တုနှိုင်းမဲ့ ဒဏ္ဍာရီကျောက်တုံး 颜无双 Unrivaled Countenance
ဇာတ်လမ်းအကျဉ်း
ဒဏ္ဍာရီနတ်သမီးဟာ ကောင်းကင်ကို ပြုပြင်ပြီးနောက်မှာ လူ့ပြည်မှာ ကောင်းကင်ပြင်ကျောက်တုံး တစ်ပိုင်းကို ချန်ထားခဲ့ပါတယ်
ကောင်းကင်ပြင်ကျောက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တွေရှိပြီး ရှေးယခင်က ဘာသာရေးတစ်ယူသန် ဆိုးယုတ်သူတွေဟာ မသေနိုင်သော အစွမ်းဓာတ်ကိုရရှိအောင် အခြားသူတွေရဲ့ ရုပ်နဲ့နာမ်ကို သိမ်းယူဖို့ ထိုကျောက်ကိုအသုံးပြုခဲ့ကြပါတယ်
ထိုလမ်းစဉ်ကို မခံရပ်နိုင်ကြသူတွေဟာ ကောင်းကင်ပြင်ကျောက်ကို အသုံးပြုနေတဲ့ တစ်ယူသန်ဂိုဏ်းကို နှိမ်နင်းဖို့ အတူတကွ ပူးပေါင်းခဲ့ကြပါတယ်
ဒါပေမဲ့ အရှုပ်အထွေးတွေကြားမှာ ကမ္ဘာပေါ်မှာ နှစ်ခုသာရှိတဲ့ ကောင်းကင်ပြင်ကျောက်ဟာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပါတယ်
တစ်နေ့မှာတော့ ချင်းယွင်သူတော်စင်ကျောင်းမှာ ကျင့်ကြံနေသူ Yun Tian Nan နဲ့ ဆရာတူညီ Feng Ming တို့ဟာ ကောင်းကင်ပြင်ကျောက် တည်ရှိရာကို မတော်တဆတွေ့ရှိသွားခဲ့တဲ့အခါ ...
ပြည်သူတွေကို အန္တရာယ်ပြုတဲ့ လူဆိုးဂိုဏ်းရန်ကနေ ကောင်းကင်ပြင်ကျောက်ကို ကာကွယ်နိုင်ဖို့ နှစ်ဦးသားဟာ သူတော်စင်ကျောင်းမှာ အတားအဆီးတစ်ခု ဖွဲ့စည်းခဲ့ပြီး အပြင်လူများကို ဝင်ခွင့်မပြုဘဲ တားမြစ်ထားပါတယ်
နှစ်ဦးသားဟာ ဒဏ္ဍာရီကောင်းကင်ပြင်ကျောက်ကို လူဆိုးတွေလက်က ကာကွယ်နိုင်ပါ့မလား ?
Native Title : 颜无双
Starring : Chai Wei, Liang Xue Feng, Ma Jia Ming, Zhang Jia Yue
Episodes : 24
Original Network : IQIYI
#ReviewByPanda
#颜无双
#SoulKingdom
#miniseries