ဧရာမ မိကျောင်းကြီး
Mega Crocodile (巨鳄2) 2022
ကဲ ဧရာမသားရဲကြီးတွေနဲ့ ဖြစ်ရပ်ဆန်းရိုက်ကူးထားတဲ့ ဇာတ်ကြမ်းကားမှကြိုက်တဲ့ Souler လေးတို့အတွက် အလှည့်ကျလို့လာပါပြီနော်
အေးချမ်းသာယာပြီး ပင်လယ်နဲ့နီးတဲ့ ပေဟိုင်မြို့လေးမှာ ဧရာမမိကျောင်းကြီးဝင်ရောက်လာပြီး ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်သွားပါတော့တယ် နေရာတကာမှာ သောင်းကျန်းနေတဲ့ အဲဒီမိကျောင်းကြီးကြောင့် ပြည်သူတွေမနည်းမနှောသေဆုံးနေကြရပါတယ်
ဒီလိုနဲ့ အေးချမ်းသာယာတဲ့မြို့ကလေးက ဝရုန်းသုန်းကားဖြစ်ပြီး ပြည်သူအားလုံးစိုးထိတ်ပူပန်နေရတဲ့ အခြေအနေကို ရောက်နေပါတယ် အဲဒီသတင်းတွေကြောင့် ထျန်းရှန်းတို့ ဆရာတပည့်ဟာ ပေဟိုင်မြို့ကို ရောက်လာပြီး ပြည်သူတွေကိုကာကွယ်ဖို့အတွက် အဲဒီမိကျောင်းကြီးကို အမိဖမ်းရှင်းပစ်ဖို့ ကြိုးပမ်းကြပါတော့တယ်
ကဲ ဧရာမမိကျောင်းကြီးရန်မှပြည်သူတွေ အသက်ချမ်းသာရာရပါ့မလား ထျန်းရှန်းတို့ဆရာတပည့်နှစ်ယောက်ကရော မိကျောင်းကိုအနိုင်တိုက်နိုင်ပါ့မလား ကြည့်လိုက်ကြရအောင်
#ReviewbySouler
#ဧရာမမိကျောင်းကြီး
#MegaCrocodile
#巨鳄2
#SoulKingdomMovie