ် ၃ကားလုံးမှာလဲ မင်းသားကြီး Tom Hanks ပါဝင်ထားပြီး Da Vinci ပန်းချီကားတွေထဲက စိတ်ဝင်စားစရာအကြောင်းအရာတွေ ၊ လျှို့ဝှက်ချက် code‌ တွေ ၊ Illuminati လို ဂမ္ဘီရဆန်ဆန်အဖွဲ့အစည်းတွေ အကြောင်း စိတ်ကူးယန်ဆန်ဆန် ပုံဖော်ထားခဲ့တဲ့အခါမှာတော့ ကြည့်ရှုသူတွေအဖို့တော့ ထိုင်ရာက ထမှာတောင် မဟုတ်ဘူးဆိုတာ အသေအချာ အာမခံပါတယ်



Movie Link ✅
https://t.me/biscopei00/3499
လူမိုက်တွေကိုဆုံးမဖို့ဖြစ်လာတဲ့ခါးပတ်နက်ကျောင်းဆရာမ

အိုလံပစ်ချန်ပီယံလောင်းဖြစ်ခဲ့ပေမယ့် ပြဿနာတစ်ခုကြောင့် အားကစားလောကကနေ နှုတ်ထွက်လိုက်တဲ့ ဆိုရှီမင်(Shin Hye Sun) ဟာ
မူယောင်းအထက်တန်းကျောင်းမှာ အချိန်ပိုင်းစာရိတ္တဆရာမအနေနဲ့ ခက်ခက်ခဲခဲအလုပ်ရခဲ့ပါတယ်။ ကျောင်းမှာလည်း မိဘကျောထောက်နောက်ခံနဲ့ ဆိုးချင်တိုင်းဆိုး ရမ်းကားချင်တိုင်းရမ်းကားလွန်းတာကြောင့် ဆရာတွေပါမကျန် တစ်ကျောင်းလုံးရဲ့ ရွံကြောက်ဖြစ်နေတဲ့ ကျောင်းသားဟန်ဆူဂန်းတို့အဖွဲ့က အနိုင့်ကျင့်စိုးမိုးနေတာပါ။
အချိန်ပြည့်ဆရာမဖြစ်ဖို့အတွက် ကျောင်းမှာဖြစ်နေတဲ့ မတရားမှုတွေအကုန်လုံးကို မျက်စိကိုမှိတ် နားကိုပိတ်ပြီး မသိချင်ယောင်ဆောင်ဖို့ပဲ ဆုံးဖြတ်ခဲ့ပေမယ့်
ကိစ္စတစ်ခုကြောင့် ဟန်ဆူဂန်းနဲ့ ထိပ်တိုက်တိုးမိသွားတဲ့အခါ. . . . .
ဆရာမဆိုဂျီမင်တစ်ယောက် တကယ်ပဲ မတရားမှုကိုမသိချင်ယောင်ဆောင်သွားနိုင်မလား
အချိန်ပြည့်ဆရာမဖြစ်လာနိုင်ပါ့မလားဆိုတာကတော့. . . . .


Movie Link
https://t.me/moviecinema78/3300

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Like for Likes (2016)

ဇာတ်လမ်းက အချစ်ဟာသလေးပါ..
အပျိုကြီးမမ လေယာဉ်မယ်နဲ့ စားဖိုမှူး… နာမည်ကြီးမင်းသားနဲ့ ဇာတ်ညွှန်းရေးသူမမကြီး..
တေးရေးဆရာလေးနဲ့ သာမန်ကောင်မလေးတို့အကြောင်းရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်ကားလေးပါ..
စုံတွဲ ၃ တွဲအကြောင်းကိုရိုက်ကူးထားတယ် ဆိုပေမယ့် သာမန် အပ်ကြောင်းထပ်ဇာတ်လမ်းတွေမဟုတ်ဘဲ
ဇာတ်လမ်းတစ်ခုစီကို လှလှပပပုံဖော်ထားတာကြောင့် တစ်ကားတည်းနဲ့ ၃ ကားကြည့်ရသလို ပြည့်စုံသွားစေလိမ့်မယ်.


MovieLink
https://t.me/moviecinema78/3295

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
🗣️နိုင်ငံမတူတဲ့ စစ်သူကြီးနှစ်ယောက်ကြားက အန္တရာယ်များလှတဲ့ခင်မင်မှု


"ရ၊န်သူကို မိတ်ဆွေဖွဲ့နိုင်ရမယ်" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့
တရုတ်စစ်သူကြီးဟိုအန်......
ပိုးလမ်းမကြီးထဲက မျိုးနွယ်စုတွေရဲ့ စ၊စ်ပွဲတွေကို ဖျန်ဖြေ ပေးရုံသာမက သူ့တပ်ဖွဲ့ငယ်လေးနဲ့ အတူ ဧကရာဇ်ကြီးဆီက အမိန့်ကြောင့် ၁၅ရက်အတွင်းခံတ၊ပ်ကြီးကိုပြီးစီးအောင် ဆောက်လုပ်ဖို့ အမိန့်ကျလာပါတယ်
တဖက်မာလဲ သ၊စ္စာ၊ဖောက်ခံရမှုကြောင့် ဘုရင်ငယ်လေးကိုခေါ်ပြီးထွက်ပြေးလာရတဲ့ ရောမ စစ်သူကြီး
အဲ့နှစ်ယောက် တိုက်ခိုက်ရင်းနဲ့မှ မိတ်ဆွေဖြစ်လာကြပြီးရောမ က လူတွေ အကူညီနဲ့ပဲ ခံတပ်ကြီးဟာ ပြီးစီးသွားခဲ့ပါတယ် ဒါပေမဲ့လဲ မိတ်ဆွေဖြစ်မှုဟာ တခဏတောင် မခံလိုက်ပဲ ကံကြမ္မာဆိုးဟာ ဝင်ရောက်လာပါတော့တယ်


Movie Link😍
https://t.me/internmovie/3362
အာဏာကြီးမိသားစုတွေရဲ့အကြောင်းကိုဖော်ထုတ်မဲ့မာဒုန်ဆော့ရဲ့အက်ရှင်ဇာတ်ကားကြမ်း

မာ‌ဒုံဆော့လို့ဆိုလိုက်တာနဲ့ မသိတဲ့သူမရှိတဲ့ Korea Action ကားတွေရဲ့ ခပ်ကြမ်းကြမ်းအနုပညာရှင်

Outlaws 1 နဲ့ 2 နဲ့မှာ ဘယ်လိုတွေကြမ်းခဲ့လဲသိပြီးသားဖြစ်မှာပါ။ ဒီတစ်ခါမှာလည်း စုံထောက်ကြီး Ma Suk Do က ပြစ်မှုတွေကိုစုံစမ်းစစ်ဆေးဖို့အတွက် Jang Tae Soo ဦးဆောင်တဲ့ အဖွဲ့အသစ်ကိုပါ၀င်အားဖြည့်လိုက်ပါတယ်။

Outlaws 3 မှာတော့ Joo Sung Cheol ဆိုတဲ့အင်အားကြီးအာဏာရှိတဲ့ မိသားစုရဲ့သားဖြစ်သူနဲ့သက်ဆိုင်တဲ့ကိစ္စကို ရှာဖွေဖော်ထုတ်ကြမှာပါ။ ရှေ့ အပိုင်းတွေမှာ တရုတ်တွေနဲ့ပတ်သက်ခဲ့သလိုပဲ ဒီအပိုင်းမှာလည်း ဂျပန်ရာကူဇာတွေက စုံထောက်တွေလိုက်မယ့်အမှုမှာပါ၀င်နေမှာပါ။

အရှေ့ပိုင်းတွေမှာပါ၀င်ခဲ့တဲ့သရုပ်ဆောင်တွေအပြင် သရုပ်ဆောင်အသစ်တွေဖြစ်တဲ့ Lee Joon Hyuk , Munetaka Aoki , Lee Beom Soo, Kim Min Jae, Jun Suk Ho, and Go Gyu Pil တို့ပါ ပါ၀င်သွားမှာပါ


Movie Link
https://t.me/moviecinema78/3309


📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
The Travelling Cat Chronicles (2018)

“ခုနစ်ရောင်သက်တံ ဆိုတာ နန ရဲ့သက်တံပေါ့”တဲ့။ဒါကတော့ ကျွန်တော့်သခင် ဆတိုးရု ပြောခဲ့တဲ့စကားပါ။ နန ဆိုတဲ့ ကျွန်တော့်နာမည်က ဂျပန်လိုဆို ခုနစ်မလို့တဲ့လေ။

ဆတိုးရုနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ပုံကို ပြောပြပါဦးမယ်။ကျွန်တော်ဆိုတာ အရင်တုန်းက
လမ်းပေါ်မှာ လေလွင့်နေတဲ့ ကြောင်တေလေတစ်ကောင်ပေါ့ဗျာ။အဲဒီလိုကျွန်တော့်ကိုမှ
တယုတယနဲ့ အစာလာကျွေးနေကျဖြစ်တဲ့ လူသားကတော့ အခု ကျွန်တော့်သခင်ဖြစ်လာတဲ့ ဆတိုးရုပေါ့။

သိတဲ့အတိုင်း စတွေ့တဲ့အချိန်တုန်းက ကျွန်တော်ဟာ ကြောင်လောကမှာလည်း
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ ဆရာကြီးဆိုတော့ မာနကလည်းတစ်ခွဲသားနဲ့ဗျ။
စားစရာရှိတာစားပြီးရင် သံယောဇဥ်တွေအတွယ်မခံ၊ ပွတ်သပ်လည်း မခံဘူး။ဝတ်ကျေတန်းကျေလောက်ပဲ ဆက်ဆံတာပေါ့။

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/438
Deleted24.04.202507:59
🇪🇸Real Madrid အနိုင်

1သောင်း လောင်း
▶️ 18000 ပြန်ရ



🇪🇸 Gatafe အနိုင် ( 5 ဆ )

1သောင်း လောင်း
▶️ 50300 ပြန်ရ


💬
for 1xbet acc - @mmsu78


ဒီည
🇪🇸ရီးရဲလ် ပွဲ တီးဖို့
🇪🇺1xbetအကောင့်ဖွငိ့ချင်ရငိတော့
@mmsu78 ဆီမှာလာဖွင့်လို့ရပတယ
God of Gamblers 1

ဒီဇာတ်ကားလေးကတော့ 2018 က ထွက်ရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတ.်လောင်းကစားလုပ်ကြတဲ့ Gamblers ကားတွေဟာလည်းတမျိုးတစ်ဖုံစိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ကောင်းတယ်ဆိုတာအားလုံးလည်းသိကြပြီးသားဖြစ်မှာပါ..ဒီကားလေးကိုခံစားကြည့်လိုက်ပါဦးအညွန်းကတော့
ကောင်းဖန်ကသာမာန်လူတစ်ယောက်ပါဒါပေမဲ့လောင်းကစားဘုရင်မော့ချင်းမင်နဲ့လောင်းကစားနည်းသင်ကြားပြီးနောက်လောင်းကစားဘုရင်အသစ်ဖြစ်သွားတယ်သို့သော်ထူးဆန်းစွာနဲ့လောင်းကစားလောကကနုတ်ထွက်သွားပြီးဘီယာဆိုင်သူဌေးဖြစ်သွားတယ်လောင်းကစားနဲ့မပတ်သတ်တော့ဘဲချစ်သူနဲ့အတူဘီယာဆိုင်ဖွင့်နေပြီးအေးအေးဆေးဆေးဖြစ်နေသလိုနဲ့ကွယ်ရာမှာတော့လောင်းကစားနည်းတွေလေ့လာနေပြီးစိတ်ထဲမှာအစီစဉ်ကြီးစီစဉ်နေတယ်တစ်နေ့မှာချစ်သူရဲ့အစ်ကိုကလောင်းကစားပွဲတစ်ခုမှာဝင်ပါမိသွားပြီးသေရေးရှင်ရေးပွဲဝင်ပြိုင်ဖို့ရွှေဝါတံဆိပ်ရခဲ့တယ်မိသားစုအတွက်နဲ့စိတ်ထဲကအစီအစဉ်အတွက်ကောင်းဖန်ကအန္တရာယ်တွေကျော်ဖြတ်ပြီးရွှေဝါလောင်းကစားမြို့ရောက်ရှိသွားပြီးပွဲကြီးပွဲကောင်းဖြစ်တဲ့သေရေးရှင်ရေးပွဲကြီးစတင်ပြီးဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ဒီကားလေးထဲမှာဆက်လက်စောင့်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ….

Video In Comment📌
A Better Tomorrow (1986)

(မာဗယ်မှာ မန်ဒရင်းလုပ်မယ့် တိုနီလျောင်ချူဝေနဲ့ ဂျွန်ဝူး တွဲရိုက်ထားတဲ့ မာစတာပိစ်တစ်ကားဖြစ်တဲ့
Bullet In The Head ကိုလည်း များမကြာမီ တစ်နှစ် နှစ်နှစ်အတွင်း တင်ဆက်သွားပါဦးမယ်)
သို့ပေမဲ့ ဒီရုပ်ရှင်ဟာ သမိုင်းတွင်ရုပ်ရှင်ပါပဲ။ ဘာလို့ဆို ဒီရုပ်ရှင်ကို ရိုက်တဲ့အချိန်မှာ
ချောင်ယွန်ဖတ်က ကားရိုက်သာများပြီး တစ်ကားမှ ထင်သလောက် မပေါက်တဲ့သူဖြစ်နေပြီး
ဂျွန်ဝူးကတော့ ဟာသဒါရိုက်တာဖြစ်နေခဲ့တာပါ။ နောက် အရင်က သိုင်းကားတွေသာ ရိုက်ခဲ့တဲ့
မင်းသားကြီး Ti Lungကလည်း ကျစပြုလာပါပြီ။ လတ်စလီချောင်ဆို အဆို‌တော်ဘ၀က
လိုင်းကူးခါစ ဒီရှေ့ကားတွေမှာ လူမသိ သူမသိတွေချည်းပါပဲ။
ဒီလိုအကျဘက်ရောက်နေတဲ့သူတွေစုရိုက်ပြီး ၀က်၀က်ကွဲ
အောင်မြင်သွားခဲ့လို့ သမိုင်းမှတ်တိုင်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
A Better Tomorrowဟာ Remake ပြန်ပြန်အလုပ်ခံရတဲ့ ဂန္တ၀င်အက်ရှင်ကား တစ်ကားပါပဲ။

Video In Comment📌
ဒီတစ်ခေါက်မှာတော့ 2008 ခုနှစ်ထဲကထွက်ရှိထားတဲ့ စစ်ပွဲတွေ တိုက်ပွဲတွေနဲ့ ရင်ဖိုစိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့်

action movie လေးဖြစ်တဲ့ An Empress And The Warriors ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားလေးကတော့ တိုင်းပြည်ရဲ့ ဩဇာအာဏာ ရော၊ရဲစွမ်းသတ္တိတွေရော ပြည့်စုံတဲ့ ဘုရင်နတ်ရွာစံသွားတဲ့အခါ

အရိုက်အရာထီးနန်းဆက်ခံဖို့ အငြင်းအခုန်တွေကြားက တစ်ဦးတည်းသော သမီးဖြစ်သူက ဆက်လက် အုပ်ချုပ်ခဲ့ရပါတယ်။

စစ်ပွဲတွေနဲ့ ငြိမ်းချမ်းမှုမရှိတဲ့ တိုင်းပြည်ကြောင့် ပြည်ပရန်တွေကို အစဉ်အမြဲတိုက်ထုတ်နေရတဲ့ကြားမှ နန်းတော်တွင်း အချင်းချင်းပုန်ကန်ပြီး

အာဏာလုမှုတွေကြောင့် အသက်ပေါင်းများစွာ စတေးရပုံတွေ၊ တရားမျှတမှုအတွက် အသက်ကို ရင်းပြီး တိုက်ခိုက်ပုံတွေကို ကြည့်ရှူရမှာပါ။

စစ်သည်စစ်သားပေမယ့် ချစ်ခြင်းမေတ္တာအပေါ် နူးညံ့ပုံလေးတွေနဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ပြီး ချစ်ခင်သူတွေကို စွန့်လွှတ်ရပုံတွေကို ရသမျိုးစုံရအောင် ရိုက်ကူးပေးထားတဲ့


Movie Link

https://t.me/moviecinema78/3311

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Reposted from:
VIP CLUB MM avatar
VIP CLUB MM
▪️▪️▪️▪️▪️▪️▪️▪️▪️

📈 လက်ကြီးသမားတို့စိတ်ကြိုက်ပလေးကြတဲ့
အကောင်းဆုံးဝက်ဆိုဒ်ကြီး
🎰

👍👍ငွေကြေးအာမခံမှုအပြည့်ရှိပြီး စိတ်ချယုံကြည်ရဆုံး တိုက်ရိုက်ဝဘ်ဆိုဒ်ကြီး

🚨 #VIPCLUBMM ဆိုတာ
🔡🔡🔡🔡🔡 လုံးဝမပေးထားပါဘူးရှင့်

✔️ မှန်ကန်တဲ့နေရာမှာသာ ဆက်သွယ်ကစားကြပါရှင့် 🔼

🌐website - vipclubmm.com
📱 Viber - 09 9 444 75 666
https://msng.link/o?959944475666=vi
📱 Line - @vipclub
https://msng.link/o?vipclub=ln
📱 Telegram - @VIPCLUBMM
https://t.me/VIPCLUBMM
📱Page - VIP Club MM
https://www.facebook.com/vipclubmm
24.04.202502:48
လူငယ်လေးတစ်ယောက်က သူ့အသက် 19နှစ် မတိုင်ခင်အရွယ်မှာ ချက်လက်မှတ် အတုလုပ်မှု၊ ရှေ့နေ့အတု ၊ ဆရာဝန်အတု ၊ လေယာဉ်မှူး အယောင်ဆောင်မှု ဒါတွေကို တစ်ယောက်တည်း လုပ်ပြသွားနိုင်ခဲ့တယ်ဆိုရင် အံဩကောင်းအံဩနေပါလိမ့်မယ် ဒါကတော့ အပြင်လောက က တဂယ့် ဖြစ်ရပ်မှန် တခုဖြစ်ပြီး အမေရိကန်သမိုင်းမာ အငယ်ဆုံးနဲ့ အရဲရင့်ဆုံး လူလိမ်တစ်ယောက်လို့ သတ်မှတ်ခံရတဲ့ထိအောင် တော်လွန်းခဲ့တဲ့ Frank Abagnale ဆိုတဲ့ လူငယ်လေးတစ်ယောက်ပါ ပြည်နယ်50ကျော်မှာ ကိုယ်တိုင် လုပ် ချက်လက်မှတ် အတုနဲ့ ငွေ ပေါင်းများစွာထုတ်ခဲ့ပါတယ်
Georgiaပြည်နယ်ရဲ့ ဆေးရုံတခုမှာ အထောက်အထား အတုနဲ့ ဆရာဝန် ဟန်ဆောင်ခဲ့ပြီး Pan American World Airways လေကြောင်းလိုင်းမှာလဲ လေယာဉ်မောင်းအယောင်ဆောင်ခဲ့ပြီး မိုင်ပေါင်း 2သန်းကျော်ကို မောင်းခဲ့တဲ့ အာဂ လူတစ်ယောက်ပါ။ သူ့အကြောင်းကိုတော့ မင်းသားကြီး Leonardo ရိုက်ကူးခဲ့တဲ့ Catch Me If You Can ဆိုတဲ့ ဒီကားလေးထဲမှာ အကျယ်တဝင့် မြင်တွေ့နိုင်မှာပါ မင်းသားကြီး Tom Hanks နဲ့ Leonardo တို့ အတွဲညီညီ သရုပ်ဆောင်ထားပြီး အချိန်ပေးရကျိူးနပ်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတခုလို့သာ ညွှန်းဆိုလိုက်ပါရစေ

Movie Link
https://t.me/moviecinema78/3304

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Kung Fu Hustle (2004)

အဲဒီထဲမှာ Stephen Chow စတီဖင်ချောင်က action ထက် dark comedy trend ဘက်ကို လိုက်သွားတယ်။ သူ့ရုပ်ရှင်တွေက ဟာသထက် လှောင်ပြောသရော်တဲ့ဘက်ကို ချပြချင်တဲ့သဘောက ပိုများတယ်။ Stephen Chow ဇတ်ကားတွေမှာ အားလုံးသတိထားမိပြီး မသိသူ မရှိလောက်မယ့် ရုပ်ရှင်ကား ၂ ကားရှိတယ်။ အဲဒါ Shaolin Soccer နဲ့ Kung fu Hustle ပါ။ Stephen Chow ဒါရိုက်တာအဖြစ် တာ၀န်ယူရိုက်ကူးတဲ့ (၇) ကားမြောက် ရုပ်ရှင်ပါ။ သူ့အတွက် Lucky 7 ဖြစ်ခဲ့ပါတယ်။ 2001 မှာ Shaolin Soccer မတိုင်ခင် ရှေ့မှာ ကားတွေအများကြီးရိုက်ခဲ့ပေမယ့် နိုင်ငံတကာ သိလောက်တဲ့အထိ မပေါက်ခဲ့ဘူး။ Shaolin Soccer ထွက်အပြီးမှာတော့ အကြီးအကျယ် အောင်မြင်ပြီး Stephen Chow ဆိုပြီး နိုင်ငံတကာက သတိထားမိလာခဲ့တယ်။ လူသိများလာတယ်။  2004 မှာ ထွက်ခဲ့တဲ့ Kungfu Hustle ဟာ ဟောလိဝုဒ်ရော ဥရောပဘက်ထိပါ တစ်ကမ္ဘာလုံးအတိုင်းအတာထိ အကြီးအကျယ် ပေါက်ခဲ့တယ်။ ၀င်ငွေအရလည်း အောင်မြင်ခဲ့သလို နိုင်ငံတကာဆုတွေလည်း အများကြီးရခဲ့တယ်။


Movie Link
https://t.me/moviecinema78/3301

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Reposted from:
VIP CLUB MM avatar
VIP CLUB MM
💦မြန်မာ့သင်္ကြန်နှစ်သစ်မှစပြီး မြန်မာပြည်သူ ပြည်သားများ ကပ်ကြီး ၃ ပါးမှ ကင်းလွတ်၍ပူပင်သောကများ အမြန်ဆုံးငြိမ်းချမ်းကြပါစေကြောင်း
VIP CLUB MM မှ ဆုတောင်းလိုက်ပါတယ်ရှင့် ❤️🙏

📱Telegram - @VIPCLUBMM
https://t.me/VIPCLUBMM

📱Viber - 09 9 444 75 666
https://msng.link/o?959944475666=vi

📱Line - @vipclub
https://msng.link/o?vipclub=ln

📱Page - VIP Club MM
https://www.facebook.com/vipclubmm

🌐website - vipclubmm.com

#vipclubmm
#thingyanfestival
Chaos (2005)

မင်းသားကြီးJason Statham ပါဝင်တဲ့ အက်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်…ပြန်ပေးဆွဲမှုတစ်ခုမှာ ပြန်ပေးသမားရော ဓားစာခံပါဆုံးပါးသွားရတာကြောင့်
တာဝန်ရှိ ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ ကော်နာစ်နဲ့ ယော့ခ်မှာယော့ခ်ကို အလုပ်ထုတ်ပြီး ကော်နာစ်ကို တာဝန်က ဆိုင်းငံ့ခဲ့ပါတယ်။ဒီလိုနဲ့ ကော်နာစ်ကို ပြန်တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်စေခဲ့တဲ့အကြောင်းကတော့အခြားမဟုတ်ပါဘူး။ ဘဏ်ဓားပြမှုတစ်ခုပါပဲ။ အဲဒီအမှုကို ကျူးလွန်တဲ့ ဘဏ်ဓားပြတွေကစုံထောက်ကော်နာစ်ကလွဲရင် ဘယ်သူနဲ့မှ စကားမပြောချင်ဘူးလို့ တောင်းဆိုလာတာကြောင့်ကော်နာစ်တစ်ယောက် အမှုအခင်းတွေကြားကို ပြန်လည်ရောက်ရှိခဲ့ရပါပြီ။ဒါ့အပြင် စုံထောက်ပေါက်စလေး ရှိန်းဒက်ကာကိုပါ တွဲဘက်အသစ်အဖြစ်ရရှိခဲ့ပါသေးတယ်။ စိတ်အချဉ်ပေါက်နေပေမယ့် အလုပ်မှာသိပ်တော်လွန်းတဲ့ ကော်နာစ်တစ်ယောက် ရှိန်းနဲ့အတူ ဓားပြတွေကိုဖော်ထုတ်ပြီး မိအောင်ဖမ်းနိုင်ပါ့မလားဆိုတာကတော့..

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/434
Shown 1 - 24 of 895
Log in to unlock more functionality.