Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Aung Moe Kyaw avatar
Aung Moe Kyaw
Aung Moe Kyaw avatar
Aung Moe Kyaw
22.04.202510:37
လားရှိုးအပြန်

#AungMoeKyaw
ဒီနေ့မှာတော့
ကယ်ဆယ်ရေးအဖွဲ့ဝင် ၅၀၀ ကို
နေ့လည်စာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။
#AungMoeKyaw
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ပေါ်သို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ရောက်ရှိနေပြီး တရုတ်နိုင်ငံအလံပါ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းများလည်း ယမန်နေ့ (ဧပြီလ ၁၉ ရက်) တွင် ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့ပေါ်နှင့် ချင်းရွှေဟော်-ကွမ်းလုံ လမ်းပိုင်းတွင် တွေ့ရသည့် တရုတ်အလံပါ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေး ယာဉ်တန်း

#MMG
18.04.202517:38
နေပြည်တော်
ငလျင်လှုပ်ပြန်ပါတယ်။

#AungMoeKyaw
17.04.202503:57
ဖုန်းဘေနဲ့ ကြည့်ရတဲ့သူတွေအတွက် အသံသီးသန့် နားဆင်ဖို့ဖြစ်ပါတယ်။
#AungMoeKyaw
16.04.202510:39
အိန္ဒိယနိုင်ငံက ပေးပို့သည့် အသင့်ဆောက်လုပ်နိုင်သော ရုံးခန်း/အိမ်ယာပစ္စည်းများရောက်ရှိ


ငလျင်ဘေးတွင်ကူညီခဲ့သည့် အိန္ဒိယတပ်မတော် ဆေးကုသရေးတပ်ဖွဲ့ဝင်များ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ရေးတပ်ဖွဲ့ဝင်များမြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

အိန္ဒိယနိုင်ငံက ပေးပို့သည့် အသင့်ဆောက်လုပ်နိုင်သော ရုံးခန်း/အိမ်ယာပစ္စည်းများ ရောက်ရှိလာကြောင်း အိန္ဒိယသံရုံးက သတင်းထုတ်ပြန်သည်။

အိန္ဒိယလေတပ်မှ C17 ဖြင့် သယ်ဆောင်လာသော အဆင်သင့်ဆောက်လုပ်နိုင်သော (Prefabricated) ရုံးခန်း/အိမ်ယာပစ္စည်းများသည် ဧပြီ ၁၅ ရက်တွင် နေပြည်တော်သို့ ရောက်ရှိလာရာ အိန္ဒိယသံရုံးမှ ပထမအတွင်းဝန်များဖြစ်သည့် Ms. Ritu Yadav၊ Mr. Amit Shreeansh၊ Ms. A. Sowmiya တို့သည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး မင်းဇော်တို့နှင့်အတူ လက်ခံရယူခဲ့ကြောင်း သိရသည်။
22.04.202506:15
လားရှိုးကို ထပ်ပြီးဝင်သွားတဲ့
စစ်ကား ၇၀ ကျော်နဲ့
အရာရှိတွေကို ကိုးကန့်လက်နက်ကိုင်
လူကြီးပိုင်းတွေက ခရီးဦးကြိုဆိုခဲ့တယ်လို့
သိရပါတယ်။

#AungMoeKyaw
Пераслаў з:
NOM.World News avatar
NOM.World News
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီနေ့ပဲ ဗာတီကန်မြို့မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့လတွေအတွင်း ကျန်းမာရေးဆိုးရွားလာလို့ ဆေးရုံတက်ရောက် ကုသမှုတွေ မကြာခဏလုပ်ဆောင်ခဲ့ရပါတယ်။

NOM
Пераслаў з:
PAN avatar
PAN
20.04.202509:12
တပ်မတော်နဲ့အတူ မြို့အုပ်ချုပ်ရေးအဖွဲ့တွေရောက်ရှိနေပြီဖြစ်တဲ့ လားရှိုးမြို့တွင်းကို တရုတ်အလံတံဆိပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့များပါ ရောက်ရှိလာကြောင်း သိရသည်။

#PAN
18.04.202517:04
ဘင်ဂါလီ တပ်မ ၃ ခုက
သူပုန်တွေနဲ့ပေါင်းတိုက်မယ်ဆိုတဲ့သတင်းက
ဘင်းဂလားသတင်းဌာနကြီးတွေနဲ့
အိန္ဒိယသတင်းဌာနကြီးတွေ
လုံးဝမဖော်ပြဘူးနော်။
သတင်းအရင်းအမြစ်ကို မရှိဘူး။
အဲဒီသတင်းမှန်ရင် သံရေးတမန်ရေး
ခြေချင်းလိမ်သွားမှာ
ဆူညံသွားလိမ့်မယ်။
အခြေခသတင်းရင်းမြစ်မရှိနေဘူး။
အသံကြောင့် ဖားသေနေပါ့မယ်။
အခုကိုရခိုင်က ရစရာ တစ်စက်မှမရှိဘူး။

#AungMoeKyaw@aungnews
17.04.202503:57
ဧပြီလ ၁၇ ရက်နေ့အတွက်သတင်းရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်
KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw
15.04.202515:18
ဖုန်းဘေနဲ့ ကြည့်ရတဲ့သူတွေအတွက် အသံသီးသန့် နားဆင်ဖို့ဖြစ်ပါတယ်။
#AungMoeKyaw
22.04.202505:11
အဖြေလွှာမီးလောင်သွားတဲ့ ကချင်၊ စစ်ကိုင်းနှင့် မန္တလေးရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုရမည်အချိန်ဇယားကို ဒီကနေ့ထုတ်
ပြန်ခဲ့ပါတယ်။
၂၂.၄.၂၀၂၅
အဖြေလွှာမီးလောင်သွားတဲ့ ကချင်၊ စစ်ကိုင်းနှင့် မန္တလေးရှိ ကျောင်းသားကျောင်းသူများ တက္ကသိုလ်
ဝင်တန်းဖြေဆိုရမည်အချိန်ဇယားကို ဒီကနေ့ထုတ်
ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ဖြေဆိုရမည်ဖြစ်သော်လည်း ဘာသာစုံဖြေဆိုခဲ့သူများသာ ပြန်လည်ဖြေဆိုခွင့်ရမှာဖြစ်ပြီးစစ်ကိုင်းတိုင်းအတွင်းရှိ စာစစ်ဌာနကိုးခုတွင် ဖြေဆိုခဲ့သူများ ပြန်လည်ဖြေဆိုဖို့ မလိုအပ်ဘူးလို့ကြေညာထားပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ်၂၈--၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းကို ၂၉--၂၀၂၅ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ၁၆--၂၀၂၅ ရက်နေ့မှ ၂၁--၂၀၂၅ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာစာ၊ ၁၇ ရက်နေ့တွင် အင်္ဂလိပ်စာ၊ ၁၈ ရက်နေ့တွင် သင်္ချာ၊ ၁၉ ရက်နေ့တွင် ဓာတုဗေဒနှင့် ပထဝီဝင်၊ ၂၀ ရက်နေ့တွင် ရူပဗေဒနှင့် သမိုင်း၊ ၂၁ ရက်နေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒတို့ကို နေ့စဥ် နံနက် နာရီမှ
၁၂ နာရီအတွင်း ဖြေဆိုရမည်ဖြစ်ပါတယ်။
ဖြေဆိုရာတွင် ယခင် ၂၀၂၅ ခုနှစ် မတ်လအတွင်းက စစ်ဆေးခဲ့တဲ့တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာပေးမှာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက(မင်းကင်း)၊ အထက (ပန်ဆက်)၊ အထက(၁)တမူး၊ အထက(၂) ရွှေဘို၊ အထက(၁)ရေဦး၊ အထက (ဗန်းမောက်)၊ အထက (ဝန်းသို)၊ အထက(မော်လိုက်)၊ အထက (ကင်းတပ်) နှင့် အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများသည် ပြန်လည် ဖြေဆိုရန် မလိုအပ်ကြောင်းနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော စာစစ်ဌာနများအနက် စာစစ်ဌာနအချို့ကိုလည်း ပြောင်းလဲဖြေဆိုရန် သတ်မှတ်ထားပြီး မပြောင်းလဲထားသော ကျန်စာစစ်ဌာနများမှာ မူလစာစစ်ဌာနများ၌သာ ဖြေဆိုရမှာဖြစ်ပါတယ်။
ယခုပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံမှ ၁-၆-၂၀၂၅ ရက်နေ့မှ ၁၅-၆-၂၀၂၅ ရက်နေ့အတွင်း တိုက်ရိုက်ထုတ်ယူရမည်ဖြစ်သည်ဟုလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သည်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၄၆၉၄၄) ဦး၏ အဖြေလွှာအုပ်ရေ (၂၈၀၉၄၀) အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၇၃၁၁) ဦး၏ အဖြေလွှာအုပ်ရေ (၄၃၈၂၇) အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ (၈၆၉၉) ဦး၊စုစုပေါင်း(၆၂၉၅၄)ဦးတို့၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ်တို့သည် မီး လောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
20.04.202514:41
ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ သတင်းထုတ်ပြန် ပြောကြားချက်

ငလျင်ဒဏ်ကြောင့် သေဆုံးသူ (၃၇၃၅)ဦး ရှိ
ငလျင်ဘေးဒဏ်ခံခဲ့ရပြီးနောက် နိုင်ငံပေါင်း (၂၅)နိုင်ငံမှ ကူညီ
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားစဉ် KIA အပါအဝင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်နေမှု အခြေအနေ

#MMG
19.04.202512:55
အစာအိမ်နာနေတာကြောင့်
အခုရက်ပိုင်း ရုပ်သံရိုက်တာလေးတွေ
ခဏနားပါရစေ။
ဆေးကုသမှု ခံယူပြီးရင်
ပြန်တင်ပေးပါမယ်။
အားပေးတဲ့သူတွေအားလုံး
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
#AungMoeKyaw
18.04.202505:39
ဧပြီလ ၁၈ ရက်နေ့အတွက်သတင်းရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်
KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw
Пераслаў з:
MRTV avatar
MRTV
17.04.202502:13
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကား
15.04.202515:18
ဧပြီလ ၁၅ ရက်နေ့အတွက်သတင်းရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်
KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw
20.04.202513:11
ဝန်ထမ်းတစ်ဦးချင်းထံသို့ ထောက်ပံ့ငွေများပေးအပ်

ဧပြီလ ၂၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးစစ်အေးသည် ၂၀-၄-၂၀၂၅ ရက်နေ့ ၁၄၁၅ အချိန်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ကော်မရှင်ရုံးခွဲ (တောင်ကြီး)သို့ ရောက်ရှိခဲ့ပြီး ရုံးခွဲ ဝန်ထမ်းများနှင့်တွေ့ဆုံကာ “ဝန်ထမ်းတစ်ဦးချင်းစီအနေဖြင့် အရည်အချင်းပြည့်ဝအောင် ကြိုးစားဆောင်ရွက်ကြရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ ပေးအပ်သည့်တာဝန်များကို ဖြောင့်မတ်တည်ကြည်မှုရှိရှိဖြင့် စိတ်ကောင်းနှလုံးကောင်းထားရှိကာ ဆောင်ရွက်သွားကြရန်၊ ကော်မရှင်ကျင့်ဝတ်ပါ စံနှုန်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းများအကြား စံနမူနာပြုထိုက်သူများ ဖြစ်စေရေး အကောင်းဆုံးနေထိုင်ပြုမူပြောဆို လုပ်ကိုင်ဆောင်ရွက်ကြရန်” မှာကြားခဲ့ပါသည်။

၎င်းနောက် ကော်မရှင်ဥက္ကဌက ဝန်ထမ်းတစ်ဦးချင်းစီနှင့် ရင်းရင်းနှီးနှီး‌ တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ရှမ်းပြည်နယ်သည်လည်း ငလျှင်ဒဏ်ခံရသည့်ဒေသတွင် ပါဝင်သည့်အတွက် ဝန်ထမ်းတစ်ဦးလျှင် ငါးသောင်းကျပ်နှုန်းဖြင့် ဝန်ထမ်း ၁၂ ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ကျပ်ခြောက်သိန်းတိတိ ကို ပေးအပ်ခဲ့ပါသည်။
19.04.202505:39
ဧပြီလ ၁၉ ရက်နေ့အတွက်သတင်းရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်
KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw
ရွှေတိဂုံဘုရား အောင်မြေမှာတဲ့
ဟုတ်မဟုတ်စိစစ် အရေးယူကြပါဦး။

#AungMoeKyaw
Пераслаў з:
News Of Myanmar NOM avatar
News Of Myanmar NOM
16.04.202520:11
ရွာငံမြို့နယ်၊ ပယ်ကင်းကျေးရွာတွင် ပြည်သူလေးဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

NOM ဧပြီ ၁၆၊ ၂၀၂၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ပယ်ကင်းကျေးရွာတွင် ဧပြီလ ၁၅ ရက်နေ့ ၌ အဆိုပါကျေးရွာနေ ဦးဇော်ဝင်း (၅၃) နှစ်၊ မောင်ရာပြည့်မောင် (၁၄) နှစ်၊ ဦးဝင်းမင်းသန်း (၄၃) နှစ်၊ ဦးညီညီလင်း (၃၃) နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီးတွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့လေးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာသေဆုံးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
နစကဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ် အာဆီယံခေါင်းဆောင်များနဲ့ တွေ့ဆုံမည်


မြန်မာအစိုးရနဲ့ကမ္ဘာ့အစိုးရများ၊အာစီယံအသိုင်းအဝန်းကြားဆက်ဆံရေးတိုးတက်ကောင်းမွန်လာတဲ့ မြန်မာနိုင်ငံတော်ဝန်ကြီးချုပ်ကို အာဆီယံနိုင်ငံခေါင်းဆောင်တွေကမကြာမှီ ဘန်ကောက်မှာ တွေ့ဆုံဖို့ရှိတယ် လို့  အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

တွေ့ဆုံမှုရလဒ်ကောင်း တွေက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကိစ္စ၊ ဖျက်အားပြင်း ငလျင်ဘေးကို ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက်နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကူညီနိုင်မဲ့အရွေ့တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
Паказана 1 - 24 з 458
Увайдзіце, каб разблакаваць больш функцый.