【မန္တလေးမြို့တွင် အသက်ရှင်ကျန်ရစ်သူ (၄) ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ ညတွင်းချင်း ကယ်တင်နိုင်ခဲ့】
မတ်လ ၃၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၇ မိနစ် နှင့် ၆ နာရီ ၂၀ မိနစ်တို့တွင် ညလုံးပေါက် အင်တိုက်အားတိုက်ဆက်လက်ကယ်ဆယ်ရာမှ တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် Ramunion Rescue ကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်း၍ မန္တလေးမြို့ရှိ Sky Villa ကွန်တိုတွင် နာရီ ၆၀ ကျော်ကြာ မြုပ်နေသည့် အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး၊ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် အသက် ၂၉ နှစ် အမျိုးသမီးတို့ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ ကယ်ထုတ်ချိန်တွင် ကလေး၏ အသက်ရှင် လက္ခဏာများ ကောင်းမွန်ခဲ့ပြီး ၂ ဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သည်။
ဒီမတိုင်မီ ၃၁ ရက်နေ့ နံနက် ၀၀ နာရီ ၄၀ မိနစ် အချိန်၌ မန္တလေးမြို့ ဂရိတ်ဝေါဟိုတယ်(Great Wall Hotel)တွင် ပိတ်မိနေသော အမျိုးသမီး ၁ ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ ကယ်တင်ခဲ့သည်။ ၃၁ ရက်နေ့ ညပိုင်းတွင် မန္တလေးမြို့မှအသက်ရှင်ကျန်ရစ်သူစုစုပေါင်း ၄ ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့ကကယ်တင်ခဲ့သည်။ တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ငလျင်ဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။