Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Реальна Війна | Україна | Новини
Реальна Війна | Україна | Новини
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Реальна Війна | Україна | Новини
Реальна Війна | Україна | Новини
MI

Myanmar International News

Sharing of Myanmar & International News
TGlist rating
0
0
TypePublic
Verification
Not verified
Trust
Not trusted
Location
LanguageOther
Channel creation dateJun 19, 2023
Added to TGlist
Apr 04, 2025

Records

12.05.202523:59
7.3KSubscribers
28.03.202523:59
0Citation index
03.04.202514:22
758Average views per post
20.05.202514:22
0Average views per ad post
28.03.202514:22
8.55%ER
04.04.202514:22
10.50%ERR
Subscribers
Citation index
Avg views per post
Avg views per ad post
ER
ERR
MAR '25APR '25APR '25APR '25APR '25MAY '25MAY '25MAY '25

Popular posts Myanmar International News

ရွေးကောက်ပွဲကျင်းပရန် ကာ/လုံ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်ဟု ပြော

ရွေးကောက်ပွဲ ကျင်းပရန်အတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်က ကျင်းပခဲ့သော နစကအဖွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ ခြင်းဖြစ်ပါတယ်။

မိမိတိုအနေဖြင့် ဖွဲစည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ် သဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေ လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ ထိုကြောင့် မိမိတို မူလရည်ရွယ်ချက်တွင်ပါသည့်အတိုင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောပါတယ်။
#News
လက်နက်ကိုင်အဖွဲများအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင် ပါဝင်ကြရန် ဒေါက်တာ သက်သက်ခိုင်တိုက်တွန်း

လက်နက်ကိုင်အဖွဲအစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားပါတယ်။

ယမန်နေ့ မေလ (၁၁) ရက် ၊ နံနက်ပိုင်းက ရန်ကုန်မြိုရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကထည့်သွင်း ပြောကြားသွားခြင်း ဖြစ်ပါတယ်။

" လက်နက်ကိုင်အဖွဲအစည်းများ အနေနဲ့လည်း အပစ်အခတ်ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့မှ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖိုနဲ့ ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ စည်းလုံးညီညွတ်တဲ့ လူ့အဖွဲအစည်း ပေါ်ပေါက်လာရေးကို လက်တွဲညီညီဆောင်ရွက်ကြဖို အစိုးရနဲ့ ပြည်သူ လူထုတစ်ရပ်လုံးကို ကျွန်မတို နိုးဆော်လိုပါတယ်" ဟုဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။
#News
12.05.202503:12
ရန်ကုန်အဝေးသင်တက္ကသိုလ် ကထိက ဒေါ်ဝင်းဝင်းအောင်သည် AA အဖွဲနှင့် ကြိုတင်ဆက်သွယ်မှုများရယူ၍ သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ဟု ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

နွား​ထိုးကြီး PDF အဖွဲက ဖမ်းဆီးထားသည်ဟု သတင်းထုတ်ပြန်ထားသည့် ရန်ကုန်အဝေးသင်တက္ကသိုလ် ကထိက ဒေါ်ဝင်းဝင်းအောင် သည် AA အဖွဲ နှင့် ကြိုတင်ဆက်သွယ်မှုများရယူ၍ သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့(မေ ၁၁ ရက်)တွင် ပညာရေးဝန်ကြီးဌာနမှ ထုတ်​ပြန်ထားပါတယ်။

ပြီးခဲ့သည့် မေ ၈ ရက်တွင် မြင်းခြံခရိုင် အမှတ်(၄-၁၀) နွားထိုးကြီး PDF အဖွဲက မိတ္ထီလာမြိုနယ်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာနမှ ကထိက ဒေါ်၀င်း၀င်းအောင် အား ဖမ်းဆီးထားပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမေးမြန်းချက်များအား ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားမှုအပေါ် သတင်းထုတ်ပြန်ရာတွင် ပညာရေးဝန်ကြီးဌာန​က အထက်ပါအတိုင်း ထည့်သွင်း ထုတ်​ပြန်ထားခြင်း ဖြစ်ပါတယ်။
#News
12.05.202506:57
လားရှိုးမြို့မ ဈေးကြီးအပါအဝင် ရပ်ကွက် အချို့တွင် ကျန်းမာရေးပညာပေးခြင်းများ စတင်ဆောင်ရွက်

ရှမ်း/မြောက် လားရှိုးမြို၊ မြိုမဈေးကြီးအပါအဝင် မြိုပေါ်အမှတ်(၁)နှင့် (၃)ရပ်ကွက်တိုတွင် ကျန်းမာရေးပညာပေးခြင်းများ စတင်ဆောင်ရွက်ရှိကြောင်း သိရပါတယ်။

အဆိုပါ ကျန်းမာရေးအသိပေးခြင်းအတွက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကာ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကိုလည်း တဆက်တည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

လားရှိုးမြိုအား ကိုးကန့်တပ်ထံမှ ပြန်လည်လွှဲပြောင်းရယူပြီးနောက် မေ(၅) ရက်တွင် လားရှိုးပြည်သူ့ ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ကျန်းမာရေးအသိပေးခြင်းလုပ်ငန်းစဉ်များကို မြိုပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။
#News
20.05.202502:38
ပညာရေးဝန်ကြီးဌာန“၂၀၂၅-၂၀၂၆ ပညာသင်နှစ်”ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ


မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရ။

ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရ။

အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ။

ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ မိဘများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပေးပါရန်။

ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးရန်။

ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ E-စီးကရက်(Vape)၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန်။

နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသိုမလာဘဲ နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံသို သတင်းပိုရန်နှင့် ဆေးကုသမှုခံယူရန်။

အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်။
20.05.202502:16
မိုးဦးကျကာလတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးဝန်ကြီး ဌာန တိုက်တွန်း နှိုးဆော်

မိုးဦးကျကာလတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ကြရန် ယမန်နေ့ မေ (၁၉) ရက်က ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးတိုက်တွန်းနှိုးဆော်ထားပါတယ်။

ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ခြင်းသည် မသန့်ရှင်းသောရေ၊ မသန့်ရှင်းသော အစားအသောက်များ စားမိရာမှတဆင့် ဖြစ်ပွားလေ့ရှိပြီး၊ ရောဂါလက္ခဏာများအနေဖြင့် အရည်ဝ မ်းများစွာသွားခြင်း၊ ငါးညှီနံ့ နံသော ဆန်ဆေးရည် ကဲ့သိုဝ မ်းသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ မျက်တွ င်းချိုင့်ဝင်ခြင်း၊ ခံတွင်း/လျှာနှင့်နှုတ်ခမ်းများ ခြောက်ခြင်း၊ ကြွက်တင်ခြင်းနှင့် သတိလစ်ခြင်းတို ဖြစ်ပွားတတ်ကြောင်း အသိပေးထားထားပါတယ်။

ထိုကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားသည်ဟု သံ သယရှိပါက အချိန်မီကုသမှု မခံယူလျှင် အသက်ဆုံးရှုးနိုင် သည်အထိ ဖြစ်ပွားသောကြောင့် နီးစပ်ရာ ဆေးရုံ/ဆေးခန်းနှင့် ကျန်းမာရေးဌာနများသို သွားရောက်၍ ကုသမှုခံယူရမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
#News
Log in to unlock more functionality.