လာမည့် ဧပြီ ၂၁ ရက်နေ့တွင်ငလျင်ကြီးလှုပ်ခတ်မည်ဆိုသည့် အခြေအမြစ်မရှိသည့် ကောလာဟလ သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး သတင်းအမှား ဖြန့်သူများသည် သဘာဝဘေးစီမံ ခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ ဖြင့်အရေးယူခံရနိုင်ကြောင်းသိရသည်။
ယခုရက်ပိုင်းအတွင်း Facebook နှင့် Tiktok လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီ ၂၁ ရက်နေ့၌ ငလျင်ကြီးလှုပ်ခတ်မည်ဟုသတင်းများထွက်ပေါ်နေပြီး ပြည်သူလူထုစိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၇ တွင် မည်သူမဆို အများပြည်သူအထိတ် တလန့်ဖြစ် စေရန်ရည် ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မဟုတ် မမှန်သတင်း လွှင့်ကြောင်းပြစ်မှုထင်ရှားလျှင် ထိုသူကို တစ်နှစ်ထက်ပိုသော ထောင်ဒဏ်၊ ငွေဒဏ်နှင့် ဒဏ်နှစ်ရပ် လုံးချမှတ် ခံရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။