Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Saw Ba Maung avatar

Saw Ba Maung

မွန်/ကရင် သတင်းများနှင့် သတင်းစုံ
Рэйтынг TGlist
0
0
ТыпПублічны
Вертыфікацыя
Не вертыфікаваны
Надзейнасць
Не надзейны
Размяшчэнне
МоваІншая
Дата стварэння каналаВер 09, 2022
Дадана ў TGlist
Лист 04, 2024

Рэкорды

24.01.202513:12
14.1KПадпісчыкаў
13.04.202523:59
100Індэкс цытавання
19.02.202506:35
7.7KАхоп 1 паста
31.01.202523:59
1.4KАхоп рэкламнага паста
21.03.202500:37
20.62%ER
19.02.202506:34
55.06%ERR

Развіццё

Падпісчыкаў
Індэкс цытавання
Ахоп 1 паста
Ахоп рэкламнага паста
ER
ERR
ЖОВТ '24СІЧ '25КВІТ '25

Папулярныя публікацыі Saw Ba Maung

မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏
UAE နိုင်ငံမှ ကယ်ဆယ်ရေးအတွက် လေယာဉ် ၃ စီး ရန်ကုန်လေဆိပ်သို ဆိုက်ရောက်လာပါပြီ 🙏🙏🙏
-
တိုက်ပွဲသတင်းစုံ
Пераслаў з:
Ko Thet avatar
Ko Thet
ရာဇဝင်တွင်မယ့် PDF တို့ ယုတ်မာမှု

အမြန်လမ်း ၂၅၄/၂ မိုင် အနီးတွင်ငလျင်ဘေး ကူညီကယ်ဆယ်ရေးယာဉ်များ၊ ခရီးသွားယာဉ်များ အန္တရာယ်မဖြစ်စေရေး လမ်းညွှန် လုပ်ပေးနေသည့် ရဲတပ်ကြပ်ကြီးအား PDF မှ ချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်သွား။
-
စစ်ကိုင်းတိုင်းကို ကယ်ဆယ်ရေးသွားတဲ့ ယာဉ်တန်း မြင်းမူတွင် PDF မှ မိုင်းဆွဲတိုက်ခိုက်။
-
စလင်းမြို့နယ်၊ ကံပြားရှိ တညောင်ဓာတ်အားခွဲရုံအား မတ် ၃၁ (ယနေ့) မနက်ပိုင်းမှာ PDF များမှ လာရောက်တိုက်ခိုက်။
-
တောင်ငူဓာတ်အားလိုင်း၊ တီကျစ်ဓာတ်အားလိုင်း၊ ဘီလူးချောင်းဓာတ်အားလိုင်းတို့ကို အကြမ်းဖက် PDF များက ဖျက်ဆီးခဲ့၍ လျှပ်စစ်မီးပို့လွတ်ရန် အခက်တွေ့နေရ။
-
ယခုလို ကာလမျိုးမှာ ပြည်သူလူထု ဒုက္ခပေါင်းစုံရောက်စေဖို့ အလွန်ယုတ်မာတဲ့ အပြုအမူတွေကို အကြမ်းဖက် PDF များ ဆောင်ရွက်နေမှုများအပေါ် နိုင်ငံတကာမှ သိရှိစေရန် မီဒီယာပေါင်းစုံမှ ဖြန့်ချီဖို့ အရေးကြီးပါတယ်။

ကိုရွှေမျိုးဝင်း
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏
13.04.202513:04
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ့ရိုးရာ သင်္ကြန်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန် (အေးသင်္ကြန်) တက်ရောက်သည်။
ကယ်ဆယ်ရေးအဖွဲ့များ ထပ်မံရောက်ရှိလာ

ဧပြီ ၁ ရက် မနက် ၁ နာရီခန့်မှာ ရုရှားနိုင်ငံမှ လေယာဉ် ၂ စီး (၉၅ ဦး၊ ကယ်ဆယ်ရေးယာဉ် ၄ စီး)နှင့် ဘီလာရုစ်လေယာဉ် ၁ စီး (၃၃ ဦး၊ ကယ်ဆယ်ရေးယာဉ် ၂ စီး) တို့ နေပြည်တော်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ပါတယ်။
-
ရုရှားကယ်ဆယ်ရေးအဖွဲ့များဟာ မနက် ၅ နာရီတွင် Mandalay မြို့သို့ ထွက်ခွာသွားပြီး ယခင်ရောက်ပြီး ၁၆၉ ဦးဖြင့် ပူးပေါင်းသွားမည်ဖြစ်ပါတယ်။
-
ဘီလာရုစ်ကယ်ဆယ်ရေးအဖွဲ့များသည် မနက် ၉ နာရီတွင် Mandalay မြို့သို့ ထွက်ခွာသွားပြီး ဧပြီ ၃ ရက်နေ့တွင် ဘီလာရုစ် လေယာဉ် ၁ စီး ထပ်မံရောက်ရှိလာမယ်လို့ သိရှိရပါတယ်။
ရုပ်ရှင်ထဲက စူပါမန်းက
အနီနဲ့အပြာဝတ်စုံဝတ်တယ်။

တကယ့်လောကထဲက စူပါမန်းတွေကတော့
လိမ္မော်ရောင်ဝတ်စုံတွေ ဝတ်ကြတယ်။

ရုပ်ရှင်ထဲက စူပါမန်း က
စူပါစွမ်းအားတွေနဲ့လူတွေကို ကယ်တင်တယ်။

တကယ့်လောကထဲက စူပါမန်းတွေကတော့
မေတ္တာစွမ်းအားတွေနဲ့ လူတွေကို ကယ်တင်တယ်။

မန်းလေးအတွက်ကတော့လိမ္မော်ရောင်ဆိုတာဟာ
စူပါမန်း အရောင်ပါဗျ စူပါမန်း အရောင်။

{ကြီးမြတ်သော မေတ္တာဖြင့် ပရဟိတအကျိုးဆောင်
နေကြသော မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့
မန္တလေးတိုင်းဒေသကြီး ကော်မတီနှင့်တကွ
ပရဟိတ စူပါမန်းများကို မေတ္တာပို့သရင်း ဦးညွှတ်ပါ၏။}

#thankyou #photocredit #Myanmar #earthquake #rescue
28.03.202504:54
ကတိုင်တိဒေသအတွင်း ချဉ်းကပ်လာတဲ့ ရန်သူအား ချေမှုန်းခြင်း (28-3-2025)
-
တိုက်ပွဲသတင်းစုံ
05.04.202514:46
မန္တလေး အစားအသောက် အသုံးဆောင်လှူကြပါသော
ပရဟိတ မောင် မယ် တို့ခင်ဗျာ
၉၀လမ်း ၊၂၆x၂၇ကြား
ဂွေးချိုကျောင်းတိုက်၊မအူပင်အုတ်ကျောင်းဘက် နဲ့
၈၆လမ်း ၊၃၇x၃၈ ကြား
ကင်းဝန်မင်းကြီး ကျောင်းတိုက် တွေဟာ
လှူသူလုံးဝမရောက်ပဲ စားစရာတောင်အခက်ကြုံနေကြောင်း
လာရောက်အကူညီတောင်းထားတာမို့
မလှူမီ သံဃာတော် ၊ဒုက္ခသည် အရေအတွက်ကို
သွားရောက်လေ့လာပြီး လှူဒါန်းမှုပြုစေချင်ပါတယ်
သားကြီးတို့ ပြေးထား🖕🖕🖕
ရယ်ရ့တာ သေးပါထွက်ကြတယ်🤣🤣🤣
03.04.202513:28
မန္တလေးတိုင်းမှာ ရှိတဲ့
နိုင်ငံတကာမှ MEDICAL Team များနှင့် အခမဲ့ဆေးခန်း လိပ်စာများ။


*** CHINESE MEDICAL Team
လမ်း ၃၀ / ၇၂လမ်းနှင့်၇၃လမ်းကြား၊ မန္တလေး

*** India Medical team
ချမ်းမြသာစည် လေယာဉ်ကွင်းအဟောင်း၊ မန္တလေး

*** Bhutan Medical Team
ပေါင်းလောင်းအားကစားကွင်း၊ ပျဉ်းမနား

*** RUSSIA MEDICAL Team
၆၈လမ်းနှင့်၁၀၇ လမ်းထောင့်၊ မန္တလာသီရိဘောလုံးကွင်း၊ မန္တလေး

*** အခမဲ့ဆေးကုသိုလ်မန္တလေး
လမ်း80, 39လမ်း ၊ အလက(၂)မှာ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့မှ ဆေးအခမဲ့ကုသပေးလျက်ရှိနေပါတယ်။ လိုအပ်သည့် နေရာများကိုလည်း အုပ်စုခွဲကာ ကုသပေးလျက်ရှိပါတယ်။

နေ့၁၂:၀၀~ ၅:၀၀နာရီထိ April 1-10ထိ
ဆက်သွယ်ရန်
#Dr Aye kyi
-09755799893
#Dr Aanandar
09755549360
#Dr Thidar Naywin
09799203437
#Dr ThanThanswe
0975242879
Dr Aung Htet ko
Dr Sai Thiha zaw

လက်ရှိအချိန်ထိ သိရတဲ့ information များဖြစ်ပြီး တော်ရုံ Operation တွေထိ ကုသနိုင်လို့ ပြောကြပါတယ်။ လိုအပ်တဲ့ ကိုယ့်မိတ်ဆွေ အသိတွေကိုလမ်းညွှန်လို့ရအောင်ပါ။
14.04.202507:19
စစ်ဆင်ရေး သင်္ကြန်

ဒီနှစ် သင်္ကြန်က မြေငလျင်ဘေး ဖြစ်လိုက်တော့ ပျော်ဖို့ စီစဉ်ထားတဲ့သူတွေလည်း ဖျက်လိုက်ကြရလိုက်တယ်။ အစိုးရဘက်က ကြည့်ရင်လည်း ယူနက်စကိုဝင်ထားတဲ့ သင်္ကြန်ဆိုတော့ ပိုပြီး ခမ်းခမ်းနားနား လုပ်ချင်ရှာမှာပဲ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်...ခုတော့ တချို့မြို့တွေ၊ နေရာတွေက လွဲရင် ခမ်းခမ်းနားနား လုပ်တာ မတွေ့ရတော့ဘူး။
----
သင်္ကြန်နဲ့ ပတ်သက်ရင် ကိုယ့်မှာ လွမ်းစရာတွေ အများကြီးပဲ။ အဲ့ဒီလို လွမ်းစရာတွေထဲကမှ ရှေ့တန်းစစ်ဆင်ရေးတုန်းက သင်္ကြန်ကို ပြန်အောင်းမေ့မိတယ်။ အဲ့ဒီချိန်တုန်းက ကိုယ်တွေက ဘုန်းကြီးကျောင်းရဲ့ စွန့်ပစ် ဇရပ်ကျောင်းဆောင်မှာ ခေတ္တ နေခဲ့ကြရချိန်။ ကျောင်းဆောင်ထဲက ဘုရားဆင်းတုတော်နဲ့ ပုလ္လင်တွေကို ရောင်တော် ဖွင့်ခဲ့ကြသလို ဘုရားကျောင်းဝိုင်းထဲက စေတီတွေကိုလည်း တပည့်တွေနဲ့ ပျော်ပျော်ပါးပါး ထုံးသင်္ကန်းတွေ ကပ်ခဲ့ကြဖူးတယ်။
-----
ကျောင်းဝိုင်းထဲမှာပဲ ရေစည်ကြီးချပြီး တပည့်တွေနဲ့ အတူတူ ကခုန်ရင်း နှစ်သစ် သင်္ကြန်ရက်ကို ကျော်ဖြတ်ကြတာပေါ့။ တဖက်မှာ CQ ကြီး ဦးဆောင်တဲ့ အဖွဲ့က မုန့်လုံးရေပေါ်တွေ လုံးလို့။ ခင်နေတဲ့ အောက်အညာဒေသက‌ နေ ဒီဒေသမှာ စာလာသင်နေကြတဲ့ ကျောင်းဆရာမ‌ လေး တွေဆီကို မုန့်တွေ ပို့ကြနဲ့ ။ ပျော်စရာတော့ အလွန်ကောင်းပဲ။ ညဘက်ကျတော့ ဒီဒေသဓလေ့ကျင်းပတဲ့ ညဈေးတန်းနဲ့ ယိမ်းအကတွေကို လိုက်အားပေးဖြစ်ရင် ဆုတော်ငွေတွေချပေါ့။
------
ကျောင်းဝန်းထဲ ဗွက်ပေါက်အောင် ကကြ၊ ခုန်ကြ၊ အချင်းချင်း  အိုးမဲတွေ သုတ်ရင်း....ပျော်ခဲ့ကြရတယ်။ နှစ်ဆန်းတရက်နေ့မှာ ဘုန်းကြီးကို တရားဟောဖို့ ပင့်လျှောက်ကြ၊ တပည့်တွေနဲ့အတူတူ တရားနာခဲ့ကြ၊ ရွာက လူကြီးသူမတွေကိုဖိတ်ပြီး မုန့်ဟင်းခါး အလှူတွေ လှူခဲ့ကြတာလည်း မမေ့နိုင်သေးဘူး။
-----
စစ်သားတစ်ယောက်အတွက် ရှေ့တန်းစစ်ဆင်ရေးနယ်မြေမှာ နှစ်သစ် သင်္ကြန်ကို ကြုံသလို ဖြတ်သန်းရတာကလည်း  ဘဝမှာ အမှတ်တရတွေ ပါပဲ။ ခုချိန်မှာတော့ တချို့တပည့်တွေလည်း တပ်ပြောင်းနဲ့၊ တချို့တပည့်တွေလည်း အဆက်အသွယ်မရှိကြတော့ဘူး။ လွမ်းစရာ့ သင်္ကြန်ပါပဲ။

(နရီမိုး)
Увайдзіце, каб разблакаваць больш функцый.