Study Group (2025)💫💫💫
Alchemy of Souls ထဲက ဆောယူလ်တစ်ဖြစ်လဲ My Lovely Liar ထဲက မင်းသားချောလေး Hwang Min Hyun နဲ့ When the Stars Gossip ထဲက သူဌေးမလေး ချွဲဂိုအွန်းဖြစ်သူ မင်းသမီး Han Ji Eun တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကျောင်းသားကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်✌️✌️
💗Yun Ga Min ဆိုတဲ့ ကျောင်းသားလေးက ပြဿနာများတဲ့ ကျောင်းသားတွေရှိတယ်ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျောင်းမှာ တက်နေတဲ့သူပါ။
သူက မျက်မှန်လေးတပ်၊ သပ်သပ်ရပ်ရပ်နဲ့ ဖြူစင်တဲ့ပုံစံလေးဖြစ်ပြီး စာကိုကောင်းကောင်းလုပ်ချင်ပေမဲ့လည်း ကံမကောင်းစွာနဲ့ အမြဲ ဘိတ်ချေးဖြစ်နေသူပါ။ စာမှာဘိတ်ချေးဖြစ်နေပေမဲ့လည်း သူက တိုက်ရည်ခိုက်ရည်အပြည့်နဲ့ ယှဉ်ပြိုင်နိုင်သူဖြစ်တာမို့ သူ့ရဲ့ဘိတ်ချေးဖြစ်နေတဲ့အဆင့်ကို သူကျွမ်းကျင်တဲ့ တိုက်ခိုက်နိုင်စွမ်းကို အသုံးပြုပြီး တိုးတက်အောင် ကြံစည်ပါတော့တယ်။ 💀💀💀
Lee Han Gyeong က တက္ကသိုလ်တက်နေတုန်း Yun Ga Min ကို စာပြပေးခဲ့သူဖြစ်ပြီး ဆရာမအဖြစ် ခန့်အပ်ခံရပြီးနောက်မှာ
Yun Ga Min ရဲ့ကျောင်းမှာ ယာယီဆရာမအဖြစ် စာသင်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။
⭐️သူတို့ရဲ့နာမည်ဆိုးထွက်နေတဲ့ကျောင်းကို နည်းနည်းလေးဖြစ်ဖြစ် တိုးတက်စေလိုတဲ့ ဆရာမဖြစ်သူမှာ လျှို့ဝှက်ချက်တစ်ခုလည်း ရှိနေခဲ့ပါသေးတယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက် ပြန်တွေ့တဲ့အချိန်မှာ ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲ၊ Lee Han Gyeong ရဲ့လျှို့ဝှက်ချက်ကရော ဘာများလဲ၊ ကျောင်းကလူတွေကရော ပြောင်းလဲသွားကြမှာလားဆိုတာကိုတော့ အပတ်စဥ် ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ💎💎💎