💥အကြောင်းကြားခြင်း💥
တရုတ်နိုင်ငံ ပရဟိတဆရာဝန်များနှင့်ဖွဲ့စည်းထားသော ကယ်ဆယ် ကုသရေးအဖွဲ့သည် ဧပြီလ ၉ ရက်နေ့ မနက် ၉:၀၀ မှ ၁၂:၀၀ထိ၊ ညနေ ၂:၃၀ - ၅:၃၀ထိ မန္တလေးမြို့ ဖူကျင်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် အခမဲ့ဆေးကုသပေး သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ အခမဲ့ကုသခြင်းကို (၁၀)ရက်ဝန်းကျင် လုပ်ဆောင်ပေးသွားမည့်ဖြစ်ပါသည်။
ဆေးကုသပေးမည့် ပညာရှင်များသည် ပေကျင်းမြို့နှင့် တရုတ်နိုင်ငံအနှံ့မှ အဆင့်မြင့်ဆေးရုံကြီးများ(Grade-A tertiary အဆင့်) မှ အကြီးတန်းဆရာဝန်ကြီးများ နှင့် ဒုတိယအကြီးတန်းဆရာဝန်ကြီးများဖြစ်ကြပါသည်။
ဆရာဝန်ကြီးများ၏ အထူးကုဘာသာရပ်များမှာ
(၁) အထွေထွေ(နှလုံးသွေးကြော၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်၊ အာရုံကြော)
(၂) အရိုး
(၃) သားဖွားမီးယပ်
(၄) ခွဲစိတ်(နှလုံးသွေးကြော၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်၊ အာရုံကြော)
(၅) မေ့ဆေး စသည့်တို့ဖြစ်သည်။
ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများမှာ
- ကျန်းမာရေးအကြံပေးခြင်း
- ဒဏ်ရာပြုစုကုသခြင်း
- သားဖွားမီးယပ်စစ်ဆေးခြင်း
- ဆေးဝါးဆိုင်ရာအကြံပေးခြင်း
- CT ရိုက်ခြင်း
- ဓာတ်မှန်ရိုက်ခြင်း
- ECG ရိုက်ခြင်း တို့ဖြစ်ပါသည်။
လိုအပ်သူများအနေဖြင့်မန္တလေးမြို့၊ ဖူကျင်ဗုဒ္ဓဘာသာဘုရားကျောင်း (၃၀ လမ်း၊ ၈၂-၈၃ လမ်းကြား)သို့လာရောက်ပြီး ကျန်းမာရေးဆွေးနွေးပြသနိုင်ပါသည်။
ဘေးအန္တရာယ်က ဝမ်းနည်းပူဆွေးခြင်းကိုယူဆောင်လာသော်ငြားလည်း လူသားချင်း စာနာထောက်ထားမှုနှင့် ပူးပေါင်းကြိုးပမ်းမှုတို့ဖြင့် ကျော်လွှားကြရမည်ဖြစ်ပါသည်။
မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော် မေတ္တာနက်ရှိုင်းပြီး အေးအတူ ပူအမျှ အစဥ်လက်တွဲ၍ ရှေ့ဆက်ကြပါစို့။
📍通知📍
中国志愿医生救援队医疗队计划4月 9 日开始上午 9:00 至 12:00 下午 2:30至 5:30 在曼德勒福庆宫福建同乡会进行义诊,义诊时间为期10天左右。
参加义诊的专家是来自北京全国各地三级甲等医院的主任医师和副主任医师。
主要专业为:
(1)内科(心血管、呼吸,消化,神经)
(2)骨科
(3)妇产科,
(4)外科(心血管、胸外,消化,神经)
(5)麻醉疼痛
可以开展的服务包括:
医疗咨询,
外伤处理
妇科检查
医物咨询指导
CT检查
X线检查,
心电图检查
有需要的同胞可前往曼德勒福庆宫福建同乡会(30条街,82-83条街中间)共话健康。
灾难无情人有情,胞波情深,命运与共,大家加油!
#Crd