“ နတ်ဖက်တဲ့ဖူးစာ ”
MU-Girl Miracle Matchmaking (2025)
ဖူးစာပါတဲ့လူနှစ်ယောက်ဟာ ပေါင်းဖက်ဖို့ဖြစ်လာတယ်လို့ပြောကြတယ်။
ဒါပေမဲ့ ဖူးစာဆိုတာကဘာလဲ။
ဖူးစာဆိုတာကို ဘယ်လောက်ထိယုံကြည်နိုင်လဲ။
လူတိုင်းဟာ ကိုယ့်ရဲ့ဖူးစာရှင်နဲ့ တကယ်ပဲလှပတဲ့ဇာတ်သိမ်းကို ပိုင်ဆိုင်ရနိုင်လား။
ပို့ပုန် အဖြစ် Bright Rapheephong
မာလာ အဖြစ် Mild Lapassalan
အချစ်ကြောင့် ဒဏ်ရာရဖူးတဲ့မာလာတစ်ယောက် ကိုယ်ချစ်ကိုမရှာဘဲ ဖူးစာကိုပဲ ယုံမှတ်လို့ပုံအပ်ထားလိုက်တာ တဖြည်းဖြည်းနဲ့ အသက် 30 ဆိုတဲ့အရွယ်ကို ရောက်မှန်းမသိရောက်လို့လာပါတော့တယ်။
အသက် 30 ဆိုတာ မိန်းကလေးတိုင်းအတွက် ကြီးမားတဲ့အချိုးအကွေ့ဖြစ်တာမလို့ ကံကိုယုံပြီး ဆူးပုံနင်းနေတဲ့မာလာတစ်ယောက် ငှက်ပျောတုံးနဲ့ညားမှာ စိုးထိတ်စပြုလာတာပေါ့။
အဲဒီလိုနဲ့ပဲ မာလာတစ်ယောက် အက်ဖ်အေဘဝနဲ့ အရိုးမထုတ်ရရေး တို့အရေးဆိုပြီး ကံကြမ္မာကိုပြောင်းလဲဖို့ အိမ်နီးချင်း ပို့ပုန်နဲ့အတူ ဘုရားကျောင်းတိုင်းမှာ လိုက်ဆုတောင်းပေမဲ့ ဘယ်ဘုရားမှ သူ့ကိုဆင်းမကယ်ကြပါဘူး။
အဲဒါနဲ့ပဲ ချစ်ကံခေလွန်းတဲ့သူ့ဘဝကို လက်လျှော့တော့မယ့်ဆဲဆဲမှာပဲ သူ့ဘဝထဲကို ယောက်ျား 3 ယောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာချိန်မှာတော့ ဘယ်သူ့ကိုရွေးချယ်ဖို့ဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။
( ဇာတ်လမ်းအကျဉ်းကို Zicky မှရေးသားပေးထားပါတယ် )
Subtitle By - Ash Team
Encode By - Little
Ash Channel (Ash) မှဘာသာပြန်တင်ဆက်သည်။
#နတ်ဖက်တဲ့ဖူးစာ AshThai
#AshChannel #AshOngoing
#Ash #AshOngoing2025