Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Rainbow's Library avatar
Rainbow's Library
Rainbow's Library avatar
Rainbow's Library
Перыяд
Колькасць праглядаў

Цытаванні

Пасты
Схаваць рэпосты
21.04.202505:32
ကျနော့်သူငယ်ချင်း အင်ဂျင်နီယာ ကျီစွေဆီက မက်ဆေ့ခ်ျတစောင်ရပါတယ်။
.

ဆရာသန် ခင်ဗျား...

ငလျင်ကြောင့် အဆောက်အဦးမပြိုတဲ့နည်းကို ကျနော်သိထားပါတယ်။

ကျနော်တဦးတည်း သိသေးတာပါ။

အဆောက်အဦး ဘယ်လောက်မြင့်မြင့် မပြိုစေရဘူးလို့ အာမခံနိုင်ပါတယ်။

ဒီနည်းကို
အစကတော့ လျှို့ဝှက်ထားဖို့ပါပဲ။

ဒါပေမယ့်
လူသားအားလုံးအကျိုးအတွက် ဖွင့်ပြောလိုက်တာပါ။

ဒီလိုပါ ဆရာသန်
ငလျင်လှုပ်လို့ တိုက်တာအဆောက်အဦးတွေပြိုတယ်ဆိုတာ တကယ်တော့ အဲ့အဆောက်အဦးတွေဟာ မြေကြီးပေါ်မှာ ဆောက်ထားလို့ပါ။
ငလျင်လှုပ်တော့ မြေကြီးကလှုပ်တယ်။ မြေကြီးလှုပ်တော့ အဆောက်အဦးတွေပါ လိုက်လှုပ်တယ်။
အဲ့ခါကျ မခိုင်တဲ့ အိမ်တွေ ပြိုရော

ဒီတော့
အဲ့လိုမဖြစ်ရလေအောင်
တိုက်တာ အဆောက်အဦးတွေကို မြေကြီးနဲ့ မထိအောင် ဆောက်ရမယ်ဆရာ။
လေပေါ်ဝဲလေးပေါ့။
Avatar ကားထဲမှာ တွေ့ဖူးတယ်မလား။
အေး အဲလိုလေးတွေ ဆောက်ရမယ်။

တခုပဲဆရာ
အိမ်တွေကို လေပေါ်ဝဲနေအောင် ဘယ်လို လုပ်ရမလဲဆိုတဲ့ တချက်က ခက်နေတာ။

ဒါလည်း
ခု ကျနော်နဲ့ မိုးကြီးနဲ့ စမ်းသပ်ရှာဖွေနေပါပြီ။
မကြာခင် ရတော့မှာပါ။

Avatar ထဲမှာတောင် ရသေးရင် ကျနော်တို့လည်း ရ ရ မှာပေါ့။

ခုတော့
ရွာသာကြီးဆေးရုံ လာခေါ်နေလို့ ခနလိုက်သွားအုံးမယ်ဆရာ
ဆေးရုံကိုများ လေပေါ်ဝဲဆောက်ချင်လို့လား မသိဘူး။

Credit 😂
အာကာသခရီးစဉ်ကနေ ပြန်ရောက်လာအပြီး မြေကြီးကို ချက်ချင်းလက်ငင်း ကုန်းနမ်းနေတဲ့ အမေရိကန်အဆိုတော် ကေသီပါယ်ရီ

သူမဟာ အာကာသယာဉ်နဲ့ ကမ္ဘာ့လေထုအပြင်အထိ လိုက်ပါစီးနင်းခဲ့အပြီး ကမ္ဘာမြေကို ပြန်ရောက်လာချိန်မှာ အခုလို ကုန်းနမ်းနေတာပါ။

တစ်ခါက ဂျပန်ဘီလျံနာသူဌေးကြီးတစ်ယောက် ပြောဖူးတယ်။
သူ အာကာသထဲကနေ ကမ္ဘာမြေကို ပြန်ကြည့်ရတာ ကြည့်မဝတဲ့အပြင် ကမ္ဘာမြေကို ပိုချစ်လာစေသတဲ့။

ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ စစ်ပွဲတွေ ဖန်တီးနေကြမဲ့အစား ကမ္ဘာမြေကို ချစ်တတ်လာအောင် အာကာသခရီးစဉ်မှာ လိုက်ပါကြည့်ရှုစေချင်ကြောင်း ဂျပန်သူဌေးက အကြံပြုခဲ့ပါတယ်။

photo: AFP
Zin Alexander
10.04.202517:09
လူတစ်ယောက်က ဘယ်တော့မှ
တသမတ်တည်းမရှိနိုင်ဘူး။
✔️

အကောင်းဆုံးအချိန်ဆိုတာလည်းရှိတယ်။

အဆိုးဆုံးအချိန်တွေဆိုတာလည်းရှိတယ်ဆိုတာကို သေချာနားလည်နေရမယ်။
✔️

ဆယ်တန်းတုန်းက မိဘတွေ၊ဆရာဆရာမတွေပြောတဲ့စကားတစ်ခုရှိတယ်။

ဆယ််တန်းအောင်ဖို့ ကံရော၊ ဉာဏ်ရော၊ ဝီရိယရောလိုတယ်တဲ့။
✔️

တကယ်တော့ အဲ့အရာတွေက တစ်ခုချင်းဆီရှိနေတဲ့အရာမဟုတ်ဘူးလို့မြင်တယ်။

တစ်ခုနဲ့တစ်ခုက ဆက်စပ်မှုရှိနေတာ။

ကိုယ်ထိန်းချုပ်လို့ရတာက ဉာဏ်နဲ့ ဝီရိယ။

ကိုယ်ကဒီ ၂ ခုမှာ အားနည်းလာတာနဲ့ ကံဆိုတာအားနည်းလာတယ်။
✔️

သောက်တလွဲတွေလုပ်တာများလာရင်

သောက်တလွဲကံတွေ တတ်လာပြီး

သောက်တလွဲရလဒ်တွေရလာရော။
✔️

From my notes...
မကြည့်ဖူးသေးတဲ့ လူတွေအတွက်ပါ။

Game Of Thrones Season (1+2+3+4+5+6+7+8)

ဒီချန်နယ်ထဲမှာ စ/ဆုံး တင်ပေးထားပါတယ်ဗျ။

Link
https://t.me/+aR3-5QXNyq0zNTFl

📱 Rainbow's Channel 📱
တစ်နေ့နေ့ကျရင် မင်းမမျှော်လင့်ထားလိုက်ခင်လေးမှာပဲ
မင်းကို တယုတယ မြတ်နိုးပေးမဲ့သူတစ်ယောက်က
မင်းအနားကို ရောက်လာလိမ့်မယ် ။

အဲ့ဒီ့ သူ ဟာ မင်းဘက်က
တောင်းဆိုစရာမလိုပဲနဲ့တောင် မင်းကို ဂရုစိုက်မှုတွေကို
လိုလိုလားလားနဲ့ပေးမှာ ။
မင်းရဲ့ဖြစ်တည်မှုတိုင်းနဲ့ မင်းရဲ့ soul တိုင်းကို
တန်ဖိုးထားပေးနေမှာ ။

အဲ့ဒီ့ သူဟာ မင်းကို ချစ်ပေးတဲ့အခါမှာ
စကားလုံးချိုချိုသာသာလေးတွေပဲ သုံးရင်း
အပြောလေးနဲ့တင် ချစ်ပေးနေမှာ မဟုတ်ဘူး ။
အလုပ်နဲ့ သက်သေပြပြီးတော့ကို နောက်ဆုံးအချိန်ထိ
မင်းအနားမှာနေပေးနေမှာ။
not just good sweet word but also with effort
ဆိုတာမျိုးပေါ့ ။

အဲ့ဒီ့ မင်းတွေ့လာမဲ့ တစ်စုံတစ်ယောက်ရဲ့
လက်ထဲမှာ မင်းဟာ ပြန်ပြီး ပျော်ရွှင်လာရလိမ့်မယ်။
နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေက ပြန်သက်သာလာလိမ့်မယ်။
အဲ့ဒီ့ someone ဟာ မင်းကို ပြန်ပြီး
ရှင်သန်လာရအောင် လုပ်ပေးမှာ။

မင်းဘက်က သူ့ကို ထွက်သွားခိုင်းနေရင်တောင်
သူထွက်သွားမှာ မဟုတ်ဘူး ။
ဘယ်တော့မှလည်း မင်းကိုလက်လွှတ်ပေးမှာ မဟုတ်ဘူး။
မင်းဆိုးသမျှတိုင်းကို သူ သည်းခံပေးနေမှာ။

မင်းမလိုချင်ခဲ့တဲ့ မင်းရဲ့ dark side တွေ . . .
မင်း မလိုချင်ခဲ့တဲ့ unwanted part တွေကိုလည်း
သူ နားလည် လက်ခံပေးနေမှာပါ ။
မင်းလည်း အဲ့ဒီ့အချိန် မင်းရဲ့တန်ဖိုးကို သိတဲ့သူရဲ့
ရင်ခွင်မှာ နေခွင့်ရအုံးမှာပါ ။

ဘယ်အချိန်ကျရင်လဲ ဆိုပြီး ပြောပြခွင့်မရနိုင်သေးပေမဲ့
Do not rush into love.
True love take time.
But you have to pray for it.
Пераслаў з:
Rainbow's Channel avatar
Rainbow's Channel
ဇွတ်ပူး နေတာတွေ တွေ့ရင် ဘာလုပ်ရမလဲ ? 😈

ပင်အပ်လေး‌ဆောင်ထား

တကယ်ပူးနေတယ်ဆို ဒီ ခန္ဓာကြီး

ဘာဖြစ်ဖြစ် နာမ်ကခံစားရမှာမဟုတ်ဘူး

ကပ်တိုးလေး အနားကိုသွား ကူသလိုလို ဘာလိုလို နဲ့

ဖော်ကင်ကို တစ်ချက်ထိုးပေးလိုက် 😄
19.04.202514:53
လုပ်ချင်တာတွေကို

လုပ်သင့်တာတွေနဲ့

အစားထိုးနိုင်တဲ့

အရည်ချင်းတစ်ခုကို

ပိုင်ဆိုင်နေပြီဆိုရင်

တော်တော်လေးဟုတ်နေပြီလို့

ပြောလို့ရတယ်။
✔️

Repost ✔️
14.04.202515:18
အကုန်လုံးသိဖို့မလိုဘူး။

သိသလောက်ကိုအသုံးချတက်ရင်

လုံလောက်ပြီ။

အကုန်လုံးသိဖို့တတ်ဖို့

ကြိုးစားရင်

ဘာမှဖြစ်လာမယ်မထင်ဘူး။
✔️

🗣 Rainbow's Library 📰💡
10.04.202511:26
ကျေးဇူးတင် သာဓုခေါ်ပါတယ်။

မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင် (၂၀၀)ဆံ့ ယာယီဆေးရုံအား ဧရာဝတီဖောင်ဒေးရှင်းမှ တည်ဆောက်ဖွင့်လှစ်။

ဧရာဝတီဖောင်ဒေးရှင်းသည် ငလျင်ဒဏ်သင့် မန္တလေးမြို့ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင်(၂၀၀)ဆံ့ ယာယီဆေးရုံများကို ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍ အလျင်အမြန် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ ဆေးရုံကြီးအတွက် HDU (၁၂)ကုတင်ပါ ကုတင်(၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၆)ရက်နေ့တွင် လည်းကောင်း၊ မန္တလေး ကန်တော်နဒီပြည်သူ့ဆေးရုံအတွက် HDU (၆)ကုတင်ပါ ကုတင် (၁၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၈)ရက်နေ့တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ မန္တလေး အရိုးအထူးကုဆေးရုံကြီးနှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကုတင်(၁၀၀) ယာယီဆေးရုံ တစ်ခုစီကိုလည်း အမြန်ဆုံး ထပ်မံ ဖွင့်လှစ်နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ယခုကဲ့သို့ ယာယီဆေးရုံများ တည်ဆောက်ဖွင့်လှစ်နိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်ကူညီပေးခဲ့သူများ အားလုံးကို မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင် (၂၀၀)ဆံ့ ယာယီဆေးရုံအား ဧရာဝတီဖောင်ဒေးရှင်းမှ တည်ဆောက်ဖွင့်လှစ်

ဧရာဝတီဖောင်ဒေးရှင်းသည် ငလျင်ဒဏ်သင့် မန္တလေးမြို့ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင်(၂၀၀)ဆံ့ ယာယီဆေးရုံများကို ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍ အလျင်အမြန် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ ဆေးရုံကြီးအတွက် HDU (၁၂)ကုတင်ပါ ကုတင်(၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၆)ရက်နေ့တွင် လည်းကောင်း၊ မန္တလေး ကန်တော်နဒီပြည်သူ့ဆေးရုံအတွက် HDU (၆)ကုတင်ပါ ကုတင် (၁၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၈)ရက်နေ့တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ မန္တလေး အရိုးအထူးကုဆေးရုံကြီးနှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကုတင်(၁၀၀) ယာယီဆေးရုံ တစ်ခုစီကိုလည်း အမြန်ဆုံး ထပ်မံ ဖွင့်လှစ်နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ယခုကဲ့သို့ ယာယီဆေးရုံများ တည်ဆောက်ဖွင့်လှစ်နိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်ကူညီပေးခဲ့သူများ အားလုံးကို ဧရာဝတီဖောင်ဒေးရှင်းမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

#AyeyarwadyFoundation


#AyeyarwadyFoundation
"Game of Thrones" ထဲက ဒိုင်းယားဝံပုလွေတွေကို ပြန်လည်အသက်သွင်းလိုက်ပါပြီ။

ဧပြီလ ၈ ၊ ၂၀၂၅

ဇီဝနည်းပညာနဲ့ မျိုးရိုးဗီဇအင်ဂျင်နီယာကုမ္ပဏီ Colossal Biosciences က "Game of Thrones" ထဲမှာ လူသိများခဲ့တဲ့ ဒိုင်းယားဝံပုလွေကို ပြန်လည်အသက်သွင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ဒီအောင်မြင်မှုကို ကုမ္ပဏီက ဒီအန်အေ (၁၃,၀၀၀ နှစ်သက်တမ်းရှိ သွားတစ်ချောင်းနဲ့ ၇၂,၀၀၀ နှစ်သက်တမ်းရှိ ဦးခေါင်းခွံ) နဲ့ မီးခိုးရောင်ဝံပုလွေတစ်ကောင်ရဲ့ ပြင်ဆင်ထားတဲ့ မျိုးဗီဇကုဒ်ကို အသုံးပြုပြီး ရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

CRISPR နည်းပညာ (clustered regularly interspaced short palindromic repeats) ကို အသုံးပြုပြီး ကုမ္ပဏီက အဖြူရောင်အမွေးရှိတဲ့ ဒိုင်းယားဝံပုလွေ သုံးကောင်ကို မွေးဖွားခဲ့ပါတယ်။ ဒါဟာ "Game of Thrones" ဇာတ်ကောင် Jon Snow ရဲ့ ဒိုင်းယားဝံပုလွေဖြစ်တဲ့ Ghost နဲ့ ဆင်တူပါတယ်။

"နည်းပညာတစ်ခု တိုးတက်လာတဲ့အခါ မှော်ပညာနဲ့ ခွဲခြားလို့မရအောင် ဖြစ်သွားတယ်" လို့ ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်ချုပ် Ben Lamm က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဝံပုလွေအထီး နှစ်ကောင်ကို ရောမမြို့ကို တည်ထောင်ခဲ့တယ်လို့ ဒဏ္ဍာရီမှာ ပြောထားတဲ့ Romulus နဲ့ Remus လို့ အမည်ပေးခဲ့ပါတယ်။ သူတို့ကို ဝံပုလွေမ တစ်ကောင်က ပြုစုပျိုးထောင်ခဲ့တယ်လို့ ဆိုပါတယ်။

တတိယမြောက် ဝံပုလွေက အမခွေးပေါက်လေးဖြစ်ပြီး သူ့ကို Khaleesi လို့ အမည်ပေးခဲ့ပါတယ်။ ဒါဟာ "Game of Thrones" ထဲက Daenerys Targaryen ကို ရည်ညွန်းတဲ့ နာမည်တစ်ခုပေးခဲ့တာဖြစ်ပါတယ်။

အခုလောလောဆယ် ဒီသုံးကောင်လုံးဟာ ဧက ၂,၀၀၀ ကျယ်ဝန်းတဲ့ လျှို့ဝှက်ထိန်းသိမ်းရေးနယ်မြေတစ်ခုမှာ နေထိုင်နေပြီး ဒီနယ်မြေကို အမေရိကန် တိရစ္ဆာန်ကာကွယ်ရေးအသင်းက အသိအမှတ်ပြုထားတယ်လို့ ဆိုပါတယ်။ သူတို့ဟာ အရွယ်ရောက်တဲ့အခါ အလေးချိန် ၆၀ ကီလိုဂရမ်ခန့် ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ မီးခိုးရောင်ဝံပုလွေတစ်ကောင်ရဲ့ ပျမ်းမျှအလေးချိန်က ၉၀ ကီလိုဂရမ်အထိရှိပါတယ်။

"Game of Thrones" ဖန်တီးသူ George R.R. Martin ဒီပရောဂျက်မှာ ယဉ်ကျေးမှုအကြံပေးနဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်ခဲ့ပြီး ထိန်းသိမ်းရေးနယ်မြေမှာ အထီး ဝံပုလွေ နှစ်ကောင်ကို သွားရောက်ကြည့်ရှုခဲ့ပြီးပါပြီ။

"လူအများက ဒိုင်းယားဝံပုလွေတွေကို စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ ရှိတဲ့ ဒဏ္ဍာရီဆန်ဆန် သတ္တဝါတွေလို့ မြင်ကြပေမယ့် တကယ်တမ်းမှာ သူတို့ဟာ အမေရိကန် ဂေဟစနစ်မှာ အထောက်အကူဖြစ်စေတဲ့ သမိုင်းကြောင်းရှည်လျားလှတဲ့သတ္တဝါတွေဖြစ်တယ်" လို့ စာရေးဆရာက သူ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

John Snow ရေးသားပါသည်။
Пераслаў з:
Rainbow's Channel avatar
Rainbow's Channel
ဒါဟာ‌ ယောင်္ကျားရင့်မာကြီးတစ်ယောက်

မျက်ရည်ကျဖို့ လုံလောက်တဲ့ ပမာဏပဲ။
ကြည့်ပါအုံး ငလျင်‌သင့်တဲ့မိသားစု‌တွေကိုပေးလှူတဲ့ထမင်းဗူးတဲ့ဗျာ ဆန်လေးဆိုကော့ပျံနေတာပဲ ၊ ကြက်ဥကြော် ၊ မြေပဲ ၊ ဘာလခြောင်ကြော် ၊ သရက်သီးသုပ်လေးနဲ့ စားလိုက်ရရင် အရသာ ရှိမှာနော်
အလှူရှင်ရဲ့ စေတနာ မေတ္တာတွေကို ဒီထမင်းဘူးလေးမှာမြင်နေရပါတယ်
ဒီထက်မက လှူဒါန်းကျွေူမွေးနိုင်ကြပါစေဗျာ 🦋
Psychology အရ
လမ်းခွဲမှုတွေရဲ့ 95% ဟာ..

အချင်းချင်း စကားပြောဖို့ အလိုအပ်ဆုံး
ဖြစ်နေခဲ့ကြတဲ့ အချိန်မှာ စကားမပြောပဲ
ရပ်ခဲ့ကြလို့ ဖြစ်တယ်။

မပြောချင်ပဲ ပြောမိလိုက်တဲ့ စကားတွေ
ပြောချင်ပေမယ့် မပြောလိုက်ရတဲ့
စကားတွေကြောင့် နှစ်ဦးကြားအချစ်ဟာ
ပျောက်ဆုံးသွားရတယ်။

အမြဲမှတ်ထားပါ
ဆက်ဆံရေးတစ်ခု အဆင်မပြေတဲ့အချိန်
စကားမပြောပဲ တိတ်ဆိတ်ပြီး ဆန္ဒပြနေတာက
ဘယ်ပြဿနာကိုမှ မဖြေရှင်းနိုင်ပါဘူး
ပိုပြီးပဲ ပြဿနာတိုးလာစေတာပါ။

အချင်းချင်း စကားမပြောတာတွေကြောင့်
တစ်ယောက်နဲ့တစ်ယောက် ဘာကို အမှန်တကယ်
ဖြစ်ချင်တာလဲ ဘာကိုလိုချင်တာလဲ
မသိကြတော့ပဲ နားလည်မှုတွေ လွဲကုန်ကြတယ်
ဒီလိုနဲ့ပဲ ဆုံးဖြတ်ချက်အမှားတွေ
ချမိကုန်ကြကော။

ပြောချင်တာကတော့ ကိုယ့်ရဲ့ Relationship မှာ
ပြဿနာတွေ သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်လာရင် စကားပြောပါ တိုင်ပင်ပါ ဆွေးနွေးပါ
နုတ်ဆိတ်မနေပါနဲ့ နှုတ်ဆိတ်နေခြင်းက
အရာရာကို အဆင်မပြေစေပါဘူး။

Credit to Steven .TDM
#crd_to_owner_with_respect
အိပ်မက်နောက် လိုက်‌နေတဲ့

လူငယ်တွေအတွက် စိတ်ခွန်အား

အပေးနိုင်ဆုံး ရုပ်ရုင်

Whiplash (2014)

Channel အရင် Join နော်
https://t.me/+AA2Th4Ad9s1iMzM1

Movie Link
https://t.me/c/1935619059/7240

ကျော်ကြားတဲ့ Jazz Drummer

ဖြစ်ဖို့ မဆုတ်မနစ်ကြိုးစားခဲ့သူ


📱 Rainbow's Channel 📱
Пераслаў з:
Rainbow's Channel avatar
Rainbow's Channel
တခါတလေကျ အရှုံးပေးလိုက်တာ အကောင်းဆုံးပါပဲ
Пераслаў з:
Rainbow's Channel avatar
Rainbow's Channel
ရေခဲချောင်းသည် နှလုံးလှလူသားလေးကို အိမ်ခေါ်ထားချင်တဲ့မမများ

အပိုင်း1နဲ့တင်ဇာတ်သိမ်း

ညီလေးရေခဲချောင်းက ဦးလေးတို့ဟူးချောင်းရှိပါတယ်တဲ့ကွယ် 😂
Пераслаў з:
Rainbow's Channel avatar
Rainbow's Channel
This pic 🔥
Пераслаў з:
Rainbow's Channel avatar
Rainbow's Channel
မိုးတွေကြမ်း လေတွေတိုက်

လမ်းဘေးငါတို့ဘယ်လို အိပ်ရမလဲ
Пераслаў з:
Rainbow's Channel avatar
Rainbow's Channel
16.04.202517:40
၁၃၈၇ ခုနှစ်ရဲ့

နှစ်သစ်မင်္ဂလာ အခါသမယ၌

စိတ်၏ ချမ်းသာခြင်း

ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး

ရှေ့ဆက်လျှောက်မဲ့ အနာဂတ်မှာ

အဆင်ပြေပြေနဲ့ လုပ်သမျှ အရာထင်၍

ကြံသမျှ အောင်မြင်ပါစေဗျာ။


📱 Rainbow's Channel 📱
11.04.202516:36
ရေအိုင်သေးသေးလေးထဲကနေ

ရုန်းထွက်ကြည့်ပါ။
✔️

ကိုယ်သက်သာတဲ့နေရာမှာ

နေရတာကြိုက်ကြတာတော့

လူရဲ့သဘာဝပဲ။
✔️

ဒါပေမယ့်

ကိုယ်အတွက်သင်ယူဖို့တိုးတက်ဖို့အတွက်

ကိုယ်ရောက်နေတဲ့နေရာမှာတင်

ဘယ်တော့မှမတင်းတိမ်ပါနဲ့။
✔️

From my notes...
📝

📰 Rainbow's Channel 🔎📆
ဟိုတလောက Dire Wolf ဆိုတဲ့ ဝံပုလွေမျိုးတွေ
ပြန်လည် အသက်သွင်းတဲ့ စီမံကိန်းကနေ
ဝံပုလွေပေါက်လေး ၃ ကောင် အောင်မြင်စွာ
ထုတ်လုပ်နိုင်ခဲ့တဲ့နောက် Mammoth ခေါ်တဲ့
မွေးရှည်ဆင်ကြီးတွေကိုရော အလားတူ
ပြန်လည် ဆောင်ကြဉ်းနိုင်မလား
ဆိုတဲ့‌ မေးခွန်းတွေ ကျယ်ကျယ်လောင်လောင်
ထွက်ပေါ်လာခဲ့ပါတယ်

မွေးရှည်ဆင် ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ခန့်က
မျိုးသုဉ်းသွားခဲ့တဲ့ သတ္တဝါတမျိုးပါ။ အခုခေတ်
လူသားတွေရဲ့ ဘိုးဘေးတွေ အလွန်အကျွံ
အမဲလိုက်မှုကြောင့် မျိုးတုံးသွားတယ်လို့
ပညာရှင်တော်တော်များများက မှတ်ယူကြပါတယ်
အဲဒီလို မွေးရှည်ဆင်ကြီးတွေကို မျိုးတုံးပါစေတော့
ရယ်လို့ သဘောထားပြီး အမဲလိုက်ခဲ့တာ
ဟုတ်ပုံမရပေမယ့် မွေးဖွားနှုန်း အင်မတန် နှေးတဲ့
အဲဒီသတ္တဝါကြီးတွေကို သူတို့ မွေးဖွားနှုန်းထက်
ပိုပြီး သတ်ဖြတ်မိတဲ့အခါ မျိုးတုံးသွားဟန်တူတယ်
လို့ ယူဗယ်လ် နိုအာ ဟာရာရီက ဆိုပါတယ်

အခုဆိုရင် ဇီဝနည်းပညာရဲ့ တိုးတက်မှုတွေကြောင့်
အဲဒီသတ္တဝါကြီးတွေကို ပြန်လည်အသက်သွင်းဖို့
ကြိုးစားနေကြပါပြီ။ အဓိကအားဖြင့် ကိုလိုဆယ်
ဘိုင်အိုဆိုင်းရမ့်စ် (Colossal Biosciences) ဆိုတဲ့
ကုမ္ပဏီက ဦးဆောင်ပြီး လုပ်ဆောင်နေတာပါ

လက်ရှိဆင်နဲ့ မွေးရှည်ဆင်ဟာ ဇီဝဗေဒအရ
ဆင်နွယ်ဝင်တွေ ဖြစ်ကြပါတယ်။ သုတေသီတွေက
အဓိက နည်းလမ်းနှစ်သွယ်နဲ့ ချဉ်းကပ်နေကြပါတယ်
နည်းလမ်း (၁) က မျိုးရိုးဗီဇ တည်းဖြတ်ခြင်းပါ
အိန္ဒိယဆင် သို့မဟုတ် အာဖရိကဆင်ရဲ့ ဆဲလ်တွေကို
ယူပြီး CRISPR-Cas9 လို့ခေါ်တဲ့ မျိုးရိုးဗီဇ
တည်းဖြတ်နည်းပညာကို သုံးပြီး မွေးရှည်ဆင်ရဲ့
ဝိသေသလက္ခဏာတွေကို ဖန်တီးကြပါတယ်။
ဥပမာ အမွေးအမှင်ထူထဲခြင်း၊ အဆီလွှာထူခြင်း
အေးတဲ့ဒေသမှာ နေထိုင်နိုင်ဖို့ သွေးထဲမှာ
ဟီမိုဂလိုဘင် အထူးအမျိုးအစားရှိခြင်း စသဖြင့်ပေါ့

ပါမောက္ခ ဂျော့ချ် ချာချ် (George Church) နဲ့
သူရဲ့ ဟားဗတ်တက္ကသိုလ်က အဖွဲ့ဟာ ဒီနည်းလမ်းကို
အသုံးပြုပြီး မွေးရှည်ဆင်ရဲ့ ဝိသေသလက္ခဏာ ၄၅ မျိုးကို
ဖန်တီးဖို့ ကြိုးစားနေကြပါတယ်

နည်းလမ်း (၂) က ရှေးဟောင်း DNA ထုတ်ယူခြင်းပါ
ရေခဲဓာတ်ငွေ့ထဲမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့
မွေးရှည်ဆင် အလောင်းတွေကနေ DNA ကို
ဆွဲထုတ်ပြီး ပြန်လည်ဖွဲ့စည်းကြပါတယ်။
၂၀၂၁ ခုနှစ်မှာ ဆိုက်ဘေးရီးယားက တွေ့ရှိတဲ့
"Lyuba" လို့ခေါ်တဲ့ ဆင်ကလေးရဲ့ အလောင်းဟာ
အဲဒီလိုသုတေသနတွေအတွက် အရေးပါတဲ့
အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်

သူတို့ကို ပြန်လည်မွေးဖွားခြင်းရဲ့ ရည်ရွယ်ချက်တွေက

၁. အာတိတ်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
မွေးရှည်ဆင်ကြီးတွေဟာ မြက်ခင်းပြင်တွေကို
ထွန်ယက်ပြီး ရာသီဥတု ပူနွေးလာမှုကို
တိုက်ဖျက်နိုင်တဲ့ "မွေးရှည်ဆင်မြက်ခင်း"
(Mammoth Steppe) ကို ပြန်လည်ဖန်တီးနိုင်ပါတယ်

၂. မျိုးသုဉ်းခြင်းကို ကာကွယ်ခြင်း
ဒီနည်းပညာကို အသုံးပြုပြီး တခြားမျိုးသုဉ်းလုနီးပါး
ဖြစ်နေတဲ့ တိရစ္ဆာန်တွေကို ကယ်တင်နိုင်ပါတယ်

၃. သဘာဝပတ်ဝန်းကျင် သုတေသန
မွေးရှည်ဆင်ကြီးတွေရဲ့ ဇီဝဗေဒအကြောင်း
လေ့လာခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
အသိပညာတွေ ရရှိနိုင်ပါတယ်

၂၀၂၃ ခုနှစ်မှာ ကိုလိုဆယ်ကုမ္ပဏီက
ဒေါ်လာသန်း ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့ပြီး
သူတို့ရဲ့ ရည်မှန်းချက်က ၂၀၂၇ ခုနှစ်မှာ ပထမဆုံး
ကပြားမွေးရှည်ဆင်လေးကို မွေးဖွားနိုင်ဖို့ ဖြစ်ပါတယ်
အဲဒီအတွက် ၂၀၂၄ ခုနှစ်မှာ သူတို့ဟာ
ဆင်သန္ဓေသားအိမ်ထဲကို ပုံတူ ပြုလုပ်ထားတဲ့
ဆင်ကပြား သန္ဓေသားကို အစမ်း ထည့်သွင်းဖို့
စီစဉ်နေပါတယ်

တကယ်တော့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး
ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းတွေလည်း ရှိနေပြန်ပါတယ်
သူတို့ကို ကမ္ဘာလောကထဲ ပြန်လည်ခေါ်ဆောင်လာပြီ
ဆိုဦးတော့၊ အခုလို လက်ရှိ ပတ်ဝန်းကျင်
သဘာဝရေမြေမှာ သူတို့တွေ ရှင်သန်နိုင်ပါ့မလား
သူတို့အတွက် သင့်တော်မယ့် နယ်မြေရယ်လို့ရော
ရှိပါဦးမလား ဆိုတာတွေကတော့ ခေါင်းခဲစရာပါပဲ

#NyiNaung

ကိုးကား

၁. Church, G., & Regis, E. (2012). Regenesis: How Synthetic Biology Will Reinvent Nature and Ourselves. Basic Books.

၂. Shapiro, B. (2015). How to Clone a Mammoth: The Science of De-extinction. Princeton University Press.

၃. Revive & Restore. (2022). "The Woolly Mammoth Revival Project." Retrieved from https://reviverestore.org/projects/woolly-mammoth/

၄. Colossal Biosciences. (2023). "De-extinction: Bringing the Woolly Mammoth Back to Life." Retrieved from https://colossal.com

၅. Rogers, R. L., & Slatkin, M. (2017). "Excess of genomic defects in a woolly mammoth on Wrangel Island." PLOS Genetics, 13(3), e1006601.

၆. Lynch, V. J., et al. (2015). "Elephantid Genomes Reveal the Molecular Bases of Woolly Mammoth Adaptations to the Arctic." Cell Reports, 12(2), 217-228.
07.04.202512:15
လူတွေခိုးချလို့မရတာ ပုံပြင်တွေပဲ။

ကိုယ့်လုပ်ငန်းတစ်ခုလုံးလည်း ကူးချသွားလို့ရတယ်။

ကိုယ့် strategy တစ်ခုလုံးကိုလည်း copy သွားလို့ရတယ်။

ကိုယ့်ရဲ့ action တွေကိုလည်း လိုက်အတုယူလို့ရတယ်။

ဒါပေမယ့်

လူတစ်ယောက်ရဲ့ တန်ဖိုးထားမှုတွေ၊

လူတစ်ယောက်ရဲ့ ယုံကြည်မှုတွေ၊

လူတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့ကြုံတွေကိုတော့

ဘယ်သူမှ ကူးယူလို့မရဘူးဗျ။

ဒီတော့

ကိုယ့်ကိုယ်ကိုယ် ကြီးအောင်လုပ်ပါ။

လူတွေလိုက်ပြိုင်လို့မရတဲ့ထိဝေးဝေးပြေးပါ။

ကိုယ်သာတစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေမယ်ဆိုရင်

ကိုယ့်ကိုယ်ဘယ်သူမှ အစားထိုးလို့မရဘူးဗျ။

Your fav channel "Rainbow"
Пераслаў з:
Rainbow's Channel avatar
Rainbow's Channel
အားမနာတမ်းပြောရရင် ပရဟိတသမားဆိုတာနိုင်ငံရေးသမားထက် လူရည်လည်ပြီး လုပ်တတ်ကိုင်တတ်ရင် စီးပွါးရေးသမားထက် အလုပ်ဖြစ်တာတော့ အမှန်ပါဘဲ။

ဒီနေ့ရေခဲထုပ်သမားက သူလုပ်ချင်တာလေး စိတ်သန့်သန့်လေးနဲ့ လုပ်သွားတာ။ သိပ်ချစ်ဖို့ကောင်းတဲ့ လူပီသတဲ့ အပြုမူလေး။ ပညာဘယ်လောက်တတ်လဲ၊ ဘယ်လောက်ချမ်းသာလဲ လာမမေးနဲ့ဗျာ။

ငါတို့တိုင်း ငါတို့မြို့ ငါတို့ရွာကိုလာပီး ငလျင်ဒါဏ်ခံစားရတဲ့ လူတွေကိုလာကယ်တဲ့ ကာတန်းကြီးပါလား။ ငါလည်း ရှိတာပြန်ပေးမယ်ကွာ ဆိုတဲ့စိတ်။

အဲ့ဒါ မှ ပရဟိတစိတ်။
သူ့အရင်းပြုတ်ချင်လည်းပြုတ်မယ်။ အိမ်ပြန်ရောက်လို့ မိန်းမထုတာလည်းခံရနိုင်တယ်။
သူ့ကလေးတွေ ထမင်းဟင်းတစ်နပ်စာလည်း လျှော့ပါးသွားနိုင်တယ်။ ကိစ္စတော့ မရှိ။

ဆံပင်တွေအရောင်ဆိုးထားလို့ ၊ စကားလှလှမဆိုတတ်လို့၊ အပြုံးလှလှ မပြုံးတတ်လို့။ အဲ့ဒါတွေ ဘာအရေးကြီးလဲ။ ငါလုပ်ချင်ရာလုပ်မှာဘဲ။ အဲ့ဒါ လူသားဆန်မှု ပညာရပ်မှာ PhD အဆင့်ရောက်သွားတာပါဘဲ။

အဲ့လိုလူကို ဖုန်းမဆက်နဲ့၊ လိုက်မရှာနဲ့။ လိုက်မလှူနဲ့ ။လိုက်မကူနဲ့။ သူ့ဖာသာ နေပစေ။ သူ့အလှတရားကို သူခံစားပစေ။ သူ့ စိတ်လေး အမြဲတမ်းကြည်လင်သန့်ရှင်းနေပါစေ။

ကျနော်တို့ လူမှုအသိုင်းဝိုင်းမှာ ပညာတတ်တွေလိုသလို လူသားဆန်တဲ့ လူသားတွေလည်းလိုတာပါဘဲ။

အဲ့ကားတန်းကြီးမှာ သူ့ကိုပြန်ပေးသွားတာ တစ်ယောက်ဘဲတွေ့တယ်။

Credit 👍👍👍👍
MGI ပွဲမှာယှဉ်ပြိုင်ခဲ့တဲ့ သဲစုငြိမ်းရဲ့ ဗိဿနိုးဝတ်စုံကို ကြမ်းခင်းဈေး သိန်း ၄၀ ဖြင့်လေလံတင်

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Grand International 2024 ပြိုင်ပွဲမှာ အလှမယ် သဲစုညိမ်းဝတ်ဆင်ခဲ့တဲ့ National Costume ဝတ်စုံလေးပဲဖြစ်ပါတယ်။ ' စစ်မာန်ဝင့်ချီ ဗိဿနိုး ဧကရီ' လို့ပေးထားတဲ့ ဒီဝတ်စုံကိုတော့ ငလျင်ဘေးသင့်ဒေသတွေကို လှူဒါန်းဖို့အတွက် ဝတ်စုံဖန်တီးသူ TK Team က ကြမ်းခင်းဈေး သိန်း ၄၀ ကျပ်ဖြင့် လေလံတင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ NC ဝတ်စုံဝတ်ပြီး သဲစုညိမ်းယှဉ်ပြိုင်ခဲ့စဉ်ကလည်း ဝတ်စုံနဲ့ပတ်သက်ပြီး သူမ လုပ်တဲ့ Performance ပိုင်းတွေကို အားရကျေနပ်သူများလည်းရှိသလို ဝေဖန်သူများလည်းရှိခဲ့တာကြောင့် ပရိသတ်တွေ သတိထားမိခဲ့တဲ့ ဝတ်စုံထြစ်ခဲ့ပါတယ်။ လေလံတင်ထားတဲ့ ဝတ်စုံမှာ မြင်းနှင့်ရထားတော့ မပါဝင်ဘူးလို့ သိရပါတယ်။

Credit_
Паказана 1 - 24 з 61
Увайдзіце, каб разблакаваць больш функцый.