Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
ဒီဂျစ်တယ်နေ့စဉ် avatar

ဒီဂျစ်တယ်နေ့စဉ်

ဒီဂျစ်တယ်ပေါ်က နေ့စဉ်သတင်းတွေကို ဖော်ပြပေးသွားမယ်။
Рэйтынг TGlist
0
0
ТыпПублічны
Вертыфікацыя
Не вертыфікаваны
Надзейнасць
Не надзейны
Размяшчэнне
МоваІншая
Дата стварэння каналаJul 31, 2022
Дадана ў TGlist
Oct 24, 2024

Апошнія публікацыі ў групе "ဒီဂျစ်တယ်နေ့စဉ်"

မကွေးမှာ ပကဖစခန်းမှူးနဲ့ စစ်ရေးတာဝန်ခံကို လူပုံအလယ်မှာ ပကဖအချင်းချင်း ပစ်သတ်တဲ့ ကိစ္စ NUG က မဖြေရှင်းပေး

ဧပြီ-၂၄

၂၀၂၃ ခုနှစ်၊ မတ်လက မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ငကုန်းရွာက
အထက်တန်းကျောင်းတစ်ခုမှာ မင်းတုန်းမြို့နယ်ပကဖခေါင်းဆောင်နှစ်ဦး
ဖြစ်တဲ့ ဆလိုင်းအာကာနဲ့ ကိုဒေါင်းဆိုသူတို့က
မကွေးမြို့ပကဖခေါင်းဆောင်နဲ့ စစ်ရေးတာဝန်ခံဖြစ်သူ ရဲနိုင်ကို
အစည်းအဝေးခေါ်တဲ့ နေရာ လူအများရှေ့မှာပဲ
ပစ်သတ်လိုက်ပါတယ်။

ထိုကိစ္စနဲ့ပတ်သက်ပြီး မင်းတုန်းမြို့နယ်ပကဖခေါင်းဆောင်တွေက
NUG ဗဟိုက အမိန့်နဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားပါတယ်။
မကွေးပကဖခေါင်းဆောင် ရဲနိုင်က ABSDF-UNRA ရဲ့ အကူအညီ တောင်းခံမှုကြောင့် ထိုအစည်းအဝေးမှာ စစ်ရေးအရ ကူညီပေးနိုင်ဖို့
သွားရောက်ဆွေးနွေးခဲ့တာဖြစ်ပြီး
မင်းတုန်းမြို့နယ် ပကဖတွေက ABSDF ကို အကူအညီပေးဖို့
NUG က ညွှန်ထားတာ မရှိဘူးဟုဆိုကာ စကားများ ပြဿနာဖြစ်ရာမှ
မကွေးပကဖခေါင်းဆောင် ရဲနိုင် သေနတ်နဲ့ ပစ်သတ်ခံရခြင်း
ဖြစ်တယ်လို့ သိရပါတယ်။



htinmyataung
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မိုင်းဖုန်းဆရာတော်ကြီး ဖူးမြှော်ကြည်ညို

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများသို့ ထောက်ပံ့ကူညီလှူဒါန်းမှုများပြုလုပ်ရန် ကြွရောက်တော်မူလျက်ရှိသည့် မိုင်းဖုန်းဆရာတော်ကြီးသည် ယနေ့ ဧပြီ ၂၂ ရက်ညပိုင်းက နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ကြောင်း သိရသည်။
ထိုင်း − မြန်မာ နယ်စပ်မှာ မူးယစ်မှောင်ခိုအဖွဲ့နဲ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့ပြီး မူးယစ်ဆေးအိတ်5လုံးပါသိမ်းဆီးရ သိမ်းရမိတဲ့ မူးယစ်တံဆိပ်က UWSA.171နဲ့SSPP.99 အမှတ်တံဆိပ်ပါ‌ရေးထားကြောင်း ‌ထိုင်းစစ်တပ်ပြော

ဧပြီ-၂၃

ထိုင်း − မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ မူးယစ်မှောင်ခို အဖွဲ့တစ်ခုနဲ့ ချင်းမိုင်မှာ နှစ်ကြိမ် တိုက်ပွဲဖြစ်ပြီး မှောင်ခိုသမား ၂ ဦးကို ရှင်းလင်းနိုင်ခဲ့သလို မူးယစ်ဆေးဝါးတွေကို သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

ဧပြီလ ၂၀ ရက်က ဒေသတွင်း မူးယစ်မှောင်ခိုမှု တိုက်ဖျက်ရေး ရည်မှန်းချက်တွေရဲ့ အစိတ်အပိုင်းအဖြစ် ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေမှာ အခုလို တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ထိုင်းစစ်တပ်ဟာ နယ်စပ်ဖြတ်ကျော် မူးယစ်မှောင်ခို အဖွဲ့တစ်ခုအကြောင်း သတင်းရခဲ့တဲ့နောက် တောလမ်းကနေ ဝင်ရောက်လာမယ့် မူးယစ်မှောင်ခို ဂိုဏ်းသားတွေကို တားဆီးဖို့ ကင်းလှည့်ယူနစ် နှစ်ခုကို ဖြန့်ကျက်ပြီး စောင့်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ အရုဏ်မတက်ခင် မနက်အစောပိုင်းမှာ ကင်းလှည့်ယူနစ် တစ်ခုဟာ မြန်မာဖက်ကနေ အဖွဲ့ဝင် ၈ ယောက်ပါလာတဲ့ မူးယစ်မှောင်ခို အဖွဲ့တစ်ခုနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ထိုင်းစစ်တပ်က သူတို့ကို ရပ်တန့်ဖို့ အမိန့်ပေးခဲ့ပေမယ့် တုံ့ပြန် တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲ စတင်ခဲ့တာပါ။ နယ်စပ်နဲ့ ၂ ကီလိုမီတာလောက် အကွာက အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း တခြားကင်းလှည့် ယူနစ်ကလည်း စစ်ကူအဖြစ် လာရောက်ပူးပေါင်းခဲ့ပါတယ်။

အဲဒီနောက် မူးယစ်မှောင်ခို အဖွဲ့သားတွေက ဆုတ်ခွာ ထွက်ပြေးဖို့ ကြိုးစားပြီး ထိုင်းစစ်တပ်က ထပ်ကြပ်မကွာ လိုက်လံ ချေမှုန်းရာကနေ ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲတစ်ခု မိနစ် ၂၀ လောက်ကြာအောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ထိုင်းစစ်တပ်ဟာ မနက် မိုးလင်းတဲ့ထိ လုံခြုံရေး ဆက်လက် ဖြန့်ကျက်ထားပြီး မြင်ကွင်း ပြတ်သားလာတဲ့ အချိန်မှ နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအခါ မူးယစ်မှောင်ခို အဖွဲ့သား ၂ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့သလို မူးယစ်ဆေးဝါးတွေ ထုပ်ပိုးထားတဲ့ ကျောပိုးအိတ် ၅ လုံးကို UWSA.171/SSPP.99အမှတ်တံပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

နောက်ပိုင်းမှာတော့ ထိုင်းနယ်ခြားစောင့် ယူနစ် ဖာမောင်အဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် ကစ်တီကောင် ချန်ထရာနဲ့ တခြား အရာရှိတွေဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

ထိုင်းစစ်တပ်ရဲ့ အဆိုအရ မူးယစ်မှောင်ခို အဖွဲ့သားတွေဟာ လက်ပစ်ဗုံး တစ်လုံးနဲ့ တိုက်ခိုက်ခဲ့သေးပေမယ့် ကံအားလျော်စွာပဲ ကွန်ကရစ် ရေလှောင်ကန် တစ်ခုနားမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး ထိုင်းစစ်သားတွေကို အထိအခိုက် မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ကိုးကား: Thaiger
နေပြည်တော်မှာ WFP က ဝေတဲ့ အာဟာရဖြည့် ဘီစကစ်‌ထုပ်တွေကို
တစ်ထုပ် ၅၀၀ နဲ့ ရောင်းနေတယ်လို့
သတင်းတွေ တွေ့နေရတယ်။

တချို့ဆိုတာက နီပိတ်နဲ့ PDF NUG အားပေးထောက်ခံ ပြည်တွင်းပြည်ပက
ဘေးတစောင်းသွားတွေကတော့
အစိုးရက ကယ်ဆယ်ရေးပစ္စည်းတွေကို ယူထားပြီး
ပြန်ရောင်းစားနေတယ်လို့ သတင်းလွှင့် အပုတ်ချတိုက်ခိုက်နေတယ်။


ဒီမုန့်တွေက ကယ်ဆယ်ရေးလုပ်တဲ့သူတွေက ဝေခဲ့တာဖြစ်ပါတယ်။

ခုရောင်းတယ်ဆိုတဲ့သူတွေကလည်း
လာတန်းစီပြီးမှ ပြန်ရောင်းတဲ့သူတွေပါ။


ဘယ်လိုလူတွေ လာတန်းစီတာအများဆုံးလဲဆိုတာ...
ငလျင်ဘေးမှာ လာပြီး လှူဒါန်းခဲ့တဲ့သူတွေဆိုရင် သိနိုင်ပါတယ်။

တချို့တွေက လာ‌လှူတဲ့ပစ္စည်းတွေကို
လိုက်ပြီးတန်းစီ ပြီးမှ ပြန်ရောင်းကြတဲ့သူတွေ များတယ်။

ခုလည်း အဲ့လိုလူတွေဆီက ဒီမုန့်တွေ ပြန်ရောင်းတာ ဖြစ်ဖို့များပါတယ်။




Htimyataung
နိုင်ငံတကာက ကျောင်းသား ၁၅၀၀ ကျော်ကို ကန်အစိုးရဗီဇာရုတ်သိမ်း

ဧပြီ ၂၂

Donald Trump သမ္မတ ဒုတိယအကြိမ် ဖြစ်လာပြီးနောက်ပိုင်း အမေရိကန်အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာနဟာ ကျောင်းသား ၁၅၀၀ ကျော်ရဲ့ နေထိုင်ခွင့်ဗီဇာတွေကို ပြန်ပြီး ရုတ်သိမ်းထားပြီး အများအပြားကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဗီဇာရုတ်သိမ်းခံရ၊ ဖမ်းဆီးခံရသူ ကျောင်းသားတွေဟာ
ပါလက်စတိုင်းဘက်က ရပ်တည်ဆန္ဒပြခဲ့ကြသူတွေဖြစ်ပါတယ်။ တချို့သူတွေဟာလည်း ပါလက်စတိုင်းနဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ ချိတ်ဆက်နေကြပြီး လူမှုမီဒီယာတွေမှာ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေဘက်က ထောက်ခံကြောင်း ပြောဆိုကြသူတွေ ဖြစ်ပါတယ်။

Trump အစိုးရကတော့ ဒီကျောင်းသားတွေဟာ ဂျူးမုန်းတီးရေးနဲ့ ဟားမက်စ်လိုလားတဲ့စိတ်တွေ ကျောင်းဝင်းထဲ ဖြန့်ဝေနေတယ်လို့ စွပ်စွဲပြီး ကျောင်းသားတွေ၊ ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ငြင်းဆိုထားပါတယ်။ အမေရိကန်က ဂါဇာ စစ်ပွဲကို ဆန့်ကျင်တဲ့ အထင်ရှားဆုံးဆန္ဒပြပွဲအများအပြားမှာ ဂျူး တက်ကြွလှုပ်ရှားသူတွေနဲ့ ဂျူးလူမျိုးအဖွဲ့တွေလည်း ရှေ့တန်းက ပါဝင်နေပါတယ်။

မတ်လနှောင်းပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က အမေရိကန်အစိုးရအနေနဲ့ ခန့်မှန်းခြေ ကျောင်းသား ၃၀၀ ရဲ့ ဗီဇာတွေကို ရုတ်သိမ်းခဲ့တယ်လို့ ပြောဆိုခဲ့ပေမယ့် လက်တွေ့အရေအတွက်မှာ ဒီထက်ပိုများတယ်လို့ ဆိုပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေး ရှေ့နေများအသင်းရဲ့ တွက်ချက်မှုအရ ကျောင်းသား ၄၇၀၀ ကျော်ကို US Immigration and Customs Enforcement-maintained database ရဲ့ Student and Exchange Visitor Information Systems (SEVIS) မှ ဖယ်ရှားခြင်းခံရရတယ်လို့ ဆိုပါတယ်။ National Association of Foreign Student Advisers (NAFSA) ကတော့ ဧပြီလ ၁၇ ရက်နေ့အထိ နေရပ်ပြန်ပို့ခံရသော ကျောင်းသား ၁၄၀၀ ဝန်းကျင် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။


VOC
KNU က ထီးထစခန်းတိုက်ပွဲမှာ လက်နက်ချတဲ့ ဗျူဟာမှူးနဲ့ တပ်သားတွေကို အစုလိုက်အပြုံလိုက်
သတ်ဖြတ်

ဧပြီ-၂၂

KNU တပ်မဟာ ၄ နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီလ ၁၉ ရက်နေ့မှာ
ထီးထစခန်းကို သိမ်းယူခဲ့ပြီးကြောင်း ထုတ်ပြန်ထားပါတယ်။

ထိုတိုက်ပွဲမှာ လက်နက်ချတဲ့ ဗျူဟာမှူးနဲ့ တပ်သားအမြောက်အမြားပုံကို
KNU ဖက်က ထုတ်ပြန်ထားပြီး နောက်ရက်မှာ ဗျူဟာမှူးအပါအဝင်
တပ်သား ဆယ်ဂဏန်းကို သတ်ဖြတ်လိုက်ပြီလို့ ထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်တွေမှာတော့ ဗျူဟာမှူးနဲ့ တပ်သားတွေက ခုခံဖို့လုပ်တဲ့အတွက်
ပစ်ခတ်သတ်ဖြတ်လိုက်တာလို့ ပြောထားပေမယ့်
ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တွေမှာတော့ KNU တပ်သားတစ်ယောက်က
ဗျူဟာမှူးကို ဆေးလိပ်ကမ်းပေးနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

ခုလိုမျိုး တိုက်ပွဲမှာ အဖမ်းခံရတဲ့ ဗျူဟာမှူးနဲ့ တပ်သားတွေကို
သတ်ဖြတ်လိုက်တာဟာ စစ်ရာဝတ်မှုမြောက်ပါတယ်။
စစ်ရာဇဝတ်မှုဟာ ဘယ်အချိန်ချိန်ဖြစ်ဖြစ် ပြန်လည်ပြီး စီရင်လို့ရပါတယ်။
ဒီဖြစ်စဉ်က KNU နဲ့ PDF တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမြောက်မှတ်တမ်းတွေလည်း
ဖြစ်ပါတယ်။



ဒီဂျစ်တယ်နေ့စဉ်
အေလာလေတပ်က အဆောက်အအုံတွေ ပျက်စီးတယ် ဆိုတဲ့သတင်းက အမှန်လား

ဧပြီ-၂၂


ဧပြီလ ၁၈ ရက် ညပိုင်းက နေပြည်တော် အေလာလေဆိပ်ကို တိုက်ခိုက်တာဖြစ်ပြီးတော့ လေယာဉ်သိုလှောင်ရုံတစ်ခု မီးလောင်ပျက်စီး၊ လုံခြုံရေးကင်မရာထိန်းချုပ်ခန်း အဆောက်အအုံနဲ့ လေဆိပ်လုံခြုံရေးကင်းသားများရှိရာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။

အဲဒီထုတ်ပြန်ချက်ကို လူသိများတဲ့ မီဒီယာ ၁၃ ခုအပြင် မီဒီယာစာမျက်နှာ စုစုပေါင်း ၂၉ ခုက ဖော်ပြပါတယ်။ အဲဒီ မီဒီယာစာမျက်နှာ အားလုံးနီးပါးက ထုတ်ပြန်ချက်ပါ စာလုံးကို တသွေမတိမ်း ပြန်လည် ဖော်ပြတာပါ။ ထိခိုက်ပျက်စီးမှု ရှိ၊ မရှိကို နောက်ဆက်တွဲသတင်းအနေနဲ့ ဖော်ပြတာလည်း အခုထိ မတွေ့ရသေးပါဘူး။

တိုက်ခိုက်မှု မစ်ရှင်ကြောင့် အဆောက်အအုံတွေ တကယ်ထိခိုက်ပျက်စီးမှု ရှိလားဆိုတာကို စိစစ်ဖို့ တိုက်ခိုက်မှု မဖြစ်ခင် ဧပြီလ ၁၆ ရက်နဲ့ တိုက်ခိုက်မှုဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့တွေမှာ ရိုက်ကူးခဲ့တဲ့ ဂြိုလ်တုဓါတ်ပုံနှစ်ခုကို နှိုင်းယှဉ်ကြည့်တော့ ရည်ညွှန်းထားတဲ့ အဆောက်အအုံတွေမှာ ထိခိုက်ပျက်စီးမှု ရှိတဲ့ လက္ခဏာမျိုး မတွေ့ရပါဘူး။

စာဖတ်သူများအနေနဲ့ ကိုယ်တိုင်မျက်စိနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ကြပါ။

#TNISO
ပြည်မြို့က အသက် ၆၀ အရွယ် အိုးဝေသမားကို သတ်ခဲ့တဲ့ တရားခံတွေ မိပြီလို့ ဆို

ဧပြီ ၂၂

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့မှာ ဧပြီလ ၄ ရက်နေ့က အသက် ၆၀ အရွယ် အိုးဝေမောင်းသမားကို သတ်သွားတဲ့ တရားခံတွေကို မိပီလို့သိရပါတယ်။

ပြည်မြို့ ရွှေတံခါးရပ်ကွက်က ဦးဖိုးလုံး မောင်းလာတဲ့ အိုးဝေကို ဧပြီလ ၄ ရက်နေ့က လူငယ် ၂ ဦးက ငှားရမ်းစီးနင်းခဲ့ပြီး အခင်းဖြစ်ရာ ကံသုံးဆင့်ကျောင်းအနားမှာ လည်ပင်းကို ဓ-ားနဲ့ ထိုး ပြီး လုယက်ခဲ့တာလို့ သိရပါတယ်။

"အဲ့ကလေးတွေက သုံးဘီးတားစီးကြတာ အိပ်ကပ်ထဲပိုက်ဆံပါတယ် ဆိုပြီး ဦးဖိုးလုံးကို သတ်ပြီးလုတာ။ ဦးဖိုးကလည်း ပြန်ခုခံတယ်တဲ့။ လည်ပင်းနဲ့ရင်ဘက် ၂ ချက်အထိုးခံရပြီး ဆုံးသွားတာ။ ဟိုလူတွေက အိပ်ကပ်ထဲပိုက်ဆံတွေလုပြေးတာ။ ဘယ်ဘက်အိပ်ကပ်ထဲက ဖုန်းတွေ ပါမသွားတော့ အလုခံရတယ်လို မထင်ကြတာ " လို့ ဒေသခံတစ်ဦးက မြို့‌တော်ပြောပါတယ်။

သေဆုံးသူ ဦးဖိုးလုံးကို ဓ-ားနဲ့ ထိုးသွားတဲ့ တိုးတက်ချမ်းသာ အသက်(၂၀) နှစ် တောင်ငူမြို့နေထိုင်သူ နဲ့ သီဟကျော် အသက် (၁၆)နှစ် ပေါင်းတည်မြို့နေသူ တို့ကို ဧပြီလ ၁၇ ရက်နေ့ ညပိုင်းမှာ ရွှေတံခါး အပိုင်း ၄ မြို့အနီးက ကျုံးထဲ ပုန်းနေတာကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

"သတ်တဲ့ကောင်တွေက အသက် ၁၆ အရွယ်တွေ။ ဦးဖိုးလုံးကို သတ်ပြီး Min Galar Garden Hotel ကို ပြန်ပြီး ပုံစံမပျက်နေကြတာ။ CCTV မှတ်တမ်းတွေနဲ့ ချိတ်ဆက်လိုက်ပြီး ဖမ်းခဲ့တာလို့ သိရတယ်။ ဦးဖိုးလုံးက အိုးဝေမောင်းသမားတော့ မဟုတ်ဘူး။ သူက ဘက်ဟိုး စက်ကြီးမောင်းတဲ့သူ အလုပ်နားတုန်း အိုးဝေမောင်းရာက ခုလိုဖြစ်တာ " လို့ နောကထပ် ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

အသက်(၆၀) ကျော် အိုးဝေမောင်းသမားကို သတ် ဖြတ် သွားကြတဲ့ လူငယ်(၂) ဦးကို ဖမ်းဆီးရမိပြီလို့ ဖော်ပြနေကြပြီး ဦးဖိုးလုံးဟာ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြည်မြို့မှာ လုယက်မှု ဓားထိုးမှုတွေ မကြာခဏ ဖြစ်နေပြီး ဖြစ်ရင်လည်း ဆယ်ကျော်သက်အရွယ် လူငယ်တွေ ပဲလို့ သိရပါတယ်။


မြို့တော်
ဒီနေ့ ဧပြီလ ၂၂ ရက်နေ့မှာ တပ်မတော်က ယာဉ်တန်းတွေ အစီးရေ ရာနဲ့ချီပြီး
လားရှိုးမြို့ကို ပြန်လည်၀င်ရောက်လာပြီ။

လားရှိုးမြို့ကို ရောက်လာရင် စစ်တပ်အနေနဲ့ ပထမဆုံးလုပ်ရမှာက MNDAA၊ TNLA၊ AA ‌တို့ရဲ့ သူလျှိုတွေ၊ အတွင်းသတင်းပေးတွေ၊ အမာခံတွေက ကျန်နေသေးပါတယ်။


ဒီကောင်တွေက ပထမ ၁၀၂၇ စစ်ဆင်ရေးတုန်းကလည်း သတင်းပေးပြီး
စစ်တပ်ရဲ့ လှုပ်ရှားမှုသတင်းတွေကို
စောင့်ကြည့်ပြီး သတင်းပေးခဲ့တဲ့သူတွေလည်း ဖြစ်တယ်။



Htimyataung
ပျံကြီးက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းစရက်ပိုင်းက
လွှင့်တဲ့ live မှာတော့ ဘယ်မှ ထွက်မပြေးပါဘူးဆိုပြီး
ကြောက်ကြောက်နဲ့ ပြောထားတယ်။

နောက်ကျတော့ ရက်ပိုင်းမကြာဘူး ပြေးတာ
အမေရိကန်ကို တန်းနေတာပဲ။
တစ်ယောက်တည်းမဟုတ်ဘူးနော်။
တစ်ဆွေလုံးတစ်မျိုးလုံးပါ ခေါ်ပြေးတာ။

နောက်ပိုင်းကျတော့ သိတဲ့အတိုင်းပဲ အမေရိကန်ကနေ ကုတ်နဲ့ကော်တောင်
မထွက်တော့ဘူး။
အမေရိကန်မှာ ရှိတဲ့ မြန်မာတွေကို ဂျင်းထည့်ပြီး
ခိုးစားရတာ ပိုပြီးအဆင်ပြေလို့
တစ်ဆိုင်ပြီး တစ်ဆိုင်၊ တစ်အိမ်ပြီး တစ်အိမ်
ဝယ်ထားပြီးပြီ။

သူများတွေက တရားဝင်နည်းလမ်းနဲ့ တစ်ယောက်တည်း
အမေရိကန်ရောက်ဖို့တောင် မနည်းလုပ်နေရတဲ့အချိန်မှာ
ပျံကြီးက တစ်ဆွေလုံးတစ်မျိုးလုံးပါ ခေါ်ပြေးတာတော့
စဉ်းစားစရာပဲ။

ဒီလူအုပ်ကို အမေရိကန်ရောက်အောင် ခေါ်ဖို့
ဘယ်သူတွေက လုပ်ပေးလိုက်လဲဆိုတာ ခုထိထုတ်မပြောသေးတာက
စစ်တပ်ကလုပ်ပေးလိုက်လို့များလားဆိုတာ
တွေးကြည့်ကြဦး။



htinmyataung
ငလျင်ဒဏ်ကြောင့် အဆောက်အဦးမီးလောင်ပြီး ပျက်စီးသွားတဲ့အထဲမှာ တက္ကသိုလ်၀င်တန်းအဖြေလွှာတွေပါသွားတဲ့ ကချင်၊ စစ်ကိုင်း၊ နေပြည်တော်၊ မန္တလေးက ကျောင်းသားတွေ
၁၆-၆-၂၅ ရက်ကနေစပြီး ၂၁-၆-၂၅ အထိ ပြန်ဖြေရမှာ ဖြစ်ပါတယ်။




ဒီဂျစ်တယ်နေ့စဉ်
NUG ထောက်ခံအားပေးတဲ့သူတွေရယ် ထောက်ပို့သူတွေရယ်
ဒေ၀လောက် နားလည်ရင်ကောင်းမယ်။


ဒေ၀တောင် ငလျင်ဘေးကယ်ဆယ်ရေးကို တတ်နိုင်သလောက် လုပ်ပေးနေတယ်။

နိုင်ငံခြားမှာနေတဲ့ မြန်မာတချို့က ပြည်တွင်းကို လှူတာ ပိတ်ပင်နေတယ်။


ဒီလိုကောင်တွေရှိနေလို့ တိုင်းပြည်က ရှေ့မရောက်တော့တာ။

ဘက်မတူတဲ့လူတွေကို မလိုမုန်းထားရင်းနဲ့ မဆိုင်တဲ့သူတွေကိုပါ ဒုက္ခရောက်စေတယ်။


မြန်မာတိုးတက်ဖို့အတွက်ဆိုရင် အဲ့ဒီလိုဂဏန်းလိုကောင်တွေကို အရင်ဖယ်ထုတ်မှရမယ်။





Htimyataung

Рэкорды

08.03.202521:44
3.9KПадпісчыкаў
01.02.202510:38
400Індэкс цытавання
25.01.202512:10
17.6KАхоп 1 паста
16.02.202523:59
1KАхоп рэкламнага паста
15.03.202523:59
20.41%ER
25.01.202512:10
460.30%ERR

Развіццё

Падпісчыкаў
Індэкс цытавання
Ахоп 1 паста
Ахоп рэкламнага паста
ER
ERR
OCT '24JAN '25APR '25

Папулярныя публікацыі ဒီဂျစ်တယ်နေ့စဉ်

မကွေးမှာ ပကဖစခန်းမှူးနဲ့ စစ်ရေးတာဝန်ခံကို လူပုံအလယ်မှာ ပကဖအချင်းချင်း ပစ်သတ်တဲ့ ကိစ္စ NUG က မဖြေရှင်းပေး

ဧပြီ-၂၄

၂၀၂၃ ခုနှစ်၊ မတ်လက မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ငကုန်းရွာက
အထက်တန်းကျောင်းတစ်ခုမှာ မင်းတုန်းမြို့နယ်ပကဖခေါင်းဆောင်နှစ်ဦး
ဖြစ်တဲ့ ဆလိုင်းအာကာနဲ့ ကိုဒေါင်းဆိုသူတို့က
မကွေးမြို့ပကဖခေါင်းဆောင်နဲ့ စစ်ရေးတာဝန်ခံဖြစ်သူ ရဲနိုင်ကို
အစည်းအဝေးခေါ်တဲ့ နေရာ လူအများရှေ့မှာပဲ
ပစ်သတ်လိုက်ပါတယ်။

ထိုကိစ္စနဲ့ပတ်သက်ပြီး မင်းတုန်းမြို့နယ်ပကဖခေါင်းဆောင်တွေက
NUG ဗဟိုက အမိန့်နဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားပါတယ်။
မကွေးပကဖခေါင်းဆောင် ရဲနိုင်က ABSDF-UNRA ရဲ့ အကူအညီ တောင်းခံမှုကြောင့် ထိုအစည်းအဝေးမှာ စစ်ရေးအရ ကူညီပေးနိုင်ဖို့
သွားရောက်ဆွေးနွေးခဲ့တာဖြစ်ပြီး
မင်းတုန်းမြို့နယ် ပကဖတွေက ABSDF ကို အကူအညီပေးဖို့
NUG က ညွှန်ထားတာ မရှိဘူးဟုဆိုကာ စကားများ ပြဿနာဖြစ်ရာမှ
မကွေးပကဖခေါင်းဆောင် ရဲနိုင် သေနတ်နဲ့ ပစ်သတ်ခံရခြင်း
ဖြစ်တယ်လို့ သိရပါတယ်။



htinmyataung
22.04.202503:19
ဒီနေ့ ဧပြီလ ၂၂ ရက်နေ့မှာ တပ်မတော်က ယာဉ်တန်းတွေ အစီးရေ ရာနဲ့ချီပြီး
လားရှိုးမြို့ကို ပြန်လည်၀င်ရောက်လာပြီ။

လားရှိုးမြို့ကို ရောက်လာရင် စစ်တပ်အနေနဲ့ ပထမဆုံးလုပ်ရမှာက MNDAA၊ TNLA၊ AA ‌တို့ရဲ့ သူလျှိုတွေ၊ အတွင်းသတင်းပေးတွေ၊ အမာခံတွေက ကျန်နေသေးပါတယ်။


ဒီကောင်တွေက ပထမ ၁၀၂၇ စစ်ဆင်ရေးတုန်းကလည်း သတင်းပေးပြီး
စစ်တပ်ရဲ့ လှုပ်ရှားမှုသတင်းတွေကို
စောင့်ကြည့်ပြီး သတင်းပေးခဲ့တဲ့သူတွေလည်း ဖြစ်တယ်။



Htimyataung
23.04.202504:13
ထိုင်း − မြန်မာ နယ်စပ်မှာ မူးယစ်မှောင်ခိုအဖွဲ့နဲ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့ပြီး မူးယစ်ဆေးအိတ်5လုံးပါသိမ်းဆီးရ သိမ်းရမိတဲ့ မူးယစ်တံဆိပ်က UWSA.171နဲ့SSPP.99 အမှတ်တံဆိပ်ပါ‌ရေးထားကြောင်း ‌ထိုင်းစစ်တပ်ပြော

ဧပြီ-၂၃

ထိုင်း − မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ မူးယစ်မှောင်ခို အဖွဲ့တစ်ခုနဲ့ ချင်းမိုင်မှာ နှစ်ကြိမ် တိုက်ပွဲဖြစ်ပြီး မှောင်ခိုသမား ၂ ဦးကို ရှင်းလင်းနိုင်ခဲ့သလို မူးယစ်ဆေးဝါးတွေကို သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

ဧပြီလ ၂၀ ရက်က ဒေသတွင်း မူးယစ်မှောင်ခိုမှု တိုက်ဖျက်ရေး ရည်မှန်းချက်တွေရဲ့ အစိတ်အပိုင်းအဖြစ် ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေမှာ အခုလို တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ထိုင်းစစ်တပ်ဟာ နယ်စပ်ဖြတ်ကျော် မူးယစ်မှောင်ခို အဖွဲ့တစ်ခုအကြောင်း သတင်းရခဲ့တဲ့နောက် တောလမ်းကနေ ဝင်ရောက်လာမယ့် မူးယစ်မှောင်ခို ဂိုဏ်းသားတွေကို တားဆီးဖို့ ကင်းလှည့်ယူနစ် နှစ်ခုကို ဖြန့်ကျက်ပြီး စောင့်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ အရုဏ်မတက်ခင် မနက်အစောပိုင်းမှာ ကင်းလှည့်ယူနစ် တစ်ခုဟာ မြန်မာဖက်ကနေ အဖွဲ့ဝင် ၈ ယောက်ပါလာတဲ့ မူးယစ်မှောင်ခို အဖွဲ့တစ်ခုနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ထိုင်းစစ်တပ်က သူတို့ကို ရပ်တန့်ဖို့ အမိန့်ပေးခဲ့ပေမယ့် တုံ့ပြန် တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲ စတင်ခဲ့တာပါ။ နယ်စပ်နဲ့ ၂ ကီလိုမီတာလောက် အကွာက အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း တခြားကင်းလှည့် ယူနစ်ကလည်း စစ်ကူအဖြစ် လာရောက်ပူးပေါင်းခဲ့ပါတယ်။

အဲဒီနောက် မူးယစ်မှောင်ခို အဖွဲ့သားတွေက ဆုတ်ခွာ ထွက်ပြေးဖို့ ကြိုးစားပြီး ထိုင်းစစ်တပ်က ထပ်ကြပ်မကွာ လိုက်လံ ချေမှုန်းရာကနေ ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲတစ်ခု မိနစ် ၂၀ လောက်ကြာအောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ထိုင်းစစ်တပ်ဟာ မနက် မိုးလင်းတဲ့ထိ လုံခြုံရေး ဆက်လက် ဖြန့်ကျက်ထားပြီး မြင်ကွင်း ပြတ်သားလာတဲ့ အချိန်မှ နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအခါ မူးယစ်မှောင်ခို အဖွဲ့သား ၂ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့သလို မူးယစ်ဆေးဝါးတွေ ထုပ်ပိုးထားတဲ့ ကျောပိုးအိတ် ၅ လုံးကို UWSA.171/SSPP.99အမှတ်တံပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

နောက်ပိုင်းမှာတော့ ထိုင်းနယ်ခြားစောင့် ယူနစ် ဖာမောင်အဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် ကစ်တီကောင် ချန်ထရာနဲ့ တခြား အရာရှိတွေဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

ထိုင်းစစ်တပ်ရဲ့ အဆိုအရ မူးယစ်မှောင်ခို အဖွဲ့သားတွေဟာ လက်ပစ်ဗုံး တစ်လုံးနဲ့ တိုက်ခိုက်ခဲ့သေးပေမယ့် ကံအားလျော်စွာပဲ ကွန်ကရစ် ရေလှောင်ကန် တစ်ခုနားမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး ထိုင်းစစ်သားတွေကို အထိအခိုက် မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ကိုးကား: Thaiger
23.04.202511:56
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မိုင်းဖုန်းဆရာတော်ကြီး ဖူးမြှော်ကြည်ညို

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများသို့ ထောက်ပံ့ကူညီလှူဒါန်းမှုများပြုလုပ်ရန် ကြွရောက်တော်မူလျက်ရှိသည့် မိုင်းဖုန်းဆရာတော်ကြီးသည် ယနေ့ ဧပြီ ၂၂ ရက်ညပိုင်းက နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ကြောင်း သိရသည်။
16.04.202504:20
ကိုယ်ဝန်ဆောင်မိခင်တဲ့၊ စိတ်မကောင်းစရာပဲ😥
ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးကို သင်္ကြန်ရေလောင်းတဲ့ကလေးအဖွဲ့က မျက်နှာကို ရေနဲ့ပက်လိုက်ရာမှ ရုတ်တရက်ဆိုင်ကယ်လည်ထွက်ပြီး ကားဖြင့်ပါ မတော်တဆတို-က်မိ၍ အသက်ဆုံးရှူံးခဲ့ရ😥
သေဆုံးသူမိန်းကလေးဟာ ကိုယ်ဝန်ဆောင်(၂လကျော်)မိခင်တစ်ဦးဖြစ်ပြီး ယနေ့ညနေ သင်္ဂြိုလ်မည်လို့သိရပါတယ်။

သင်္ကြန်ကာလ ရေလောင်းတဲ့သူတွေလည်း ရိုးရာအတိုင်း အေးအေးဆေးဆေးမလောင်းချင်ကြဘူး၊
ရှေ့ကနေဆီးပြီး ရေဖလားနဲ့ ခွက်စောင်းခု-တ်ပတ်တာတွေ၊ မျက်နှာတွေကိုမှ ဖျန်းခနဲ ပက်လိုက်ကြတာတွေ အရမ်းကျက်သရေတုံးတယ်၊ ပြီးရင် ရန်ဖြစ်ကြပြန်တယ်၊ ရိုင်းစိုင်းတဲ့အပြုအမူလို့ပဲမြင်တယ်။

အခုလို မိသားစုဘဝတွေ အသက်မဆုံးရှူံးသင့်ဘဲ ဆုံးရှူံးရပြီ 😥
ညီမလေး အေးမြတ်သူ💔💔💔
ကောင်းရာဘုံဘဝရောက်ပါစေ...
15.04.202513:09
မိုးသည်းထန်စွာ ရွာသွန်းချိန် တိုက်ပြိုကျ

၁၅.၄.၂၀၂၅ ညနေပိုင်း
မိုးသည်းထန်စွာ ရွာသွန်းချိန်
မန္တလေးမြို့ 26လမ်း 80×81 ကြားလမ်းထဲက

အရင် Fine Store တိုက်ပြိုသွားပါတယ်။
လူထိခိုက် ဒဏ်ရာရမှုမရှိပါဘူးတဲ့။
28.03.202523:27
မတ် ၂၉ ၊ မနက် ၅ နာရီ ၅၂ ငလျင် ထပ်လှုပ်တယ်။

အင်အား မပြင်း
ထွန်းမြတ်နိုင်က AA က ထွက်ပြေးတဲ့လူတွေကို သတ်ခိုင်းထားတယ်လို့
ရခိုင်သားတစ်ယောက်တင်ထားတယ်။

ထွန်းမြတ်နိုင်နဲ့ AA ရခီးတွေ ဘယ်လောက်မိုက်ရိုင်းလဲဆိုတာ ပြောပြမယ်။

မောင်တောမြို့က နခခ ၅ ကို သိမ်းတုန်းက ‌‌မြေအောက်‌ကနေ လှိုဏ်ခေါင်းတူးပြီး တိုက်တယ်လို့
ပြောထားတယ်။

တကယ်လည်း လုပ်ခဲ့ပါတယ်။
ဒါပေမယ့် တူးတာကတော့ ရခီး AA တွေ မဟုတ်ဘူး။

တိုက်ပွဲမှာ ဖမ်းမိထားတဲ့ စစ်တပ်ကလူတွေနဲ့ ရှေ့ဆုံးကနေ တူးခိုင်းတယ်။ လူသားဒိုင်းအနေနဲ့ သုံးပြီး
စစ်တပ်က ပစ်ရင် ကိုယ့်လူကို ထိပါစေဆိုပြီး လုပ်ထားတယ်။

တချို့တိုက်ပွဲတွေမှာလည်း ခုလိုမျိုးပဲ ဖမ်းမိထားတဲ့ တပ်မတော်သားတွေကို ရှေ့ကနေ ကာပြီး တက်ခိုင်းတယ်လို့ သိရတယ်။


AA ရခီးတွေရဲ့ လုပ်ရပ်က လက်နက်ကိုင်သူပုန်‌တွေထဲမှာ
အယုတ်တကာ့ အယုတ်ဆုံးလို့ပြောရမယ်။



Htinmyataung

ဧဒင် ဦးချစ်ခိုင် နဲ့ လုပ်ငန်းရှင်တချို့ ပြန်လွတ်

ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဧဒင်ဦးချစ်ခိုင် အပါအဝင် လုပ်ငန်းရှင်တချို့ ဒီကနေ့လွတ်မြောက်လာပြီလို့ စီးပွားရေးလုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။
ဦးချစ်ခိုင်ကို တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံလုပ်ငန်းမှာ အခွန်လျှော့နည်းပေးဆောင်လို့ဆိုပြီး အဂတိမှုနဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ကတည်းက အမှုဖွင့်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူ့အရင်ဖမ်းဆီးခံခဲ့ရတဲ့ NLD ဝန်ကြီးဟောင်းတွေဖြစ်တဲ့ လျှပ်စစ်ဝန်ကြီးဦးဝင်းခိုင်နဲ့ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ရဲ့ ထွက်ချက်တွေအရ သူ့ကို ဖမ်းခဲ့တာဖြစ်ပါတယ်။

မန္တလေးအိုးဘိုထောင်က လွတ်လာတဲ့ ဦးချစ်ခိုင်ဟာ အပြင်ကို ရောက်ရောက်ချင်း မိတ်ဆွေတွေကို ဖုန်းခေါ်ပြီးနှုတ်ဆက်ခဲ့တဲ့အကြောင်း သူ့မိတ်ဆွေတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အလားတူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဇေကမ္ဘာဦးခင်ရွှေရဲ့သား ဦးဇေသီဟလည်း ဒီမနက်ပဲ ရန်ကုန်အင်းစိန်ထောင်ကနေ လွတ်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောပါတယ်။

စားအုန်းဆီအမှုနဲ့ ဖမ်းဆီးထားတဲ့ ဆီလုပ်ငန်းရှင် လုပ်ငန်းရှင်တချို့ကိုလည်း ပြန်လွှတ်ပေးလိုက်ပြီ လို့ သိရပါတယ်။

12.Apr.2025;Sat
MyanmarUpdateNews
တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ငလျင်ကယ်ဆယ်ရေးအတွက် ယူနန်ပြည်နယ်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ဂိတ် ချင်း‌ရွှေဟော်ဂိတ်မှ ၀င်ရောက်လာတဲ့ ကယ်ဆယ်ရေးယာဉ်တန်း ယနေ့ ဧပြီလ ၂ ရက်နေ့မှာ မန္တလေးမြို့သို့ ရောက်ရှိလာပြီလို့ သိရပါတယ်။



ဒီဂျစ်တယ်နေ့စဉ်
သဘာ၀ဘေးဖြစ်နေတဲ့အချိန်မှာ ဒီလိုကောင်တွေက ရှိသေးတယ်။


အကုသိုလ်များတဲ့ကောင်တွေ


သက်ဆိုင်ရာတာ၀န်ရှ်ိသူတွေရဲ့ ထုတ်ပြန်ချက်ကို နားထောင်ပါ။
ကောလဟလတွေကို မယုံပါနဲ့။
မသမာသူတွေ အန္တရာယ်ကို ဂရုစိုက်ပါ။


Htimyataung
21.04.202506:02
သပိတ်ကျင်းမြို့နယ်က ပြည်သူတွေကို ဗုံးကြဲတာ မဟုတ်ပါ
PDF အကြမ်းဖက်သမားနဲ့ လက်နက်၊ ခဲယမ်း၊ ရိက္ခာထောက်ပို့လုပ်ပေးနေတဲ့
နေရာတွေကို ဗုံးကြဲတာပါ။

သပိတ်ကျင်းတို့ မတ္တရာတို့ဆိုတာက PDF နဲ့ သူ့အားပေးထောက်ခံတဲ့
အကြမ်းဖက်သမားတွေရဲ့ ခိုလှုံရာရွာတွေပဲ များတယ်။

အစိုးရဝန်ထမ်း၊ ဝန်ထမ်းအမျိုးတွေ၊ စစ်တပ်၊ စစ်တပ်နဲ့ပတ်သက်တဲ့သူတွေရှိရင်တောင်
အသတ်ခံရတဲ့နေရာတွေပါ။
လုံးဝကို PDF နဲ့ အမာခံ အကြမ်းဖက်အားပေးတဲ့ ရွာတွေပါ။

PDF အကြမ်းဖက်သမားတွေရှိတဲ့ နေရာတွေက
လက်ဦးမှုယူပြီး တိုက်ခိုက်ခံရမှာပဲ ဖြစ်တယ်။
ဘယ်သူပဲဖြစ်ဖြစ် ရန်သူရှိတဲ့နေရာကို လက်ဦးမှုယူပြီး
တိုက်ခိုက်တာဟာ စစ်ပွဲတိုင်းမှာ လုပ်တတ်ကြတဲ့ နည်းပါ။
ခုလည်း သပိတ်ကျင်းမြို့နယ်က ရေထွက်နဲ့ လိပ်ကျက
ဒီလိုပဲတိုက်ခိုက်ခံရတာပါ။

အကြမ်းဖက်သမားရှိလို့ ဗုံးကြဲ PDF အကြမ်းဖက်သမားတွေကို
ဗုံးကြဲတာပါ။

-အမေရိကန်လည်း အီရတ်နဲ့ အာဖဂန်မှာ တာလီဘန်တွေကို တိုက်တော့
ဗုံးကြဲတာပဲ။
-အစ္စရေးလည်း ဟားမတ်စ်တွေကို တိုက်တော့ ပါလက်စတိုင်းမှာ ဗုံးကြဲတာပဲ။
သူတို့တွေလည်း ပြည်သူတွေကို ကြဲတာမဟုတ်ဘူး
အကြမ်းဖက်သမားတွေကိုပဲ တိုက်ခိုက်တာပဲ။
ဗုံးကြဲတာခြင်းအတူတူ မြန်မာနိုင်ငံမှာကျမှ ပြည်သူတွေ ဖြစ်ကုန်တယ်။

ပြည်သူစစ်စစ်ကိုတော့ ဘယ်သူမှ ဗုံးကြဲမှာ မဟုတ်ဘူး
စစ်ပွဲဧရိယာထဲရောက်နေရင်တော့ ထိခိုက်ဆုံးရှုံးတာတွေ ဖြစ်မှာပဲ
သူပုန်တွေရှိတဲ့ နေရာက ဘယ်တော့မှ မအေးချမ်းနိုင်ပါ။



htinmyataung
ကျားဖြန့်တွေဟာ အရင်ကထက်ပိုပြီး
နည်းမျိုးစုံနဲ့ လှည့်ပတ်လိမ်နေပါတယ်။

ခုပုံထဲမှာဆိုရင် လ၀က က ဆိုတဲ့ ပုံစံမျိုးနဲ့ စာပို့ပြီးတော့ကို လိမ်နေပြီ။

သတိထားရမယ့်အဆင့်ထက်ကို ကျော်နေပြီ။


Htinmyataung
20-3-2025 ရက်နေ့က KIA တပ်ရင်း ၁၂ ကနေ ကသာမြို့နယ်ထဲမှ​ရွာ​ ၆ ရွာကို
လာပြီး​ လူခွန်၊ မြေခွန်ကောက်ဖို့စာရင်းလုပ်သွားတယ်လို့
သိရတယ်။

၁။ ထုံးရဲ
၂။ လိပ်ထုံး
၃။ ပိန္နဲချောင်း
၄။ ကုန်းသာ
၅။ သက်ကယ်ကျင်း
၆။ ငလူးတုံး စတဲ့ ကျေးရွာတွေမှာ ဆလန်ကမ္ဘာလို့ခေါ်တဲ့ KIA မြို့နယ်မှူးတွေက
ရွာလူဦးရေနဲ့ လယ်ယာမြေဧက ပိုင်ဆိုင်မှု စာရင်းတွေကို
အရေးတကြီး တောင်းယူနေတယ်လို့ သိရပါတယ်။

ရွာသားတွေရဲ့ပြောပြချက်အရ မြေယာပိုင်ဆိုင်သူဟာ​
နှစ်စဥ် ၁ ဧကကို ငွေကျပ် ၂ သိန်းနှုန်း၊
လူခွန်အနေနဲ့​ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ လူ ၁ ဦးဆိုရင်
ငွေကျပ် ၅,၀၀၀ နှုန်း ပေးရမယ်လို့ သတ်မှတ်ထားတယ်။

KIA​ က​ သူတို့ကြီးစိုးထားတဲ့ ကချင်ပြည်နယ်ထဲက
ရွာတွေမှာတောင် လူခွန်မကောက်ဘူး။
သူတို့ဒေသမဟုတ်တဲ့ ရပ်ရွာတွေမှာ လူခွန်လာကောက်တာက
ပြည်သူတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဆက်ကြေးကောက်တာပဲ။

ပြောသာပြောရတာ အဲ့ဒီဒေသကလူတွေကပဲ
KIA နဲ့​ PDF ကို​ခေါ်သွင်းလာတာလည်း သူတို့ပဲ။


htinmyataung
04.04.202502:17
ငလျင်ဒဏ်ကြောင့် ရွေ့လျားသွားတဲ့ ပြုတ်ကျတော့မယ့် ကျောက်သေတ္တာကို
ဖောက်ခွဲဖို့ ပြင်ဆင်

ဧပြီ ၄

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့်
ကျောက်ဆည်မြို့နယ်၊ စုကြီးရပ်ကွက်၊ ရွှေသာလျောင်းတောင်ပေါ်က
ကျောက်တုံးကြီး (ဒေသခံတွေအခေါ် ကျောက်သေတ္တာစေတီ) ကို
ပြုတ်ကျတော့မယ့် အခြေအနေဖြစ်နေတဲ့အတွက် ဖောက်ခွဲပြီး ရှင်းလင်းဖို့
လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကျောက်တုံးကြီးအောက်မှာရှိတဲ့ လူနေရပ်ကွက်တွေကိုလည်း
အန္တရာယ်ဇုန် သတ်မှတ်ထားပြီး အရေးပေါ်ပြောင်းရွှေ့ဖို့
မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က လိုက်လံအသိပေးထား
ကြောင်း သိရပါတယ်။

ကျောက်တုံးကြီးပြုတ်ကျလာနိုင်တဲ့ အန္တရာယ်ဇုန်ထဲက
ရပ်ကွက်တွေဖြစ်တဲ့ ကျောက်ဆည်မြို့နယ်၊ တောင်ဘက်ဈေးလမ်း
မြောက်ဘက်လေးမျက်နှာဘုရားလမ်းနယ်နမိတ်ထဲက
အိမ်ထောင်စုတွေကို ပြောင်းရွှေ့ခိုင်းထားပြီး
ဝေဘူချောင်ဓမ္မာရုံနဲ့ ဇရပ်တွေမှာ ယာယီနေထိုင်နိုင်ဖို့
စီစဉ်ပေးထားကြောင်း သိရပါတယ်။



ဒီဂျစ်တယ်နေ့စဉ်
Увайдзіце, каб разблакаваць больш функцый.