Shahid (2012) "အမှန်တရားဘက်တော်သား"
================================
IMDb -8.2/10
ချတာတွေလည်းမကြိုက်ဘူး။ ရိုတာတွေလည်းငြီးငွေ့နေကြတဲ့ CM ပရိသတ်ကြီးအတွက် ရုံတင်အမြတ်ငွေ 5 ဆကျော်ရခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်လည်းဖြစ်၊ Scam 1992ရဲ့ဖန်တီးရှင် ဒါရိုက်တာကြီးHansal Mehtaတစ်ယောက် ကားတိုင်းအရှုံးပေါ်နေရာကနေ ဝက်ဝက်ကွဲပြန်အောင်မြင်ခဲ့တဲ့ Biography movieလေးတစ်ကားဖြစ်တဲ့ Shahidဆိုတဲ့movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးကိုတော့ ရှေ့နေကြီးShahid Azmiတစ်ယောက် လုပ်ကြံခံရပြီးချိန်မှာရိုက်ကူးဖို့ ဒါရိုက်တာMehtaတစ်ယောက် အကြံရခဲ့တာဖြစ်ပါတယ်။
ဘုံဘေအဓိကရုဏ်းဖြစ်ချိန်မှာ ရှာဟစ်ဒ်ဟာ ၁၅ နှစ်အရွယ် မြီးကောင်ပေါက်လူငယ်တစ်ယောက်၊ ဆယ်ကျော်သက်ပီပီ စူးစမ်းချင်စိတ် မခံချင်စိတ်ကများတော့ အဓိကရုဏ်းထဲဘုမသိဘမသိဝင်စပ်စုရင်း ရဲဘက်ကဖမ်းတဲ့ထဲပါသွားပါတော့တယ်။ ဒါပေမဲ့ အသက်မပြည့်သေးတော့ ရှာဟစ်ဒ်ပြန်လွတ်လာတာပါတယ်