Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
အိန္ဒိယကားသီးသန့် avatar

အိန္ဒိယကားသီးသန့်

Рэйтынг TGlist
0
0
ТыпПублічны
Вертыфікацыя
Не вертыфікаваны
Надзейнасць
Не надзейны
Размяшчэнне
МоваІншая
Дата стварэння каналаJan 25, 2025
Дадана ў TGlist
Jan 26, 2025

Рэкорды

27.03.202523:59
103.4KПадпісчыкаў
26.01.202513:24
1250Індэкс цытавання
28.01.202504:51
35.2KАхоп 1 паста
29.12.202422:06
80.3KАхоп рэкламнага паста
28.01.202503:37
9.02%ER
28.12.202404:48
2386.69%ERR

Развіццё

Падпісчыкаў
Індэкс цытавання
Ахоп 1 паста
Ахоп рэкламнага паста
ER
ERR
FEB '25MAR '25APR '25

Папулярныя публікацыі အိန္ဒိယကားသီးသန့်

Пераслаў з:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
Vi.naya Vid..heya Ra..ma (2019)

သ်ိပ်ကိုဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့ကလေး၄ယောက်မှာတနေ့တော့ ရထားလမ်းဘေးမှာ ကလေးတစ်ယောက် ကောက်ရခဲ့ပါတယ်။ရမ်ချာရန်းပါပဲ။သူ့ကို မွေးစားခဲ့တဲ့ ကလေး၄ယောက်ကိုအစ်ကိုကြီးတွေအဖြစ် သိပ်ကို ချစ်ရပါတယ်။

အိပ်မပျော်ခင် နောက်ဆုံးတွေးတဲ့ အတွေးနဲ့မနက်အိပ်ယာထချိန် အေစာဆုံး တွေးတဲ့ အတွေးတောင်သူတို့ လေးယောက် အဖို့ပါ။အဲ့သလောက်ကို ချစ်ပါတယ်။သူတို့လေးယောက်ရဲ့ ဇနီးတွေနဲ့ အတူရမ်းချာရန်ဟာ နေထိုင်ခဲ့တယ်။

မိန်းမလား ဟင့်အင်း စိတ်မဝင်စား ပညာရေးလား  ဟင့်အင်း စိတ်မဝင်စားဘာဆို ဘာမှ မစဉ်းစားဘဲ အစ်ကို လေးယောက်အတွက်ပဲစဉ်းစားတတ်သူပါ။သူတို့အတွက်ဆို အသက်တောင်ပေးမလောက်ပဲ။

တနေ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အစ်ကိုနဲ့လတ်တလော မဲဝင်ပြိုင်မယ့် ပါတီဝင်တွေနဲ့စကားများရာကစပြဿနာတက်ခဲ့ရမှာတော့..ကဲ ကိုယ်တိုင် ခံစားရမယ့် အချိန် ရောက်ရှိခဲ့ပါပြီဗျာ။ဇာတ်ကားထွက်ခဲ့စဉ်မှာတော့ ဝေဖန်မှု အမျိုးမျိုးနဲ့ ကြုံခဲ့ရပေမဲ့ဒီမင်းသားကားကို မဖြစ်မနေကြည့်ချင်သူတွေ အများကြီးပဲဆိုတာ ယုံကြည်ပါတယ်။

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw555/556
Пераслаў з:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
JATT (2025) မြန်မာစာတန်းထိုး
===========

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အကျင့်ပျက်ရဲတစ်ယောက်ဟာ အိန္ဒိယနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့ ပြည်ပကရာဇဝတ်သားလေးယောက်ဆီက လာဘ်စားပြီး ဒီလူလေးယောက်ကို နိုင်ငံအတွင်းခိုလှုံခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရာနာသွန်ဂါခေါင်းဆောင်တဲ့ အဲဒီရာဇဝတ်သားလေးယောက်ဟာ သူတို့ခိုလှုံရာနယ်မြေတစ်ဝိုက်မှာ အကြောက်တရားကြီးစိုးစေပြီး အဲဒီနယ်တွေမှာ သူတို့ရဲ့အာဏာစက်ကိုဖြန့်ကျက်ထားခဲ့ပါတယ်။

ဒီနေ့မှာတော့ ရာနာသွန်ဂါတို့ရဲ့ပိုင်နက်ထဲကို မဟုတ်မခံစိတ်ရှိတဲ့ ဂျာ့ဒ်လူမျိုးတစ်ယောက်ရောက်ရှိလာပါတယ်။ တောင်းပန်စကားတစ်ခွန်းအတွက် ကောင်းကင်ထိတက်မဲ့ဒီလူဟာ မတရားမှုတွေကို မျက်မြင်တွေ့ရတဲ့အချိန်မှာတော့ ဒီအရှုပ်အထွေးတွေကြားမှာ ဝင်ပါဖို့ဖြစ်လာပါတော့တယ်။

ဒီဇာတ်ကားလေးက မနေ့ကမှထွက်ရှိထားတဲ့ ရုံတင်ကားအသစ်စက်စက်လေးဖြစ်ပြီး အားလုံးကိုကြည့်စေချင်လို့ အစောကြီးဘာသာပြန်ပြီးတင်ပေးထားတာမို့ အက်ရှင်ကားကောင်းလေးတစ်ကားကြည့်ရင်း ဘဝအမောတွေပြေကြပါစေခင်ဗျာ။

Movie Link 👇
https://t.me/khanthtookyaw555/446
Пераслаў з:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
ဘောလိဝုဒ်မင်းသားကြီး ရှာရွတ်ခန်း နဲ့ မင်းသမီး ကဂျိုး တို့ တကြော့ပြန် ပြန်လည်လက်တွဲထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်းမပြောခင်..ပြောချင်တဲ့အချက်တစ်ချက်ရှိပါတယ်။

အဲဒါကတော့ ဒီဇာတ်ကားမှာ ရှုခင်းနဲ့ ဆက်တင်ကိုအထူးဂရုပြုပြီး ဖျော်ဖြေရေးဆန်ဆန် အရောင်အသွေးစုံလင်အောင်ဖန်တီးထားတဲ့အကြောင်းပါ။

အရောင်အသွေးစုံခင်မှုအပိုင်းမှာ တစ်နေရာမှ မလစ်ဟင်းအောင် ဂရုပြုထားပြီး ပန်းချီကားတစ်ချပ်လို ဖန်တီးတင်ဆက်ထားတာ လှပလွန်းပါတယ်။

ဇာတ်လမ်းပုံစံကတော့ မိသားစုတွေရဲ့ ရန်ငြိုးကြောင့် ချစ်ရက်နဲ့ ကွဲကွာနေကြတဲ့ ချစ်သူနှစ်ဦး ကံကြမ္မာအလှည့်အပြောင်းတစ်ချိုးမှာ ပြန်လည်တွေ့ဆုံဖို့ ဖြစ်လာတဲ့အခါ………။

ဇာတ်လမ်းကို သွက်သွက်လက်လက်တစ်နည်း…
လွမ်းလွမ်းဆွေးဆွေးတဖုံ….
ရယ်ရယ်မောမောတစ်သွယ်…

ပုံစံမျိုးစုံ တင်ဆက်ရာမှာ သီချင်းတွေနဲ့ နောက်ခံ သံစဉ်တီးလုံးတွေက အတော်လေးလိုက်ဖက်ညီပြီး ဇာတ်လမ်းကို အကောင်းမွန်ဆုံးထောက်ပံ့ပေးသွားတာတွေ့ရပါတယ်။

ဖျော်ဖြေရေးဆန်လွန်းတဲ့ ဇာတ်ကားဖြစ်ပြီး
ဇာတ်ကားကြာမြင့်ချိန်ကလဲ ၂ နာရီခွဲလောက်ရှိတဲ့အတွက် အေးအေးဆေးဆေး အနားယူ…
အချိန်ယူ ခံစားကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw555/436
Пераслаў з:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ရှယ်ကောင်းတဲ့‌တောင်ပိုင်းကားလေးပါ။

Box office မှာကုဋေ ၂၀၀ အထိဝင်ငွေကြမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယမြောက် ဝင်ငွေအကြမ်းဆုံးကားဆိုလည်း ဟုတ်တယ်ဗျ။

Box Office မှာ ၂၀၂၁ ခုနှစ်မှာ ဒုတိယဝင်ငွေအများဆုံးဖြစ်ရတဲ့ အကြောင်းကိုပြောပါဆို နာမည်ကြီးဝါရင့်သရုပ်ဆောင် Nandamuri ပါတာရယ်

မင်းသမီးချောနှစ်လက်ဖြစ်တဲ့ Pragya နဲ့ Shamna တို့ပါတာကြောင့်လည်းပါတယ်ပေါ့ဗျာ။

အဲလိုပြောလို့ Red Notice လိုနာမည်ကြီးသရုပ် ဆောင်တွေနဲ့ထိန်းသွားတဲ့ ကားလားဆိုရင်တော့လည်း မဟုတ်ပြန်ဘူးဗျ။ ဇာတ်လမ်းဇာတ်ကွက်က

ကုလားကားဆန်ဆန်ရိုက်ချက်တွေပါနေတာကလွဲရင်(ကုလားကားကိုးဗျ) ရှယ်ကိုကောင်းနေတာမျိုးဗျ။

မျောပြီးကြည့်နေရင်းကြက်သီးထရလောက်တဲ့စကားမျိုးတွေထပြောလေ့ပြောထရှိတဲ့တောင်ပိုင်းကားတွေရဲ့ဗီဇကိုသိပြီးပြီဆိုရင်တောင် ဒီကားထဲက ကြက်သီးထစရာဇာတ်ဝင်စကားတွေက

တစ်ခြားတွေနဲ့ကိုမတူတာအမှန်။ ကြည့်ရင်းမျောရင်း၊ မျောရင်းကြည့်ရင်း အ‌ဆုံးကိုဘယ်လိုရောက်လို့ရောက်သွားမှန်းမသိမယ့်ကားကောင်းမျိုးဗျ။

ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြရမယ်ဆိုရင် ရွှေကျေးညီနောင်ပေါ့ဗျာ။

ကျေးညီနောင်နှစ်ကောင်ဟာ တစ်ကောင်က ကောင်းရာအရပ်‌ရောက်ပြီး ကျေးလိမ္မာဖြစ်သွားပေမဲ့ တစ်ကောင်ကတော့ ဆိုးရာအရပ်ရောက်ပြီး

ကျေး‌မိုက်ဖြစ်သွားသလိုမျိုးပဲပေါ့။ ဒါပေမဲ့ မတူတဲ့အချက်ကတော့

ဒီဇာတ်ကားထဲက ညီအစ်ကိုနှစ်ယောက်ကိုကျ မွေးကတည်းကဘုရားလူကြီးက နိမိတ်ဖတ်သွားတာပဲ။ ဒီတစ်‌‌ယောက်ဟာ

သဘာဝတရားနဲ့ တူလိမ့်မယ်၊ ဒီတစ်ယောက်ဟာ သဘာဝဘေးဆိုးနဲ့တူလိမ့်မယ်ဆိုပြီး

သဘာဝတရားကိုချစ် သဘာဝဘေးဆိုးကို စွန့်ပစ်ခိုင်းခဲ့တာမျိုးပေါ့။ ဒီတော့ဗျာ

ညီအစ်ကိုနှစ်ယောက်ထဲက သဘာဝတရားဖြစ်တဲ့တစ်ယောက်က ပြည်နယ်အုပ်ချုပ်ရေးမှူးချောချောလေးနဲ့ တစ်စခန်းသွားတော့မယ်အချိန်မှာ

သဘာဝဘေးဆိုးဖြစ်တဲ့တစ်ယောက်ကကျ ဘယ်လိုအရပ်ရောက်ပြီး ဘယ်လောက်တောင်ဆိုးနေမယ် ညီအစ်ကိုနှစ်ယောက် ဘယ်လိုပြန်တွေ့ကြမယ်ဆိုတာမျိုးပေါ့။

ဒီလိုသဘောတရားဇာတ်လမ်း‌တွေရှိပေမဲ့ ဒီကားလောက်တော့ ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်ကွက်ဇာတ်ပြောင်းမကောင်းနိုင်တာသေချာတယ်ဗျ။ ဒီတော့ တောင်ပိုင်းကားဖန်တွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါ

Movie Link 👇
https://t.me/khanthtookyaw555/474
Пераслаў з:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
Ch*ho*rii 2 (2025) “မိန်းမပျိုလေး” အိန္ဒိယသရဲကားသစ်
=============================
၂၀၂၁ မှာထွက်ရှိခဲ့တဲ့ Chhorii ရဲ့ အဆက်လေး ထွက်ရှိလို့လာခဲ့ပါပြီ။

ရှေ့ကားမှာတော့ ဆတ်ရှီတစ်ယောက် ကိုယ်ဝန်ကြီးနဲ့ ခက်ခက်ခဲခဲ ကလေးမွေးဖို့အတွက်
ရုန်းကန်ရင်းနဲ့ ထိတ်လန့်ဖွယ်ရာတွေ ကြုံတွေ့ခဲ့ရတာကို မြင်တွေ့ခဲ့ရမှာပဲဖြစ်ပါတယ်။

ဆတ်ရှီတစ်ယောက် ကလေးလေးကို ခက်ခဲစွာမွေးဖွားပြီးတဲ့နောက်မှာတော့ ဆတ်ရှီ့ကလေးလေးဟာ
ထူးခြားစွာနဲ့ နေရောင်ကို မခံနိုင်ဘဲ နေရောင်နဲ့ထိတွေ့မိတာနဲ့ အသားတွေလောင်သွားတဲ့
ဓာတ်မတည့်မှုကြီးဖြစ်နေတဲ့အတွက် အိမ်ထဲမှာပဲ ပိုးလိုမွေးလာခဲ့ရပါတယ်။

ဆတ်ရှီတို့ သားအမိကို အရာရှိဆမ်မာက ကူညီပေးထားပြီး ဆတ်ရှီ့အတွက်
ကျောင်းတစ်ကျောင်းမှာ ဆရာမအလုပ်ပါ ရှာပေးထားလို့ အဆင်ပြေခဲ့ရပါတယ်။

သို့ပေမဲ့လည်း ဆတ်ရှီတစ်ယောက် ကလေးလေးရဲ့ပညာရေးအတွက် သမီးလေးကျောင်းတက်နိုင်ဖို့
သူအလုပ်လုပ်ရာကျောင်းမှာ အိမ်ကနေပဲ စာသင်နိုင်ဖို့ ကြိုးစားနေရင်းနဲ့
သမီးလေးရဲ့ နေရောင်မခံနိုင်တဲ့ကိစ္စအတွက် ဘယ်လိုမျိုး အဖြေရှာသွားမလဲ .......

အရာရှိဆမ်မာကရော ဘယ်လောက်ထိ အကူအညီရနိုင်မလဲ .......

ဒီရဲ့နောက်ကွယ်မှာရော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းတဲ့ကိစ္စတွေရှိနေမလဲဆိုတာကို
ထိတ်လန့်စရာများနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။


Movie Link
⬇️⬇️⬇️
https://t.me/horrorvscartoons2/1511
Пераслаў з:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
𝗦𝘂𝗽*𝗲𝗿𝗯*𝗼𝘆𝘀 𝗼𝗳 𝗠𝗮*𝗹𝗲𝗴*𝗮𝗼𝗻 (𝟮𝟬𝟮𝟱) ဇာတ်ကားသစ်
=========================

လက်တွေ့ဘဝမှာ လူတွေဟာ လုပ်ချင်တာထက် လုပ်သင့်တာတွေကို ဦးစားပေးရင်း ဘဝကိုဖြတ်သန်းနေကြရပါတယ်။ လက်တွေ့ဘဝကို စွန့်လွှတ်ပြီး မသေချာမရေရာတဲ့ အိပ်မက်နောက်ကိုလိုက်ဖို့ဆိုတာ ဘယ်သူ့အတွက်မဆို ခက်ခဲတဲ့အရာတစ်ခုပါ။ ဒီဇာတ်လမ်းလေးထဲမှာတော့ အိပ်မက်နောက်ကို ရဲရဲဝံ့ဝံ့လိုက်ခဲ့တဲ့ ဝါသနာရှင်လူငယ်လေးတစ်သိုက်ရဲ့အဖြစ်သနစ်ကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးဟာ အိန္ဒိယနိုင်ငံ မာလယ်ဂါအွန်မှာရှိတဲ့ ရှေ့ခ်နာဆာရ်ရဲ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ Comedy Dramaဇာတ်လမ်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ မာလယ်ဂါအွန်မှာရှိတဲ့ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်က ရုပ်ရှင်တွေကို တည်းဖြတ်ပြီး ကိုယ်ပိုင်ဗီဒီယိုရုံမှာ ပြသရာက မူပိုင်ခွင့်နဲ့ငြိစွန်းလို့ ဗီဒီယိုရုံ အပိတ်ခံခဲ့ရတယ်။

ဒီလိုနဲ့ လက်မလျှော့အရှုံးမပေးနိုင်တဲ့ သူက သူ့သူငယ်ချင်းတွေကို စည်းရုံးပြီး ကိုယ်ပိုင်ရုပ်ရှင်တစ်ကားကို အတူရိုက်ကြဖို့ သိမ်းသွင်းခဲ့တယ်။ အစပိုင်းမှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ကြပေမဲ့ တစ်ယောက်တစ်လက်ဝိုင်းရင်း ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်မှုတွေစတင်ခဲ့ကြပါတယ်။

မရေရာတဲ့အိပ်မက်နောက်ကို စွန့်စွန့်စားစားလိုက်ဝံ့တဲ့ လူငယ်လေးတစ်သိုက် ဘယ်လိုအဖြစ်တွေနဲ့ကြုံတွေ့ရမလဲ။

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw25/7953
Пераслаў з:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
Sh*an*muk*ha (2025) သဲထိတ်ရင်ဖို ဇာတ်ကားသစ်
"ရှန်မူခါ"

အသစ်ထွက် တေလဂူး သည်းထိပ်ရင်ဖို ဇာတ်လမ်းလးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်

ဒီကားမှာတော့ လူသားတွေရဲ့ အတ္တကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ကို ဖော်ပြထားတာပါ

ရှေးရှေးတုန်းက တောအုပ်တစ်ခုမှာ လင်မယားနှစ်ယောက်က ခက်ခက်ခဲခဲ ကလေးမီးဖွားခဲ့ရပေမဲ့ ဆန္ဒမပြည့်ဝခဲ့ပါဘူး

ပုံဆိုးပန်းဆိုးနဲ့ မကောင်းဆိုးဝါးသဖွယ် မွေးလာတဲ့ ဒီကလေးကို ပြုပြင်ဖို့ အဖေလုပ်သူက ကြိုးစားအားထုတ်ရာမှာ ...

နောက်ဆက်တွဲ ကြောက်စရာကောင်းတာတွေ ဘယ်လိုဖြစ်လာမှာလဲ ပရိသတ်ကြီး ခံစားကြည့်ရှုလိုက်ပါဦး


Movie Link 👇
https://t.me/khanthtookyaw555/454
💸လက်ကြီးထည့်ဆော့မလား❔

💸လက်သေးထည့်ဆော့မလား❔

👍ငွေကြေးယုံကြည်စိတ်ချစွာနဲ့ ဆော့နိုင်ဖို့

🇹🇭🇲🇲🩸🩸🩸🩸🩸🩸🩸🩸ကို

🧚‍♂️ဆက်သွယ်ကြစို့
Пераслаў з:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
Ru*sla*an [ 2/0/2/4 ] မြန်မာစာတန်းထိုး

ရူစလန်ဆိုတဲ့ကောင်လေးဟာ အကြ-မ်းဖ-က်သမားတစ်ဦးရဲ့ သားတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေက ကျောင်းတစ်ကျောင်းကို ဗုံ:ဖောက်ခွဲဖို့လုပ်ရာကနေ ဖမ်းဆီးခံရပြီး Thayဆုံးသွားခဲ့ပါတယ်။

အကြ-မ်းဖ-က်သမားတစ်ယောက်ရဲ့ သားဖြစ်တဲ့အတွက် ဘယ်ဆွေမျိုးကမှ
လက်မခံချင်တဲ့သူဟာ မိဘမဲ့ကျောင်းကို ရောက်လို့သွားပါတယ်။

မိဘမဲ့ကျောင်းကို ရောက်ခဲ့ပေမဲ့ အကြ-မ်းဖ-က်သမားရဲ့သားဆိုတဲ့
အမဲစက်ကြီးက ထင်ကျန်ရစ်နေတော့ မိဘမဲ့ကျောင်းမှာတောင်
အနိုင်ကျင့်ခံနေရပါတယ်။

ဒီအချိန်မှာ သူ့အဖေကို ဖမ်းဆီးခဲ့တဲ့
အရာရှိကြီးဟာ ရူစလန်လေးရောက်နေတဲ့ မိဘမဲ့ကျောင်းက ကလေးတွေကို အမြဲလိုလို မုန့်တွေ လာဝယ်ကျွေးတတ်သူဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ရူစလန်လေးကိုတွေ့သွားပါတယ်။

အဲဒီအရာရှိကြီးဟာ ကလေးမရနိုင်တဲ့သူဖြစ်ပြီး ရူစလန်လေးကို သနားသွားတဲ့အတွက် မွေးစားဖို့ဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့ ရူစလန်လေးတစ်ယောက် ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာခဲ့ပြီး မွေးစားမိဘတွေဟာလည်း သားအရင်းတစ်ယောက်လို ချစ်ပေးကြရင်း
ရူစလန်လေးကို အကြ-မ်းဖ-က်မှုတွေနဲ့ မပတ်သတ်ခိုင်းပဲ ဘဝကို‌ ပျော်ပျော်ပဲ နေခိုင်းခဲ့ပါတယ်။

သို့ပေမဲ့လည်း ငယ်ငယ်က ဒဏ်ရာတွေနဲ့ ရူစလန်တစ်ယောက်ဟာတော့
အကြ-မ်းဖ-က်သမားတွေကို နှိမ်နင်းနိုင်ဖို့အတွက် သတင်းနှိုက်ပေးရတဲ့အလုပ်ကို
လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမှာ မိဘတွေမသိအောင်လုပ်လို့နေပါတော့တယ်။

အဲဒီအေဂျင်စီရဲ့ စေခိုင်းမှုအရ ကောလိပ်ကျောင်းတစ်ကျောင်းကို သွားရောက်ပြီး အစွန်းရောက်ကျောင်းသားတွေကြားမှာ သတင်းနှိုက်ဖို့ဖြစ်လာရင်းနဲ့ပဲ ……

ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ခန်းတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့
အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw555/472
Пераслаў з:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
Shiddat (2021) မြန်မာစာတန်းထိုး
=====================

IMDb rating : : 7.6/10

အခုတစ်ခေါက်မှာတော့ Shiddat (Journey Beyond Love) ဆိုတဲ့အသစ်ထွက်အိန္ဒိယအချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်

ဒီကားမှာဆိုရင်ဇာတ်ကားနာမည်လေးအတိုင်းပဲအချစ်အတွက်မိုင်ပေါင်းများစွာ
စွန့်စားခရီးနှင်ပြီးသွားခဲ့တဲ့ကောင်လေးတစ်ယောက်အကြောင်းကို ကြည့်ရှုကြရမှာဖြစ်ပါတယ်

ဂျက်ဂီဟာ ကာတီကာဆိုတဲ့မိန်းကလေးကို ရူးရူးမူးမူးစွဲလမ်းနေပေမယ့် ကာတီကာကတော့ဂျက်ဂီကိုအပျော်သဘောတွဲပြီးအချိန်တန်ရင်လန်ဒန်ကကောင်လေးတစ်ယောက်နဲ့လက်ထပ်မယ့်သူဖြစ်ပါတယ်

ဒါပေမယ့်ကာတီကာဟာသုံးလအကြာလန်ဒန်မှာ ကျင်းပမယ့် သူ့ရဲ့မင်္ဂလာပွဲကိုဂျက်ဂီတစ်ယောက်ရောက်လာနိုင်မယ်ဆိုရင်မင်္ဂလာပွဲကိုဖျက်သိမ်းပေးမယ်ဆိုတဲ့ကတိတစ်ခုပေးခဲ့ပါတယ်

ဒီကတိတစ်ခွန်းကြောင့်ပဲ ဂျက်ဂီဟာလန်ဒန်ကိုမရောက်ရောက်အောင်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်

နောက်ဆုံးမှာဂျက်ဂီတစ်ယောက်သူလိုချင်တဲ့ ကာတီကာရဲ့အချစ်ကိုရရှိပြီးပျော်ရွှင်စရာဇာတ်သိမ်းလေးဖြစ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw555/465
Пераслаў з:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
“၅ရူပီးရန်ကြွေးရှင်းတမ်း”ဒီတစ်ခါတော့ တောင်ပိုင်းရုပ်ရှင်တွေနဲ့ရင်းနှီးပြီးသားသူတွေသိမယ့် Jr.N.T.R Rama Rao ရဲ့ အက်ရှင်၊ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းက ရိုးရိုးလေးနဲ့ ဖိုက်တင်တွေကို လိုအပ်သလောက်ပဲ သုံးပြီးပြောသွားတဲ့ ဒိုင်ယာလော့တွေ၊ကြည့်ရှုသူကို ပေးချင်တဲ့ မက်ဆေ့တွေကကောင်းလွန်းလို့ပါ။

ရာဂါးဗားဟာ နိုင်ငံခြားမှာ ပညာသင်ပြီး အိမ်ကို ပြန်လာတဲ့အခါမသင့်မမြတ် ဖြစ်နေတဲ့ ရွာနှစ်ရွာရဲ့ ရန်ကြွေးတွေအရရာဂါးဗားနဲ့ သူ့အဖေရဲ့ လူယုံတော်တွေ လမ်းမှာ လုပ်ကြံခံရပါတယ်။

သူ့ကိုပါ ဒီရန်ကြွေးတွေကြားထဲ ဝင်ပါဖို့ခေါ်နေသလိုပါပဲ။
ဒါပေမဲ့ ခေတ်ပညာတတ် ရာဂါးဗားဟာပညာတတ်တစ်ယောက် ပီသစွာ တုန့်ပြန်ခဲ့ပါတယ်။

ပြီးတော့ အချစ်နဲ့ တွေ့တဲ့အခါလူတိုင်းက သတ္တိခဲဖြစ်လာတတ်ကြသလိုအချစ်ကြောင့်ပဲ ကြည်နူးပျော်ရွှင်သွားတတ်တာကိုလည်းဖော်ပြထားပါတယ်။

သူ့ကြောင့်ပဲ ငါဟာ ပထမဦးဆုံးပြုံးဖူးတာပါတဲ့ ။ဒါပေမဲ့ ကံကြောင်းမလှချင်တော့….

တည်ငြိမ်သွေးအေးတဲ့ ဇာတ်ရုပ်မှာပီပြင်သလို ရက်စက်ပြီဟေ့ဆိုရင်နှစ်ယောက်မရှိတဲ့ ဗီရား ရာဂါးဗားဆိုတဲ့ဇာတ်ရုပ်ကို Jr.N.T.R Ramarao ကအံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ထားသလိုသူနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ မင်းသမီးကနာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့ Hritik Roshan ရဲ့Mohenjo Daro နဲ့Allu Arjun ရဲ့ DJ ဇာတ်ကားတွေမှာ ပါဝင်ခဲ့ဖူးတဲ့မင်းသမီးချော Pooja Hegde ဖြစ်ပြီးနောက်ထပ်ထွက်ရှိလာမယ့် Akshay Kumar ရဲ့ Housefull 4 နဲ့Mahesh Babu ရဲ့ Maharshi ဇာတ်ကားတို့မှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

ဘက်ဂျက် 95 crore အသုံးပြုပြီးရိုက်ကူးခဲ့တဲ့ ဒီကားက Box Office မှာ 158 crore ပြန်လည်ရရှိခဲ့တာမို့ အထိုက်အလျောက် အောင်မြင်မှု ရခဲ့တယ်လို့ ဆိုရမှာပါ။တစ်ခုပြောချင်တာက ဒီမင်းသားရဲ့ နာမည်တစ်ခုရှိပါသေးတယ်။

Young Tiger ပါ နာမည်နဲ့လိုက်အောင် သွက်လက်မြန်ဆန်မှုကို မြင်တွေ့ရပါလိမ့်မယ် အိန္ဒိယတောင်ပိုင်းကားဖြစ်လို့အိုဗာအက်ရှင်တွေကို မကြိုက်ဘူးဆိုရင်တောင် ဒီကားကို ကြိုက်မိပါလိမ့်မယ်။

မြင်ဖူးနေကျ တောင်ပိုင်းကားတွေမှာလိုသတ်ဖြတ်နေရုံနဲ့ ဇာတ်လမ်းအဆုံးမသတ်ဘဲဒီကားမှာတော့ ထူးခြားနေပါတယ်

Movie Link 👇
https://t.me/khanthtookyaw555/438
Пераслаў з:
Channel H (ရသစုံ) avatar
Channel H (ရသစုံ)
𝐂*𝐫𝐚*𝐳𝐲 𝐗*𝐘 (𝟐𝟎𝟐𝟓) ဇာတ်ကားသစ်
=============

IMDb: 7.2/10
Language: Hindi
Genre: Thriller/Drama
-----------------------------------
အဖေတစ်ယောက်အတွက် သားသမီးတွေက အဖိုးတန်တယ်။သမီးက ဒုက္ခီတဖြစ်လို့ အရှက်ရ‌ခဲ့ပေမယ့် သမီးလေးအတွက် အပြစ်စိတ်တွေနဲ့မို့လို့ သမီးလေးကို ပြန်ပေးဆွဲခံရတာကို ငွေနဲ့လာလဲတယ်။

မိန်းမနဲ့ ကွာရှင်းပြီးတော့ down sydrome ဖြစ်နေတဲ့သမီးကို မိခင်ဘက်ပေးလိုက်ရတဲ့ ဒေါက်တာအာဘီမာယူ။ ဧပြီလတစ်ရက်နေ့မှာ အေပရယ်ဖူးနေဖြစ်ပေမယ့် သူ့သမီးကိုပြန်ပေးဆွဲထားတယ်ဆိုပြီး ဖုန်းဆက်လာတယ်။ အစက စနောက်တယ်ထင်ထားပေမယ့်

သူ့သမီးကို သေချာ ပြန်ပေးဆွဲထားတာ မြင်တော့ ပိုက်ဆံတောင်းထားတဲ့အတိုင်း ပေးဖို့လုပ်ခဲ့တယ်။ ဒါပေမဲ့ ခွဲစိတ်ရင်း သေသွားတဲ့လူနာအတွက်လျော်ကြေးပေးရမှာက တစ်ကြောင်း၊ ထောင်နန်းစံမလား၊ သမီးလေးကို မရွေးဘဲနေမလား။ အမျိုးမျိုး နည်းလမ်းစုံစဉ်းစားရင်း ဆေးပညာနဲ့ ရောယှက်ထားတဲ့ ကားကောင်းလေးဖြစ်ပါတယ်။

Movie Link 👇
https://t.me/khanthtookyaw555/463
💸လက်ကြီးထည့်ဆော့မလား❔

💸လက်သေးထည့်ဆော့မလား❔

👍ငွေကြေးယုံကြည်စိတ်ချစွာနဲ့ ဆော့နိုင်ဖို့

🇹🇭🇲🇲🩸🩸🩸🩸🩸🩸🩸🩸ကို

🧚‍♂️ဆက်သွယ်ကြစို့
Увайдзіце, каб разблакаваць больш функцый.