Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
မြန်မာစာတန်းထိုး ဇာတ်လမ်းတွဲများ avatar

မြန်မာစာတန်းထိုး ဇာတ်လမ်းတွဲများ

TGlist rating
0
0
TypePublic
Verification
Not verified
Trust
Not trusted
Location
LanguageOther
Channel creation dateFeb 06, 2025
Added to TGlist
Sep 18, 2024

Records

06.02.202523:59
101.5KSubscribers
02.11.202423:59
1200Citation index
16.12.202404:06
19KAverage views per post
15.01.202500:55
19KAverage views per ad post
21.09.202423:59
8.03%ER
21.09.202423:59
101.91%ERR

Popular posts မြန်မာစာတန်းထိုး ဇာတ်လမ်းတွဲများ

The Bondsman (2025)
****
IMDb Rating (7.2) / Rotten Tomatoes (83%)



ဒီစီးရီးကတော့ ကြေးစားမုဆိုးတစ်ယောက်ကို ငရဲကနေ ခဏပြန်ရှင်ခိုင်းပြီး နတ်ဆိုးတွေကို အမဲလိုက်ခိုင်းတဲ့ သဘာဝလွန် ဟော်ရာ အက်ရှင် အမျိုးအစားပါ။

ရိုက်ချက်တွေက လူတွေ စုတ်ပြတ် တွန့်လိမ်ကောက်ကွေးနေအောင် ကျုံးတာတွေ ပါပြီးကြမ်းလို့ Evil Dead အထာမျိုးကြိုက်တဲ့လူ‌တွေ ကြည့်သင့်ပါတယ်။

မင်းသားကလည်း ဂျစ်ကန်ကန် အထာကျကျစတိုင်နဲ့ Kevin Bacon မို့ ကြည့်လို့ကောင်းမှာပါ။

ဇာတ်လမ်းအကျဉ်း

ဟပ်ဟယ်လိုရန်ဟာ တရားခံပြေး ကြေးစားဖမ်းတဲ့သူပါ။ တစ်နေ့မှာတော့ တရားခံတစ်ယောက်ကိုလိုက်ဖမ်းရင်း လုပ်ကြံခံလိုက်ရပါတယ်။

ဒါပေမဲ့ သူ ပြန်နိုးလာပြီး ပြန်ရှင်လာပြီး ဘာမှန်းညာမှန်းမသိ သူ့ကိုဆော်သွားတဲ့သူတွေနောက်ကို ပြန်လိုက်ရှင်းပါတော့တယ်။

ဒါပေမဲ့ နောက်မှ သိလာရတာက သူငရဲအထိ ရောက်သွားပြီးမှ စေတန်ခိုင်းတာလုပ်ဖို့ ခဏ ပြန်ရှင်ခိုင်းလိုက်တာဆိုတာပါပဲ။

ဒီတော့ ငရဲကြေးစားဖြစ်သွားတဲ့ ဟပ်တစ်ယောက်ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရမှာပါ။


ချန်နယ်ကိုအရင် join ပါ
⬇️⬇️⬇️
https://t.me/+FO2Gbzo2HoY1ZTA1

ကြည့်ရန်
⬇️⬇️⬇️
https://t.me/c/2417226403/200
The Last of Us (2025)
***

အပိုင်း(2)ရပါပြီ

ဇာတ်လမ်းအကျဉ်း

မှိုပိုးတစ်မျိုးကြောင့် လူတွေ အသားစားတဲ့ဇွန်ဘီးတွေလိုဖြစ်သွားပြီး ကမ္ဘာပျက်သွားပြီးနောက် နှစ် ၂၀ မှာအခြေပြုထားပါတယ်။

နယ်မြေတိုင်းမှာ သီးသန့်ဇုံတွေနဲ့ FEDRA အဖွဲ့ကစစ်အာဏာရှင်အဖြစ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေပါပြီ။

ဇုံတွေထဲက ခိုးထွက်ရင် ခိုးဝင်ရင်ကို ကြိုးပေးသတ်ပါတယ်။ သူတို့တွေကို ပိုးစုန်းကြူးတွေဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေကလည်းတိုက်ခိုက်နေပါတယ်။

ဂျိုအယ်ကတော့ ဘော့စ်တွန် သီးသန့်နယ်မြေထဲကမှောင်ခိုသမားတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့ညီကိုရှာဖို့ခိုးထွက်ဖို့ကြိုးစားချိန်မှာ

ပိုးစုန်းကြူးတော်လှန်ရေးအဖွဲ့ကလည်းဗရိုနီကာဆိုတဲ့ ကလေးမလေးကို အရမ်းအရေးကြီးတဲ့အကြောင်းတစ်ခုနဲ့ ကယ်ထုတ်ဖို့ ကြိုးစားနေပါပြီ။

ဂျိုအယ်နဲ့ ပိုးစုန်းကြူးအဖွဲ့တွေ့ပြီး ဗရိုနီကာနဲ့ဘယ်လိုစွန့်စားခန်းတွေ ဖွင့်မလဲဆိုတာကိုတော့..


ချန်နယ်ကို အရင် join ပါ
🔽🔽🔽
https://t.me/+FO2Gbzo2HoY1ZTA1



ကြည့်ရန်
⬇️⬇️⬇️
https://t.me/c/2417226403/246
Vigilante(2023)
***

အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး

ဒီဇာတ်ကားလေးက နာမည်ကြီး Webtoon ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး Nam Joo Hyuk စစ်မှုမထမ်းခင် နောက်ဆုံး ရိုက်သွားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

အဲဒီအပြင် ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသား ၊မင်းသမီးတွေနဲ့တင် မထွက်ခင်ကတည်းက ဒရာမာ ပရိတ်သတ်တွေ ကြားထဲမှာ နာမည်ကြီးနေခဲ့တဲ့ ဇာတ်ကားလေးပါ။

Nam Joo Hyuk ကိုလည်း လုံးဝ မမြင်ဖူးသေးတဲ့ ဇာတ်ကောင်ပုံစံနဲ့ တွေ့ရမှာဖြစ်ပါတယ်.

ဂင်ဂျီယုံး ငယ်စဉ်က သူ့အမေ့ကို လူမိုက်တစ်ယောက်က အကြောင်းပြချက်မရှိဘဲ လမ်းပေါ်မှာ

ရက်ရက်စက်စက် သတ်ပစ်ခြင်း ခံလိုက်ရပါတယ်။ အဲဒီလို အပြစ်မဲ့ ပြည်သူတစ်ယောက်လုံး

အသတ်ခံလိုက်ရတာတောင် တရားခံက တရားဥပဒေအရ ထောင်ဒဏ် ၃နှစ်ပဲ အချခံခဲ့ရပါတယ်။

ဂျီယုံး အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့မိဘတွေကို သတ်သွားတဲ့ ရာဇဝတ်ကောင်ကို လက်စားချေဖို့ ရဲ တက္ကသိုလ်ထဲ

ဝင်ခဲ့ပါတော့တယ်။ ရဲတက္ကသိုလ်ထဲ ဝင်ပြီးနောက်မှ သူ့အမေကို သတ်သွားတဲ့ ရာဇဝတ်ကောင်က

အရင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ လူ့အဖွဲ့အစည်းထဲမှာ သာမန်လူတစ်ယောက်လို နေထိုင်နေတာကို

တွေ့လိုက်ရတဲ့အခါ တရားဥပဒေနည်းအရမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဲဒီရာဇဝတ်ကောင်ကို အပြစ်ပေးဖို့ လုပ်ပါတော့တယ်။

အဲဒီအချိန်က စပြီး ဂျီယုံးက လုံးဝမတူတဲ့ ဘဝနှစ်ခုနဲ့ နေထိုင်ပါတော့တယ်။

နေ့ဘက်တွေမှာဆိုရင် ရဲတက္ကသိုလ်မှာ ဥပဒေကို လိုက်နာပြီး လေးစားတဲ့ စံပြကျောင်းသားလေး ဖြစ်ပြီး

ညဘက်တွေမှာတော့ ကြီးမားတဲ့ အပြစ်တွေ ကျူးလွန်ခဲ့ပေမဲ့ ဥပဒေကို အလွဲသုံးစားပြုပြီး ပေါ့ပေါ့တန်တန် အပြစ်ဒဏ်တွေပဲ

အချခံရတဲ့ ရာဇဝတ်ကောင်တွေကို ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အပြစ်ပေးတဲ့ Vi*gil*an*te ဆိုတဲ့ တရားဘက်တော်သားအနေနဲ့ နေထိုင်ပါတယ်။

အဲဒီလို တရားဝင်အဖွဲ့အစည်းတွေက ထိထိရောက်ရောက်အရေးမယူတဲ့ ရာဇဝတ်ကောင်တွေကို

တစ်ကိုယ်တော် လှုပ်ရှားပြီး အပြစ်ပေးနေတဲ့ Vi*gil*an*te ကို ကူညီပေးတဲ့သူတွေလည်း ရှိနေပြီး

ဖမ်းချင်နေတဲ့ သူတွေလည်း အများကြီးရှိနေပါတယ်။

အဲဒီတော့ ဂျီယုံးက ရာဇဝတ်ကောင်တွေကို ဘယ်လို အပြစ်ပေးမလဲ ▪︎▪︎▪︎

အဆုံးထိ သူဟာ Vi*gi*lan*te ဆိုတာ မမိသွားဘဲ ရဲတက္ကသိုလ်က စံပြကျောင်းသားလေးအနေနဲ့ပဲ

နေနိုင်သွားမလားဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်သွားရမယ့် Action , Thriller ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

Movie Link 👇
https://t.me/channelh2025/410
ခွေးလေးကိုသတ်သွားတဲ့ဂိုဏ်းခေါင်းဆောင်သားကြောင့် ကြေးစားလောကထဲပြန်လာတဲ့အခါ...

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဂျွန်ဝစ် (1,2,3,4)

အညွှန်း*
🔽🔽🔽

ကြေးစားလူသ!တ်သမားလောကရဲ့ ဒဏ္ဍာရီတစ်ယောက်ဖြစ်တဲ့ ဂျွန်ဝစ်ဟာ ကြေးစားလောကကနေ အနားယူပြီးခွေးလေးတစ်ကောင် ကားတစ်စီးနဲ့ အေးအေးဆေးဆေး ဘဝကိုဖြတ်သန်းနေသူပါ။ ဒါပေမဲ့ သူ့အတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့ခွေးလေးကို သ!တ်ပြီး ကားကိုခိုးသွားတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့သားကြောင့် လူသ!တ်သမားလောကထဲကို ကလဲ့စားချေဖို ပြန်ဝင်လာခဲ့ရပါတော့တယ်။ သူ့ရဲ့မိတ်ဆွေ ဘုံနယ်မြေဟိုတယ်ပိုင်ရှင် ဝန်စတန်ကတော့ သူ့ကို သတိပေးခဲ့ပါတယ်။ ဒီရေကန်မျိုးထဲကိုလက်သန်းလေးပဲ ပြန်နှစ်ကြည့်ရင်တောင် မင်းတကိုယ်လုံးကို ဆွဲချသွားလိမ့်မယ်တဲ့။ တကယ်လည်း ဂျွန်ဝစ်ပြန်ထွက်မရခဲ့ပါဘူး။ လက်စားချေစရာတွေပြီးတော့ လက်စားချေစရာတွေ ထပ်ပေါ်လာတယ်။ ပြန်ရုန်းထွက်ဖို ကြိုးစားရင်း ထပ်ထပ်နစ်ဝင်လာပြီး နောက်ဆုံးမှာတော့ ကြေးစားလောကတစ်ခုလုံးရဲ့ အစိုးရလို ခေါ်လိုရတဲ့ အထက်ကောင်စီရဲ့ အလိုအရှိဆုံးရန်သူပါဖြစ်လာခဲ့ပါပြီ။ အပိုင်း ၃ မှာတုန်းက ဝင်စတန်ရဲ့ လက်ချက်ကြောင့် တိုက်ပေါ်က ပြုတ်ကျသွားခဲ့ပြီး အပိုင်း ၄ မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။ ဂျွန်ဝစ်လိုချင်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို ဒီအပိုင်းမှာ ရှာနိုင်ပါ့မလားဆိုတာ…။

Movie Link 👇
https://t.me/khanthtookyaw2233/11
The Haunted Palace (2025)
**

Poster စထွက်လာကတည်းက စိတ်ဝင်စားမှုတွေကို ရရှိထားပြီးတော့ အကြာကြီးနေမှ
ကေဒရာမာချစ်သူတွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာတဲ့ Rom-com , Fantasy
အမျိုးအစားဖြစ်တဲ့ နန်းတွင်းကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ဇာတ်ကားလေးထဲမှာတော့ BTOB ရဲ့အဖွဲ့ဝင် Yook Sung-Jae, 25-21 ကားထဲမှ ဂိုယူရင်
အဖြစ်လူသိများထားတဲ့ WJSN အဖွဲ့ဝင် အလှလေး Bona နဲ့ Flower of Evil မှ
မင်းသားကြီး Kim Ji-Hoon တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာကြောင့် Cast နဲ့တင်
ပစ်ရက်စရာမရှိတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း
*

Yoon Gab(Yook Sung-Jae) ဟာ ဂုဏ်သိက္ခာရှိပြီးတော့ ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရ
အမှုထမ်းတစ်ဦးပါ .. ။ တစ်နေ့မှာတော့ .. ဖြစ်ရပ်တစ်ခုကြောင့် ဂန်ချောလ်လို့ အမည်ရတဲ့ ..
ကောင်းကင်ပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ အီမူဂီ (ခေါ်) ဒဏ္ဍာရီလာသတ္တဝါဟာ Yoon Gab ရဲ့
ခန္ဓာကိုယ်ကို အပိုင်ရယူသွားပါတယ်။ အဲဒီနောက် Yoon Gab ဟာလည်း အပြုအမူတွေလည်း
စတင်ပြောင်းလဲလာပြီး လူတွေဆီကနေ အကြည်ညိုပျက်ခံလာရပါတော့တယ် .. ။

Yoon Gab နဲ့ အတိတ်တုန်းက အချစ်ဦးတွေဖြစ်ခဲ့ကြတဲ့ Yeo-Ri (Bona)ကတော့ နာမည်ကြီး
နတ်ဝင်သည်ရဲ့ တစ်ဦးတည်းသော မြေးမလေးဖြစ်ပြီး .. ဝိညာဉ်ရေးရာ ပါရမီတွေကိုလည်း
အမွေဆက်ခံထားရသူတစ်ဦးပါ။ ဒါပေမဲ့ သူမဟာ နတ်ဝင်သည်ဖြစ်လာရမဲ့ ကံကြမ္မာကို ငြင်းဆန်ပြီး
အေးအေးချမ်းချမ်းနဲ့ မျက်မှန်ပြုလုပ်သူအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
အဲဒီလိုနဲ့ တစ်ရက်မှာတော့ စွမ်းအားပြင်း အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေနဲ့ ပြည့်နေတဲ့
နန်းတော်ထဲကို ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် .. ။

တစ်ဖက်မှာလည်း တိုင်းပြည်ကို တိုးတက်ပြောင်းလဲ‌စေဖို့အတွက် စိတ်အားထက်သန်လှတဲ့ ဘုရင်
Lee Sung(Kim Ji-Hoon)…

နန်းတွင်းထဲမှာ ထူးဆန်းပြီး မယုံနိုင်စရာကောင်းတဲ့ ဝိညာဉ်ရေးရာပြဿနာတွေဖြစ်လာတဲ့အခါမှာ...

Yoon Gab ရဲ့ ခန္ဓာကိုယ်နဲ့ အီမူဂီသတ္တဝါ ၊ ဝိညာဉ်ရေးရာတွေမှာ ပါရမီပါတဲ့ Yeo-Ri ..
သန်မာဖြောင့်မတ်တဲ့ ဘုရင် Lee Sung တို့ဟာ ဘယ်လိုတွေ ပူးပေါင်းပြီးတော့ လျှို့ဝှက်ချက်တွေကို
အဖြေရှာသွားကြမလဲ ..

ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းသွားကြမလဲဆိုတာကို .. အရိုတစ်လှည့် ၊ ဟာသတစ်လှည့်ရောကာ
ဇာတ်ကွက်ဆန်းဆန်းလေးတွေနဲ့ ရိုက်ကူးတင်ပြထားတဲ့ နန်းတွင်းကားကောင်းလေးဖြစ်တာကြောင့်
ခံစားကြည့်ရှုကြည့်ကြပါဦးနော်။

ချန်နယ်ကို အရင် join ပါ
🔽🔽🔽
https://t.me/+FO2Gbzo2HoY1ZTA1

Movie Link
⬇️⬇️⬇️
https://t.me/c/2417226403/238
Undercover High School (2025)
****

အပိုင်းသစ် (9)ရပါပြီ

-ဇာတ်လမ်းအညွှန်း-
Jung Hae Seong ( Seo Kang Jun) ကတော့ အမျိူးသားထောက်လှမ်းရေးဌာနမှ အေးဂျင့်တစ်ဦးဖြစ်ပြီး
အမှုတစ်ခုကို စုံစမ်းရင်း ပြဿနာဖြစ်ခဲ့တဲ့အတွက်ကြောင့် ရာထူး အချခံလိုက်ရပါတယ်။
အဲဒီနောက်မှာတော့ Go Jong ဘုရင်ရဲ့ ပျောက်ဆုံးနေတဲ့ ရွှေချောင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းဖို့အတွက်
ဗြောင်းမွန်းအထက်တန်းကျောင်းမှာ ကျောင်းသားအဖြစ်ဟန်ဆောင်ဖို့ ဖြစ်လာပါတော့တယ်။
Su A ( Jin Ki Joon) ကတော့ ကိုရီးယားသမိုင်းဘာသာရပ်ကိုသင်ကြားနေတဲ့ စာချုပ်ဆရာမတစ်ဦးဖြစ်ပြီး
ဖြောင့်မတ်တည်ကြည်ကာ ကျောင်းသားတွေအပေါ်မှာ စေတနာထားတတတ်တဲ့သူဖြစ်ပါတယ်။
တစ်နေ့မှာတော့ ဗြောင်းမွန်းအထက်တန်းကျောင်းကို ပြောင်းဖို့ဖြစ်လာခဲ့ပြီး Jung Hae Seong ရဲ့
အတန်းပိုင်ဆရာမဖြစ်လာခဲ့ပါတယ်။
သူ့ ငယ်ဘဝရဲ့ အချစ်ဦးနဲ့ တူနေတဲ့ Jung Hae Seong ကို တွေ့လိုက်တဲ့ အခါမှာတော့...
သူတို့နှစ်ဦးဘယ်လိုဆက်ဖြစ်ကြမှာလဲ..
Jung Hae Seongကရော သရုပ်မှန်ကိုဖုံးကွယ်ပြီး အဆုံးထိစုံစမ်းသွားနိုင်မှာလား...

Movie Link 👇
https://t.me/channelh2025/366
အကျင့်ပျက်နန်းတွင်းအရာရှိတွေကို ပညာပေးဖို့ဖြစ်လာတဲ့အခါ.....

Kundo :Age of the Rampant

ဒီကားက ဂျိုဆွန်းခေတ်က အရင်းရှင်တွေ မင်းမှုထမ်းတွေက တောင်သူလယ်သမားတွေအပေါ်နဲ့ချို့တဲ့သူတွေကိုအနိုင်ကျင့်တဲ့အတွက်ကြောင့် သိုင်းပညာတော်တဲ့သူတွေစုပြီး တွန်းလှန်တဲ့အကြောင်းကိုရိုက်ပြထားတာပါ...

ဇာတ်လမ်းဇာတ်ကွက်လည်းကော-င်းသလို ပါ၀င်တဲ့သရုပ်ဆောင်တွေကလည်း ကိုရီးယားရဲ့ နာမည်ကျော်တွေကြီးပဲစုရိုက်ထားသလားမှတ်ရပါတယ်။

Movie Link 👇
https://t.me/khanthtookyaw2011/245
စာဖိုမှူးဘ၀နဲ့ဇာတ်မြှုပ်ထားတဲ့ဂန်းစတားကြီးကိုမှရန်စမိကြရာ...

Start Up (2019)

ထယ်အီဆိုတဲ့ကောင်လေးဟာ အထက်တန်းကျောင်းကထွက်ပြီး ကလေကချေဖြစ်နေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ပါ
ဒီအရွယ်မှာ ဖြစ်တတ်တဲ့သဘာဝအတိုင်း မိခင်ဖြစ်သူနဲ့အဆင်မပြေဖြစ်ကာ အိမ်ကသွားထွက်သွားခဲ့ပါတယ် နောက်တော့ နေထိုင်စားသောက်ဖို့အတွက် စားသောက်ဆိုင်တစ်ဆိုင်မှာဝင်လုပ်ခဲ့ပါတယ်
တစ်ချိန်ထဲမှာပဲ ထယ်အီရဲ့ မိုက်ဖော်မိုက်ဖက်သူငယ်ချင်း ဆန်းပယ်ကလည်း အကြွေးရှင်လုပ်ငန်းတစ်ခုမှာ အလုပ်ရသွားခဲ့ပါတယ် သူတို့နှစ်ယောက် အလုပ်ခွင်မှာကြုံတွေ့ရမယ့် အဖြစ်အပျက်တွေက သူတို့ရဲ့ဘဝကို ဘယ်လိုတည့်မတ်ပေးသွားမလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်

ချန်နယ်ကို အရင် join ပါ👇
https://t.me/+vI4MQKnHsC85NTQ1

Movie Link 👇
https://t.me/c/2485626952/20
သူငယ်ချင်းသုံးယောက်ပေါင်းပြီး အနိုင်ကျင့်သူတွေကို lesson ပြန်ပေးသောအခါ..

➪➪➪➪➪➪➪➪➪➪➪➪➪➪

Weak hero class season 1

အားနည်းတဲ့သူက အရှုံးပေးရတဲ့ လောကကြီးဆိုပေမယ့် အဲဒါလည်း အမြဲမမှန်ပါဘူး

အမြဲတမ်း တစ်ကျောင်းလုံး အဆင့် ၁ ရနေကျယွန်းရှီအွန်းဟာ သက်လုံပိုင်းရော ကိုယ်ကာယပိုင်းမှာပါ အားနည်းလို့ အနိုင်ကျင့်ချင်စရာလေးဖြစ်နေပါတယ်

ဒါပေမဲ့ ယွန်းရှီအွန်းဟာ သူ့ရဲ့ထက်မြက်မှုတွေ ဖြတ်ထိုးဥာဏ်တွေနဲ့ ကျောင်းတွင်းမှာရော ကျောင်းပြင်မှာရော ဆရာတစ်ဆူဖြစ်အောင်လုပ်သွားမှာပါ

ဒီဇာတ်လမ်းဟာ Webtoon ကိုပြန်ရိုက်ထားတာဖြစ်ပြီး Wanna One ရဲ့အဖွဲ့ဝင်ဟောင်း Flower boy Park Ji Hoon က ရှီအွန်းအဖြစ် ပါဝင်သွားမှာဖြစ်ပြီ

Movie Link 👇
https://t.me/channelh2025/490
အတိတ်မေ့နေတဲ့ ကြေးစားလူမိုက်ကြီးကနာမည်ကြီးသရုပ်ဆောင်ဖြစ်လာခဲ့ရာ

➪➪➪➪➪➪➪➪➪➪➪➪➪➪

Luck Key (2016)
***

ယွန်းဂျယ်ဆောင်းဆိုတဲ့လူငယ်လေးတစ်ယောက်ဟာအလုပ်မှန်သမျှမှာလည်း မအောင်မြင် အကြွေးတွေကလည်း ပတ်လည်ဝိုင်း ဂရုစိုက်မယ့်သူလည်းမရှိ တွယ်ရမဲ့စုတ်ပြတ်နေတဲ့ဘ၀ကြောင့် ကိုယ့်ကိုကိုယ် သတ်သေဖို့အထိတောင်ကြိုးစားဖူးတယ်ဒီလိုနဲ့ တစ်နေ့တော့ အများသုံးရေချိုးကန်ကိုသွားရေချိုးဖြစ်တယ်သူရေသွားချိုးတဲ့အချိန် လူတစ်ယောက်ကိုသတိထားမိသွားတယ်အ၀တ်အစားနဲ့ ပတ်တဲ့နာရီကိုကြည့်ရုံနဲ့ အရမ်းချမ်းသာပုံရတဲ့လူတစ်ယောက်ကိုဆိုပါတော့ အဲ့ဒီလူဟာ တိုက်ဆိုင်စွာပဲ ရေချိုးခန်းထဲမှာ ဆပ်ပြာတုံးတစ်တုံးကြောင့် လဲကျပြီး ခေါင်းနဲ့ကြမ်းပြင်ကိုရိုက်မိကာဆေးရုံရောက်သွားတယ်စိတ်ဓာတ်ပျက်ယွန်းဂျယ်ဆောင်းတစ်ယောက်လဲကျနေတဲ့သူရဲ့ရေချိုးခန်းအ၀တ်အစားထားတဲ့အခန်းသော့ကို ချက်ချင်းလဲလိုက်တယ်တခြားသူက ဆေးရုံရောက်သွားပေမယ့် ယွန်းဂျယ်ဆောင်းအတွက်တကယ့်ပွပေါက်ပဲနာရီအကောင်းစားပိုက်ဆံအိတ်ထဲလည်း ပိုက်ဆံအပြည့်ပါတဲ့အပြင်ကားအကောင်းစားရဲ့ GPS ကလည်း တန်ဘဖိုးကြီးမြင့်လွန်းတဲ့အိမ်ဆီ‌ေရာက်ပြီးအဲ့နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့...

Movie Link 👇
https://t.me/channelh2025/473
When Life Gives You Tangerines (2025)
****

အပိုင်းသစ်(13,14,15,16)ပြီးပါပြီ

ဂျယ်ဂျူကျွန်းပေါ်က Ae-Sun (IU)ဆိုတဲ့ကောင်မလေးကတော့ စာအုပ်ဖတ်ရတာကို ချစ်မြတ်နိုးပြီး
နာမည်ကျော်ကြားတဲ့ ကဗျာဆရာမဖြစ်လာဖို့ ရည်မှန်းချက်ရှိသူ‌လေးပါ .. ။ ဆင်းရဲတဲ့ မိသားစု
နောက်ခံကြောင့် ကျောင်းတက်ခွင့်မရပေမဲ့လည်း ခေါင်းမာပြီး ကလန်ကဆန်နဲ့ ထင်ရာစိုင်းတတ်တဲ့
အကျင့်လေးကြောင့် သူမရဲ့အိပ်မက်ကို လက်လျှော့ဖို့လည်း နည်းနည်းလေးမှ စိတ်မကူးခဲ့ပါဘူး။

သူမရဲ့ ငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ Gwan-Sik(Park Bo-Gum) ဆိုတဲ့ စကားနည်းတဲ့ကောင်လေးကတော့
ရိုးသားကြိုးစားပြီး Ae-Sun အတွက်သာ အမြဲတမ်းရှိနေပေးပြီး သူကလွဲပြီး ဘာကိုမှမသိတဲ့သူမျိုးပါ။

1950 ခုနှစ်ရဲ့ ဂျယ်ဂျူကျွန်းပေါ်က လူငယ်လေးနှစ်ယောက်ရဲ့ ငယ်ရွယ်မှုဘဝတွေ ၊ မဖြစ်နိုင်တဲ့
အခြေအနေတွေကြားက မက်ခဲ့ရတဲ့အိပ်မက်တွေ ၊ ဖြူစင်ရိုးသားတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ယောက်ကို
တစ်ယောက် ဘေးနားကနေ ဘယ်လိုအနစ်နာခံပြီး ဖြည့်ဆည်းပေးသွားကြမလဲဆိုတာကို နစ်မြောဖွယ်
ကြည့်ရှူရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်တာကြောင့် လက်လွှတ်မခံဘဲ စောင့်ကြည့်လိုက်ကြပါဦးနော်။

Movie Link 👇
https://t.me/channelh2025/455
The Vill*ain*ess (2017)

ဇာတ်လမ်းအကျဉ်းကတော့ တရုတ်ပြည်နယ်ဘက်မှာ ငယ်စဉ်ကတည်းက လုပ်ကြံသတ်ဖြတ်ရေးပညာရပ်တွေကို သင်ကြားခဲ့ရတဲ့ Sook -hee လို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ပညာတွေပြည့်စုံလာချိန်မှာတော့ တောင်ကိုရီယားနိုင်ငံထဲက အေဂျင်စီတစ်ခုမှာ အပေးအယူတစ်ခုနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်

သူမရဲ့ပကတိဆန္နက သာမန်လူတွေလိုပဲ ဘဝကိုဖြတ်သန်းချင်တာဖြစ်တဲ့အတွက် ဆယ်နှစ်တိတိ တာဝန်ယူထမ်းဆောင်ပြီး အနားယူခွင့်ပေးရမယ်ဆိုတဲ့ ကတိပဲဖြစ်ပါတယ်

ဒါပေမယ့် သူမအပေါ်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာနဲ့အခြားသောသူစိမ်းတစ်ယောက်နဲ့ ပြန်လည်ပတ်သက်မိချိန်မှာတော့ သူမလိုချင်တဲ့ အေးချမ်းတဲ့ဘဝကို ရရှိဖို့ မသေချာတော့ပါဘူး

အဲဒီနောက်မှာ သူမဘဝအစိတ်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့

ဒီကားက ဟိုးအရင်က ဂျက်မတို့လို အမျိုးသမီးအက်ရှင်ကားတွေကို ပြန်သတိရသွားစေတယ်

ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျုးသံတွေကိုလဲ အများကြီး ရထားတဲ့ ကားလေးပါ

Movie Link 👇
https://t.me/khanthtookyaw2011/223
ဇာတ်မြှုပ်နေထိုင်နေတဲ့ ဓားသမားရဲ့ သမီးကိုကျွန်အဖြစ်ရောင်းစားမိတဲ့အခါ...

➪➪➪➪➪➪➪➪➪➪➪➪➪➪

အညွှန်း*
🔽🔽🔽🔽

IMDb…7/10

ဂျိုဆွန်းပြည်ဟာ မြောင်နိုင်ငံကို စစ်ရှုံးပြီးတော့ နောက်ဆက်တွဲအကျိုးဆက်တွေက အတော်ဆိုးပါတယ်…

စားနပ်ရိက္ခာတွေအပြင် မိန်းကလေးကျွန်တွေပေးနေရပါတယ်….

တဖြည်းဖြည်း မြောင်နိုင်ငံဟာ နောက်ထပ်စစ်ပွဲတစ်ခုကိုဉီးတည်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ပဲလားမသိ…

ကျွန်အရေတွက်တွေ တိုးလို့တောင်းခံသလို အထူးလေ့ကျင့်ထားတဲ့ စစ်သည်တွေကိုလည်း ဂျိုဆွန်းကိုစေလွှတ်ထားပါတယ်…

ဂျိုဆွန်းရဲ့ မှူးမတ်တွေရဲ့အကြံကလည်းတော်တော်ယုတ်မာပါတယ်..သူတို့သမီးတွေ ကျွန်အဖြစ်မပေးရရေးကို

စားဖို့တောင်အနိုင်နိုင်ြဖစ်နေတဲ့ ရွာလေးတွေက သမီးတွေကို မွေးစားသမီးလုပ်မယ်ဆိုတဲ့မက်လုံးနဲ့ခေါ်ယူမွေးပြီး

ကျွန်အဖြစ်ပေးဖို့ကြံကြပါတယ်…ဒီလိုနဲ့မွေးစားခံဖို့ခေါ်တဲ့အထဲမှာ သမီးလေးတစ်ယောက်ရဲ့အဖေဟာ

ဇာတ်မြှုတ်နေတဲ့ အထူးဓားရေးကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာတဲ့အခါမှာတော့…

Movie Link
⬇️⬇️⬇️
https://t.me/channelh2025/519
ရှေးဟောင်းပစ္စည်းတွေကိုဖောက်ထွင်းဖို့ ကြိုးစားရင်းဘာတွေဆက်ဖြစ်မလဲဆိုတာ..

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဖောက်ထွင်းလူလိမ်လို့ခေါ်ရလောက်အောင် ရှေးဟောင်းပစ္စည်းတွေကို ဖောက်ထွင်းပြီး
ဈေးကောင်းပေးတဲ့နေရာမှာ ပြန်ရောင်းစားတဲ့ ဂန်ဒုန်ဂူဆိုတဲ့လူတစ်ယောက်ဟာ
အပေါ်ယံမှာတော့ ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်ပြီး နောက်ကွယ်မှာ
ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားနေတဲ့ ဥက္ကဋ္ဌဂျင်ဆန်းဂူဆိုတဲ့လူနဲ့ပတ်သတ်ဖို့ဖြစ်လာခဲ့တဲ့အခါ…

ဘိုးတော်တပ်မက်လောက်မယ့်ပစ္စည်းကို ဖောက်ထွင်းပေးဖို့ကြိုးစားရင်း
ဂန်ဒုန်ဂူတို့အဖွဲ့ ဘယ်လိုတွေ ကတုံးပေါ်ထိပ်ကွက်မလဲဆိုတာကို ဆက်ကြည့်ပေးစေချင်ပါတယ်

Movie Link 👇
https://t.me/channelh2025/395
Log in to unlock more functionality.