22.04.202510:37
ပြည်ထဲရေးဝန်ကြီးရဲ့ ပိုက်ဆံအိတ် စားသောက်ဆိုင်မှာ အခိုးခံလိုက်ရ
ဧပြီ - ၂၂
အမေရိကန်နိုင်ငံပြည်ထဲရေး ဝန်ကြီး ခရစ္စတီနိုအမ် ရဲ့ လက်ကိုင်အိတ် ကို မြို့တော် ဝါရှင်တန်ဒီစီက စားသောက်ဆိုင် တစ်ဆိုင်မှာ သူခိုးတစ်ယောက်က ခိုးယူသွားတယ်လို့ သိရပါတယ်။ အခိုးခံလိုက်ရတဲ့ အဲ့ဒိအိတ်ထဲမှာ ဝန်ကြီးရဲ့ ယာဉ်မောင်းလိုင်စင်၊ ဒေါ်လာ ၃သောင်း ( ငွေသား )၊ ပတ်စ်ပို့ နဲ့ အခန်းသော့၊ ပြည်ထဲရေးဝန်ကြီးဌာန တံဆိပ် နဲ့ ချက်စ်စာအုပ် ( အလွတ်) တွေ ပါပါတယ်။ စီစီတီဗီ မှတ်တမ်းအရ မျက်နှာမှာ မက်စ်တပ်ထားတဲ့ လူတစ်ယောက်က သူမရဲ့ အိတ်ကို ခိုးယူသွားတယ်လို့ ဖော်ပြထားပါတယ်။
REF: India express

19.04.202512:26
တရုတ်အစိုးရရဲ့ ကူစက်နဲ့ ရောဂါ ကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင် ( ၅၀ ) နဲ့ မန္တလေးကို ရောက်ရှိတယ်လို့ ဖေါ်ပြထားပါတယ်။
.............
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံ သွားရောက်ကူညီသည့် ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ ထွက်ခွာ
ဧပြီလ ၁၉
ဧပြီလ ၁၉ ရက်နေ့ညနေပိုင်းတွင် လူ ၅၀ ပါဝင်သည့် တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ သွားရောက်ကူညီသည့် ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် ယူနန်ပြည်နယ် ကူမင်းမြို့မှ လေယာဉ်စီးလုံးငှားဖြင့် ထွက်ခွာ၍ မြန်မာနိုင်ငံ မန္တလေးမြို့သို့ သွားရောက်ကာ ငလျင်လှုပ်ပြီးနောက် ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

15.04.202504:07
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဝန်ထမ်းမိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော် ဧပြီ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဇဗ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာသို့ သွားရောက်၍ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်နှင့် သုံးရေများဖြည့်တင်းရေး ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နှစ်ကူးသင်္ကြန်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ၊ အေးချမ်းကြပါ စေကြောင်းရည်ရွယ်၍ အတာရေများ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

14.04.202511:41
နစကဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ် အာဆီယံခေါင်းဆောင်များနဲ့ တွေ့ဆုံမည်
မြန်မာအစိုးရနဲ့ကမ္ဘာ့အစိုးရများ၊အာစီယံအသိုင်းအဝန်းကြားဆက်ဆံရေးတိုးတက်ကောင်းမွန်လာတဲ့ မြန်မာနိုင်ငံတော်ဝန်ကြီးချုပ်ကို အာဆီယံနိုင်ငံခေါင်းဆောင်တွေကမကြာမှီ ဘန်ကောက်မှာ တွေ့ဆုံဖို့ရှိတယ် လို့ အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။
တွေ့ဆုံမှုရလဒ်ကောင်း တွေက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကိစ္စ၊ ဖျက်အားပြင်း ငလျင်ဘေးကို ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက်နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကူညီနိုင်မဲ့အရွေ့တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

06.04.202514:48
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတိုမှ ကူညီကယ်ဆယ်ရေးအဖွဲများအား သွားရောက်တွေ့ဆုံအားပေး။
06.04.202507:08
ငလျင်ကြောင့် တခြမ်းစောင်းနေသည့်Great Wall Hotel မိုးရွာသွန်းမှုကြောင့် အလိုလိုပြိုကျသွားဟုသိရပါတယ်။
#Myanmagone
#Myanmagone

20.04.202510:02
ယနေ့ ၊ဧပြီ ၂၀၊ ၂၀၂၅ နံနက် ၇နာရီ ၃ဝမိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း သာယာဝတီခရိုင်
အုတ်ဖိုမြို့နယ် အနောက်ခြမ်းရှိ ငရှဥ့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးသည်ရှင်ပြုအလှူ သံဃာစင်အနီး၌တရားနာရန် ထိုင်နေစဥ် လူ၃ ဦးမှ ဝင်ရောက်ပစ်ခတ်ခံရကြောင်းသိရပါတယ်။
#MMG

19.04.202512:14
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ငလျင်ဒဏ်သင့် အဆောက်အဦးများ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ ပြန်လည်နေထိုင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
နေပြည်တော် ဧပြီ ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန် ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင် မြေနေရာ၌ သမဝါယမဦးစီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်း (၈၀) ဦးနှင့် မိသားစုများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်း (၆၀) ဦးနှင့်မိသားစုများ ယာယီနေထိုင်နိုင်ရန် (၂) ခန်းတွဲ အိမ်ရာများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မေလပထမပတ်အတွင်း ပြီးစီးအောင် တည်ဆောက်ကြရန်၊ ရေ၊ မီး ရရှိရေးနှင့် မိလ္လာစနစ် ကောင်းမွန်စေရန် မှာကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနရုံးအဆောက်အဦး ပြန်လည်ပြုပြင် နေမှုများကိုလည်းကောင်း၊ ရုံးအဝင်လမ်း ပြုပြင်ပြီးစီးမှုကိုလည်းကောင်း၊ ရုံးဝန်းကျင်ရှိ ဆည်တမံ ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊ ဝန်ထမ်းစားရိပ်သာ တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား သောက်သုံးရေရရှိရေး အမြန်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ အပြာရောင်အဆင့် သတ်မှတ်ထားပြီး လူနေထိုင်ရန် သင့်တော်သော အဆောင်များဖြစ်သည့် ကံ့ကော်ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၂၆၀)၊ သဇင် (၁) အဆောင် (၆) အပျိုဆောင်၊ သဇင် (၅) အဆောင် (၁၁) နှင့် အဆောင် (၁၂) လူပျိုဆောင်၊ သဇင် (၄) အဆောင် (၈) (၉) အပျိုဆောင်များ၊ တိုက်အမှတ် (၁၁၁၅)၊ တိုက်အမှတ် (၆၂၀၄) နှင့် တိုက်အမှတ် (၆၁၀၅) အရာထမ်းအိမ်ရာများသို့ သွားရောက်၍ အဆောက်အဦးများ၏ ထိခိုက်မှုအခြေအနေ၊ ဝန်ထမ်းများနေထိုင်ရန် အဆင်ပြေစိတ်ချရမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီးက ရုံးဖွင့်ဖွင့်ချင်း ဝန်ထမ်းများ နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ ရေ၊ မီး ကိစ္စများ အဆင်ပြေစေရေးနှင့် အသေးစားပျက်စီး မှုများကို အမြန်ပြုပြင်ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

14.04.202516:02
တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသော်လည်း EAO များ၊ အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက်မှုများ။
Пераслаў з:
Aung Moe Kyaw

14.04.202511:36
ဧပြီလ ၁၄ ရက်နေ့အတွက်သတင်းရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်
KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw

06.04.202514:11
ဒက္ခိဏသီရိမြို့နယ်အတွင်းဓာတ်အားပြန်လည်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောပြီး အခကြေးငွေများတောင်းခံနေပါက
ဦးကျော်ကျော် (မြို့/ယာ) 09977783710
ဦးအောင်ကျော်ဟိန်း (ငယ်/ယာ-၂) 09960188058
ဦးအောင်မိုးဝင်း (ငယ်/ယာ-၂) 09404763428
ဒေါ်မေသူရထွန်း ( ငယ်/ယာ-၂) 09420733297
သို့ ချက်ချင်းဆက်သွယ်ပေးပါရန်နှင့် အသိပေးတိုင်ကြားနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

06.04.202506:59
၆.၄.၂၀၂၅ ရက်နေ့၊ ၁၁ ၀၅ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ သုခဝေဖြာရပ်ကွက်၊ သီရိဇေယျာ(၁)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သဲကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပေါင်းတည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပုတီးကုန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြိမ်းငတ်ခဲ့ကြောင်းသိရသည်။

20.04.202504:30
ငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဧပြီ ၂၀
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုတိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့ များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

15.04.202508:24
ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်(အေးသင်္ကြန်)အဖြစ် ကျင်းပနေတဲ့ ပဲခူးသင်္ကြန်၌ အေးချမ်းစွာဖြင့် လာရောက်ရေကစားနေကြတဲ့ ပြည်သူများရဲ့ မြင်ကွင်းပုံရိပ်များဖြစ်ပါတယ်။
14.04.202515:09
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ငလျင်ဒဏ်ကြောင့် ဆင်သေရေလွှဲဆည် ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဧပြီ ၁၄ ရက်
မတ်လ ၂၈ ရက်နေ့၊ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဒဟတ်ကုန်းကျေးရွာအနီးရှိ ဆင်သေ ရေလွှဲဆည် ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ပြုပြင်နေမှုအခြေ အနေ များကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ပြည် ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များ ကြောင့် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဆင်သေရေလွှဲဆည်သို့ ရောက်ရှိရာ ယာယီရှင်းလင်း ဆောင်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင် နှင့် တာဝန်ရှိသူများက မန္တလေးငလျင်ကြီး ဒဏ်ကြောင့် ဆင်သေရေလွှဲဆည်၏ ရေပေးမြောင်းမကြီးတစ်လျောက်နှင့် လက်တံ မြောင်း များ၏ ကျောက်နံရံများ ပြိုကျပျက်စီးခဲ့မှုအခြေအနေများ၊ အဆိုပျက်စီးခဲ့သည့် ရေလွှဲဆည်အား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူပြုပြင် မ်းမံခြင်းများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၈ ရက်နေ့တွင် စတင် ဆည်ရေများ ပြန်လည် ပေးဝေနိုင်ခဲ့ နိုင်ခဲ့မှုအခြေအနေများ၊ စိုက်ဧကများ ရေပေးဝေနိုင်ရေး စီမံဆောင်ရွက်ခဲ့ မှုအခြေအ အနေများ၊ နောက်ဆက်တွဲငလျင်များကြောင့် ဧပြီ ၁၂ ရက် နံနက် ၃ နာရီတွင် ဆင်သေရေလွှဲဆည် ကျောက်နံရံအောက်မှ ထူးပေါက်ဖြစ်ပေါ်ခဲ့ပြီး ရထိန်းနိုင်မှုမရှိဘဲ ရေလွှဲဆည်မှ ရေများ ဆင်သေချောင်းအ တွင်းသို့ စီးဆင်း သွားခဲ့ရာ နွေစပါးနှင့်အခြားသီးနှံစိုက်ဧက ၁၀၈၄၈ ဧကသို့ ရေပေးနိုင်မှု ခေတ္တ ရပ်တန့်ခဲ့ရ သည့် အခြေအနေနှင့် ထူးပေါက် ဖြစ်သောနေရာ၏ အထက်ဘက် မြေသားဖြင့် ပိတ်ဆို့နိုင်ရေးစီမံ၍ ယာယီ မြေသားတမံ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းက ဆည်ရေသောက်လယ်များ သို့ အချိန်တိုအတွင်း ရေပေးဝေနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေး သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မတ် ၂၈ ရက်နေ့နှင့် ဧပြီလ ၁၂ ရက်နေ့ ငလျင်ဒဏ်ကြောင့် ထူးပေါက်မှတဆင့် ရေပိုလွှဲဆည်အတွင်း ရေများ လေလွှင့် ဆုံးရှုံးရမှုအခြေအနေနှင့် ယာယီပြုပြင်နေမှု၊ ဆည်ရေသောက်လယ်များသို့ လက်ယာ/လက်ဝဲ မြောင်းများမှ ရေအမြန်ဆုံး ပေးဝေနိုင်ရေး စက်န္တယားများဖြင့် ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။
အဆိုပါ ဆင်သေရေလွှဲဆည်သည် ဆင်သေချောင်းပေါ်တွင် တည်ဆောက် ထားရှိပြီး ရေဆင်းဧရိယာ ၈၀ စတုရန်းမိုင်၊ အကျယ် ပေ ၉၃၀၊ တမံအမြင့် ပေ ၂၀ရှိသည့် သံကူကွန်ကရစ်အမျိုးအစား ရေလွှဲဆည်ဖြစ်ပြီး ဆင်သေချောင်းမှတဆင့် လက်ယာတူးမြောင်းသို့ တိုက်ရိုက်ရေသွင်းနိုင်ရေးနှင့် လက်ဝဲတူးမြောင်းသို့ ရေစု ဆောင်းလျက် . အမြန်ဆုံး ရေတင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိရာ လက်ယာ တူးမြောင်းမှ ဧပြီ ၁၇ ရက်တွင် လည်းကောင်း၊ လက်ဝဲတူးမြောင်းမှ ဧပြီ ၂၂ ရက်နေ့ တွင် လည်းကောင်း ဆည်ရေသောက် ဧကများအားလုံး ရေဖြန့်ပေးဝေနိုင်မည်ဖြစ် ကြောင်းသိရပြီး တစ်ချိန်တည်းမှာပင် ထူးပေါက်ပျက်စီးသွားသည့် တမံအပိုင်းနှင့် ရေထွက်ပေါက်များ ပျက်စီးနေမှုကို စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်များ အပေါ် မူတည်၍ ပြန်လည်ပြုပြင်ခြင်း သို့မဟုတ် အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ယာယီမြေသားတမံတည်ဆောက်၍ ရေစုဆောင်းခြင်း လုပ်ငန်းများအား အဆင့်လိုက်၊ အပိုင်းလိုက် တာဝန်ရှိသူများမှ စက်န္တယားများဖြင့် နေ့ညမပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ဆင်သေရေလွှဲဆည်အထက်ပိုင်းရှိ ဆင်သေရေလှောင်တမံမှာ တပ်ကုန်းမြို့ နယ်၊ မယ်ဇလီကျင်းကျေးရွာအနီးရှိ ရေဆင်းဧရိယာ ၃၈၀ စတုရန်းမိုင်၊ တမံအလျား ၁၃၅၀ ပေ၊ တမံအမြင့် ၁၀၉ ပေရှိပြီး မန္တလေးငလျင်ကြီး လှုပ် ခတ်မှုကြောင့် အနည်းငယ်သာ ထိခိုက်ခဲ့ပြီး ဘူမိရူပဗေဒတိုင်းတာစနစ်နှင့် မျက်မြင်စစ်ဆေးချက် များအရ တမံ ၏ ကြံ့ခိုင်မှုအား ထိခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် ဆင်သေရေလှောင် တမံ၏ အခြေအနေမှာ စိုးရိမ်ဖွယ်မရှိ ကြောင်း သတင်းရရှိသည်။

14.04.202507:35
ဧပြီ ၁၄ ရက်(ယနေ့) နံနက် ၄ နာရီခွဲ အချိန်ခန့်က ရန်ကုန် တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့စံချိန်မီရပ်ကွက်ရှိ နေအိမ်လိုင်းခန်းအတွင်းမှ WY စိတ်ကြွရူး သွပ်ဆေး ပြား(၂၇၅၀)ပြား ဖမ်းမိခဲ့သည်။
ဖြစ်စဥ်မှာ ဌေးအောင်(ခ)ခန်းချိ (၂၇)နှစ် (ဘ)ဦးလောဖူနှင့် ပွင့်ဖြူမြင့်(၄ဝ)နှစ်(ဘ)ဦးအုန်းမြင့်တို့ ငှားရမ်းနေ ထိုင်သည့် နေအိမ်လိုင်းခန်း၌ မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ တာဝန်ရှိသူများက ဝင်ရောက်ရှာ ဖွေခဲ့ရာ ဌေးအောင် (ခ) ခန်းချိနှင့် ပွင့်ဖြူမြင့်တို့၏အိပ်ယာဘေးရှိ ကြွတ်ကြွတ် အိတ်အဖြူရောင်အိတ်အတွင်း WY စိတ်ကြွရူးသွပ်ဆေးပြားများထည့်ထားသည့်အိတ် (၁၄)အိတ် အပြားရေ စုစုပေါင်း (၂၆၉ဝ) ပြား၊ မိန်းမကိုင်လက်ကိုင်အိတ်အတွင်းမှ အပြာရောင်ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးလျှက် လိမ္မော်ရောင် WY စိတ်ကြွရူး သွပ်ဆေး ပြား (၆၀)ပြား စုစုပေါင်း WYစာတမ်းပါစိတ် ကြွရူး သွပ်ဆေးပြား (၂၇၅ဝ) ပြား၊နှင့်ငွေစက္ကူ ရောရာ (၁၂၅ဝဝဝဝိ/-ကျပ်)(တစ်ဆယ့်နှစ်သိန်းငါးသောင်းကျပ်) WY စိတ်ကြွရူးသွပ် ဆေးပြားများသုံးစွဲ/ထုပ်ပိုးရာတွင် အသုံးပြုသည့် ရောင်စုံအအေးပိုက် (၉၀) ခု WY စိတ်ကြွရူးသွပ် ဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် MAX စာတမ်းပါအစိမ်းရောင်ဗူးနှင့် ပန်းရောင်ပိုက်တပ်လျှက် အချိုရည်ဗူးခွံ (၁)ခုနှင့် ခရမ်းရောင်ဂက်စ်မီးခြစ် (၁)လုံးတို့အားတွေ့ရှိသိမ်းဆည်းခဲ့သည်။
ဆက်လက်၍ WY စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်ထားရှိသူ ဌေးအောင်(ခ)ခန်းချိနှင့် ပွင့်ဖြူမြင့် တို့ (၂)ဦးအား ကျောက်တန်းမြို့မရဲစခန်းတွင် မယ (ပ)၁/ ၂၀၂၅၊ပုဒ်မ-မူး/စိတ်ဥပဒေပုဒ်မ ၁၉ (က) /၂၀(က)/၂၁ အရအမှုဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်၊။

06.04.202513:37
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိတရုတ်ကယ်ဆယ်ရေးအဖွဲ့ စခန်းသို့ တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်တပ်သားများပါဝင်ဖွဲ့စည်းထားသော တရုတ်နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ကယ်ဆယ်ရေးအဖွဲ့တို့ထံ နှစ်သိမ့်အားပေးကြောင်းနှင့် ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့လာရောက်ပြီးအင်တိုက်အားတိုက်ကယ်ဆယ်နိုင်ရေးလုပ်ငန်းများလုပ်ဆောင်မှုအပေါ် တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်းသိရပါတယ်။

06.04.202506:12
ခွင့်ပြုချက်မရှိပဲပုဂ္ဂလိကကျောင်းများဖွင့်လှစ်မှုမရှိစေရေးစိစစ်ရန်လို
------------------
စာသင်ကျောင်းတွေဖွင့်လှစ်ရာမှာ ခွင့်ပြုချက်မရှိပဲပုဂ္ဂလိကကျောင်းတွေဖွင့်လှစ်မှုမရှိစေရေးအတွက် စိစစ်ဖို့လိုတယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်၊၊
ဧပြီလ ၅ရက် မွန်းလွဲပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမမှာ ကျင်းပတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာပါ၊၊
စာသင်ကျောင်းတွေနဲ့ပတ်သက်ပြီး မူလတန်းကျောင်းတွေကို ကျောင်းဖွင့်ရာသီအမီ အမြန်ဆုံးပြန်လည်ပြင်ဆင်ပြီး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နိုင်ဖို့လိုပြီး၊ ပြင်ဆင်ဖို့မမီပါက ယာယီကျောင်းဆောင်တွေဆောက်လုပ်ပေးဖို့လိုကာ အဓိကအားဖြင့် ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းတက်ရောက်နိုင် ရေးကြိုတင်ပြင်ဆင်ထားရှိသွားရန်လိုသလို ခွင့်ပြုချက်မရရှိဘဲ ပုဂ္ဂလိကကျောင်း တွေဖွင့်လှစ်မှုမရှိစေရေးအတွက်လည်း တာဝန်ရှိသူများက စနစ်တကျစိစစ်ဆောင်ရွက် နေဖို့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်၊၊

19.04.202516:27
ရုရှားကသုံးရက်အပစ်ရပ်မည်ဟုကြေညာ
ရုရှားသမ္မတပူတင်က ထမြောက်ရာနေ့ (အီစတာ) ကာလအတွင်း အပစ်အခတ်ရပ်စဲရေး ကြေညာလိုက်သည်။
အပစ်အခတ်ရပ်စဲထားမည့်အချိန်ကာလ:မှာ ဧပြီလ ၁၉ ရက် ညနေ ၆ နာရီမှ ဧပြီလ ၂၁ ရက် ညသန်းခေါင်ယံအထိ (မော်စကိုစံတော်ချိန်)ဖြစိပြီးပူတင်က "ယူကရိန်းသည်လည်း ဤဥပမာကို လိုက်နာမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။" ဟုရုပ်သံမှပြောလိုက်သည်။

15.04.202506:02
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံရေးနှင့် ယာယီရုံးများ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
နေပြည်တော် ဧပြီ ၁၅
နေပြည်တော်ရှိ မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရသော စွမ်းအင်ဝန်ကြီးဌာန ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံရေးနှင့် ယာယီရုံးများ တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)တွင်ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စွမ်းအင်ဝန်ကြီး ဌာနဆိုင်ရာ အဆောက်အအုံများစစ်ဆေးရေးကော်မတီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

14.04.202514:34
မန္တလေးမြို့မှ ပြန်လည်ထွက်ခွာကြမည့် အိန္ဒိယတပ်မတော်မှ ဆေးကုသရေးအဖွဲ့နှင့် ရုရှားဖက်ဒေရေး ရှင်းနိုင်ငံမှ ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များအား တွေ့ဆုံနှုတ်ဆက်
နေပြည်တော်၊ ၂၀၂၅ ဧပြီ ၁၄ ရက်
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊လေဆိပ်ဟောင်းနေရာ၌ အခြေပြု၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ များအား ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသ မှုများ ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည် ထွက်ခွာကြမည့် Lt. Col. Jagneet Gill ဦးဆောင်သည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်း တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တိုင်းမှူးတို့သည် အိန္ဒိယတပ်မတော် ဆေးကုသရေးအဖွဲ့ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးကြ၍ အိန္ဒိယတပ်မတော်ဆေးကုသရေး အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး ဆေးကုသရေးအဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
အလားတူ ညနေပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော် ကိုထိုက်နှင့် တာဝန်ရှိသူများ သည် မန္တလေးမြို့မှ ပြန်လည်ထွက်ခွာမည့် မန္တလာသီရိ အားကစားကွင်းတွင် အခြေပြု၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသမှု များ ဆောင်ရွက်ပေးခဲ့သည် Major General Sergey Voroutsov ဦးဆောင်သည့် ရုရားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီကယ်ဆယ်ရေးနှင့်ဆေးကုသရေးအဖွဲ့အား သွားရောက် တွေ့ဆုံ နှုတ်ဆက်သည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ရုရားဖက်ဒရေး ရှင်းနိုင်ငံမှ ကူညီကယ်ဆယ်ရေးနှင့်ဆေးကုသရေးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက် ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြ ကြောင်း သတင်းရရှိသည်။

11.04.202503:04
အသိပေး အကြောင်းကြားခြင်း
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြေငလျင်ဒဏ်သင့် အဆောက်အအုံများ ဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေးရေးကော်မတီအား အင်ဂျင်နီယာ(မြို့ပြ) PE အဆင့်ရရှိသူများ ဖြင့် ဖွဲ့စည်းပြီး လူနေအိမ်များ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ ဝန်ကြီးဌာနရုံး အသီးသီးအား ပြန်လည်နေထိုင် အသုံးပြုခွင့်နှင့်ပတ်သက်၍ သတ်မှတ်ထားရှိပြီးဖြစ်သည့် စစ်ဆေးမှု များပြုလုပ်ပြီး နေထိုင်ခွင့်ကိစ္စအား စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
PE ရရှိပြီး မန္တလေးတိုင်းအင်ဂျင်နီယာ(မြို့ပြ)များအနေဖြင့် တင်ပြပါစိစစ်ရေးအဖွဲ့တွင် ပါဝင် ကူညီဆောင်ရွက်နိုင်ရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးသို့ အမြန်ဆုံးသတင်း ပို့နိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

06.04.202508:53
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
06.04.202506:06
ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် ခါကိဗ်မြို့ခံ ၄ဦးသေဆုံး
ယူကရိန်းနိုင်ငံမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့မှာ ဧပြီ ၃ ရက်က ရုရှား ဘက်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄ ယောက် သေဆုံးပြီး ၃၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေပြောကြားထားတာကို Reuters သတင်းမှာဖော်ပြထားပါတယ်။
အခုသီတင်းပတ်ထဲမှာ မြို့တော်ကို စတုတ္ထအကြိမ် တိုက်ခိုက်မှုအတွင်း ရုရှားဒရုန်းတွေက လူနေရပ်ကွက်တွေကို ထိမှန်ခဲ့ပြီး အထပ်မြင့်တိုက်ခန်းတွေ ပျက်စီးကာ မီးလောင်မှုများစွာ ဖြစ်ပွားခဲ့ပါတယ်။
ခါကိဗ် ဒေသရှိ ယူကရိန်းနိုင်ငံတော် အရေးပေါ်ဝန်ဆောင်မှုဌာနက ဧပြီလ ၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ လူနေအဆောက်အအုံတွေက ပြတင်းပေါက်တွေ လွင့်ထွက်သွားပြီး မော်တော်ယာဉ်တွေနဲ့ တခြားအဆောက်အအုံတွေ မီးလောင်နေတာကို ပြသခဲ့ပါတယ်။မီးသတ်သမားတွေနဲ့ အရေးပေါ် ဝန်ဆောင်မှု ဝန်ထမ်းတွေဟာ မီးငြှိမ်းသတ်ပြီးတော့ နေထိုင်သူတွေကို ကူညီပေးကြပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ဒရုန်းတိုက်ခိုက်ခံရတဲ့နေရာမှ ကလေးငယ်တစ်ယောက်ရဲ့ ရုပ်အလောင်းကို ဧပြီ ၄ ရက်မှာ ပြန်လည်ရရှိခဲ့ပြီး မိသားစုဝင်တွေရဲ့ ပြောကြားချက်အရ သေဆုံးသူမှာ ကာတရီနာအမည်ရှိ အသက် ၁၁ နှစ်အရွယ် မိန်းကလေးဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ခါကိဗ်မြို့ဟာ ဧပြီ ၂ ရက်နေ့ညနေခင်းက တစ်နာရီကြာ တိုက်ခိုက်ခံရမှု အပါအဝင် လွန်ခဲ့တဲ့ ရက်သတ္တပတ်က ညတိုင်းနီးပါး ရုရှားဒရုန်းတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။
#Reuters

Паказана 1 - 24 з 180
Увайдзіце, каб разблакаваць больш функцый.