Time Renegades (2016)
နံမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Jo Jung Suk, Lee Jin Wook, Im Soo Jung တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားလေးဟာ box office $ 8.4million ထိရရှိခဲ့တဲ့ Romance/Fantasy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းကတော့……၁၉၈၀ က လူတစ်ယောက်နဲ့ ၂၀၁၅ က လူတစ်ယောက်တစ်ယောက်အကြောင်းတစ်ယောက်အိပ်မက်တွေအပြန်အလှန်မက်ပြီးသူတို့နှစ်ယောက်ချိတ်ဆက်မိကြတယ်။
အတိတ်ဘဝကလူရဲ့ချစ်သူ အသတ်ခံရပြီးသူနဲ့ဆိုင်တဲ့ လူတွေလဲ တစ်ယောက်ပြီးတစ်ယောက်ပုံစံတစ်အမျိုးတည်းနဲ့ အသတ်ခံရပါတယ်။
ဒီလူသတ်သမားဟာ ယခုဘဝကလူရဲ့ချစ်သူကိုပါ သတ်ဖို့ ကြိုးစားလာပါတော့တယ်။
ဒါကို အရင်ဘဝကလူက ကြိုမြင်ပြီး..လူသတ်သမားကို လိုက်ဖမ်းဖို့ကြိုးစားပါတယ်။
အချိန်မတူတဲ့ လူနှစ်ယောက်…တစ်ယောက်ရဲ့ အနာဂတ်ကို တစ်ယောက်က ကြိုတင်မြင်နေကြပြီး သေလုမျောပါးပြေးလွှားရမယ့်အဖြစ်က ဘယ်လောက်ထိစိတ်လှုပ်ရှား ရင်ခုန်စရာကောင်းမယ်ဆိုတာ ခံစားကြည့်ရှုကြပါဦး။