Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
​Right Underground New-Rugn avatar

​Right Underground New-Rugn

သတင်းမှန်
Рэйтынг TGlist
0
0
ТыпПублічны
Вертыфікацыя
Не вертыфікаваны
Надзейнасць
Не надзейны
Размяшчэнне
МоваІншая
Дата стварэння каналаСіч 26, 2025
Дадана ў TGlist
Січ 26, 2025

Папулярныя публікацыі ​Right Underground New-Rugn

နိုင်ငံ့သားကောင်းများအား အမြဲဂုဏ်ယူလေးစားလျက်ပါ။

Telegram Channel မှာသတင်းများဖတ်ရှု့လိုသူများ

Join

👇👇👇
https://t.me/RigntUndergroundNewRugn

သတင်းမှန်များ Facebook
Acc တွင်

သတင်းမှန်များဆက်လက်ဖတ်ချင်သူများ

Join
👇👇👇
https://www.facebook.com/share/19nDDYryPE/
03.02.202506:30
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ရန် ရောက်ရှိလာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက်

ဖေဖော်ဝါရီ ၃

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် ရောက်ရှိလာကြသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ရင်းရင်းနှီးနှီးကြိုဆို နှုတ်ဆက်သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များနေ့လယ်စာ စားသောက်နေမှုနှင့် ပြင်ဆင် ကျွေးမွေးနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နေထိုင်စားသောက်ရေး အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို စနစ်တကျပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
2020 ရွေးကောက်ပွဲမှာ ထရမ့်ရှုးတော့ ထရမ့်ထောက်ခံသူတွေက Capitol ကိုဝင်စီးကြတယ်၊ အဲ့ဒီကာလ ဝင်ကိုင်တွယ်သွားတဲ့ FBI လူစာရင်းကို ထရမ့်က DOJ ( Department of Justice ) ကတဆင့်တောင်းတယ်၊

FBI က လူ (၅၀၀၀) ကျော်စာရင်းကို ပေးလိုက်ရပြီ၊ အငြိမ်းစား အပေးခံရပါတော့မယ်၊

ရက်ခြားပြီ CIA ကိုလဲကြေငြာချက်ထုတ်ထားတယ်၊ အရေအတွက်ကိုမသတ်မှတ်ပဲ ဖွင့်ထားတယ်၊ MAGA agenda အတိုင်းမလုပ်နိုင်သူတွေ လစာ (၈) လစာယူပြီး ထွက်ကြ... တဲ့၊

ကမ္ဘာကျော် ထောက်လှမ်းရေးအဖွဲကြီး (၂) ခုလုံးကို တပြိုင်နက် အခုလိုကျယ်ကျယ်ပြန့်ပြန့် ကိုင်ပစ်တာ အမေရိကန်သမိုင်းမှာ ထရမ့်ဟာ ပထမဆုံးသမတဖြစ်လာပါတယ်၊

သူ့အတွက်ပြန်ပြီးအန္တရာယ်ရှိတဲ့ အဆိပ်ပြင်း အဖွဲကြီး (၂) ခုလုံးကို တပြိုင်နက်ထဲ ကိုင်တွယ်ပစ်ရဲတာ ဘာကြောင့်လဲ... လိုစဉ်းစားဖြစ်တယ်၊


BaMg ☯️
ဘာတွေ ဒုက္ခပေးဦးမလဲမသိဘူး

ကွန်ဂိုမှာရှိတဲ့ ဓါတ်ခွဲခန်းထဲက အီဘိုလာဗိုင်းရပ်စ် တေတွအပြင်ပေါက်ထွက်သွားပြန်ပြီတဲ့၊ WHO ကအလွန်အမင်းစိုးရိမ်ပူပန်မိတယ်လို့ဆိုတယ်၊

ကမ္ဘာကြီးကလဲ စိတ်ပျက်ဖွယ်ရာ တမျိုးပြီးတမျိုး....
27.01.202500:49
Пераслаў з:
Right Underground New-RUGN avatar
Right Underground New-RUGN
02.02.202501:39
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး စာဝါပို့ချခဲ့စဉ်အခါက ဆရာတော်ကြီးရဲ့ ငယ်ဘဝပုံရိပ်အား ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် မျှဝေလိုက်ပါသည်။
02.02.202505:03
“သူတော်ကောင်းတို့ရဲ့အလှူ”

သူတော်ကောင်းတွေဟာ လှူပြီဆိုလို့ရှိရင် အလှူခံပုဂ္ဂိုလ်တွေကို ချီးမြောက်တဲ့စိတ်နဲ့လှူလေ့ရှိတယ်။
ကိုယ်က အသာစီးနဲ့လှူတာ မဟုတ်ဘူး။

ငါလှူထားတာ ငါကျွေးနိုင်တယ်၊
ငါကျွေးတယ်ဆိုတဲ့အပေါ်စီးနဲ့ မဟုတ်ဘူး။

လှူကတည်းက ကိုယ်ကနေပြီးတော့ ချီးမြှောက်လိုတဲ့စိတ်နဲ့ လှူတာဖြစ်တယ်။ အလှူခံပုဂ္ဂိုလ်တွေ ဝဝလင်လင် စားသောက်ရလို့ စိတ်ချမ်းသာမှုတွေ ရကြပါစေ၊ သူတို့ အဆင်ပြေကြပါစေ၊ နေရေးထိုင်ရေး အဆင်ပြေကြပါစေ၊
စားရေးသောက်ရေး အဆင်ပြေကြပါစေ၊
အဲဒီလို အလှူခံပုဂ္ဂိုလ်တွေကို ပူဇော်လို ချီးမြှောက်လိုတဲ့စိတ်မျိုးနဲ့ လုပ်ရမယ်။

လှူတယ်ဆိုကတည်းက ပူဇော်တဲ့စိတ်နဲ့လှူဖို့၊ ချီးမြှောက်တဲ့စိတ်နဲ့လှူဖို့၊ သူ့ကို ကူညီတယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ လှူဖို့ လိုအပ်တယ်။

အဲဒီလို လှူလိုက်ရင် ဒါနရဲ့အကျိုးရလာတဲ့အခါမှာ လူတွေဟာ မွန်မွန်မြတ်မြတ်ပစ္စည်းတွေကို သုံးဆောင်လိုတဲ့စိတ် ဖြစ်ပေါ်လာတယ်။

ငယ်ငယ်တုန်းကတော့ တွေ့တယ်၊ တစ်ခါတစ်ခါ။ ပိုက်ဆံချမ်းသာတဲ့ ဒကာကြီးတွေ ဒကာမကြီးတွေ၊ သို့သော်လည်း ဝတ်ထားစားထားတာ ဆင်းရဲသားလို ဝတ်ထားစားထားတယ်။
ဆင်းဆင်းရဲရဲ သူဆင်းရဲကြီးလို နေတယ်။
သို့သော် ပိုက်ဆံငွေကြေးတွေ၊ စိန်တွေ တော်တော်များများ ရှိတယ်။

ပတ်ဝန်းကျင်က ကြည့်မယ်ဆိုရင် နှမျောလိုက်ကြတာပေါ့။
နှမျောလို့ မသုံးတာလို့ ဒီလိုထင်တယ်။ နှမျောလို့ချည်း မဟုတ်ဘူး။

ဒါနကောင်းမှုလုပ်ခဲ့တဲ့ အချိန်တုန်းက အလှူခံပုဂ္ဂိုလ်တွေကို ချီးမြှောက်လိုတဲ့စိတ်နဲ့ လှူတာ မဟုတ်ဘူး။
အားပေးလိုတဲ့စိတ်နဲ့လှူတာ မဟုတ်ဘူး။
မပေးချင် ပေးချင် ပေးတာမျိုးတွေ ဖြစ်လာတယ်။

အဲဒါကြောင့် ရလာတဲ့အခါလည်း ကိုယ်မစားချင် မသောက်ချင် ဖြစ်လာတယ်။ ဒါလည်း သတိထားစရာကောင်းတယ်။

ကိုယ်ရထားတဲ့ပစ္စည်းတောင် ကိုယ်က မသုံးရက်ဘူး ဖြစ်လာတယ်။
နှမျောတာသက်သက် မဟုတ်ဘူး၊

ဒါနကောင်းမှုလုပ်တုန်းက မစင်ကြယ်သည့်အတွက်ကြောင့် မသုံးရဲဘူး၊
မသုံးချင်ဘူး စိတ်ကိုက မပါဘူးလို့ ဒီလိုဆိုလိုတယ်။

စိတ်မပါရုံတင် မကဘူး၊ တစ်ချို့ဆို အကောင်းနဲ့
မတည့်တဲ့လူကလည်း ရှိသေးတယ်။ အကုသိုလ်ဆိုတာ အလွန်ကြောက်စရာကောင်းတယ်။ စိတ်သဘောထားပေါ်မှာ မူတည်တယ်၊ အကောင်းတွေရှိနေပေမယ်လို့ အကောင်းနဲ့မတည့်ဘူး။

အဲဒီလို အကောင်းနဲ့မတည့်တော့ ကိုယ်အကောင်းစားရသလားဆို မစားရဘူး၊ အဲဒီလို ဖြစ်တတ်တယ်။

နေအိမ်ကောင်းကောင်း မနေရဘူး၊ ကားကောင်းကောင်း မစီးရဘူး၊ အဝတ်ကောင်းကောင်း မဝတ်ရဘူး၊ အဲဒါမျိုးတွေ ဖြစ်လာတတ်တယ်။

ဒါကြောင့်မို့လို့ အလှူခံပုဂ္ဂိုလ်တွေကို ချီးမြှောက်လိုတဲ့စိတ်နဲ့ထား၊ တစ်ဖက်သားဟာ ရွှင်လန်းသွားအောင် အားတက်သရော ဖြစ်လာအောင် တစ်ဖက်သားကို ပံ့ပိုးကူညီပေးတဲ့ဒါနမျိုးသာ ဖြစ်သင့်တယ်။

ဒါ သူတော်ကောင်းတွေ လှူလေ့ရှိတဲ့ဒါနပေါ့။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🏻🙏🏻🙏🏻
တိုက်ပွဲသတင်း(စလင်း)
ဇန်နဝါရီလ ၂၉ ရက်

စလင်းမြို့နယ် သမင်ကင်းကျေးရွာသို့အရောက် နေရာ ၂ နေရာမှ အကြမ်းဖက် သူအင်အား ၆၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။

လက်လုပ်မိုင်းမျိုးစုံ ၂၆ လုံး
ပြောက်ကျားယူနီဖောင်း ၄ စုံ
ဝါယာကြိုး ၁ ခွေ သိမ်းဆည်းရမိခဲ့။
ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်လည်ပိုဆောင်တဲ့ လေကြောင်းခရီးစဉ်တွေကို မက္ကဆီကိုမြေအတွင်း ဝင်ရောက်ခွင့်ကို မက္ကဆီကိုဘက်က ပိတ်ပင်ထားတယ်လို သိရပါတယ်။ ထရမ့်ဟာ သူ့ရဲ့ ရွှေ့ပြောင်းနေထိုင်သူ မူဝါဒအရ တရားမဝင် နေထိုင်သူတွေကို ပြန်လည်ပိုဆောင်မှုတွေ စတင်နေတာလည်းဖြစ်ပါတယ်။

မက္ကဆီကိုရဲ့ ဒီပိတ်ပင်မှုကတော့ စနေနေ့က ဂွါတီမာလာကို ရွှေ့ပြောင်းနေထိုင်သူ ၁၆၀ ဦး အထိ အမေရိကန်က Air Force C-17 နှစ်သင်းနဲ့ ပြန်လည်ပိုဆောင်ပေးပြီးနောက်မှာ ထွက်ပေါ်လာတာပါ။ ဒီအတွက်ကြောင့် သူတိုနှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ ရှိလာလိမ့်မယ်လို လေ့လာသူတွေက ဆိုပါတယ်။

https://t.me/RigntUndergroundNewRugn
၃၁.၁.၂၀၂၅ သောကြာနေ့
၁၃၈၆ ခု တပို့တွဲ လဆန်း ၃ ရက်
သာသနာ ၂၅၆၈
02.02.202505:03
“ ပဋ္ဌာန်း (၂၄)ပစ္စည်းအကျယ်”
  °°°°°°°°°°°°°°°°°°°°°°°°°°°
🙏🙏🙏
15.02.202512:21
28.01.202517:46
Пераслаў з:
Right Underground New-RUGN avatar
Right Underground New-RUGN
02.02.202505:03
မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏
Увайдзіце, каб разблакаваць больш функцый.