The Beginning After the End Season 1 (2025 Ongoing) မြန်မာစာတန်းထိုး
Genres - Drama, Fantasy, Isekai
ဒီကားလေးကတော့ Manhwa မှာအတော်နာမည်ကြီးပြီး ရှယ်မိုက်မဲ့ Isekai ကားလေးပါ ၊ လုံးဝကြည့်သင့်တဲ့ကားလေးမို့ ထွက်လာရင် လက်မလွှတ်တမ်း စောင့်ကြည့်ပေးပါဗျ။ April 3 ရက်နေ့ထွက်မည်။
Review
King Grey ဟာ ကိုယ်ခံပညာနဲ့ကြီးစိုးတဲ့ ကမ္ဘာကြီးမှာ တုနှိုင်းမဲ့ ခွန်အား ၊ ချမ်းသာမှုနဲ့ သြဇာရှိတဲ့သူတစ်ယောက်ပါ။ အပြင်ပန်းကိုကြည့်ရင်တော့ အဲ့လိုမြင်နိုင်ပေမဲ့ အတွင်းမှာတော့ ရည်မှန်းချက်နဲ့ ခံယူချက်ပျောက်ဆုံးနေတဲ့ လူတစ်ယောက်ဖြစ်နေလေရဲ့။
အဲ့လိုလူဟာ မှော်တွေ မွန်းစတားတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ ပြန်ဝင်စားပြီး အစကနေ ပြန်စတင်နိုင်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ အဲ့ကမ္ဘာသစ်ကြီးမှာ King Grey အတွက် အတိတ်ကအမှားတွေကို ပြုပြင်ဖို့ကပဲ အဟန့်အတားဖြစ်နေတာမဟုတ်ခဲ့ပါဘူး။
ငြိမ်းချမ်းနေတဲ့ ကမ္ဘာသစ်ကြီးက သူ့ရဲ့အရာအားလုံးကို ဖျက်ဆီးဖို့ခြိမ်းခြောက်လာချိန်မှာတော့ King Grey တစ်ခြားကမ္ဘာမှာ ဘယ်လိုအရာတွေနဲ့ ကြုံတွေ့မှာလဲဆိုတာကို ထွက်လာရင် ဆက်လက်စောင့်ကြည့်ပေးပါ။