Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
Sitt Naing(69) avatar

Sitt Naing(69)

ပြည်ထောင်စုသတင်းစဥ်များနှင့်
တပ်မတော်သတင်းစဥ်များ၊ထူးခြားဖြစ်စဥ်သတင်းများ ဖော်ပြမည်။
TGlist 评分
0
0
类型公开
验证
未验证
可信度
不可靠
位置
语言其他
频道创建日期Jan 15, 2023
添加到 TGlist 的日期
Jan 01, 2025
关联群组

"Sitt Naing(69)" 群组最新帖子

ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်မေတ္တာမြင့်မြတ်ဟိန်းနှင့် မေမြတ်နိုးခင်တို့ စီးနင်းလိုက်ပါလာသည့်မော်တော်ယာဥ် အင်းတကော်မြို့အနီး၌ လမ်းဖြတ်ကူးသူအားရှောင်ရာမှ ယာဥ်တိုက်မှုဖြစ်ပွား
===========

ပဲခူး ဖေဖော်ဝါရီ ၂၅

ပဲခူးမြို့နယ်၊ အင်းတကော်မြို့အနီး ပဲခူး-ရန်ကုန်ကားလမ်းမ၌ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ညနေ(၅)နာရီကျော်အချိန်က ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်မေတ္တာမြင့်မြတ်ဟိန်းနှင့် မေမြတ်နိုးခင်တို့ စီးနင်းလိုက်ပါလာသည့်မော်တော်ယာဥ် အင်းတကော်မြို့အနီး၌ လမ်းဖြတ်ကူးသူအားရှောင်ရာမှ ယာဥ်တိုက်မှုဖြစ်ပွားကြောင်းသိရသည်။
ဖြစ်စဥ်မှာ။ ။ ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်နေ ယာဥ်မောင်းကိုစိုင်းသီဟန်မောင်းနင်ပြီး ယာဥ်ရှေ့ခန်းတွင် ဓာတ်ပုံဆရာကိုအောင်သူအောင်၊ ယာဥ်နောက်ခန်းတွင် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်မေတ္တာမြင့်မြတ်ဟိန်းနှင့် မေမြတ်နိုးခင်တို့ စီးနင်းလိုက်ပါလာသည့်မော်တော်ယာဥ်အမှတ် MDY-12/9E-8717 TOYOTA MARK IIအမျိုးအစားယာဥ်သည် ပဲခူး-ရန်ကုန်ကားလမ်းအတိုင်း ပဲခူးဘက်မှရန်ကုန်ဘက်သို့မောင်းနင်လာစဥ် အင်းတကော်မြို့၊ အမှတ်(၆)ရပ်ကွက် မိုင်တိုင်(၁၆/၁)နှင့်(၁၆/၂)အကြားအရောက်တွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦးအားတိမ်းရှောင်ရာ ယာဥ်မှာလမ်း၏ယာဘက်ခြမ်းသို့ရောက်ရှိသွားပြီး လမ်းဘေးတွင်စုံမီးဖွင့်၍ရပ်ထားသည့် ခြောက်မူးသံလုံးများတင်ဆောင်ထားသည့် FORTON အမျိုးအစားအဖြူရောင်တွဲကားယာဥ်အားနောက်မှဝင်ရောက်တိုက်မိခဲ့ကြောင်းသိရသည်။

ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်းကိုစိုင်းသီဟန်တွင် ညာလက်မောင်းပေါက်ပြဲဒဏ်ရာ၊ ညာခြေထောက်ကျိုးဒဏ်ရာ၊ ကိုအောင်သူအောင်တွင် ဝဲဘက်လည်ပင်ပွန်းခြစ်ဒဏ်ရာ၊ရင်ညွှန့်အောက်ဒဏ်ရာ၊ ကိုမေတ္တာမြင့်မြတ်ဟိန်းတွင် ခါးပွန်းပဲ့ဒဏ်ရာ၊ တင်ပါးပွန်းခြစ်ဒဏ်ရာ၊ မမေမြတ်နိုးခင်တွင် နှာခေါင်းသွေးထွက်၊ ဝဲဘက်လက်မောင်းကျိုးဒဏ်ရာ၊ ဝဲ/ယာခြေမပွန်းခြစ်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာဆေးကုသမှုခံယူကြပြီး ယာဥ်အားမဆင်မခြင်မောင်းနင်းသူစိုင်းသီဟန်ကို ဥပဒေအရအရေးယူနိုင်ရန် အင်းတကော်ရဲတပ်ဖွဲ့စခန်း၌ အမှုဖွင့် လှစ်ဆောင်ရွက်ထားရှိကြောင်းသတင်းရရှိသည်။
မြေငလျင်သတင်း
===================
++++++++++++++++++++++

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၅) နာရီ၊ (၅၃) မိနစ်၊ (၁၅) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်ဘက် (၁၀၀၅၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (North of Honduras) မြောက်လတ္တီတွဒ် (၁၇.၇၄) ဒီဂရီ၊ အနောက် လောင်ဂျီတွဒ် (၈၂.၄၈) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၇.၅) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

Ref:  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိကမ်းရိုးတန်း တစ် လျှောက်မှ မြို့နယ်၊ ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ

ဖေဖော်ဝါရီလ - ၇

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များပါဝင်သည့် တပ်မတော်ပင် လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများ၊ ရန်ကုန် တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်နဝါရီလ ၁၆ ရက်မှ ဖေဖော်ဝါရီလ ၅ ရက် အထိ ကျန်းမာရေးစောင့် ရှောက် မှု လုပ်ငန်းများဆောင်ရွက်ပေးပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၂)ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည် ရောက်ရှိလာရာ သန်လျင်တပ်နယ်မှ ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင်သော တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများကကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ အထူးကုဆေးအဖွဲ့ များသည် တနင်္သာရီကမ်းရိုး တန်းဒေသများဖြစ်သော ပုလောမြို့နယ်၊ မလိကျွန်း ပတ်ဝန်းကျင်ကျေးရွာများ၊ ကျွန်းစုမြို့နယ်၊ ကျွန်းစုမြို့ပတ် ဝန်းကျင်ကျေးရွာများ၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းပတ်ဝန်းကျင် ကျေးရွာများ၊ ကော့သောင်းမြို့နယ်၊ ဇာဒက် ကြီး ကျွန်းပတ်ဝန်းကျင်ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်အနီးတစ်ဝိုက်ဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ဟိုင်းကြီး ကျွန်းမြို့နှင့် ချောင်းဝကျေးရွာအနီးဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၇၃၂ ဦး၊ ခွဲစိတ်ရောဂါ ၄၃၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၃၉၉ ဦး၊ ကလေးရောဂါ ၅၂၈ ဦး၊ အရိုးရောဂါ ၈၉၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၆၀ ဦး၊ မျက်စိရောဂါ ၁၄၀၄ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၀၃ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၆၅၅၉ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေ ခွဲစိတ်လူနာ ၇၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂၅ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ် ကုသ မှုများဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၅၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၄၃၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၉၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၇၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကာ ကိုယ်ဝန် ဆောင်မိခင် ၁ ဦးအား အောင်မြင်စွာခွဲ စိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ဆေးရုံတက် ရောက် ကုသရန်လိုအပ်သော ဒေသခံပြည်သူ ၉၃ ဦးတို့ကိုလည်း သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော် ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ပြန်လည်ရောက်ရှိလာ သည့် တပ်မတော်နယ် လှည့်အ ထူး ကုဆေးအဖွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ဂုဏ်ပြုပေးအပ်ချီးမြှင့်သော လက်ဆောင်ပစ္စည်းများကို နိုင်ငံတော်စီမံအုပ် ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဗိုလ်မှူးချုပ် သိန်းထူး က ပေးအပ်ချီးမြှင့်ခဲ့ ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများ နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယခုခရီးစဉ်သည် (၁၈)ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူ စုစုပေါင်း ၁၆၃၆၄၆ ဦးတို့ကို ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည့် ခရီးစဉ်များအတွင်း ကိုယ်ဝန်ဆောင် မိခင် ၂၂ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ရန် ရောက်ရှိလာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက်

ဖေဖော်ဝါရီ ၃

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် ရောက်ရှိလာကြသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ရင်းရင်းနှီးနှီးကြိုဆို နှုတ်ဆက်သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များနေ့လယ်စာ စားသောက်နေမှုနှင့် ပြင်ဆင် ကျွေးမွေးနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နေထိုင်စားသောက်ရေး အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို စနစ်တကျပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
နေပြည်တော်ဇဗ္ဗူသီရိမြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ (၂)ရက်အတွင်း ငလျင် (၂)ကြိမ် လှုပ်ရှားခဲ့

ယနေ့  ဖေဖော်ဝါရီ (၃) ရက်၊ နံနက်အစောပိုင်း (၂) နာရီ၊ (၁၄) မိနစ်၊ (၀၁) စက္ကန့် အချိန်က ဇဗ္ဗူသီရိမြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြေငလျင်သတင်း ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဇဗ္ဗူသီရိမြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၉.၉၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိချက်အရ သိရသည်။
Join ထားကြပါမိတ်ဆွေများ

ပြည်ထောင်စုသတင်းစဥ်များနှင့်တပ်မတော်သတင်းစဥ်များ၊အမိန့်၊ညွှန်ကြားချက်၊ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ၊တိုက်ပွဲဝင်အောင်ပွဲသတင်းကောင်းများ၊တပ်မတော်၏နေ့စဥ်ဆောင်ရွက်ချက်ပြည်သူ့အကျိုးပြုသတင်းများ ဖော်ပြတင်ဆက်ပေးနေပါတယ်။

https://t.me/tatmatawnews009
ြန်မာကလေးငယ် ၁၉၀ ကျော် ပညာသင်ကြားနေသော  ကျောင်းကို ထိုင်းအာဏာပိုင်းများ ဝင်ရောက်စီးနင်း

ဇန်နဝါရီလ ၂၉ ရက်

ထိုင်း နိုင်ငံ ခိုဖန်ဂန်ရှိ ခရစ်ယာန်ဘုရားကျောင်း တစ်ခုတွင် မြန်မာကလေးငယ် ၁၉၀ကျော် ပညာသင်ကြားနေသော  မြန်မာ စာသင်ကျောင်းတစ်ကျောင်းကို ထိုင်းအာဏာပိုင်းက ဝင်ရောက်စီးနင်းခဲ့ကြောင်း  ဘန်ကောက်ပိုစ် သတင်းက ဖော်ပြသည်။

အဆိုပါ ကျောင်းတွင် မြန်မာနိုင်ငံသား ကလေးငယ် အသက် ၃ နှစ်မှ ၁၂ နှစ်ကြား ကလေး ၁၉၀ ပညာသင်ကြားနေခြင်းဖြစ်ပြီး  အင်္ဂလိပ်-မြန်မာဘာသာဖြင့် ဖတ်စာအုပ် ၃၁ အုပ်ကိုလည်း ရဲတပ်ဖွဲက သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများသည် ခိုဖန်ဂန်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် လည်ပတ်နေသော ကျောင်းကို အင်္ဂါနေ့က တွေ့ရှိခဲ့ကြောင်း Surat Thani ရဲတပ်ဖွဲ၏ စုံစမ်းစစ်ဆေးရေးမှူး Pol Maj Charoenchai Boonkliang က ဒီကနေ့မှာ ပြောဆိုခဲ့သည်။

ပါဝင်ပတ်သက်သူများအားလုံးကို "ခွင့်ပြုချက်မရှိဘဲ တရားဝင်ကျောင်း တည်ထောင်ခြင်း" နှင့် "အလုပ်ပါမစ်မရှိသော နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခြင်း" တိုဖြင့် တရားစွဲဆိုခံထားကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။
Join ထားကြပါမိတ်ဆွေများ

ပြည်ထောင်စုသတင်းစဥ်များနှင့်
တပ်မတော်သတင်းစဥ်များဖော်ပြမည်။
အိပ်ယာဝင် တေးသီချင်းလေးတွေနဲ့Feel မယ်။

https://t.me/Newschannel11115
ဆေးနှစ်ကြိမ်ထိုးရုံနဲ့ HIV ပိုးကိုသတ်နိုင်မယ့် ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့

ကုရာနတ္ထိဆေးမရှိတဲ့ AIDS ရောဂါကို ဖြစ်စေသော HIV ရောဂါပိုးဟာ အခုတော့ သိပ္ပံပညာရှင်များရဲ့   ဆန်းသစ်တီထွင်ဖန်တီးမှုကြောင့်  ချေမှုန်းခံရတော့မယ့်အခြေအနေဖြစ်လာပါပြီလို့ဆိုပါတယ်။

MIT တက္ကသိုလ်မှသုတေသနပညာရှင် များက HIV ကာကွယ်ဆေးတစ်မျိုးကို ဖန်တီးလိုက်ပါတယ်။ အဲဒီကာကွယ်ဆေး ကို    နှစ်ကြိမ်သာထိုးဖို့  လိုအပ်မှာပါ။ ပထမတစ်ကြိမ်က ကိုယ်ခံအားစနစ်ကို အသင့်ပြင်ဆင်ပေးတာဖြစ်ပြီး ဒုတိယ တစ်ကြိမ်မှာတော့ ပဋိပစ္စည်းတွေထွက်ရှိ လာအောင် လှုံ့ဆော်ပေးတာပါ။

အခုစမ်းသပ်မှုကို ကြွက်တွေနဲ့လုပ်ဆောင်ထားတာဖြစ်ပြီး အောင်မြင်မှုရရှိထားပါတယ်။ ဆက်လက်ပြီး ပညာရှင်များက ဆေးတစ်ကြိမ်ထိုးရုံနဲ့အာနိသင်ရှိစေမယ့်နည်းကိုဖော်ဆောင်နေပါတယ်လို့ သိရပါတယ်။       

Ref: IE
转发自:
MWD News avatar
MWD News
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော်၊ အောက်တိုဘာ (၁၉)
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး

အောက်တိုဘာ ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ် ရွာသစ်ကျေးရွာ၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေမှ Green House စနစ်ဖြင့် စိုက်ပျိုးထားသည့် ဟော်လန်ဆလတ်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး(ယာပုံ) အကျိုးအမြတ် အများဆုံးရရှိသည့် သီးနှံများနှင့်ရာသီအလိုက်စိုက်ပျိုးသင့်သည့် သီးနှံများစိုက်ပျိုးရန် ဆွေးနွေးမှာကြားသည်။

ထို့နောက်ပဲခူးမြို့နယ် မယင်းကျေးရွာယာယီ ရှင်းလင်းဆောင်၌ ဆီထွက်သီးနှံနေကြာစိုက် တောင်သူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ဆီထွက်သီးနှံစိုက်ပျိုးသူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင်(နေကြာဆီထွက်သီးနှံ)စီမံကိန်းမှ ချေးငွေများဖြင့် ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားပြီးတောင်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပဲခူးခရိုင်အတွင်းရှိ နေကြာစိုက် သမဝါယမအသင်း ၁၀ သင်း၊ အသင်းသားတောင်သူ ၉၀ တို့၏ စိုက်ပျိုးမြေဧက ၃၂၀ အတွက် ရေဆင်းစပ် မျိုး-၁ နေကြာမျိုးစေ့များ၊ သွင်းအားစုဓာတ်မြေ ဩဇာများ၊ ရုရှားသဘာဝရွက်ဖျန်းဆေးရည်များကို တောင်သူများထံသို့ ပေးအပ်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလိ-တပ်ကလေးမြောက်စု ဆက်သွယ်သောလမ်း အား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် တပ်ကလေးမြောက်စုကျေးရွာတွင်း လမ်းကွန် ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း၊ တပ်ကလေးမြောက်စုကျေးရွာ၌ ရေကြီးနစ်မြုပ်ခဲ့သည့် စက်ရေတွင်းများအား တွင်းဆေး တွင်းမှုတ် ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

记录

23.02.202523:59
1.4K
订阅者
22.01.202523:59
100
引用指数
13.10.202423:59
510
每帖平均覆盖率
09.01.202518:28
84
广告帖子的平均覆盖率
04.02.202523:59
10.00%
ER
03.01.202505:24
15.21%
ERR

Sitt Naing(69) 热门帖子

03.02.202503:32
Join ထားကြပါမိတ်ဆွေများ

ပြည်ထောင်စုသတင်းစဥ်များနှင့်တပ်မတော်သတင်းစဥ်များ၊အမိန့်၊ညွှန်ကြားချက်၊ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ၊တိုက်ပွဲဝင်အောင်ပွဲသတင်းကောင်းများ၊တပ်မတော်၏နေ့စဥ်ဆောင်ရွက်ချက်ပြည်သူ့အကျိုးပြုသတင်းများ ဖော်ပြတင်ဆက်ပေးနေပါတယ်။

https://t.me/tatmatawnews009
08.02.202506:38
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိကမ်းရိုးတန်း တစ် လျှောက်မှ မြို့နယ်၊ ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ

ဖေဖော်ဝါရီလ - ၇

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များပါဝင်သည့် တပ်မတော်ပင် လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများ၊ ရန်ကုန် တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်နဝါရီလ ၁၆ ရက်မှ ဖေဖော်ဝါရီလ ၅ ရက် အထိ ကျန်းမာရေးစောင့် ရှောက် မှု လုပ်ငန်းများဆောင်ရွက်ပေးပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၂)ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည် ရောက်ရှိလာရာ သန်လျင်တပ်နယ်မှ ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင်သော တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများကကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ အထူးကုဆေးအဖွဲ့ များသည် တနင်္သာရီကမ်းရိုး တန်းဒေသများဖြစ်သော ပုလောမြို့နယ်၊ မလိကျွန်း ပတ်ဝန်းကျင်ကျေးရွာများ၊ ကျွန်းစုမြို့နယ်၊ ကျွန်းစုမြို့ပတ် ဝန်းကျင်ကျေးရွာများ၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းပတ်ဝန်းကျင် ကျေးရွာများ၊ ကော့သောင်းမြို့နယ်၊ ဇာဒက် ကြီး ကျွန်းပတ်ဝန်းကျင်ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်အနီးတစ်ဝိုက်ဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ဟိုင်းကြီး ကျွန်းမြို့နှင့် ချောင်းဝကျေးရွာအနီးဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၇၃၂ ဦး၊ ခွဲစိတ်ရောဂါ ၄၃၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၃၉၉ ဦး၊ ကလေးရောဂါ ၅၂၈ ဦး၊ အရိုးရောဂါ ၈၉၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၆၀ ဦး၊ မျက်စိရောဂါ ၁၄၀၄ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၀၃ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၆၅၅၉ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေ ခွဲစိတ်လူနာ ၇၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂၅ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ် ကုသ မှုများဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၅၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၄၃၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၉၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၇၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကာ ကိုယ်ဝန် ဆောင်မိခင် ၁ ဦးအား အောင်မြင်စွာခွဲ စိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ဆေးရုံတက် ရောက် ကုသရန်လိုအပ်သော ဒေသခံပြည်သူ ၉၃ ဦးတို့ကိုလည်း သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော် ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ပြန်လည်ရောက်ရှိလာ သည့် တပ်မတော်နယ် လှည့်အ ထူး ကုဆေးအဖွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ဂုဏ်ပြုပေးအပ်ချီးမြှင့်သော လက်ဆောင်ပစ္စည်းများကို နိုင်ငံတော်စီမံအုပ် ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဗိုလ်မှူးချုပ် သိန်းထူး က ပေးအပ်ချီးမြှင့်ခဲ့ ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများ နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယခုခရီးစဉ်သည် (၁၈)ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူ စုစုပေါင်း ၁၆၃၆၄၆ ဦးတို့ကို ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည့် ခရီးစဉ်များအတွင်း ကိုယ်ဝန်ဆောင် မိခင် ၂၂ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
25.02.202502:17

登录以解锁更多功能。