F›earless (2020)
Sci-fic, Adventure
IMDb : 5/10
ရိဒ် ဆိုတဲ့ ကောင်လေးဟာ Planet Master ဂိမ်းကို အင်မတန် စွဲမက်သူပါ။ Fearless ဆိုတဲ့ နာမည်နဲ့ ဂိမ်းလောကမှာ ဆရာကြီးဆိုရင်လည်း မပါဘူးပေါ့။
ရိဒ်ဆော့နေတဲ့ ဂိမ်းထဲက ကာရိုက်တာကတော့ ကပ္ပတိန် လိုက်ဒ်စပိဒ်ပါ ကပ္ပတိန်ရဲ့ သားသမီးတွေဆိုပြီး ကီရာ၊ ဇန်ဒါ၊ တိုင်တပ်စ် ဆိုပြီး ကလေးကာရိုက်တာ သုံးယောက်လည်းရှိပါသေးတယ်။
အာကန်းနစ်ဆိုတာကတော့ ကပ္ပတိန်ရဲ့ ရန်သူ ကာရိုက်တာပါ။ အာကန်းနစ်ဟာ ဂိမ်းထဲက ကာရိုက်တာဆိုပေမယ့် ဘာအစွမ်းမှမရှိပါဘူး။ ဒါပေမယ့် ကပ္ပတိန်ရဲ့ ကလေးသုံးယောက်ကို အရယူနိုင်မယ်ဆိုရင်တော့ အစွမ်းတွေရလာပါလိမ့်မယ်။
တစ်နေ့ ရိဒ်ဟာ နောက်ဆုံးအဆင့်ကိုတက်ဖို့အတွက် warningတစ်ခုရခဲ့ပါတယ်။ Warning ကတော့ ဖြစ်လာတဲ့ရလဒ်တွေကို လက်ခံမှာလား ဆိုတာပါပဲ။
အဆင့်တက်ချင်နေတဲ့ရိဒ်ဟာ warning ကို လက်ခံလိုက်တဲ့အချိန်မှာတော့ ဂိမ်းထဲက ကာရိုက်တာတွေဟာအပြင်လောကကိုရောက်လာပါတော့တယ် ရောက်လာတဲ့ ကာရိုက်တာတွေကလည်း တခြားမဟုတ် ကပ္ပတိန်ရဲ့ ကလေးသုံးယောက်ပါ။
ဒီတော့ သူစွမ်းအားရဖို့အရေး အာကန်းနစ်က ကပ္ပတိန်ကို ထောင်ချောက်ဆင်ပြီး ကလေးတွေကိုဖမ်းဖို့ ကမ္ဘာမြေကို လိုက်လာပါတော့တယ် ရိဒ်နဲ့ကလေးတွေကြားကအဖြစ်အပျက်တွေက တကယ့်ကိုရယ်ရပြီးစိတ်၀င်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးပါ