Notcoin Community
Notcoin Community
Proxy MTProto
Proxy MTProto
Proxy MTProto | پروکسی
Proxy MTProto | پروکسی
Notcoin Community
Notcoin Community
Proxy MTProto
Proxy MTProto
Proxy MTProto | پروکسی
Proxy MTProto | پروکسی
ပိုင်စိုး avatar
ပိုင်စိုး
ပိုင်စိုး avatar
ပိုင်စိုး
ရုရှားရင်ပြင်နီမှာ မေလ ၉ ရက်နေ့လုပ်မယ့် အောင်ပွဲနေ့ကို ကမ္ဘာ့ခေါင်းဆောင်တွေမသွားဖို့ ဇလန်စကီးက ပြောခဲ့တယ်။ ဒီနေ့မှာ ဒရုန်းလေးစင်း မော်စကိုမြိုကို တိုက်ခိုက်ဖိုရောက်လာတယ်ဆိုတာ့ မပြေးသော်ကန်ရာရှိ ဇလန်စကီးက အကြမ်းဖက်တံဆိပ် ကပ်ခံရပါဦးမယ်။

တကယ့်ပွဲနေ့ ကမ္ဘာ့ခေါင်းဆောင်တွေရောက်နေတဲ့ အချိန် ဘယ်သူပဲ တိုက်ခိုက်တိုက်ခိုက် ယူကရိန်းက နံပတ်(၁) တရားခံအနေနဲ့ သမ ခံရမှာဖြစ်ပြီး တကယ်လုပ်ချင်တဲ့သူက အခုလိုကြိုပြောမှာ မဟုတ်ပါဘူး။

ပူတင်အတွက် ခေါင်းစဉ်တစ်ခုရှာပေးလိုက်သလိုပါပဲ။ ငြိမ်းချမ်းရေးတွင်တွင်အော်ပြီး လုပ်ချင်တာလုပ်နေကြတာ ကြာလာတော့ ဘယ်ဘက်သနားရမှန်းတောင် မသိတော့ဘူး။ သဗ္ဗေသတ္တာ ကမ္မသကာပါ။

(ပိုင်စိုး)
02.05.202508:13
စာကြွင်း။ ။အရင်က ငြိမ်နေတဲ့ KNU တွေ ဘာလို့ လှုပ်လာရသလဲ၊ ဘင်္ဂလားဒေ့ချ်နဲ့ ရခိုင်အရေး ဘာလို့ စိတ်ဝင်စားမှုမြှင့်တတ်လာရသလဲဆိုတာ အပေါ်က မေးခွန်းတွေနဲ့ ဆက်စပ်စဉ်းစားနိုင်ပါတယ်။
29.04.202503:19
ထမင်းလုံးတစ္ဆေ(သို့မဟုတ်) တက္ကသိုလ်ဝင်တန်းစာမေးပွဲ
--------------------------------------------
(၂၉-၄-၂၀၂၅)

အရွယ်ရောက်ပြီးတဲ့ မြန်မာတိုင်းအားလုံးနီးပါး မက်ခဲ့ကြဖူးတဲ့ ထမင်းလုံးတစ္ဆေအိပ်မက်ကတော့ အရင်အခေါ် ဆယ်တန်းစာမေးပွဲပါ။ တော်တော်များများမက်ဖူးကြမယ်ထင်ပါတယ်။ အိပ်မက်ထဲမှာတောင် စာမရတာနဲ့ နောက်ကျနေရတာနဲ့ မေးခွန်းမဖတ်တတ်တာနဲ့ ဇောချွေးပြန်ခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာတစ်ခြားနိုင်ငံတွေနဲ့ မတူပဲ အထက်တန်းစာမေးပွဲနဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို တစ်ခါတည်းဖြေရတာပါ။ ဒါကြောင့်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲရယ်လို့ နာမည်တပ်ထားတာဖြစ်ပါတယ်။ အထက်တန်းစာမေးပွဲအမှတ်နဲ့ တက္ကသိုလ်ဝင်ခွင့်တွေကို သတ်မှတ်ထားပြီး အမှတ်မီရင် ကြိုက်တဲ့ကျောင်းလျှောက်ခွင့်ရှိတယ်၊ တော်ရုံတက္ကသိုလ်တွေမှာ ဝင်ခွင့်စာမေးပွဲရယ်လို့ မရှိတော့ပဲ နည်းနည်းအမှတ်မြင့်တဲ့ တက္ကသိုလ်တွေမှသာ လူတွေ့စစ်ဆေးခြင်းလုပ်ကြတာဖြစ်တယ်။

မြန်မာလိုမျိုး အထက်တန်းနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်ခုတည်းသတ်မှတ်ထားတာ ဗီယက်နမ်၊ အီဂျစ်နဲ့ အီသီယိုပီးယားတို့ပဲရှိပါတယ်။ တရုတ်နိုင်ငံရဲ့ အထက်တန်းစာမေးပွဲဟာလည်း တက္ကသိုလ်တော်တော်များများကို ဝင်ရောက်ခွင့်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ငလျင်မှာ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်မြို့တွေရဲ့ စာမေးပွဲအဖြေလွှာတွေ ပျက်စီးသွားမှုနဲ့ ပတ်သက်ပြီး စာမေးပွဲပြန်ဖြေဖို့ ဆုံးဖြတ်တဲ့အပေါ်မှာ အမျိုးမျိုးသော အမြင်တွေနဲ့ ပြောဆိုနေကြတာရှိတယ်။ အများအားဖြင့်တော့ အအောင်ပေးလိုက်ဖို့ ပြောကြတယ်ပေါ့ဗျာ။ ငလျင်ဒဏ်ခံခဲ့ရတဲ့ ကလေးတွေကို သနားတာကလည်း သနားတာပေါ့။ သို့ပေသိ ယုတ္တိကျကျ တွေးကြည့်ကြပါဦးစို့။

အရေးအကြီးဆုံးတွေးရမှာက အအောင်ပေးလိုက်တဲ့ ကလေးတွေကို အမှတ်ဘယ်လောက် သတ်မှတ်ပေးမှာလဲ ဆိုတာပါပဲ။ နိုင်ငံတကာမှာတော့ ဒီလိုကိစ္စတွေဖြစ်လာလို့ အားလုံးအအောင်ပေးရတော့မယ်ဆိုရင် ဆရာဆရာမတွေက အရင်နှစ်တွေရဲ့ အမှတ်အပေါ်ကြည့်ပြီး စိတ်ရှိသလောက်ပေးကြတယ်။ ဒါကလည်း တက္ကသိုလ်ဝင်မယ်ဆိုရင် ဝင်ခွင့်စာမေးပွဲထပ်ဖြေရမှာ ဖြစ်လို့ ဒီအမှတ်တွေက သိပ်အရေးမကြီးတဲ့အတွက် အဆင်ပြေတယ်။

ကိုယ့်နိုင်ငံမှာက ဒီစာမေးပွဲရဲ့အမှတ်နဲ့ တက္ကသိုလ်ဝင်ရမှာဖြစ်တဲ့အတွက် ပေးချင်တဲ့လူကို ပေးချင်သလောက် ပေးလိုက်လို့မရပါဘူး။ တရားမျှတမှုကို ဘယ်သူအာမခံနိုင်မလဲ။ ကလေးခြောက်သောင်းကျော် တစ်ယောက်ချင်းစီအတွက် မျှတတဲ့ အမှတ်စာရင်းတွေထွက်လာမယ်လို့ ထင်ပါသလား။ ပျှမ်းမျှအမှတ်ပေးမယ်ဆိုရင်လည်း တက္ကသိုလ်ဝင်ခွင့်တွေအတွက် ဘယ်လိုလုပ်မလဲ။

အဲ့ဒီတော့ အခုရှုပ်မှ နောင်ရှင်း၊ ဖြေလိုက်တာအကောင်းဆုံးပဲ။ ရှေ့လျောက်ဘဝတစ်လျောက်မှာ မျက်နှာငယ်စရာမရှိဘူးပေါ့ဗျာ။ တက္ကသိုလ်ရောက်တဲ့အခါ သူငယ်ချင်းတွေက “အအောင်ပေးမှ အောင်ခဲ့ရတာမဟုတ်ဘူး”လို့ အနှိမ်ခံရရင် ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုကျဆင်းသွားနိုင်တယ်။

ကိုယ့်နိုင်ငံမှာက ဟယ်ရီတန်အရေးအခင်း၊ ဘာညာနဲ့ သာဓကတွေကလည်း ရှိခဲ့ဖူးတော့တစ်ခုခုဆို လမ်းပေါ်ထွက်မှ ထမင်းစားသောက်ရမယ့်အဖွဲ့တွေက အခုစာမေးပွဲနဲ့ပတ်သက်ပြီး ကလေးတွေကို ခုတုံးလုပ် လမ်းပေါ်တွန်းတင်မှာကိုလည်း ကြောက်ရသေးတယ်။

ငလျင်ကြောင့် စာအုပ်တွေမရှိတော့ဘူး၊ဘာဘာညာညာ အခက်အခဲတွေအတွက်လည်း သက်ဆိုင်ရာ တိုင်းအလိုက် လုပ်နိုင်သလောက်တော့ လုပ်ပေးနေပါတယ်၊ ကလေးတွေအတွက် အကြံပေးလိုတာက ဘာမှ စိတ်မပူပါနဲ့၊ ပြန်ဖြေရတဲ့ စာမေးပွဲဆိုတာ ကမ္ဘာမှာ အလွယ်ဆုံးပါပဲ။ သွားဖြေဖြစ်အောင်သာ ဖြေလိုက်ပါလို့။

(ပိုင်စိုး)
စစ်ပွဲရဲ့ အနိဌာရုံများ

အစ္စရေးတွေရဲ့တိုက်ခိုက်မှုကြောင့် အငတ်‌ဘေးခံစားနေရတဲ့ ပါလက်စတိုင်းသားများ။ ၁၉၄၇ ဗြိတိသျှတွေဟာသူ့ရဲ့ကိုလိုနီနယ်မြေတွေကို လွတ်လပ်ရေးပေးချ့ပမယ့် ပြဿနာတွေကိုယ်စီနဲ့ထားခဲ့တယ်။ အိန္ဒိယ-ပါကစ္စတန်လည်း အခြေအနေမကောင်းဘူး။ စစ်ပွဲပြန်စနေပြီး ထုံးစံအတိုင်း အမေရိကန်နဲ့တရုတ်ကတော့ ဘေးတီးပေါ့။ ဘာသာရေးနဲ့မွှေးတယ်။ လူမျိုးရေးနဲ့မွှေးတယ်။ လူတွေရဲ့အတ္တတွေထပ်ပေါင်းလိုက်တဲ့အခါ မီးတောက်တွေကကြီးလာတယ်။ တစ်ချိန်ကျရင် တူသောအကျိုးပေးကြဦးမှာပါ။
(ပိုင်စိုး)
ဖားစည်သံများ မကြားနိုင်တော့ပါ (ပိုင်စိုး)
လူငယ်နဲ့ စနစ် (ပိုင်စိုး)
ဩစတေးလျ ရဲ့ရွေးကောက်ပွဲ
စင်ကာပူနဲ့ ဩဇီရွေးကောက်ပွဲတွေ မနေ့က အောင်အောင်မြင်မြင်နဲ့ ပြီးသွားခဲ့ပြီ။ စင်ကာပူကတော့ လက်ရှိ အာဏာရပါတီ PAP ကပဲ ၁၄ နှစ်ဆက်တိုက် အနိုင်ရတယ်။ ဒီအတိုင်းလေးပဲ အဆင်ပြေနေတဲ့ စင်ကာပူသားတွေ အမှားအယွင်း ကြီးကြီးမားမားမရှိသေးတဲ့ ဒီပါတီကိုပဲ လူကြိုက်များတယ်။ ပြိုင်နိုင်မယ့်လူလည်း မပေါ်သေးသလို ပြိုင်ဖို့လည်း မလိုသေးဘူးလို့ ခံယူထားပုံပါပဲ။
ဩဇီကတော့ မနှစ်ကအနိုင်ရထားတဲ့ အလုပ်သမားပါတီ(ALP)က နှစ်နှစ်ဆက်တိုက် အနိုင်ရလို့ ပါတီထောင်ကတည်းက မရဘူးခဲ့တဲ့ စံချိန်ရပြီး သမိုင်းဝင်ခဲ့ပါတယ်။

ဗြိတိသျှ အုပ်ချုပ်ခဲ့တဲ့ နိုင်ငံ ၈၀ ကျော်ကနေ ၁၉၀၁ ခုနှစ်မှာ ဩဇီကို နယ်မြေခြောက်ခုပေါင်းပြီး ဖယ်ဒရယ်နိုင်ငံအနေနဲ့ လွတ်လပ်ရေးပေးခဲ့တယ်။ အဲ့ဒီကတည်းက ရွေးကောက်ပွဲတွေနဲ့ စတင်ခဲ့တဲ့ ဩဇီဟာ လက်ရှိမှာ အတည်ငြိမ်ဆုံး ဒီမိုကရေစီစနစ်နဲ့ နိုင်ငံရေးကို ရှေ့ဆက်နေတုန်းပါပဲ။

ဒေသကြီး ၆ ခုဟာလည်း ၁၉၀၁ ခုနှစ်ကတည်းက အတိုက်အခိုက် မရှိခဲ့ကြလို့ ပြည်တွင်းစစ်ဆိုတာ မခံစားဖူးသေးတဲ့ နိုင်ငံပါတဲ့။

အားကျမိပါတယ်။ လွတ်လပ်ရေးကိုလည်း တိုက်မယူခဲ့ရပဲ လိုလိုလားလား ရခဲ့တယ်။ ဖယ်ဒရယ်ရွေးကောက်ပွဲက တည်ငြိမ်လွန်းလို့ စိတ်ဝင်တစားလည်း ရှိမိပါရဲ့။
(ပိုင်စိုး)
02.05.202508:06
ပြည်တွင်းစစ်ရဲ့ အထောက်အပံ့များ

တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တစ်ခြားနိုင်ငံတွေရဲ့ အကူအညီတွေရရင် အခုပဲ ကိုယ်ပိုင်နယ်မြေတစ်ခု ဖော်ဆောင်နိုင်လိမ့်မယ်လို့ ထင်ကြတယ်။

လက်ရှိ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်မှာ ရေမင်၊ ဆူဒန်၊တောင်ဆူဒန်၊ ဆီရီးယား၊ အီသီယိုပီးယား၊ ကွန်ဂိုနဲ့ ဟေတီနိုင်ငံတို့မှာလည်း ပြည်တွင်းစစ်ဖြစ်နေပြီး စစ်ပွဲရဲ့ အန္နိဌာရုံတွေကို ခံစားနေကြရတယ်။
ဒီနိုင်ငံတွေလောက် မဆိုးဝါးပဲ ဟိုနားတို့တို့ ဒီနားတို့တို့ ဖြစ်နေတဲ့ နိုင်ငံတွေလည်း အများကြီးပါပဲ။

ဒီဖြစ်ရပ်တွေမှာ တူညီတာက လက်နက်ကိုင်တွေအားလုံးရဲ့နောက်ကွယ်မှာ လက်မဲကြီးတွေ တွေရှိနေတတ်တာပဲ။

တစ်ဖက်က ဝင်ကူလိုက်လို့ ပြည်တွင်းစစ်ပြီးရကြေးဆိုရင် ဆီးရီးယားတို့ ရေမန်တို့ ပြည်တွင်းစစ် ဆယ်နှစ်ကျော်လာစရာမရှိပါဘူး။

အခု AAတို့ KNU တို့ ပြည်ပအကူအညီတွေ ရနေတယ်ဆိုတာ အဲ့နယ်မြေတွေမှာ EAO တွေအနိုင်ရပြီး အေးအေးချမ်းချမ်းအုပ်ချုပ်လို့ရဖို့ မထင်ပါနဲ့။

ထားဝယ်နဲ့ကျောက်ဖြူရေနက်ဆိပ်ကမ်းတွေ မအောင်မြင်စေဖို့ အဲဒီနယ်မြေတွေ အေးချမ်းနေလို့မရပါဘူး။
ထားဝယ်နဲ့ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ဘယ်သူတွေ မအောင်မြင်စေချင်သလဲ။
ဘာလို့လဲ။
မအောင်မြင်အောင် သင်ဆိုရင်ရော ဘယ်လိုလုပ်မလဲ။

(ပိုင်စိုး)
တာဆူနေသော နိုင်ငံတကာစစ်ပွဲများ (ပိုင်စိုး)
ဒီရက်ပိုင်း ကိုယ့်နိုင်ငံရဲ့ အထင်ကရနေရာ/ အဆောက်အဦတွေ ပျက်စီးနေတာမြင်ရတော့ အလုံးစုံပျက်သုန်းရေးဆိုတဲ့ စကားကိုပဲ ပြန်ကြားယောင်နေမိတယ်။

ခုနကပိုစ်မှာ တင်ထားတဲ့ Utter Devastation (အလုံးစုံပျက်သုန်းရေး) ဆိုတဲ့စကားစုက ၁၉၉၅ ခုနှစ် နေအိမ်အကျယ်ချုပ်က လွတ်လွတ်ချင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုခဲ့တာပါ။

"ဆွေးနွေးရင်ဆွေးနွေး၊ မဆွေးနွေးရင် အလုံးစုံပျက်သုန်းသွားမယ်" ဆိုတဲ့ခြိမ်းခြောက်မှုနဲ့ အတူနိုင်ငံရေးလောကထဲပြန်ဝင်လာတဲ့ နောက်ကွယ်မှာ အဲ့ဒီအချိန်ကတည်းက ဘယ်အထောက်အကူ ဘယ်အားကိုးတွေရှိနေလဲဆိုတာ ခန့်မှန်းကြဖူးပါသလား။

ရထားတဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ အလုံးစုံပျက်သုန်းရေးဆိုတဲ့စကားဟာ ဘယ်လိုမှ မအပ်စပ်ပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲကနေ အနိုင်ရပြီး လွှတ်တော်ထဲရောက်တော့လည်း စစ်တပ်ကို လက်စားချေဖို့ပဲ တစိုက်မတ်မတ် လုပ်လာခဲ့တာတွေ့ရတယ်။

ဒါကိုပဲ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၅ က ခန့်မှန်းခဲ့တာ မှန်တယ်ဆိုပြီး သတင်းစာတစ်ခုမှာတွေ့လို့၊ ခန့်မှန်းတာမဟုတ်ဘူး မိတ်ဆွေရေ၊ မဖြစ်ဖြစ်အောင်လုပ်သွားတာဗျ။ ဒေါ်လာ တစ်ဘီလီယံကို နိုင်ငံခြားဘဏ်မှာကြိုအပ်ထားတာမျိုး၊ အရေးအခင်းမစခင်ကတည်းက ရန်ကုန်ထဲ လက်နက်တွေစိမ့်ဝင်နေတာမျိုးက တိုက်ဆိုင်သွားတာမဟုတ်ဘူး။

(ပိုင်စိုး)
24.04.202504:42
နတ်ပြည်နဲ့ငရဲ (သို့မဟုတ်) ကတ်ရှ်မီးယား
----------------------------------
(၂၄.၄.၂၀၂၅)

ကတ်ရှ်မီးယားဒေသကို ရောက်ဖူးသူတိုင်းက နတ်ပြည်လို့ တင်စားကြတယ်။ စိမ်းလန်းတဲ့တောင်တန်းတွေနဲ့ နှင်းစကိတ်စီးကွင်းတွေကြောင့် နာမည်ကြီးပြီး ကမ္ဘာလှည့်ခရီးသွားတွေ ဆယ့်နှစ်ရာသီလုံး မပြတ်လာရောက်ကြတဲ့ နေရာလည်းဖြစ်တယ်။
ဒါပေမယ့် ကတ်ရှ်မီးယားဟာ အခုအချိန်ထိ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ နယ်မြေလုစစ်ပွဲတွေနဲ့ ဘာသာရေး အစွန်းရောက်တွေကြောင့် ငရဲဖြစ်နေရတဲ့ အချိန်တွေလည်း ရှိပါတယ်။

ဗြိတိသျှကုန်သွယ်ရေးကုမ္ပဏီ East India Company ရဲ့ ကျူးကျော်မှုကို မခံရခင်အချိန်တုန်းက အင်းဒပ်မြစ်ဝှမ်း လွင်ပြင်ဟာ အိန္ဒိယတွေ ပါကစ္စတန်တွေ ဘင်္ဂလားဒေ့ချ်တွေမရှိ Mughal Empire ကြီးအဖြစ် ရှိခဲ့ပါတယ်။ ကတ်ရှ်မီးယားဟာလည်း Mughal Empire လက်အောက်ခံ နယ်မြေတစ်ခုဖြစ်ခဲ့ပါတယ်။ ၁၈၅၇ ခုနှစ် Mughal Empire ကြီးပြိုကွဲသွားပြီး ဗြိတိသျှတွေ အုပ်ချုပ်တဲ့အချိန်မှာတော့ ကတ်ရှ်မီးယားဒေသဟာ ဗြိတိန်ဘုရင်ရဲ့တိုက်ရိုက်အုပ်ချုပ်မှုနယ်မြေထဲမှာ မပါတဲ့ ဗြိတိန်လက်အောက်ခံ မဟာရာဂျာတွေ အုပ်ချုပ်ခဲ့ရတဲ့ နယ်မြေဖြစ်ခဲ့ပါတယ်။

၁၉၄၇ ခုနှစ် အိန္ဒယ၊ ပါကစ္စတန်အဖြစ် နိုင်ငံနှစ်ခုအဖြစ် လွတ်လပ်ရေးပေးတဲ့အချိန်မှာတော့ ဗြိတိန်ဟာ မဟာရာဂျာတွေ အုပ်ချုပ်တဲ့နယ်မြေတွေကို ကိုယ်ကြိုက်ရာ နိုင်ငံနဲ့ပေါင်းချင်ရင်လည်း ပေါင်းခွင့်ပေးခဲ့သလို မပေါင်းချင်ရင်လည်း ဒီအတိုင်းရှိနေခွင့် ပေးခဲ့ပါတယ်။ အဲ့ဒီအတွက် ကတ်ရှ်မီးယား မဟာရာဂျာဟာ ဘယ်ဘက်ကိုမှ မပေါင်းပဲနေခဲ့ပါတယ်။

မူစလင်ကိုးကယ်သူ ၇၇ ရာခိုင်နှုန်းရှိတဲ့ ကတ်ရှ်မီးယားဟာ မိမိတို့ဘက်ကိုပေါင်းလိမ့်မယ်လို့ ယူဆထားတဲ့ ပါကစ္စတန်ဟာ ဟိန္ဒူဘာသာဝင် မဟာရာဂျာရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် သူတို့ရဲ့ ဘာသာဝင်တွေကို ကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကတ်ရှ်မီးယားကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။ မဟာရာဂျာဟာ အိန္ဒိယဘက်ကို အကူအညီတောင်းတဲ့အခါ အိန္ဒိယကလည်း သူတို့ဘက်ကို ပေါင်းရင် ကူညီမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါကြောင့်မို့ မဟာရာဂျာက အိန္ဒိယကိုပူးပေါင်းမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ ကတ်ရှ်မီးယားစစ်ပွဲတွေ သုံးကြိမ်အထိ ဖြစ်ခဲ့ရပြီး UN က ကြားဝင်ဖြန်ဖြေပေးမှုတွေလုပ်ခဲ့ရပါတယ်။

အခုဆိုရင် ကတ်ရှ်မီးယားဒေသရဲ့ ၅၅ ရာခိုင်နှုန်းကို အိန္ဒိယက အုပ်ချုပ်နေပြီး ၃၅ ရာခိုင်နှုန်းကိုတော့ ပါကစ္စတန်က အုပ်ချုပ်ပါတယ်။ ကျန် ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ Aksai Chin နယ်မြေကတော့ ၁၉၆၇ ခုနှစ် တရုတ်-အိန္ဒိယစစ်ပွဲမှာ အိန္ဒိယတွေ ရှုံးခဲ့တဲ့အတွက် လောလောလတ်လတ် အိန္ဒိယနိုင်ငံနယ်မြေဖြစ်ပေမယ့် တရုတ်အုပ်ချုပ်မှုအောက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပါတယ်။

ဆိုတော့ ပြောရမယ်ဆိုရင် ကတ်ရှ်မီးယားဒေသကြီး တစ်ခုလုံးဟာ ဘယ်နိုင်ငံနယ်မြေပါလို့ UN ကပါ အဆုံးအဖြတ်မပေးထားပဲ အိန္ဒိယ၊ ပါကစ္စတန် နဲ့ တရုတ်နိုင်ငံတို့ရဲ့ အငြင်းပွားနယ်မြေလို့ သတ်မှတ်ထားပါတယ်။

ဒီအတွက်ကြောင့် တရားဥပဒေစိုးမိုးမှုလည်း အားနည်းတဲ့အတွက် ခဏတိုင်း ခရီးသွားအဖွဲ့တွေ အကြမ်းဖက်မှုတွေ ကြုံတွေ့ရတဲ့ နယ်မြေဖြစ်ပါတယ်။
၂၂ ရက်နေ့က ဖြစ်ခဲ့တဲ့ လူ ၂၈ ယောက်ကျော် သေဆုံးတဲ့ ခရီးသွားအဖွဲ့တွေကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အခုလောလောလတ်လတ်မှာတော့ ခရီးစဉ်တွေနဲ့ လေယာဉ်တစ်ချို့ ရပ်နားထားတယ်လို့ သိရပါတယ်။

အဲ့ဒီအကြမ်းဖက်မှုကြောင့် အိန္ဒိယက ပါကစ္စတန်နဲ့ မြစ်ရေအတူသုံးစွဲရေးအပါအဝင် သဘောတူညီထားတဲ့ သဘောတူညီချက်အချို့ကို ရပ်ဆိုင်းထားတယ်လို့လည်း သိရပါတယ်။ ဘာသာရေးအစွန်းရောက်တွေကြောင့်ပဲဖြစ်စေ၊ နိုင်ငံရေး အစွန်းရောက်တွေကြောင့်ပဲဖြစ်စေ လက်နက်ကိုင်လမ်းစဉ်ကတော့ နတ်ပြည်ကို ငရဲဖြစ်သွားစေနိုင်တာ ကိုယ့်လူမျိုးတွေ အသိဆုံးဖြစ်မှာပါ။

(ပိုင်စိုး)
လားရှိုးကို ပြန်ဝင်လာကြတဲ့ လားရှိုးမြို့သူမြို့သားတွေ

စစ်ပွဲတွေပြီးသွားလို့ ကိုယ့်အိမ်ကိုယ်ပြန်ကြရင်တောင် အခွင့်အရေးရတုန်း အိမ်ပေါ်အခန့်သားတက်နေ နေတဲ့ လူတွေနဲ့ ရှင်းရမယ့် ပြဿနာလေးတွေရှိမယ်။ ဒါပေမယ့် ပြဿနာမရှိပါဘူး။ ရပ်ကွက်သာညီပါစေ။ ပပျောက်သွားပါလိမ့်မယ်။
ဓာတ်ပုံတွေကပြောတဲ့ စကားကို ကြားနိုင်ကြပါစေ။

Photo Credit
(ပိုင်စိုး)
02.05.202514:35
အုပ်ချုပ်ရေးမှူးအားလုံးက ဒလန်‌တွေလား
------------------------------
(၂-၅-၂၀၂၅)

အရေးအခင်း စဖြစ်ပါပြီဆိုကတည်းက ခဏတိုင်း မဲပေါက်ကြတာ အုပ်ချုပ်ရေးမှူးခေါ် အုပ်ကြီးတွေပါ။ နစက ထောက်တိုင်၊ ဒလန် စတဲ့ ခေါင်းစဉ်တွေနဲ့ အုပ်ကြီးတွေဟာ အကြမ်းဖက်ခံခဲ့ရ/ခံနေရဆဲဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ အုပ်ကြီးတွေ အရှော့ခံရတဲ့ သတင်းကြားနေရတော့ အုပ်ချုပ်ရေးမှူးတွေကို နံပတ် ၁ နေရာမှာ ထားပြီး ဘာလို့ ရှင်းလင်းကြလဲဆိုတာ ပြောပြပါမယ်။

တကယ်တမ်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးရာထူးရွေးချယ်တာဟာ အရမ်းဒီမိုကရေစီဆန်ပါတယ်။ အရင်ဆုံး ရပ်ကွက်ထဲက ဆယ်အိမ်တစ်စုကို ကိုယ်စားလှယ် တစ်ယောက်စီက ကိုယ်ကြိုက်တဲ့လူ နံမည်ကိုတင်သွင်းရတယ်၊ လျှို့ဝှက်မဲပေးရတယ်၊ ရွေးတဲ့လူကလည်း ပေါပေါပဲပဲဖြစ်လို့မရဘူး၊ ကြည်ညိုလေးစားရတဲ့လူ၊ အဲ့နေရာမှာ ဆယ်နှစ်အထက်နေနေတဲ့လူ၊ ဝန်ထမ်းမဖြစ်ရ၊ ပါတီဝင်ဖြစ်ပါကလည်း အရွေးခံရရင် ပါတီအလုပ်မလုပ်ရ စသဖြင့် အရည်အချင်းတွေနဲ့ ပြည့်စုံရသေးတယ်။

ကိုယ့်ရွာက အဲ့နည်းနဲ့မရွေးဘူး။ ရင်းနှီးရာ ရင်းနှီးကြောင်းနဲ့ရွေးသွားတယ်ဆိုရင် အဲ့တာ ကိုယ့်ရွာကညံ့လို့ပါ ၊ အများဆန္ဒပြုသူသာ အုပ်ကြီးဖြစ်ခွင့်ရှိတယ်။ ရပ်ရွာကလူတွေက ကိုယ်ကြိုက်တဲ့ လူကို အုပ်ကြီးခန့်ခွင့်ရှိသလို အုပ်ကြီးတွေကလည်း ရပ်ရွာကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ ရပ်ရွာအတွက် ရပိုင်ခွင့်တွေကို တောင်းခံပေးဖို့ကိစ္စအပြင် လူစိမ်း သူစိမ်းမဝင်အောင် ကာကွယ်တားဆီးဖို့လည်း အမြဲစောင့်ကြည့်ရတယ်။

အဲ့လို တာဝန်ရှိတဲ့ အုပ်ကြီးတွေကို နီနီစိမ်းစိမ်း ရှင်းထုတ်ပစ်လိုက်ရင် ပထမအချက်က ရွာထဲမှာ ဖိဖိစီးစီးနဲ့ လူဝင်လူထွက် ကြီးကြပ်မယ့်သူ မရှိတော့ဘူး။ ဒုတိယအချက် အုပ်ကြီးတွေက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကြားခံဆက်သွယ်မှုဖြစ်တဲ့အတွက် အဆက်အသွယ်ပြတ်တောက်သွားမယ်။ တတိယအချက် အုပ်ချုပ်ရေးမှူးတွေပဲ ရွေးပြီး ရှင်းထုတ်ပြခြင်းအားဖြင့် အခြားရွာတွေက အုပ်ကြီးတွေပါ ကြောက်ရွံ့စိတ်ဝင်ပြီး အုပ်ချုပ်မှုတွေ ပျက်ပြားစေတယ်။

အခုစစ်ဖြစ်နေတဲ့ နေရာအားလုံးကို လေ့လာကြည့်တဲ့အခါမှာ ပထမဆုံးအဆင့်ဟာ အုပ်ချုပ်ရေးမှူးတွေကို ရှင်းထုတ်တာပါ။ ဒါဟာ စိမ်းလို့လည်း မဟုတ်ဘူး၊ နီလို့လဲ မဟုတ်ဘူး၊ ရပ်ကျေးတွေမှာ အထိမ်းအကွပ်မဲ့သွားပြီး စိမ့်ဝင်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းမို့လို့ပါ။

လူရယ်လို့ ဖြစ်လာပြီး အတူတကွနေထိုင်ကြပြီဆိုရင် ကိုယ့်ရပ်ကိုယ့်ရွာကို စောင့်ရှောက်ဖို့ ခေါင်းဆောင်တစ်ယောက် လိုပါတယ်။ အုပ်ကြီးတွေ မရှိရင် ရပ်ရေးရွာရေးတွေ ဘယ်သူဦးဆောင်မလဲ၊ အုပ်ကြီးတွေ မကောင်းဘူးဆိုရင် ကောင်းတဲ့အုပ်ကြီးမရွေးနိုင်တဲ့ ကျွန်တော်တို့ ခင်ဗျားတို့ အပြစ်ပါ။ ကိုယ့်ရပ်ရွာကောင်းကျိုးကို ရှေးရှုတတ်သူ တစ်ယောက်လောက်ကို ကျွန်တော်တို့ ရပ်ကျေးအဆင့်လောက်မှ မရွေးနိုင်ရင် မြို့နယ်အဆင့် တိုင်းအဆင့် နိုင်ငံအဆင့် ပုဂ္ဂိုလ်တွေကို ဘယ်လိုရွေးချယ်မလဲ။

အခုရက်ပိုင်း ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းထဲက အုပ်ကြီးတွေ သတင်းတက်နေတယ်။ ရှေ့ပြေးတွေ ဖြစ်ပါတယ်။ စစ်ကိုခေါ်ရင် စစ်လာပါလိမ့်မယ်။

(ပိုင်စိုး)
30.04.202504:05
ရခိုင်နဲ့ ဘင်္ဂါလီ
-----------------
(၃၀-၄-၂၀၂၅)

ဧပြီ ၂၇ ရက်နေ့က ဘင်္ဂလားဒေ့ချ်နိုင်ငံကို အလည်လာတဲ့ တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီဝင်တွေနဲ့ Jamaat-e-Islami လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ချ် အစ္စလာမ်မစ်နိုင်ငံရေးပါတီတွေ့ဆုံတဲ့နေရာမှာ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်တဲ့ အစ္စလာမ်နယ်မြေတစ်ခု ဖော်ဆောင်ဖို့အရေး တရုတ်က ကူညီပေးဖို့ ပါတီပိုင်ရှင်က တင်ပြခဲ့တယ်လို့ သိရတယ်။

ဂျမတ်ပါတီဟာ စစ်ပွဲတွေမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် ၂၀၁၃ ခုနှစ်ကတည်းက ရွေးကောက်ပွဲဝင်ခွင့် အပိတ်ခံထားရပါတယ်။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်တွေကြားမှာ ဒေသတွင်း လွှမ်းမိုးနိုင်မှုအနည်းငယ်ရှိသေးတဲ့အတွက် တရုတ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ရတဲ့အချိန်မှာ မြန်မာနိုင်ငံက စစ်ရှောင် ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး တောင်းဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ အရင်ကတည်းကရှိနေခဲ့တဲ့ ဘင်္ဂါလီတွေကို ၁၉၅၀ ဝန်းကျင်ကျမှ ပေါ်လာခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့အမည်နဲ့ တိုင်းရင်းသားဖြစ်ဖို့ နိုင်ငံတကာမီဒီယာတွေကတဆင့် ကြိုးပမ်းခဲ့ကြတဲ့ အဓိက အကြောင်းအရင်းကတော့ နိုင်ငံရေးထက် ဘာသာရေးပြဿနာလို့ ပြောရမှာပါ။

အခုလည်း ဘင်္ဂလားဒေ့ချ်မှာ စစ်ရှောင် မူစလင်တွေအတွက် သီးခြားနယ်မြေတစ်ခု ဖော်ဆောင်ဖို့ တရုတ်ကို အကူအညီတောင်းတာမို့ ဘင်္ဂလားဒေ့ချ်နိုင်ငံအနေနဲ့ မဟုတ်ပဲ အစ္စလာမ်ဘာသာရေးအတွက် လို့ မြင်ရပါတယ်။

ကိုယ်ကိုးကွယ်ရာ ဘာသာကို တကမ္ဘာလုံးကို ပြန့်ပွားဖို့ ကြိုးပမ်းတဲ့နေရာမှာ အစ္စလာမ်မိုက်ဇေးရှင်းဟာ တိုးတက်မှု အမြန်ဆုံးပါပဲ။ မူစလင်တွေဟာ အစ္စလာမ်ဘာသာကို တစ်ခြားလူတွေကို ဆွဲယူတာထက် မျိုးပွားတဲ့နည်းနဲ့ ဖြန့်ဝေပါတယ်။ နိုင်ငံအသီးသီးကို ရောက်ရှိနေကြတဲ့ မူစလင်တွေဟာ ရောက်တဲ့နေရာတိုင်းမှာ လူဦးရေတိုးပွားအောင် အရင်ဆောင်ရွက်ကြပါတယ်။

လုံလောက်တဲ့ လူဦးရေရှိလာပြီဆိုတဲ့အခါမှာတော့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေမှာ ဝင်ဆံ့လာဖို့ ကြိုးပမ်းပြီး သူတို့ ဘာသာဝင်တွေရဲ့ အခွင့်အရေးတွေကို တစ်ဖြည်းဖြည်း တောင်းယူတတ်ပါတယ်။

ဥပမာ အခု လက်ရှိ လန်ဒန်မှာ ဖြစ်နေတဲ့ မူစလင်တွေရဲ့ ဆန္ဒပြပွဲတွေကိုကြည့်ပါ။ UK မှာ မူစလင်အရေအတွက်ဟာ ၄ သန်းကျော်ခဲ့ပါပြီ။ ၂၀၁၁ ကာလ ၂.၇ သန်းကနေ ဆယ်စုနှစ်တစ်ခုအတွင်း ၁.၃ သန်းတိုးလာခဲ့တဲ့အထဲမှာ မူလရောက်ရှိ မူစလင်တွေကနေ ထပ်မံမွေးဖွားခဲ့တဲ့ UK ပေါက် မူစလင်အရေအတွက်က အများဆုံးဖြစ်ပါတယ်။

၂၀၂၄ နှောင်းပိုင်းတွေနဲ့ အခုနှစ်ကာလတွေမှာ UK ရောက် မူစလင်တွေရဲ့ ဆန္ဒပြပွဲတွေဟာ တစ်ဖြည်းဖြည်း စိပ်လာခဲ့ပြီး အထူးသဖြင့် ဂါဇာဒေသက ပါလက်စတိုင်းတွေအရေး၊ မူစလင်တွေကို နိုင်ငံရေးမှာ လုပ်ပိုင်ခွင့်ပေးဖို့အရေး၊ မူစလင်မုန်းတီးမှုကို ရှုတ်ချရေး စတဲ့ခေါင်းစဉ်တွေနဲ့ ဆန္ဒပြပွဲတွေ လုပ်ဆောင်နေကြပါတယ်။ ထောင်ပေါင်းများစွာသော ဘုရားရှိခိုးကျောင်းတွေဟာ ဗလီတွေအဖြစ် ပြောင်းလဲကုန်ပြီး လန်ဒန်ကို ဒုတိယ မက္ကာလုပ်ဖို့ ရည်ရွယ်ထားကြပါတယ်။

အခုရေးတဲ့ စာဟာ ဘာသာရေးတိုက်ခိုက်မှုလည်း မဟုတ်ပါဘူး။ မူစလင်တွေကို မမုန်းပေမယ့် မြေပြင်မှာ လက်ရှိဖြစ်နေတာတွေနဲ့ တစ်ချိန်ချိန်ဖြစ်လာမယ့် ပြဿနာကို တွေးတောမိယုံသက်သက်ပါ။ အဲ့ဒီတော့ ရခိုင်ဒေသဟာလည်း လက်ရှိ မူစလင် သန်းကျော်ကနေ နောက် ၁၀ နှစ်အတွင်း ရခိုင်လူမျိုးပျောက်သွားနိုင်တဲ့အထိ တိုးပွားလာပါလိမ့်မယ်။ သျှစ်သောင်းပုထိုးတော်တို့၊ ထုက္ကန်သိန်ဘုရားတို့ ဗလီဖြစ်မသွားခင် နစကရော ရခိုင်လူမျိုးတွေရော သတိပြုမိစေချင်တယ်။

(ပိုင်စိုး)
26.04.202515:53
တာဆူနေသော နိုင်ငံတကာစစ်ပွဲများ

နိုင်ငံတကာမှာတော့ အီရန်နဲ့ အစ္စရေး စစ်ဖြစ်ဖို့ မီးစတွေ တဖြည်းဖြည်းများလာနေပြီး နေ့စဉ်နဲ့အမျှ ထိတွေ့မှုတွေ ဖြစ်ပွားနေတယ်၊ အီရန်ရဲ့ နျူကလီးယားသန့်စင်နိုင်မှုဟာ ဖိဖိစီးစီးလုပ်မယ်ဆိုရင် မကြာခင် နျူကလီးယားဗုံးအထိ ထုတ်လုပ်လာနိုင်ဖွယ်ရှိနေလို့ အမေရိကန်က အီရန်နဲ့ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်၊ ဆွေးနွေးမှုတွေကို အီရန်သဘောမတူဘူးဆိုရင် အစ္စရေးနဲ့ပေါင်းပြီး အီရတ်ကိုလုပ်ခဲ့သလိုမျိုး လုပ်မှာ မလွဲပါဘူး။ အဲ့ဒီအခါ အီရန်ဘက်က ရုရှားဝင်ကူပြီး နျူစစ်ပွဲသဏ္ဍန်ကူးသွားနိုင်တာမို့ စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်သင့်ပါတယ်။
_
အီရန်နဲ့ အစ္စရေးစစ်ဖြစ်တာမဖြစ်တာထက် ဂါဇာနဲ့ ဝက်စ်ဘန့် မှာရှိနေတဲ့ ပါလက်စတိုင်းသားတွေကတော့ နေ့စဉ်နဲ့အမျှ ငရဲခန်းပါပဲ၊ အစ္စရေးကတော့ အမေရိကန်အားကိုးနဲ့ ပါလက်စတိုင်းနယ်မြေအားလုံးကို သိမ်းချင်တာပါ။ Greater Israel လမ်းစဉ်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတာပါ။ ဂျူး ၆ သန်းကျော် အသတ်ခံခဲ့ရတဲ့ ထရာမာရှိနေတဲ့အပြင် ဟားမက်စ်တို့လို အကြမ်းဖက်တွေရဲ့ ပုံရိပ်ကြောင့် လက်ရှိ ပါလက်စတိုင်းပြည်သူတွေ လေကြောင်းတိုက်ခိုက်မှုခံနေရ၊ အငတ်ဘေးကြုံနေရတာကို ကမ္ဘာကြီးလည်း အသံတိတ်ပြီးပဲကြည့်နေရပါတယ်။
_
ရုရှားနဲ့ ယူကရိန်းတို့ရဲ့ စစ်ပွဲကလည်း ပူတင်ရဲ့ မဟာဗျူဟာတွေနဲ့ စစ်ကို အချိန်ဆွဲပြီးတိုက်နေတာကြောင့် ပြီးဖို့ရာ လမ်းမမြင်သေးပါဘူး။ သူလိုချင်တာ ရသွားမှပဲ ရပ်တော့မှာပါ။ သမ္မတဖြစ်တာနဲ့ ယူကရိန်းစစ်ပွဲရပ်စေရမယ်ဆိုတဲ့ ထရမ့်လည်း လောလောဆယ်တော့ သူစီစဉ်ထားသလို မဖြစ်လာတဲ့အတွက် အသံတိတ်နေရပါတယ်။ အရင်ရက်တွေ ရေးခဲ့သလိုပဲ အမေရိကန်အထိပိုနာမယ်ဆိုတာ အခုတော့ အခွန်ကို ၅၀ ရာခိုင်နှုန်းအထိ ချလိုက်ရပြီး ထရမ့်အလံဖြူထောင်လိုက်ရပြီဖြစ်ပါတယ်။
_
အိန္ဒိယ-ပါကစ္စတန်ကတော့ ပေါက်ကွဲတော့မယ့် ဗုံးတွေလိုပါပဲ။ စနက်တံလေးတွေကို မီးရှို့ထားကြပြီးပါပြီ။ ထုံးစံအတိုင်း အမေရိကန်က အိန္ဒိယကို အားပေးပြီး တရုတ်ကတော့ ပါကစ္စတန်ကို ထောက်ပံ့ပါမယ်။ ဖြစ်ကြဟေ့ဆိုရင် နှစ်ဖက်စလုံးက နျူလက်နက်ပိုင်ထားကြတာမို့ ဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေပါ။ နျူစစ်ပွဲဖြစ်ခြင်းမဖြစ်ခြင်းကတော့ ကမ္ဘာပေါ်က လူသားအားလုံးရဲ့ ကံကြမ္မာအပေါ်မှာ မူတည်ပါတယ်။ နိုင်ငံခေါင်းဆောင်လုပ်တဲ့လူတွေ အတ္တ၊ မာန်တစ်ချက်ဝင့်လိုက်တာနဲ့ နှစ်ရာချီတည်ဆောက်ထားခဲ့သမျှဟာ ပြိုပျက်သွားရမှာပါ။ တရုတ်ဘယ်လောက်လည်လည်၊ အမေရိကန် ဘယ်လောက်လည်လည် ကမ္ဘာ့စစ်ကြီးဖြစ်တဲ့အခါ ငါမပါဘူး ဘွာတေးလုပ်လို့မရပါဘူး။
_
ကျွန်တော်တို့ နိုင်ငံရေးကတော့ ဗန်းမော်က စစ်ပွဲကို မြစ်ကြီးနားဘက် ပြောင်းလှည့်လာတာတွေ့ရတယ်။ KIA က ဗန်းမော်ဖျက်ရတာ အားမရလို့ နောက်တစ်မြို့ထပ်ဖျက်မလို့လားမပြောတတ်ပါ။ သပိတ်ကျင်းဘက်က ပလောင်တွေလည်း အခြေအနေမကောင်းဘူး။ PDF တွေ အယောက်သုံးဆယ်ကျော် လက်နက်တွေနဲ့ အလင်းဝင်တယ် ။ ရခိုင်ဘက်လည်း လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်။ ကရင်ဘက်အခြမ်းကတော့ လောလောဆယ်အသံတိတ်နေတယ်။ KNU တွေအောင်ပွဲခံလို့မပြီးသေးဘူးထင်ပါတယ်။

(ပိုင်စိုး)
25.04.202505:33
utter devastation/ အလုံးစုံပျက်သုန်းရေး

သမိုင်းထဲက သမိုင်းဝင်စကားများ
ဘယ်သူပြောလဲကတော့ ကိုယ့်ဘာသာ ရှာဖွေကြပါရန်။
(ပိုင်စိုး)
နတ်ပြည်နဲ့ ငရဲ (သို့မဟုတ်) ကတ်ရှ်မီးယား (ပိုင်စိုး)
22.04.202504:05
အပစ်အခတ်ရပ်စဲရေးနောက်ဆက်တွဲ
-------------
(၂၂-၄-၂၀၂၅)

ဒီနေ့က နစကရဲ့ အပစ်အခတ်ရပ်စဲရေး နောက်ဆုံးနေ့ပါ။ နစက အနေနဲ့ ရက် ၂၀ ကြာ အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်းမှာ ညောင်ကျိုး၊ အင်းတော်၊ ဖလမ်း၊ ကရင်ပြည်နယ် ထီးထ၊ ရှမ်းရွာသစ် စသဖြင့် တိုက်ကွက်တော်တော် အဖော်ခံရတယ်။ အရင်ငြိမ်နေတဲ့ KNU တပ်မဟာ ၄ တောင်မှ သင်္ကြန်တွင်း စစ်ရေးအမြတ်ထုတ်ပြီး ထိုင်းမြန်မာနယ်စပ်စခန်း ထီးထကို သိမ်းသွားတယ်။

လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ကွက်ကတော့ အဖွဲ့တိုင်းနီးပါးက အတူတူလောက်ပဲ။ အပစ်အခတ်ရပ်စဲမှုကို အခွင့်ကောင်းယူ အလစ်ဝင်တိုက်တယ်။ စခန်းသိမ်းပြီးပြီဆိုရင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ဆိုတဲ့ခေါင်းစဉ်ကို မီဒီယာတွေက ဝေဝေဆာဆာ ရေးကြတယ်။

အခုတော့ ရက် ၂၀ အပစ်အခတ်ရပ်စဲရေးကလည်း ဒီနေ့ပြီးရင် ပြီးပြီမို့လို့ နစက ဘယ်လို တုန့်ပြန်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ လားရှိုးကတော့ ကောလဟလတွေအတိုင်း ၂၁ ရက်နေ့အပြီး MNDAA က နစက ကို ပြန်အပ်ခဲ့ရပြီ။ NUG အားပေးတဲ့သူတွေ တင်းမယ်ဆိုရင်လည်း တင်းလောက်စရာပါ။ တပ်တွေနေရာယူအပြီးထိ လုံခြုံရေးတောင် ယူပေးရသေးတယ်ဆိုတော့။

ရှေ့ကတိုက်ပေးရတော့ ပူးပေါင်း PDF တွေဖြစ်ပေမယ့် အုပ်ချုပ်ရေးထဲလည်း မပါ၊ ညှိနှိုင်းရေးထဲလည်း မပါရပဲ နောက်ဆုံး ပြန်ပေးလိုက်ရတာပဲ အဖတ်တင်တယ်။ အခုကျတော့ အဲ့နယ်မြေတွေမှာ PDF တွေတိုက်ပွဲဖော်ဆောင်မှု မရှိစေရေးကိုပါ ထိန်းချုပ်ပေးရမယ်လို့ကြားတယ်။

EAO တွေသိမ်းတယ် သိမ်းတယ်ဆိုတဲ့မြို့တွေကို လေယာဉ်အုပ်လိုက် မလာသေးလို့ ပျော်နေကြတာပါ။ နစက တကယ်လုပ်မယ်ဆိုရင် အဲ့အဖွဲ့တွေလည်း လားရှိုးလိုပဲ စားပွဲဝိုင်းရောက်လာပြီး နစကအဖွဲ့တွေနဲ့ လက်ဆွဲနှုတ်ဆက်ကြဦးမှာပဲ။

KNU အနေနဲ့ကတော့ နယ်စပ်က တပ်စခန်းတွေကို တိုက်တာဟာ တိုင်းတစ်ပါးကျူးကျော်လာရင် ပြန်ခုခံနိုင်စွမ်းရှိလို့ပဲလို့ ယူဆပါတယ်။ ကျားဖြန့်ကိစ္စတွေလို နိုင်ငံတကာ အာရုံစိုက်ရလောက်တဲ့ ဒုစရိုက်မှုတွေ ပေါ်ပေါက်လာတဲ့အခါ ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုး မလုပ်ဖို့လိုတာပေါ့။ စပြီးတဲ့ ဇာတ်ကတော့ အဆုံးထိ ကကြရမှာပါ။
ရယ်တော့ ရယ်ရတယ်။ ပြည်တွင်းက မြန်မာတွေက ဒီမိုကရေစီလိုချင်တယ်။ ပြီးတော့ ကွန်မြူနစ်နဲ့ အုပ်ချုပ်တဲ့ EAOs တွေကိုကျတော့ အားပေးတယ်။ ဒါဆို EAO အုပ်ချုပ်တဲ့ ပြည်နယ်တွေမှာ သွားနေဆိုတော့လည်း မနေချင်ကြပါဘူး။ EAO ခေါင်းဆောင်ပိုင်းရဲ့ အမျိုးတွေတောင် မန္တလေးမှာ လာနေလို့ ငလျင်ထဲ ပါသွားတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့လေ။

ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါပဲ အမျိုးတို့ရေ။ အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ EAO နဲ့ PDF တွေသိမ်းပြီးသွားတဲ့ စခန်းတွေဟာ အပစ်အခတ်ရပ်စဲရေးကာလအပြီးမှာ တပ်ဘက်က တိုက်စစ်ပြန်ဆင်ဖို့ အကြောင်းပြချက်တွေဖြစ်သွားခဲ့ရင်လည်း ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ။

(ပိုင်စိုး)

FB တွင်ဖတ်ရန်
https://www.facebook.com/permalink.php?story_fbid=pfbid0QegZeyFaDpz1MfT5YheQSyCwVLvb9BxJStoSMaHQVjvtEgAwWnvJmvMpEynTM1wol&id=61573845303977
အုပ်ချုပ်ရေးမှူးအားလုံးက ဒလန်တွေလား (ပိုင်စိုး)
ရခိုင်နဲ့ ဘင်္ဂါလီ (ပိုင်စိုး)
အိုဘယ့် ကွန်မြူနတီ စတန်းဒက်
လူလေးဘာလေး စုချိန်တောင် သိပ်မပေးဘူး၊ ဖျက်ချပြန်ပြီ။ သတင်းတုတွေတင်နေတဲ့ ဆဲဆိုနေတဲ့ လူပေါင်း သိန်းချီကြည့်နေတဲ့ လူတွေ Page တွေကျ ဘာမှ မဘာပဲနဲ့ ဟိုဘက်ရပ်ကွက် နည်းနည်းလောက်ထောက်ပြလိုက်တာနဲ့ ဖြုတ်ချပြီ။ သန္ဓေကိုမကောင်းဘူး။
ခဏနေရင် ပြန်လာခဲ့ပါမယ် Facebook ရေ။

(ပိုင်စိုး)
25.04.202504:41
ဖားစည်သံများ မကြားနိုင်တော့ပါ
---------------------------
(၂၅-၄-၂၀၂၅)

ရှမ်းမြောက်မှာ တိုက်ပွဲတွေငြိမ်သွားတာနဲ့ အချိန်ကိုက် ကရင်ပြည်ဘက်မှာ တပ်စခန်းတွေကို တိုက်ခိုက်မှု ခပ်စိတ်စိတ်ပြုလုပ်လာနေတယ်။ ငလျှင်နဲ့ အပစ်အခတ်ရပ်စဲထားတာက တစ်ကြောင်း၊ NCA ထိုးထားတဲ့ နယ်မြေတွေဖြစ်တဲ့အပြင် ပစ်ကူ စစ်ကူ မလွယ်တဲ့ နယ်စပ်စခန်းတွေမို့လို့ KNU နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကို တောင့်မခံနိုင်ခဲ့ပါဘူး။ KNU ဆိုတာ လက်နက်ကိုင်တွေရဲ့ ဘိုးအေကြီး၊ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရမယ့် အောင်ဆန်းအက်တလီစာချုပ်ကို ကန့်ကွက်ခဲ့တဲ့ အဖွဲ့ပါ။

အဲ့ဒီကတည်းက လက်နက်ကိုင်ခဲ့တဲ့ KNU/KNDO ဟာ အင်းစိန်အစိုးရလို့ခေါ်ရလောက်တဲ့အထိ ရန်ကုန်မြို့ကို သိမ်းပိုက်တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်က KNU ကိုသာ ပြန်မတိုက်နိုင်ခဲ့ရင် အခုအချိန်လောက်ဆို မြန်မာနိုင်ငံအစား ကော်သူးလေနိုင်ငံဆိုပြီး ဖြစ်ရင်ဖြစ်နေမှာပေါ့။

၁၉၄၈ လွတ်လပ်ရေးရပြီးတဲ့အချိန်ကတည်းက သူပုန်အဖြစ်တောခိုခဲ့တဲ့ KNU ကြောင့် ကရင်မြေဆိုတာ ဖားစည်သံတွေအစား နေ့စဉ်နဲ့အမျှ ဗုံးခွဲသံတွေပဲကြားရပါတော့တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုကျော်လောက်တုန်းက စစ်တပ်ရဲ့ တိုက်ပွဲတွေဟာ ကရင်ခွင်မှာသာ အများဆုံးရှိခဲ့ပါတယ်။

၁၉၉၅ ခုနှစ် DKBA ပေါ်ပြီးတဲ့နောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာနဲ့ငြိမ်းချမ်းရေးကို ဦးတည်သွားလို့ ကရင်မြေမှာ ဖားစည်သံလေးတွေ ပြန်ဝေခဲ့ရတယ်။ ကရင်အချင်းချင်း ထိန်းကျောင်းခဲ့ကြလို့ ကရင်မြေဟာ အေးအေးချမ်းချမ်းလေးပြန်ဖြစ်လာပြီး အခုနောက်ပိုင်း တောင်ဝိုင်းတို့ ဇွဲကပင်တို့ဆို တကူးတက သွားရောက်လည်ပတ်ကြတဲ့ ဧည့်သည်လေးတွေနဲ့ စည်စည်ကားကားလေးဖြစ်လာရတယ်။

၂၀၁၅ မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ် NCA ထိုးတယ်။ အဲ့ဒီအတွက်လည်း KNU ဟာ တကယ် ငြိမ်းချမ်းရေးကိုလိုလားပြီး ကရင်မြေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တော့မယ်လို့ ထင်ခဲ့ဖူးပါတယ်။ ဇွဲကပင်တောင်မှာဆိုရင်လည်း ကေဘယ်ကားတွေနဲ့ အတက်အဆင်းလုပ်နိုင်တော့မယ်လို့ကြားတော့လည်း တိုင်းရင်းသားဒေသလေး တိုးတက်လာတာမြင်ရလို့ မုဒိတာပွားမိပါတယ်။

အခုတော့ နိုင်ငံရေးအကြပ်အတည်းကို အခွင့်ကောင်းယူပြီး စိတ်ရင်းတွေပြန်ပေါ်လာတာပါပဲ။ ၂၀၂၂ တုန်းကတောင် နိုင်ငံတော် အခမ်းအနားတွေတက်နေခဲ့တဲ့ KNU ဟာ ဘာမှ ၂၀၂၁ ဖြစ်စဉ်ကြောင့် တိုက်ပွဲတွေပြန်ဖော်နေတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ကွက်အဖော်ခံနေရတဲ့အပြင် ငလျင်ဒဏ်နဲ့ အလုပ်တွေပိုနေတဲ့ စစ်တပ်ကို အခွင့်ကောင်းယူတာသက်သက်ပဲ။

အခုလ ၁၉ ရက်နေ့က KNU သိမ်းလိုက်တဲ့ ထီးထ စခန်းဆိုတာ ကရင်အဖွဲ့တွေကို တိုက်ဖို့ လုပ်ထားတဲ့ စခန်းမဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်တိုက်ခိုက်ရင် ရှေ့ပြေးခုခံဖို့လုပ်ထားတဲ့ စခန်းတစ်ခုပဲ။ အဲ့ဒီအတွက် လေယာဉ်ပစ်သေနတ်တွေလည်း တပ်ဆင်ထားတယ်။

အဲ့ဒီတော့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဘယ်လောက်အထိ ယုံကြည်လို့ရသလဲဆိုတဲ့မှတ်ကျောက်ကို ကိုယ့်ဘာသာပဲ တင်လိုက်ကြတာမို့ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကိုလည်း ကိုယ်ပဲရင်စည်းခံကြဖို့ ပြောရမှာပဲ။ ကရင်ပြည်သူတွေအနေဲ့လည်း ဖားစည်သံအစား လေယာဉ်သံတွေ ကြားခဲ့ရင် NCA စာချုပ်ကိုဖောက်ဖျက်ပြီး နယ်စပ်စခန်းတွေကို တိုက်ကွက်ဖော်နေတဲ့ KNU ကိုပဲသွားအပြစ်တင်ကြပါ။

(ပိုင်စိုး)

FB တွင်ဖတ်ရန်
https://www.facebook.com/permalink.php?story_fbid=pfbid026DWtqLR7Ztttm8uQ2HDqGVWRWP6B6RFDpsjD5TiJedvVgJqZtQPv19ue7KWduoTtl&id=61573845303977

Telegram တွင်ဖတ်ရန်
https://t.me/paing_soe21
23.04.202504:27
လူငယ်နဲ့စနစ်
--------------------
(၂၃-၄-၂၀၂၅)

တနေ့ကတင်ထားတဲ့ ပဲခူးတိုင်းထဲက သုံးဘီးဆိုင်ကယ်မောင်သူကို လူသတ်လုယက်မှုနဲ့ စပ်လျဉ်းပြီး ဒီနေ့ မြန်မာ့လူငယ်တွေအကြောင်းကို စဉ်းစားမိတယ်။ အသတ်ခံရသူက အသက် ၆၂ နှစ်အရွယ်၊ သတ်တဲ့ လူတွေက အသက် ၂၀ နဲ့ ၁၆ နှစ်အရွယ် လူငယ်နှစ်ယောက်။ ပဲခူးမှာ အဲ့လိုအမှုတွေ အများကြီးပဲ။ ဆိုင်ကယ်ကယ်ရီငှားတယ်၊ လူရှင်းတဲ့နေရာ ဓားထောက်ပြီး ဆိုင်ကယ်ယူသွားတယ်။

ပြီးခဲ့တဲ့လတွေတုန်းကလည်း ကလေး (၂) ယောက်ကို ဆယ်ကျော်သက်အရွယ်တွေ ခဲနဲ့ထုသတ်ကြတာ မှတ်မိကြဦးမှာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ မျိုးဆက်သူလူငယ်တွေ ဘာမှားနေကြသလဲ။ လူတစ်ယောက်ကို သတ်ဖို့ ဖြတ်ဖို့အထိ ရက်စက်တဲ့စိတ်တွေ ဒီအရွယ်လေးတွေရဲ့ရင်ထဲ ဘယ်လိုများရောက်ကုန်ကြသလဲ။

ဒီမေးခွန်းကို မေးရင် ကိုယ်နဲ့အမြင်မကြည်ရာ အဖွဲ့အစည်းအသီးသီးကို လက်ညှိုးထိုးကြမှာ မလွဲပါဘူး။ တကယ်တော့ ကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်းစီကိုယ်တိုင်က စောင့်ထိမ်းရမယ့်ဝတ္တရားတွေ၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပျက်ကွက်ခဲ့ကြတာပါ။

အခြေခံလေး တစ်ခုကနေ စပြောကြပါစို့။ ဂျပန်၊ ရုရှား၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာ မည်သည့်စတိုးဆိုင်မဆို (လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြား) ၁၈ နှစ်အောက် ကလေးတွေကို ဆေးလိပ်၊ အရက် လုံးဝမရောင်းပေးပါဘူး။ ဆေးလိပ်အရက်လာဝယ်သူက အသက်ငယ်တဲ့ပုံပေါက်ရင် နိုင်ငံခြားသားကအစ passport ပြရပါတယ်။ ဒါဟာ နိုင်ငံရဲ့ ဥပဒေကြောင့်ဆိုတာလည်း ပါသလို နိုင်ငံသားတွေရဲ့ တစ်ဦးချင်းအတွေးအခေါ်တွေကြောင့်လည်း ပါပါတယ်။

ကိုယ့်နိုင်ငံက လူငယ်တွေကျတော့ ဆေးလိပ်၊ အရက်ဆိုတာမျိုးကို မိဘတွေကိုယ်တိုင်က ဝယ်ခိုင်းတတ်ကြသလို အိမ်ဆိုင်ကနေစူပါမားကတ်တွေအထိ အသက်မပြည့်လို့ မရောင်းပေးပါဘူးဆိုတာမျိုး မရှိဘူး။ အယုတ်အလတ်အမြတ်မရွေး အကုန်ရောင်းပါတယ်။ ဆေးလိပ်ဘူးတွေမှာ အရက်ပုလင်းတွေမှာ ၁၈ နှစ်အောက်မရောင်းရလို့ စာကပ်ထားယုံနဲ့ ဥပဒေတစ်ခု ဖြစ်မလာသလို လူငယ်တွေမို့ မရောင်းရဘူးဆိုတဲ့ အသိလည်း မရှိကြပါဘူး။

နောက်တစ်ခုကတော့ လောကနီတိလို့ခေါ်တဲ့ လူ့အသိုင်းအဝိုင်းမှာ နေထိုင်ကျင့်ကြံရမယ့် ကျင့်ဝတ်တွေကို လေ့ကျင့်ပေးဖို့ အားနည်းတာပါ။ လူငယ်ဆိုတာက အတုမြင် အတတ်သင်လေ့ရှိကြတယ်။ အထူးသဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူလတ်ပိုင်းတွေကို အတုယူပြီး လိုက်လံတုပလေ့ရှိပါတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့ လူမှုပတ်ဝန်းကျင်က ကလေးတွေဟာ အလိုလို ဘာသာရေးကိုင်းရှိုင်းလာတတ်ကြပြီး ရိုင်းရိုင်းစိုင်းစိုင်းပတ်ဝန်းကျင်မှာ ကြီးပြင်းလာကြတဲ့ ကလေးတွေကတော့ ဘယ်သူမှ သင်စရာမလိုပဲ လူအရိုင်းတစ်ပိုင်းလေးတွေဖြစ်လာတတ်ကြတယ်။

ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေမှာ ကလေးတွေအတွက် မူလတန်းကနေစပြီး ကားပေါ်မှာ၊ ရထားပေါ်မှာ ဘယ်လိုပြုမူရမယ်၊ အသက်ကြီးသူတွေကို ဘယ်လိုဆက်ဆံရမယ်၊ ကိုယ်ဝန်ဆောင်တွေနဲ့ ဒုက္ခိတတွေကို ဘယ်လိုကူညီရမလဲ စသဖြင့် လေ့ကျင့်ပေးနေချိန်မှာ ကျွန်တော်တို့နိုင်ငံကတော့ သေနတ်ပစ်နည်း သင်ပေးနေကြတယ်။ ခါးပိုက်နှိုက်နည်း သင်ပေးနေတယ်။ ဓါးပြတိုက်နည်း သင်ပေးနေတယ်။

ဂျပန်မှာ ကလေးတိုင်း ကျောင်းနေရဖို့၊ ကျောင်းတိုင်းမှာ ထမင်းချိုင့်မယူရပဲ နေ့လည်စာကို ကိုယ့်တာဝန်ကိုယ်ယူပြီး စားသောက်တတ်စေဖို့၊ လောကနီတိတွေ သင်ပေးဖို့စသဖြင့် အစိုးရက စနစ်တွေ တည်ဆောက်ပေးထားသလို ပြည်သူတွေကလည်း ကိုယ့်မျိုးဆက်သစ်တွေအပေါ် စေတနာအပြည့်ထားပြီး စနစ်တွေကို လိုက်အကောင်အထည်ဖော်ပေးကြတယ်။ စနစ်နဲ့ စေတနာ ပေါင်းလိုက်တဲ့အခါမှာ ကျွန်တော်တို့ လိုက်မမှီတဲ့ ဂျန်နရေးရှင်းတွေ ဖြစ်လာကြတာပါပဲ။

ဆရာ၊ ဆရာမတို့ လက်ထဲ ကျွန်မသားသမီးကို အပ်ပါတယ်၊ ရိုက်သာရိုက်ပါဆိုတဲ့ ခေတ်ကနေ ကိုယ့်သားသမီး ထိရဲရင် ထိကြည့်၊ ဆရာလည်း မကျန်ဘူး၊ မီးပွင့်သွားမယ်ဆိုတဲ့ ခေတ်ကို ရောက်လာတာဟာ ကောင်း၏၊ မကောင်း၏လို့ မဆိုလိုချင်ပေမယ့် လောကနီတိလောက်ကတော့ ကိုယ်တိုင်သင်ကြားပေးဖို့ တာဝန်ရှိပါတယ်။

အချုပ်ဆိုရမယ်ဆိုရင် ကိုယ့်မျိုးဆက်သစ်တွေအတွက် အစိုးရရဲ့ စနစ်တွေတွေလိုအပ်သလို မိဘတွေရဲ့ အုပ်ထိန်းမှုလည်း လိုပါတယ်။ အထူးသဖြင့် ၁၈ နှစ်အောက်အရွယ်တွေကို ဖုန်းနဲ့ ဆိုရှယ်မီဒီယာ ကန့်သတ်မှုတွေ အများကြီးလိုအပ်ပါတယ်။ ဒါဟာ ကလေးသူငယ်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာမဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ကျင့်သုံးနေတဲ့ ဥပဒေပါ။ သူများနိုင်ငံတွေက ဖုန်းတစ်လုံးသုံးဖို့တောင် ၁၈ နှစ်မပြည့်ရင် ထိန်းချုပ်နေကြပေမယ့် ကိုယ့်နိုင်ငံမှာတော့ ငါးနှစ်နဲ့ သေနတ်ပစ်နည်းသင်ပေးနေကြတာဟာ ရင်လေးစရာပါပဲ။

(ပိုင်စိုး)

Facebook တွင်ဖတ်ရန်
https://www.facebook.com/permalink.php?story_fbid=pfbid0rNvtJDx5Th3zttNieoN9GrpjC2QcXRsHiML7X73YcSzTqbjczETXV7UE5EwotApCl&id=61573845303977
အပစ်အခတ်ရပ်စဲရေး နောက်ဆက်တွဲ (ပိုင်စိုး)
Shown 1 - 24 of 144
Log in to unlock more functionality.