Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
PAN avatar
PAN
PAN avatar
PAN
YRTC က စံပြယာဉ်မောင်းများကို ထိုင်းနိုင်ငံသို လေ့လာရေးခရီးစဉ် ပိုဆောင်ပေး
********************
(ပြည်တွင်း) ဧပြီ ၂၃

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကောင်းမွန်သည့် စံပြယာဉ်မောင်းဆုရရှိတဲ့ YBS ယာဉ်မောင်းများကို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပိုဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ထိုင်းနိုင်ငံသို လေ့လာရေး ခရီးစဉ် ပိုဆောင်ပေးကြောင်း သိရပါတယ်။

အဆိုပါခရီးစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရဲ့ ခွင့်ပြုချက်အရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို၊ Bangkok Mass Transit Authority (BMTA) ရဲ့ ဖိတ်ကြားချက်အရ YRTC ကော်မတီဝင် (၁) ဦးခင်မောင်ဝင်း ဦးဆောင်ပြီး အုပ်ချုပ်သူ ၄ ဦးဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါခရီးစဉ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကောင်းမွန် မှု စံပြယာဉ်မောင်းဆုရရှိတဲ့ YBS ယာဉ်မောင်း ၂၀ ဦး ပါဝင်သွားတယ်လို သိရပါတယ်။ ထိုယာဉ်မောင်းများက ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ဘန်ကောက်မြိုတော်ရဲ့ .........

သတင်းအပြည့်အစုံဖတ်ရန် -

Webpage>>...
https://positiveanglenews.com/2025/04/23/yrtc-က-စံပြယာဉ်မောင်းများကိ/

VK Link>>...
https://vk.com/wall-220066330_11645

Telegram»...
https://t.me/positiveanglenews

#PAN
ဇုတ်သုတ်ကျေးရွာအဝင် မုခ်ဦးအဝ၌ အမျိုးသား ၁ ဦးသတ်ဖြတ်ခံရ
***************
(မှုခင်း) ဧပြီ ၂၃

မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်၊ ဇုတ်သုတ်ကျေးရွာ ရွာအဝင်ဆိုင်းဘုတ်အနီးအနားမှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။၊

ဘီးလင်းမြိုနယ် တောင်စွန်းမြို၏ အရှေ့တောင်ရပ်မှာရှိတဲ့ ဇုတ်သုတ်ကျေးရွာ အုပ်စု၊ ဇုတ်သုတ်ကျေးရွာအဝင် ဆိုင်းဘုတ်အနီးတွင် ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်၌ အမျိုးသား ၁ ဦးကို အကြမ်းဖက်PDFအဖွဲမှ သတ်ဖြတ်သွားကြောင်းသိရသည်။

အသတ်ခံရသူမှာ ဦးမြင့်စိုး ဆိုသူဖြစ်ပြီး ၎င်းအား မည့်သည့်အကြောင်းကြောင့် အကြမ်းဖက်PDFအဖွဲများမှ သတ်ဖြတ်သွားသည် စုံစမ်းစစ်ဆေးနေပြီး တရားခံများဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲများမှာ ဆောင်ရွက်လျှက်ရှိကြောင်း......

သတင်းအပြည့်အစုံဖတ်ရန် -

Webpage>>...
https://positiveanglenews.com/2025/04/23/ဇုတ်သုတ်ကျေးရွာအဝင်-မုခ/

VK Link>>...
https://vk.com/wall-220066330_11642

Telegram»...
https://t.me/positiveanglenews

#PAN
ချင်းမိုင်တွင် KNU တပ်ဖွဲ့ထံပို့ဆောင်မည့် သေနတ်နှင့် ကျည်များဖမ်းမိ
*****************
(နိုင်ငံတကာ) ဧပြီ ၂၂

ချင်းမိုင်ခရိုင်၊ ချန်ဖော့အရပ်ရှိ စတိုးဆိုင်တစ်ဆိုင်မှ မယ်ဟောင်ဆောင်ခရိုင်ရှိ KNU တပ်ဖွဲ့ထံ ပို့ဆောင်မည့် သေနတ်နှင့် ကျည်များအားဖမ်းမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြကြောင်း သိရသည်။

ချင်းမိုင်မြို့၊ တူးမြောင်းလမ်း (Canel Road)ပေါ်တွင် တိုယာတာပစ်ကပ် အနက်ရောင်ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေရာ KNU တပ်ဖွဲ့ထံသို့ ပေးပို့မည့် သေနတ်နှင့် ကျည်များဖမ်းမိခဲ့ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၂၂ ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိခြင်းဖြစ်ပြီး အဆိုပါ ကားပေါ်တွင် ထိုင်းအမျိုးသား ၂ ဦးဖြစ်သည့် ခရိုင်ဖတ်၊ အသက် ၂၈ နှစ်နှင့် ခီတီပေါ့၊ အသက် ၂၇ နှစ် တို့ကို ၅.၅၆ မမ AR ရိုင်ဖယ် ၁၀ လက်၊ ကျည်ကတ် ၁၀ ခု၊ ၄၀ မမပစ် လောင်ချာ ၁၄ လက်တို့နှင့်အတူ......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/22/ချင်းမိုင်တွင်-knu-တပ်ဖွဲ့/

VK Link>>...
https://vk.com/wall-220066330_11638

Telegram»...
https://t.me/positiveanglenews

#PAN
ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိခဲ့ပြီဖြစ်တဲ့ လိဒ်စ်အသင်းနဲ့ ဘန်လေအသင်း
*****************
(အားကစား) ဧပြီ ၂၂

ဧပြီလ ၂၁ ရက်ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ချန်ပီယံရှစ် ပွဲစဉ် (၄၄) အပြီးမှာ လိဒ်စ်အသင်းနှင့် ဘန်လေ အသင်းတို့ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိရန် သေချာသလောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

ယခုပွဲစဉ်မှာ နှစ်သင်းစလုံး အနိုင်ရရှိခဲ့ပြီး တတိယနေရာမှ ရှက်ဖီးယူနိုက်တက်အသင်းကို နှစ်ပွဲအလိုမှာ ၈ မှတ် ဖြတ်ထားနိုင်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာတော့ အစ်ဝှစ်အသင်း၊ လက်စတာအသင်းနှင့် ဆောက်သမ်တန်အသင်း တို့ဟာ တန်းဆင်းဇုံမှာ ကျရောက်နေပြီး တန်းဆင်းရန် သေချာသလောက်ရှိနေတာ ......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/22/ပရီးမီးယားလိဂ်ကို-တန်းတ/

VK Link>>...
https://vk.com/wall-220066330_11634

Telegram»...
https://t.me/positiveanglenews

#PAN
အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း ၂,၀၀၀ နီးပါးမှ မှတ်ပုံတင်ထား
*****************
(စီးပွားရေး) ဧပြီ ၂၂

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းမှာ အသေးစားစက်မှုလက်မှုလုပ်ငန်းအမျိုးအစား ၁၃ မျိုးမှ လုပ်ငန်းပေါင်း ၂,၀၀၀ နီးပါး မှတ်ပုံတင်ထားကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

မှတ်ပုံတင်လာတဲ့ လုပ်ငန်းအမျိုးအစားများမှာ စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ ပုံနှိပ်လုပ်ငန်း၊ ဓာတ်သတ္တုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်ပစ္စည်းစသည့် လုပ်ငန်းပေါင်း ၁၃ မျိုးပါဝင်ကြောင်း သိရပါတယ်။

အဆိုပါအသေးစားစက်မှုလက်မှုလုပ်ငန်းများအတွက် မှတ်ပုံတင်ထုတ်ပေးခြင်းကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် ခွင့်ပြုဆောင်ရွက်ပေးနေပါတယ်။

လုပ်ငန်းမှတ်ပုံတင်လျှောက်ထားလိုတဲ့ လုပ်ငန်းရှင်များအနေနဲ့ လိုင်စင်ဓာတ်ပုံ ၅ ပုံ၊ မှတ်ပုံတင်မိတ္တူ ၃ စောင်၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့........

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/22/အသေးစားစက်မှုလက်မှုလု/

VK Link>>...
https://vk.com/wall-220066330_11632

Telegram»...
https://t.me/positiveanglenews

#PAN
ပုပ်ရဟန်းမင်းကြီးဖရန်စစ် အသက် ၈၈ နှစ်တွင်ကွယ်လွန်
*****************
(နိုင်ငံတကာ) ဧပြီ ၂၂

ရိုမန်ကက်သလစ်ဘုရားရှိခိုးကျောင်းအတွက် ပထမဆုံးသောလက်တင်အမေရိကမှ ခေါင်းဆောင်ဖြစ်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အသက် ၈၈ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဗာတီကန်နိုင်ငံက ဧပြီလ ၂၁ ရက်တွင် အသိပေးထုတ်ပြန်သည်။

အမည်ရင်း ဂျော့မာရီယိုဘာဂိုဂလီယိုဟု အမည်တွင်သည့် ပုပ်ရဟန်းမင်းကြီး လောင်းလျာကို ၁၉၃၆ ခုနှစ်တွင်မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ရိုမန်ကက် သလစ်ဘုရားရှိခိုးကျောင်း၏ အကြီးအကဲဖြစ်လာခြင်း ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကွယ်လွန်ပြီးနောက် ကမ္ဘာတစ်ဝန်းရှိ......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/22/ပုပ်ရဟန်းမင်းကြီးဖရန်စ-3/

VK Link>>...
https://vk.com/wall-220066330_11628

Telegram»...
https://t.me/positiveanglenews

#PAN
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (၃၇) ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို တက်ရောက်
*********************
(ပြည်တွင်း) ဧပြီ ၂၃

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြိုမှာ ဧပြီလ ၂၂ ရက်ကကျင်းပခဲ့တဲ့ (၃၇) ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို အာဆီယံ-မြန်မာအဆင့်မြင့်အရာရှိကြီးဖြစ်သော နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ အမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှာ အာဆီယံနှင့် အမေရိကန်နိုင်ငံတို၏ ဖြစ်ပေါ်တိုးတက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများ၊ အာဆီယံ-အမေရိကန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည် ဖော်တဲ့လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ ဆိုင်ရာဖြစ်ပေါ်တိုးတက်မှုများနှင့် ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြ.....

သတင်းအပြည့်အစုံဖတ်ရန် -

Webpage>>... https://positiveanglenews.com/2025/04/23/နိုင်ငံခြားရေးဝန်ကြီးဌ-7/

VK Link>>...
https://vk.com/wall-220066330_11644

Telegram»... https://t.me/positiveanglenews

#PAN
TNLA ကျန်နေတဲ့ လက်နက်ကြီး ပေါက်ကွဲမှုဖြစ်ပွားပြီး (၁)ဦး သေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရ
*********************
(ပြည်တွင်း) ဧပြီ ၂၃

တအောင်းပလောင်သောင်းကျန်းသူ TNLA တပ်မဟာ (၆)နယ်မြေဖြစ်တဲ့ မိုင်းယော်မြိုနယ် လွယ်လင်ကျေးရွာအုပ်စုမှာ မပေါက်ကွဲပဲကျန်နေတဲ့ လက်နက်ကြီးကျည်ပေါက်ကွဲခဲ့လို (၁)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရတယ်လို သိရပါတယ်။

TNLA ပစ်ခတ်ထားတဲ့ မပေါက်ကွဲသေးတဲ့လက်နက်ကြီးကို မန်ကန်ရွာက အမျိုးသား (၂)ဦး ယူ‌ဆော့ရာကနေ ပေါက်ကွဲခဲ့ကာ(၁)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို သိရပါတယ်။

ခဲ့သည့် ဧပြီလ (၁၈)ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က ပျောက်ဆုံးနေတဲ့နွားကို လိုက်လှံရှာဖွေနေတဲ့ မိသားစုဝင် (၂)ဦး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတစ်လုံးကို တွေ့ရှိခဲ့ပြီး ယူဆော့ရာကနေ ပေါက်ကွဲခဲ့တာဖြစ်တယ်လို ........

သတင်းအပြည့်အစုံဖတ်ရန် -

Webpage>>...
https://positiveanglenews.com/2025/04/23/tnla-ကျန်နေတဲ့-လက်နက်ကြီး-ပေ/

VK Link>>...
https://vk.com/wall-220066330_11641

Telegram»...
https://t.me/positiveanglenews

#PAN
ကမ္ဘာ့အဆင့် (၁)ဆာဘာလန်ကာ ကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ဂျီလီနာ
*****************
(အားကစား) ဧပြီ ၂၂

ဧပြီလ ၂၁ ရက်က ကစားခဲ့တဲ့ စတုဂတ်အိုပင်းပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ် ဆာဘာလန်ကာ ကို အဆင့် (၂၄) ဂျီလီနာ က အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဂျီလီနာ က ဆာဘာလန် ကို အကောင်းဆုံးပုံစံနဲ့ ဖိအားပေးကစားနိုင်ခဲ့ကာ ၆-၄၊ ၆-၁ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၂၅ ရဲ့ ပထမဆုံးတစ်ကိုယ် တော်ဆုဖလားကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆုဖလားဟာ ဂျီလီနာ အတွက် ကစားသမားဘဝ ကိုးကြိမ်မြောက်ဆုဖလားတစ်ခု ဖြစ်ခဲ့ပါတယ်။ ဂျီလီနာ ဟာ 2017 French Open Grand Slam နောက်ပိုင်း ရွှံ့စေးကွင်းပေါ်မှာ ပထမဆုံး ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဂျီလီနာ က ကွာတားဖိုင်နယ်အဆင့်မှာ ကမ္ဘာ့အဆင့် (၂) ဆွီယာတက်စ် ကို.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/22/ကမ္ဘာ့အဆင့်-၁-ဆာဘာလန်ကာ/

VK Link>>...
https://vk.com/wall-220066330_11637

Telegram»...
https://t.me/positiveanglenews

#PAN
22.04.202512:28
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က ကျေးရွာတွေအတွင်းကို ကရင်လက်နက်ကိုင်အဖွဲ့ KNU နဲ့ အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးတွေနဲ့ ပတ်ခတ်ခဲ့သလို့ ကျေးရွာသားနှစ်ဦး သေဆုံးပြီး သံဃာတော် ၁၀ ပါးနဲ့ ကလေးငယ်တွေအပါအဝင် လူ ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့  ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့က ကော့ကရိတ်မြို့နယ် အမှတ်(၃)ရပ်ကွက်နဲ့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာ၊ ကမ်းနီကျေးရွာတွေကို အကြမ်းဖက် KNU/PDF ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ အများပြည်သူ ထိခိုက်စေဖို့ ရည်ရွယ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာြဖစ်တယ်လို့ သိရပါတယ်။

#pan_Broadcasting
22.04.202510:43
နှစ်သစ်ကူးသင်္ကြန်ကာလမှာ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံတဲ့ဘုရားပွဲတော်တွေကို မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်မှာ သင်္ကြန်မတိုင်မီ သုံးရက်အလိုကနေ ကဆုန်လပြည့်နေ့အထိ ကျေးရွာအလိုက်အလှည့်ကျနဲ့ ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနေတာဖြစ်ပါတယ်။

#pan_Broadcasting
သီတဂူဆရာတော်ကြီးထံ မိုင်းဖုန်းဆရာတော်ကြီးက အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
*****************
(ပြည်တွင်း) ဧပြီ ၂၂

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီများ ပြုပြင်မွမ်းမံရန်နှင့် ငလျင်ဘေးခံစားခဲ့ရတဲ့ ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်များအတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို သီတဂူဆရာတော်ကြီးထံသို့ မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့်ဒကာ၊ ဒကာမများမှ ဧပြီလ ၂၁ ရက်က ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့် ဒကာ၊ ဒကာမများက အလှူငွေကျပ်သိန်း ၃၃၀ ၊ ရိက္ခာထုတ် ၅၀၀ ၊ ဆန်အိတ် ၂၅၀ အိတ်၊ ဆီ ၃ ပိဿာပုံး ၂၅၀ ပုံးနှင့် ဖိနပ်အရံ ၃၀၀ တို့.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/22/သီတဂူဆရာတော်ကြီးထံ-မိုင/

VK Link>>...
https://vk.com/wall-220066330_11627

Telegram»...
https://t.me/positiveanglenews

#PAN
အင်ဒိုနီးရှား၌ တစ်ရက်တည်းမှာပင် မီးတောင်ပေါက်ကွဲမှုနှင့် ငလျင်လှုပ်ခတ်မှုဖြစ်ပွား
**********************
(နိုင်ငံတကာ) ဧပြီ ၂၃

အင်ဒိုနီးရှားနိုင်ငံ၌ ဧပြီလ ၂၂ ရက် တစ်ရက်တည်းမှာပင် မီးတောင်ပေါက်ကွဲမှုနှင့်ငလျင်လှုပ်ခတ်မှုတို ဖြစ်ပွားကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ အရှေ့ဂျာဗားပြည်နယ်၌တည်ရှိသော ဆီမီရူ မီးတောင် သည် တစ်ရက်တည်းမှာပင် လေးကြိမ်ပေါက်ကွဲမှုဖြစ်ပွားကြောင်း မီးတောင်နှင့်ဘူမိအန္တရာယ်လျှော့ချရေးဌာနက ထုတ်ပြန်သည်။

ထိုမီးတောင်သည် နံနက် ၅ နာရီမှ မွန်းလွဲ ၁၂ နာရီကျော်အထိ လေးကြိမ်တိုင် ပေါက်ကွဲခြင်းဖြစ်ပြီး ထိုလေးကြိမ်စလုံးတွင် မီးတောင်မှပြာများကို အမြင့်မီတာ ၈၀၀ အထိမှုတ်ထုတ်ကြောင်း တွေ့ရှိရသည်။

အလားတူ မြောက်ဆူလာဝေဆီပြည်နယ်၌ ကမ်းလွန်ဒေသကို ဗဟိုပြု၍ ပြင်းအား ၆ ဒသမ ၆ ရစ်(ခ်)တာ စကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် ညနေ ၅ နာရီ....

သတင်းအပြည့်အစုံဖတ်ရန် -

Webpage>>...
https://positiveanglenews.com/2025/04/23/အင်ဒိုနီးရှား၌-တစ်ရက်တည/

VK Link>>...
https://vk.com/wall-220066330_11643

Telegram»...
https://t.me/positiveanglenews

#PAN
စက်သုံးဆီဖူလုံမှုရှိပြီး ရောင်းဈေးနှုန်းများလည်းကျဆင်းလျက်ရှိဟုဆို
**********************
(စီးပွားရေး) ဧပြီ ၂၃

မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းမန္တလေးငလျင် ကြီးကြောင့် ပျက်စီးချိုယွင်းခဲ့သည့် စက်သုံးဆီအရောင်းဆိုင်အချိုအား အမြန်ပြန်လည် ပြင်ဆင်ဖြန့်ဖြူးရောင်း ချလျက်ရှိပြီး ရက်သတ္တပတ်(၁)ပတ်စာခန့် အရန်စက်သုံးဆီရှိတဲ့အပြင် ပြည်ပကစက်သုံးဆီတင်သင်္ဘောတွေလည်း အဆက်မပြတ်ဝင်ရောက်နေတာကြောင့် ပြတ်လပ်မှုမဖြစ်နိုင်ဘူးလို သတင်းထုတ်ပြန်ပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်မယ်လို စိုးရိမ်စိတ်နဲ့ မလိုအပ်ဘဲတန်းစီဝယ်ယူတာတွေနဲ့ အပိုသိုလှောင်ထားတာတွေမပြုလုပ်ကြပါဖို လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲကြပါဖို့ကို စွမ်းအင်ဝန်ကြီးဌာနက အများပြည်သူကို မတ်လ ၃ဝ ရက်နေ့က အသိပေးနှိးဆော်ခဲ့တယ်လို သိရပါတယ်။

အများပြည်သူရဲ့ ပူးပေါင်းပါဝင်မှု၊ စက်သုံးဆီအသင်းနဲ့ သိုလှောင်ကန်စခန်း၊ အရောင်းဆိုင်နဲ့ ဆီဘောက်ဆာလုပ်ငန်းရှင်တိုရဲ့ .....

သတင်းအပြည့်အစုံဖတ်ရန် -

Webpage>>...
https://positiveanglenews.com/2025/04/23/စက်သုံးဆီဖူလုံမှုရှိပြ/

VK Link>>...
https://vk.com/wall-220066330_11640

Telegram»...
https://t.me/positiveanglenews

#PAN
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပြန်လည်စတင်မည်
*****************
(အားကစား) ဧပြီ ၂၂

၂၀၂၅ -၂၀၂၆ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဧပြီလ ၂၂ ရက်မှာ ပြန်လည်စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသမီးလိဂ်ကော်မတီက အသိပေးထားပါတယ်။

ယခင်က ဧပြီလ ၁ ရက်မှာ ကျင်းပရန် စီစဉ်ထားပေမယ့် မန္တလေးနှင့် စစ်ကိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပွဲကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲရဲ့ ပွဲစဉ် (၁) မှာ ရန်ကုန်ယူနိုက်တက်နှင့် လက်ရှိ ချန်ပီယံ ISPE ၊ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/22/မြန်မာအမျိုးသမီးလိဂ်ပြ/

VK Link>>...
https://vk.com/wall-220066330_11636

Telegram»...
https://t.me/positiveanglenews

#PAN
Выдалена22.04.202514:44
“မိုင်းဖုန်းဆရာတော်ကြီးက သီတဂူဆရာတော်ကြီးထံ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း”

(ပြည်တွင်း) ဧပြီ ၂၂

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီများ ပြုပြင်မွမ်းမံရန်နှင့် ငလျင်ဘေးခံစားခဲ့ရတဲ့ ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်များအတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို သီတဂူဆရာတော်ကြီးထံသို့ မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့်ဒကာ၊ ဒကာမများမှ ဧပြီလ ၂၁ ရက်က ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့် ဒကာ၊ ဒကာမများက အလှူငွေကျပ်သိန်း ၃၃၀ ၊ ရိက္ခာထုတ် ၅၀၀ ၊ ဆန်အိတ် ၂၅၀ အိတ်၊ ဆီ ၃ ပိဿာပုံး ၂၅၀ ပုံးနှင့် ဖိနပ်အရံ ၃၀၀ တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

သီတဂူ ဆရာတော်ကြီးက ဧပြီလ ၂၁ ရက်နံနက်ပိုင်း မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့တဲ့ ကောင်းမှုတော်စေတီတော်ကြီးကို လှည့်လည်ကြည့်ရှုတော်မူခဲ့ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် -https://positiveanglenews.com/2025/04/22/မိုင်းဖုန်းဆရာတော်ကြီ/

Telegram » https://t.me/positiveanglenews

#PAN
အင်းလေးဖောင်တော်ဦးဘုရားကို သီတင်းကျွတ်အမီ ပြုပြင်နိုင်ရန် စီစဉ်နေ
******************
(ပြည်တွင်း) ဧပြီ ၂၂

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကို သီတင်းကျွတ်အမီ ပြုပြင်နိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။

မန္တလေးငလျင်ကြီး လှုပ်ခတ်စဉ်မှာ ဘုရားရင်ပြင်တော်၊ ရတနာစံကျောင်းတော်၊ ဒေသစာရီကြွချီတော်မူရာမှာ အသုံးပြုတဲ့ ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားရှိတဲ့ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရပါတယ်။

လက်ရှိမှာ ဘုရားဖူးဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဘုရားဂေါပကအဖွဲက ဘုရားကျောင်းတော် ပေါ်ကို တက်ရောက်ကြည်ညိုခွင့်ကို ယာယီရပ်ဆိုင်းထားပါတယ်။

ဒါ့အပြင် ပြင်ဆင်မှုများကို ယခုနှစ် သီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲတော်ကာလအမီ ပြီးစီးနိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်သားများက အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/22/အင်းလေးဖောင်တော်ဦးဘုရ/

VK Link>>...
https://vk.com/wall-220066330_11630

Telegram»...
https://t.me/positiveanglenews

#PAN
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)က ငလျင်ဒဏ်သင့်ဒေသများအတွက် အလှူငွေများလှူဒါန်း
*****************
(ပြည်တွင်း) ဧပြီ ၂၂

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တဲ့ မဟာမုနိဘုရားကြီးအပါအဝင် ငလျင်ဒဏ်သင့်ဒေသ များအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)က အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌမှ မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ များသို့ ဧပြီလ ၂၁ ရက်ကသွားရောက်ကာ မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်မွန်းမံရန် အလှူငွေကျပ်သိန်း ၁၀၀၊ ဗြဟ္မစိုရ်ပရဟိတအသင်းကို ကျပ်သိန်း ၁၂ဝ၊ ကိုးကန့်ဗုဒ္ဓဘာသာကျောင်းကို ကျပ်သိန်း ၅၀ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌက ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ စစ်ကိုင်းမြို့ရှိ သာသနိကအဆောက်အဦများ၊ ဘုရားစေတီ များ....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/22/မြန်မာ-တရုတ်ချစ်ကြည်ရေ-2/

VK Link>>...
https://vk.com/wall-220066330_11626

Telegram»...
https://t.me/positiveanglenews

#PAN
23.04.202505:39
Breaking News:

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် မကြီးကျေးရွာ စာသင်ကျောင်းတွင် လက်နက်ကိုင် ၆၀ ခန့် ရောက်ရှိနေပြီး ဘူးကျေးရွာ အထကကျောင်းကုန်းပေါ်တွင်လည်း လက်နက်ကိုင်အင်အား ၃၀ ခန့် ရောက်ရှိနေသဖြင့် ၎င်းကျေးရွာများမှပြည်သူများ ရှောင်တိမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

#PAN
မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ .....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏
မြန်မာနိုင်ငံငလျင်အတွက် ဘတ်နှစ်သိန်း လှူဒါန်းခဲ့တဲ့ ဘန်ကောက်အက်ဖ်စီအသင်း
*****************
(အားကစား) ဧပြီ ၂၂

မြန်မာနိုင်ငံငလျင်အတွက် ဘန်ကောက်အက်ဖ်စီက ဘတ်နှစ်သိန်းကို လှူဒါန်းခဲ့ကြောင်း ဧပြီလ ၂၁ ရက်က အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါလှူဒါန်းငွေ ဘတ်နှစ်သိန်းကို ဧပြီလ ၂၀ ရက်မှာ ကစားခဲ့တဲ့ ထိုင်းလိဂ်-၂ ပွဲစဉ်အတွင်း ဘန်ကောက် အက်ဖ်စီအသင်းရဲ့ မြန်မာနောက်ခံကစားသမား ဇော်မင်းထွန်း က မြန်မာ့လက်ရွေးစင်အသင်းရဲ့ ဂျာမနီလူမျိုး ဂိုးနည်းပြ မိုက်ကယ်ထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အခုလှူဒါန်းမှုက ထိုင်းလိဂ်-၂ ကလပ်မှာ ယှဉ်ပြိုင်ကစားနေတဲ့ ဘန်ကောက်အက်ဖ်စီအသင်း၏ ကွင်းဝင်ကြေး များအပါအဝင် အသင်းပိုင်ရှင်၊ ကစားသမားနှင့် အသင်းပရိသတ်များရဲ့ လှူဒါန်းငွေများဖြစ်ကြောင်း.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/22/မြန်မာနိုင်ငံငလျင်အတွက/

VK Link>>...
https://vk.com/wall-220066330_11635

Telegram»...
https://t.me/positiveanglenews

#PAN
22.04.202511:11
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံတိုးမြှင့်လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

#pan_Broadcasting
22.04.202509:04
လားရှိုးမြို့ပြန်လည်ထိန်းချုပ်လိုက်ပြီးတဲ့နောက် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ မူဆယ်ကနေ တရုတ်နိုင်ငံကို ကုန်စည်တွေပြန်လည်ပို့ဆောင်နိုင်ဖို့ ဆွေးနွေးနေကြပြီလို့ သိရပါတယ်။

#pan_Broadcasting
အမြန်လမ်းရှိ ပျက်စီးနေရာများကို ယာယီသွားလာနိုင်ရန် ပြင်ဆင်ထား
*****************
(ပြည်တွင်း) ဧပြီ ၂၂

မန္တလေးငလျင်ကြီးကြောင့် လမ်းပိုင်းများ ပျက်စီးခဲ့ရတဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးရဲ့ ပျက်စီးမှုများကို ယာယီသွားလာနိုင်ရန် ပြင်ဆင်ပေးထားပြီ ဖြစ်ကြောင်း သိရပါတယ်။

အခုလိုပြင်ဆင်ပေးရာမှာ မိုင်တိုင်အမှတ် (၃၅၈/၂) ရှိ ဒုဋ္ဌဝတီတံတားမှအပ ကျန်လမ်းပိုင်းများကို ပြင်ဆင် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

လက်ရှိမှာ ယာယီပြင်ဆင်ထားတဲ့ လမ်းပိုင်းများမှာ ခွင့်ပြု သတ်မှတ်မိုင်နှုန်းများအတိုင်းမောင်းနှင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ်....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/22/အမြန်လမ်းရှိ-ပျက်စီးနေရ/

VK Link>>...
https://vk.com/wall-220066330_11625

Telegram»...
https://t.me/positiveanglenews

#PAN
Паказана 1 - 24 з 1884
Увайдзіце, каб разблакаваць больш функцый.