လွှတ်တော် အမေး အဖြေ မဟုတ်ပါ😂
===============================
ရေးပြမှ ရတော့မှာမို့ "ကိုရွှေမျိုးဝင်း"ရေ ---
-(၁)နဝတ ခေတ် ၁၉၉၀ ခုနှစ်မှာလမ်းညွှန်ချက်အရခြေလျင်တပ်သုံးလက်နက်ငယ်များကို7.6251 mm သုံး BA series ကို အစားထိုးဖို့ 5.5645 mm သုံးMA series (gas operated) များကိုစတင်သုတေသနပြု ထုတ်လုပ်ခဲ့ပါတယ်၊ ပိတ်စို့မှုပေါင်းများထဲကComponents များစွာကို နိုင်ငံခြားအကူအညီမပါ အဆင့်ဆင့်စမ်းသပ်ထုတ်လုပ်ခဲ့ရပါတယ်၊ Design, meterials ကအစ ခက်ခဲစွာကျိုးစားခဲ့ပါတယ်၊ နမူနာအဖြစ်အစ္စရေးရဲ့ Galli, yugo ရဲ့ M8 series,တောင်အာဖရိကရဲ့ R4, R5 စသည်တို့ကို အကန့်အသတ်ဖြင့် သုတေသနပြုခဲ့ကြရပါတယ်၊ ယင်းအချိန်တွင် ခဲယမ်းပိုင်းအနေဖြင့် 7.6251 mmထုတ်လုပ်နေသောစက်များကို ပြည်ပနည်းပညာအကူအညီမပါ 5.5645 mm (M193 ball) ကို အခက်အခဲများစွာကြားက ထုတ်လုပ်နိုင်ခဲ့ကြပါတယ်၊ယနေ့ ကမ္ဘာကျော် M16 AR ပင်လျှင်ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်စစ်သားများ၏ အားကိုးယုံကြည်မဲ့စွာ ရန်သူ့လက်နက် ရုရှားထုတ် AK47 AR ကိုအလုအယက်အားကိုးခဲ့ကြပါတယ်၊ Colt ကုမ္ပဏီ အနေဖြင့် ၁၉၈၀ ခုနှစ်နောက်ပိုင်းမှသာDesign, meterials, process များမှန်ကန်လာမှသာ ကမ္ဘာကျော် M16 ARဘဝကိုရောက်ခဲ့ရပါတယ်၊
(၂) ၁၉၉၈ ခုနှစ်မှသာ ခဲယမ်းထုတ်လုပ်မှုအတွက် စင်္ကာပူအကူအညီနဲ့ မတန်မရာသူခိုးဈေး($45သန်း) ပေးပြီး စက်ရုံခုလုံးရခဲ့ပါတယ်၊စက်ရုံနဲ့အတူ အဖိုးမဖြတ်နိုင်တဲ့SAA နည်းပညာများစွာကိုရခဲ့ပါတယ်၊(M193 ball, M196 tracer, ss109 penetrator) ထိုအချိန်တွင် အီရတ်စစ်ပွဲမှာ အမေရိကန်က M16 modulation gun နဲ့အတူ 5.5645 mm (M855 penetrator) ကိုသုံးစွဲနေပါပြီ၊
(၃) ပစ်ခတ်ထိရောက်မှု အကွာအဝေးဆိုတာ လက်နက်/ ခဲယမ်း တွဲဆက်မှုမှန်ကန်မှသာ ထိရောက်မှုရှိသကဲ့သို့သုံးစွဲသူသာ တတ်သိနားလည်ဖို့ကအခရာကျပါသည်။ ဥပမာ-ယနေ့နာမည်ကြီး အစ္စရေးထုတ်UZI ဆိုလျှင် 919 mm ကိုသာသုံးစွဲပါသည်။ ရည်ရွယ်ရင်းက တာတိုပစ်(Stoping power) ကိုအရတည်ဆောက်ထားသကဲ့သို့ ကျည်ထွက်နှုန်း (800/rate of fire) ကိုတည်ဆောက်ထားပါသည် ။
(၄) လက်နက်ငယ်တစ်လက် တည်ဆောက်ရာတွင် အောက်ပါအချက်များဖြင့်ကိုက်ညီအောင် တည်ဆောက်ကြရပါသည်။အလေးချိန်, အရှည်, တိကျမှု,အကြမ်းခံနိုင်မှု, သက်တမ်း, နှစ်သက်လိုဘွယ်အဆင်း, ကျည်ထွက်နှုန်း, ယုံကြည်အားကိုးမှု, စတဲ့အချက်တွေကို နိုင်ငံတကာမှာရော ကပစတွေမှာပါ တည်ဆောက်ထုတ်လုပ်ကြပါတယ်၊
(၅) လက်နက်ငယ်များတွင် ပြောင်းပိုင်တည်ဆောက်မှုနည်းပညာအရပြောင်းရစ်(rifling twist) သတ်မှတ်ချက်များရှိပါသည်။ အီရတ်စစ်ပွဲအတွင်း M16 modulation gunသည် dual used ၉ လက်မ တစ်ပတ်(230 mm per one turn)ကို M855ကျည်ဖြင့်ပစ်မှသား အကွာအဝေး ထိရောက်မှု ဖောက်ထွင်းနိုင်မှုရရှိနိုင်သော်လည်း M193 ball ကျည်ကိုရောထွေးသုံးစွဲခြင်းကြောင့် အရေးယူအပြစ်ပေးခံရသည့်ဖြစ်စဉ်များရှိခဲ့ပါတယ်၊
(၆)ကျည်ထုတ်လုပ်မှုအတွက်သုံးစွဲသည့်ကြေး(MS 72)(MS 90)များကိုကိုယ်တိုင်ကြိုချက်နိုင်တဲ့ နည်းပညာကို၁၉၇၅ ခုနှစ်ကပင်ရရှိပြီးဖြစ်ပါတယ်5.56 mm စက်ရုံနှင့်အတူ ဝယ်ယူရရှိခဲ့သော Brass wire များဖြင့်ထုတ်လုပ်စဉ် ကုန်ကြမ်းသိုလှောင်မှုကာလကြာမြင့်သည်အခါ ဒဏ်အားလျော့ချသည်နည်းစဉ်များဖြင့်ထုတ်လုပ်ခဲ့ကြရပါတယ်၊ ထိုနည်းစဉ်ကို ၂၀၁၅ခုနှစ် လောက်ကိုင်ပထမစစ်ပွဲတွင် ပြောင်းရင်းပေါက်ကွဲမှုဖြစ်စဉ်များကြောင့်သတ္တုဗေဒ ပညာရပ်ရပ်များမှဖော်ထုတ်ခဲ့ရပါတယ်၊
မှတ်ချက်၊
ကိုရွှေမျိုးဝင်းရေ-ထောင်ထဲက စကားကထောင်ထဲမှာပဲထားလိုက်ပါဗျာ၊Armerment technologyဆိုတာ နာရီထုတ်လုပ်တဲ့Tolarence ထက်ပိုပြီး ကျဉ်းကြပ်ပါတယ်ဗျာ၊ technicals, meterials,Design, process, စတာတွေကအရပ်သုံး အတွေးအခေါ်တွေနဲ့လုပ်လိုမရပါဘူးဗျာ၊ယနေ့ခြေလျင်တပ်သုံးလက်နက်ငယ်/ ခဲယမ်းများနှင့်ပတ်သက်ပြီး အဆင့်ဆင့်ကျိုးပန်အားထုတ်ခဲ့ရပါတယ်၊ နိုင်ငံတကာအကူအညီမဲ့ နေချိန်မှာကပစတွေက နေ့မအား၊ ညမနားကိုယ်ခြေထောက်ပေါ် ကိုယ်မတ်တတ်ရပ်နိုင်အောင် ဖိအားပေါင်းများစွာနဲ့ကျိုးစားခဲ့ရသူတွေပါဗျာ၊လက်နက်/ခဲယမ်းအချို့ကို ပြည်ပကကြိုက်လို့ ထုတ်တောင်ရောင်းနေပါပြီဗျာ၊ အရှေ့တောင်အာရှ နိုင်ငံတွေမှာတောင်မရှိသေးတဲ့ နည်းပညာမြင့်တွေရှိနေပါပြီဗျာ၊ မာရဝိဇိယ ဆင်းတုတော်ကြီးက နည်းပညာသက်သေပါပဲဗျာ။လေးစားစွာဖြင့်
--------------------------------------------------------------
မနေ့က ကပစ ထုတ် MA စီးရီးရဲ့ တိုက်ခိုက်ရေးသုံး အားနည်းချက်တွေကို ဝေဖန်ထောက်ပြတဲ့ ပို့စ် အပေါ် ပြန်ရှင်းပြထားတာပါ ။ အဖြေတွေက လွှတ်တော် အမေး အဖြေ ကဏ္ဍကိုတောင် သတိရလာစေတဲ့ အထိ တခြားစီ ဖြစ်နေပါတယ် ။
လက်နက်ရဖို့ လွယ်ခဲ့သလား ဆောင်းပါးရှည် နဲ့ ပြုံယမ်းမှ နေပြည်တော် သို့ဆိုတဲ့ တပ်မတော်ရဲ့ အားထုတ်ခဲ့ရမှု ဆောင်းပါးရှည်တွေ ကျနော်လေ့လာရေးသားခဲ့ဖူးပါတယ် ။ ဒီတော့ လူကြီးမင်းရဲ့ အဖြေ နံပါတ် ၁ နဲ့ ၂ ကို မပြောလိုပါဘူး ။