Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Sitt Naing(69) avatar
Sitt Naing(69)
Sitt Naing(69) avatar
Sitt Naing(69)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗာတီကန်မြို့ပြနိုင်ငံ (Holy See) ၏ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

နေပြည်တော်၊ ဧပြီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗာတီကန်မြို့ပြနိုင်ငံ (Holy See) ၏ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ခြင်းအတွက် ဗာတီကန်မြို့ပြနိုင်ငံ၊ အစိုးရအဖွဲ့အကြီးအကဲ ဘုန်းတော်ကြီး (His Eminence Cardinal Pietro Parolin) ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့သည်။

အဆိုပါ သဝဏ်လွှာတွင် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဗာတီကန်မြို့ပြနိုင်ငံ၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားသည်ဟု ကြားသိရသည့်အတွက် အလွန်ပင် စိတ်မကောင်းဖြစ်ရကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စားလည်းကောင်း၊ မိမိကိုယ်စားလည်းကောင်း ကိုယ်တော်နှင့် ဗာတီကန်မြို့ပြနိုင်ငံပြည်သူများထံသို့ ဝမ်းနည်း ကြေကွဲကြောင်း ဖော်ပြလိုကြောင်း ပါရှိသည်ဟု သတင်းရရှိသည်။
21.04.202514:33
သီတဂူဆရာတော်ဘုရားကြီးအား
မိုင်းဖုန်းဆရာတော် အမှူးပြု၍ တပည့် ဒကာ၊ ဒကာမများမှ စစ်ကိုင်းတောင်ရိုး ငလျင်ဒဏ်ကြောင့်ပြိုပျက်သွားသော ဘုရားစေတီများပြုပြင်မွမ်းမံရန်နှင့် ငလျင်ဒဏ်သင့် ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်တို့အတွက် ငွေကျပ် သိန်း(၃၃၀)၊  ရိက္ခာအထုပ်(၅၀၀)၊ ဆန်အိတ်(၂၅၀)၊ ဆီ၃ပိဿာပုံး (၂၅၀)နှင့် ဖိနပ်အရံ(၃၀၀)တို့ကို လှူဒါန်းပါသည်။
Пераслаў з:
Tun Htet Oo (DuWonKyal) avatar
Tun Htet Oo (DuWonKyal)
18.04.202513:57
မြန်မာ့ရိုးရာအတာသကြင်္န်အပေါ်  ဦးခင်ရီ၏ ရှုမြင်သုံးသပ်ချက် ။

#ukhinyi #ChairmanofUSDP #USDP #Myanmar #NayPyiTaw #MyanmarWaterFestival #Thingyan #WorldHeritage #Donation #Wish #HappyNewYear


Connect with U Khin Yi:

Tik Tok: www.tiktok.com/@chairmanofusdp

Telegram : https://t.me/chairmanofUSDP

Facebook : https://www.facebook.com/ukhinyimyanmar?mibextid=LQQJ4d
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ဝန်ကြီးဌာနမိသားစု ဇီဝိတဒါန ငါးလွှတ်ပွဲသို့ တက်ရောက်

နေပြည်တော် ဧပြီ ၁၈

စွမ်းအင်ဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း တစ်ရက်နေ့) ညနေ ၅ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းမဘေးရှိ မင်္ဂလာကန်တော်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့ ဦးဆောင်ကာ စွမ်းအင်ဝန်ကြီးဌာန မိသားစုက ငါးကောင်ရေ ၉၀၀၀ ကို ဇီဝိတဒါနအဖြစ် မင်္ဂလာကန်တော်အတွင်းသို့ ကုသိုလ်ပြုလွှတ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
18.04.202506:04
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပ

နေပြည်တော် ဧပြီ ၁၈

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးအမှတ် (၄၆) ၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ အခမ်း အနားများသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြန်မာ့နှစ်သစ် ကူးအထိမ်းအမှတ်အဖြစ် ရုံးဝင်းအတွင်းရှိ လျှိုပိတ်ဆည် အတွင်း သို့ ငါးခုံးမသားပေါက်ကောင်ရေ ၃၀၀၀ အား ဘေးမဲ့လွှတ်ပေး ကြသည်။

ထို့နောက် နှစ်သစ်ကူးအန္တရာယ် ကင်းပရိတ်တရားတော် ရွတ်ဖတ် ပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ ဦးစွာ ပရိသတ်များက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ဖတ်သည့် နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်များကို ရိုသေစွာနာယူကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မတ် ၂၈ ရက်တွင် လှုပ်ခတ် သွားခဲ့သော ပြင်းထန်သည့် မြေငလျင်ကြောင့် ပျက်စီးခဲ့သည့် ပြည်ထောင်စုဝန်ကြီးရုံး ရုံးအမှတ်(၂၆) အဆောက်အအုံ ပြင်ပကားရပ်
နားနေရာ၌ အိန္ဒိယ နိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ယာယီရုံးခန်းများ ဆောက်လုပ်ပေးနေကြသော အိန္ဒိယနိုင်ငံသားများအား သစ်သီးခြင်း လက်ဆောင် ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ

နေပြည်တော်  ဧပြီ  ၁၈

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် မိသားစုများ၏  ဇီဝိတဒါန  ငါးလွှတ်ပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၇  ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ယမန်နေ့) မွန်းလွဲ ၄ နာရီက  နေပြည်တော်  ဥတ္တရ သီရိမြို့နယ်ရှိ  ဥတ္တရသီရိရေလှောင်တမံ ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး  တာဝန်ရှိသူ များနှင့်  ဝန်ထမ်းမိသားစုဝင်များ တက်ရောက်၍ ဇီဝိတဒါန ငါးများ လွှတ်ပေးခဲ့သည်။

ယင်းဇီဝိတဒါန ငါးလွှတ်ပွဲအခမ်း အနားတွင်  ငါးကြင်းကောင်ရေ ၃၀၀၀ ကို ရေလှောင်တမံ အတွင်းသို့ ဇီဝိတဒါန အဖြစ်  ကုသိုလ်ပြု လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
22.04.202514:30
မိုင်းဖုန်းဆရာတော်ကြီး နေပြည်တော်ရှိ မာရဝိဇယဘုရားသို့ ကြွရောက်ပြီး အနေကဇာတင်လှူ

ဧပြီလ ၂၂

ငလျင်ဒဏ်သင့်ဒေသတွေကို ကူညီထောက်ပံ့လှူဒါန်းခြင်းခရီးစဉ်ကြွရောက်နေတဲ့ မိုင်းဖုန်းဆရာတော်ကြီးဟာ ဧပြီ၂၂ရက်၊ ည၇နာရီခွဲက နေပြည်တော်ရှိ မာရဝိဇယဘုရားကြီးကို ကြွရောက်တော်မူပြီး အနေကဇာတင်လှူပူဇော်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဖုန်းဆရာတော်ကြီးကို ဒေသခံအများအပြား လာရောက်စာင့်ဆိုင်းပြီး ဖူးမြော်ကြည်ညိုကြတာကိုလည်း တွေ့ရပြီး ဆရာတော်ကြီးက အဆောင်လက်ဖွဲ့တွေ စွန့်ကြဲခဲ့ပါတယ်။

မိုင်းဖုန်းဆရာတော်ကြီးဟာ နေပြည်တော်ကနေ ရန်ကုန်မြို့ကိုလည်း ကြွရောက်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။
#ဂုဏ်ပြုနေ့လည်စာဖြင့်တည်ခင်းဧည့်ခံကျွေးမွေးမည်

မြန်မာတစ်နိူင်ငံလုံး မှ နေပြည်တော် သို့

ငလျင်ဘေး အတွက် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရန် ရောက်ရှိနေသော

မီးသတ်တပ်ဖွဲ့ဝင် အင်အား(၆၀၀)ခန့် အား

ဂုဏ်ပြုနေ့လည်စာဖြင့်တည့်ခင်းဧည့်ခံကျွေးမွေးမှာဖြစ်ပါသည်။


ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း
18.04.202513:12
ယနေ့ (၁၈-၄-၂၀၂၅) ညပိုင်းအထိ
နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုများ။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဇီဝိတဒါန ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

နေပြည်တော် ဧပြီ ၁၈

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဇီဝိတဒါန ငါးမျိုးစိုက်ထည့်ပွဲ ကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပရဆေးဥယျာဉ်ရှေ့ရှိ မင်္ဂလာကန်တော်၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် နေပြည်တော် ပရဆေးဥယျာဉ် ရှေ့ရှိ မင်္ဂလာကန်တော်အတွင်းသို့ နှစ်သစ်မင်္ဂလာအဖြစ် ငါးကြင်း သားပေါက်များ မျိုးစိုက်ထည့်ပြီး ကုသိုလ်ပြုခဲ့ကြသည်။

အလားတူ ညနေပိုင်းတွင်လည်း ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးရုံးဝင်းအတွင်းတွင် လေးကျွန်းမဏ္ဍိုင်ကျောင်းတိုက်မှ သံဃာတော်ငါးပါးအား ပင့်ဖိတ်၍ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ကြကြောင်း သိရသည်။ 
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၅)
22.04.202512:45
ယနေ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၁၂) သင်တန်းဖွင့်လှစ်။


#PMS
18.04.202516:21
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံ သား ၂၇၈ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့
++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော် ၊ ဧပြီ ၁၈ ရက်
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန် လိုင်း လိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ကရင် ပြည်နယ်၊ မြဝတီမြို့ ကျောက်ခတ်နယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား ၂၇၈ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူ များသည် သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ထိန်းသိမ်းစစ်ဆေး သည့် စာရင်းဇယား၊ အချက် အလက်များ မှန်ကန်ပြည့်စုံစေရေးနှင့် ၎င်းတို့၏ ကျန်းမာရေး၊ နေထိုင်စားသောက် ရေး၊ လုံခြုံရေး၊ ပြည်နှင်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေး စနစ်တကျ ဆောင်ရွက်ထားရှိရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၁၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လ ာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၁၈ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ၇၂၈၈ဦးကို ထိုင်းနိုင်ငံ မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေး ခဲ့ပြီး ပြည်ပ နိုင်ငံသား ၁၇၂၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း နှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများအား ခြိမ်းခြောက်ထိခိုက်များ ရှိလာသည့် အွန်လိုင်းလိမ် လည်မှု၊ အွန်လိုင်းလောင်းကစားမှု အပါအဝင် အွန်လိုင်း ဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတ ကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက် နှိမ်နင်းပြီး ထိန်းသိမ်းစစ်ဆေး လွှဲပြောင်းပေးလျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် တာဝန်ရှိသူ အဆင့်ဆင့်တို့ကလည်း အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်း ကစားမှုအပါအဝင်အွန်လိုင်း ဒုစရိုက်မှုလုပ်ငန်းများမရှိစေရေးဖော်ထုတ်ခြင်း၊အရေးယူခြင်း တို့ကိုကိုင်တွယ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်က ပြန်ဝင်လာပေမယ့်
လားရှိူး အေးဆေးပဲတဲ့....

#MovieCredit
#SittNaing
18.04.202506:05
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ အခမ်းအနားများကျင်းပ

နေပြည်တော် ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ခူးလပြည့်ကျော် ၅ ရက် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ ၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၃ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပွဲ အခမ်းအနားကို အဆိုပါဌာနရှိ အစည်းအဝေးခန်းမရှေ့၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် သံဃာတော် အရှင်သူမြတ်များနှင့် ကြွရောက်လာသည့် ဧည့်ပရိသတ် အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး စမ်းမြိုင်တောရ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသူရိယထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော် အမှူးပြုသော သံဃာတော်အရှင်သူမြတ် တို့က အန္တရာယ်ကင်းပရိတ် တရားတော်နှင့် အနန္တရာယိက ကမ္မဝါစာများကိုရွတ်ပွားသရဇ္စျာယ် တော်မူကြပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြကာ လှူဒါန်းမှုအစုစု တို့အတွက် အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှ ပေးဝေခဲ့သည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် ငါးကောင်ရေ ၃၀၀၀ အား ဇီဝိတဒါနအဖြစ်ဝန်ကြီးဌာန အနောက်ဘက်ရှိ လျှိုပိတ်တမံအတွင်းသို့ကုသိုလ် ပြုလွှတ်ပေးခဲ့ကြကြောင်းသိရသည်။
18.04.202506:03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၈
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီး ဌာနမှ ဝန်ထမ်းများနှင့်အတူ ယမန်နေ့ညနေ ၄ နာရီတွင် ဝန်ကြီး ဌာနဝင်းအတွင်း၌ နှစ်ဆန်း တစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းကိုပြုလုပ်ရာ ဆရာဒကာ၊ ကျောင်းတိုက်လေးခုမှ သံဃာ တော်ကိုးပါးက အန္တရာယ်ကင်း ပရိတ်တရားများ ရွတ်ဖတ်ပေး သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ကြက်သွန် အပါအဝင်ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းကြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် နှစ်စဉ် နှစ်တိုင်း နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များ အားလုံးတွင် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ကျင်းပလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်အတူ ယနေ့ ညနေပိုင်းတွင် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၌ သက်ကြီးပူဇော် ပွဲအခမ်းအနားကို တက်ရောက်ပြီး အဘိုးအဘွားများအား ကန်တော့ ချိုးဖြင့် ကန်တော့ကာ အလှူ ငွေကျပ် ၂၅ သိန်းကို ပေးအပ် လှူဒါန်းရာ ကရုဏာကမ္ဘာဘိုးဘွား ရိပ်သာမှ တာဝန်ခံအရာရှိ ဗိုလ်မှူး သောင်းမြင့် (ငြိမ်း)က လက်ခံသည်။

ကရုဏာကမ္ဘာ ဘိုးဘွား ရိပ်သာတွင် အဘိုး ၁၃၈ ဦး၊ အဘွား ၅၈ ဦး စုစုပေါင်း ၁၉၆ ဦး ရှိကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ ၁၈

မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာကောင်းများနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ခူးလပြည့်ကျော် (၅) ရက်၊  ခရစ်သက္ကရာဇ် ၂၀၂၅ ခုနှစ် ဧပြီ  ၁၇ ရက်သည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ဖြစ်သည်နှင့်အညီ ကုသိုလ်ကောင်းမှုများကို  ပြုလုပ်ကြရာတွင်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက   နေပြည်တော်   စည်ပင်သာယာရေးကော်မတီရုံး အနောက်ဘက်ရှိ ငလိုက်ရာဘာရေလွှဲဆည်၌ ကျင်းပသည်။

ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ထမ်းများတက်ရောက်ကြသည်။
22.04.202512:13
#အားပြင်မြေငလျင်သတင်း
Edit downgrade to Magnitude 6.4
အင်ဒိုနီးရှားနိုင်ငံကမ်းလွန်
၂၂/၄/၂၀၂၅

ယနေ့ည‌နေခင်းမြန်မာစံတော်ချိန် ၄:၄၇ နာရီအချိန်က အငိုနီးရှားနိုင်ငံအရှေ့ဘက်ပိုင်း pulau kaburuang ကျွန်းအနီး၊ ဖိလစ်ပိုင်နိုင်ငံတောင်ဘက်ပိုင်းကမ်းလွန်၊ လူသူကင်းမဲ့သည့် ဖိလစ်ပိုင်ပင်လယ်ကြမ်းပြင်အောက်အနက် ၇၈ မိုင်မှ မဂ္ဂနီကျု ၆.၆ အဆင့်အားပြင်းမြေငလျင်လှုပ်ရှားခဲ့ပါသည်။


သတင်းတွေဖတ်ရန် နှိပ်ပါ
https://t.me/Newschannel11115
18.04.202514:11
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရန် အတွက် ယာယီအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ဝန်ထမ်းမိသားစုများ ‌ရွှေ့ပြောင်းနေထိုင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ရှိ ရုံးအမှတ် ၃၉၊ သစ်တောဦးစီးဌာနဝင်းအတွင်း အိပ်ဆောင်နှင့် ဝန်ထမ်းမိသားစုနေအိမ်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများ မေလမကုန်မီ အချိန်မီပြီးစီးရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရေး စနစ်တကျစီစဉ်ဆောင်ရွက်သွားရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆောက်လုပ်ပြီးစီးသော နေအိမ်များတွင် ဝန်ထမ်း မိသားစုများ ရွှေ့ပြောင်းနေထိုင်နေမှု အခြေအနေနှင့် ဝန်ထမ်းအိမ်ရာများမှ ယာယီနေရာ ရွှေ့ပြောင်းထားသော ဝန်ထမ်းမိသားစုများအား တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးသည်။ ထို့နောက် ကားပါကင်ဝင်းရှိ အဆောက်အဦ၌ ယာယီရုံးခန်းဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ် ၂၈၊ ပြည်ထောင်စုဝန်ကြီးရုံးဝင်းအတွင်း ဝန်ထမ်းမိသားစုများနေထိုင်ရန် အဆောက်အအုံများ တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းအိမ်ရာမှ ယာယီရွှေ့ပြောင်းနေထိုင်နေသော ဝန်ထမ်းမိသားစုများအား တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
18.04.202511:01
မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား မြန်မာနှစ်ဆန်း ၁ ရက်နေ့ နှစ်သစ်ကူး အန္တရာယ်ကင်းအသံမစဲမဟာပဋ္ဌာန်း၊ ပရိတ်ကြီး ၁၁ သုတ်၊ မဟာသမယသုတ်နှင့် ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ ကျင်းပ

ဧပြီ ၁၈

မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားတွင် မြန်မာနှစ်ဆန်း ၁ ရက် မင်္ဂလာအခါတော်နေ့ နှစ်သစ်ကူးအန္တရာယ်ကင်းအသံမစဲမဟာပဋ္ဌာန်း၊ ပရိတ်ကြီး ၁၁ သုတ် မဟာသမယသုတ်နှင့် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားများကို ယမန်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားတွင် ကျင်းပသည်။

အခမ်းအနား၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြည်ညိုကြပြီး နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။

၎င်းနောက် ဆရာတော်များမှ စိန်ရောင်ခြည်ဘုရားပင့်ဂါထာရွတ်ဖတ်၍ ဘုရားပင့်ခြင်း၊ သီလခံယူဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်များအား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲသို့ ပရိတ်တရားတော်များ နာယူရန်အတွက် နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်ကြီး စတင်ရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာ ပဋ္ဌာန်းအမွှန်းအား ရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်၊ သံဃာတော်တို့က ပဋ္ဌာန်းပစ္စယယုဒ္ဒေသပါဠိတော်အား စုပေါင်းရွတ်ဖတ်၍ အလှည့်ကျပဋ္ဌာန်းအာဏက သံဃာတော်မှ ပဋ္ဌာန်းဒေသနာတော်ကြီးအား စတင်ရွတ်ဖတ်ပူဇော်ခြင်းများကို အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါအသံမစဲရွတ်ဖတ်ပူဇော်ခြင်းများကို ဧပြီ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အသံမစဲမဟာပဋ္ဌာန်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲ (၅) ရက်၊ ပရိတ်ကြီး (၁၁) သုတ် ရွတ်ဖတ်ပူဇော်ပွဲ (၂) ရက်၊ မဟာသမယသုတ် (၂) ရက်၊ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ (၂) ရက် စုစုပေါင်း (၁၁) ရက်တိုင်တိုင် ရွတ်ဖက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ  အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ယမန်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်)  နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။ 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်နှင့်ဇနီး၊ အမြဲတမ်း အတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့်ဇနီး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့်ဇနီးများ၊  လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများနှင့်ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်သည်။

ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့ ဦးဆောင်ကာ ဘေးမဲ့ငါးကောင်ရေ  ၁၀၀၀၀  ကို  ဇီဝိတ ဒါနအဖြစ်  မင်္ဂလာကန်တော်အတွင်းသို့ ကုသိုလ်ပြု လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
 
Паказана 1 - 24 з 101
Увайдзіце, каб разблакаваць больш функцый.