Swades [2004]
2004 ‧ Drama/Music ‧ 3h 30m
IMDb 8.2/10
Rotten Tomatoes 83%
Bollywood ဇာတ်ကား တွေထဲမှာ Swades (We, the People) ဆိုတဲ့ဇာတ်ကား မကြည့်ရသေးသူတွေအတွက် မိတ်ဆက်ပေးချင်သဗျ။
ဒီဇာတ်ကားက Entertainment ထက်ပိုတဲ့ သက်ရောက်မှုရှိခဲ့တာ တစ်ကြောင်း၊ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးမှာ ကြီးမားတဲ့ အလှည့်အပြောင်း
ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့တာက တစ်ကြောင်း၊ ဇာတ်ကား တစ်လျှောက်လုံး တကယ့် သရုပ်မှန် ရိုက်ထားတာကလည်း ထူးခြားတယ်ဗျ။
Swades ကို တိုက်ရိုက်ဘာသာပြန်ရရင်တော့ "အမိတိုင်းပြည်" ပေါ့ဗျာ။ ကဲ "အမိတိုင်းပြည်" လို့ဆိုရင် နိုင်ငံခြားကိစ္စပါလာမယ်။ အဲ.. နိုင်ငံခြားကိစ္စပြောရင် ပြောင်းရွှေ့နေထိုင်မှု(migration) အကြောင်း ပါပြီ၊ အဲဒီ (migration) ဆိုတာကြီးကို မွေးထုတ်ပေးလိုက်တဲ့့ လက်သည်တွေက အများကြီးကိုး... အဲ (migration) ကြောင့်ဘာဖြစ်လာသလဲ အဖြေက ဦးနှောက်ယိုစီးမှု (Brain Drain) ပေါ့ဗျာ ....
ကဲ ဦးနှောက်ယိုစီးမှု ဖြစ်ရင် အဓိက နစ်နာတာက "အမိတိုင်းပြည်" ပေါ့ဗျာ ပြောစရာမှ မဟုတ်တာနော့။
📱 Rainbow's Channel 📱