S*W*A*G [2024] မြန်မာစာတန်းထိုး
မိန်းမတွေ ကြီးစိုးတဲ့ ခေတ်တစ်ခုမှာ ယောက်ျားတွေဟာ အင်မတန် ဖိနှိပ်ခံရပါတယ်။ ဘုရင်မကြီး ဗင်ဂျာမာရာ ရဲ့ ခင်ပွန်းဖြစ်တဲ့ ဘုရင်ကြီး ဆွက်ဂါနီကာ က ပရိယာယ်တစ်ခုနဲ့ အရာအားလုံးကို ပြောင်းလဲပစ်ခဲ့ပါတယ်...
ပြီးတော့ တော်ဝင် ဆွက်ဂါနီကာ မျိုးဆက်သားယောက်ျားလေးပဲ အမွေဆက်ခံနိုင်အောင် ကျိန်စာလည်း တိုက်ခဲ့ပါတယ်။ နှစ်တွေ ကြာလာတဲ့အချိန်မှာ အမွေပစ္စည်းတွေကို စောင့်ရှောက်နေတဲ့ သားအမိနှစ်ယောက်က အမွေဆက်ခံသူကို ရှာနေရပါတယ်...
အမွေတွေကို လိုချင်နေတဲ့ သားဖြစ်သူက အမွေဆက်ခံမယ့် မျိုးဆက်ကို ရှာမတွေ့နိုင်အောင် နည်းအမျိုးမျိုးနဲ့ တားနေပါတယ်။ အမွေဆက်ခံသူကို ရှာနေတဲ့ စာက ဒုရဲအုပ် ဘာဗာဘူသီဆီကို ရောက်လာတဲ့ အချိန်မှာတော့...
လောဘ ကျား/မ ခွဲခြားမှုတွေနဲ့ ရှုပ်ထွေးလှတဲ့ ဆက်နွယ်မှုတွေ အကြောင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။