Five Fingers (2012)
နာမည်ကြီးစန္ဒရားပညာရှင်တစ်ဦးရဲ့ သားဖြစ်သူ အင်ဟာ(Ji Chang Wook)ဟာ
မိသားစုစီးပွါးရေးလုပ်ငန်းဖြစ်တဲ့ တူရိယာကုမ္ပဏီကို တစ်နေ့အမွေဆက်ခံခွင့်ရဖို့ အိပ်မက်မက်နေသူပဲဖြစ်ပါတယ်...
ဒါပေမဲ့ အဖေဖြစ်သူဟာ အင်ဟာ့အစား သူရဲ့တရားမဝင်သား ဂျီဟို(Ju Ji Hoon)ကို ဆက်ခံသူနေရာထားလိုက်တဲ့အခါ
အင်ဟာရဲ့အမေဖြစ်သူ ချယ်ယောင်းရန်(Chae Si Ra)တစ်ယောက် ဒေါသအလွန်ထွက်ခဲ့ရပါတယ်...
မိခင်တစ်ယောက်ရဲ့ သားဖြစ်သူအပေါ် ထားရှိတဲ့မေတ္တာ ဖြစ်စေချင်စိတ်တွေအရ ဂျီဟိုအပေါ်ကို ခြယ်လှယ်ရင်း
ကြိတ်ပြီး လက်စားချေဖို့ကြံစည်နေခဲ့ပါတော့တယ်...ညီဖြစ်သူနဲ့ မိထွေးဖြစ်သူကို သူ့ကိုယ်သူထက်ပိုချစ်တဲ့ ဂျီဟိုတစ်ယောက်
အလိမ်အညာတွေနဲ့ သစ္စာဖောက်မှုတွေကို သိရှိသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ...
မိထွေးနဲ့ ဂျီဟိုတို့အကြား အားပြိုင်မှုနဲ့ လက်စားချေမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့
ဟောင်းပေမဲ့ကောင်းနေဆဲဇာတ်လမ်းတွဲလေးမို့လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...