Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
ချစ်သင့်လွင်ပြင် 🤍 avatar
ချစ်သင့်လွင်ပြင် 🤍
ချစ်သင့်လွင်ပြင် 🤍 avatar
ချစ်သင့်လွင်ပြင် 🤍
时间范围
浏览量

引用

帖子
隐藏转发
26.02.202514:43
ကမ္ဘာဟာလုံးသလား
ပြားသလားဆိုတော့
ကမ္ဘာဟာမမတင့်ပါ

(1)
တေးသီဖောင်ဖွဲ့နေတဲ့ငှက်နှစ်ကောင်
လှလှပပရစ်နှောင်ချည်ပတ်ထားကြ
လက်ပံပွင်တွေသုပ်စားကြမယ်

ကြက်သွန်မြိတ်လေးတွေ
အုပ်ထားတဲ့ငပိချက်တစ်ခွက်
ဘာဟင်းမှထပ်မလိုပဲ
စားကောင်းပါပေတယ်

(2)
နွေလေရူးတွေထံက
သတင်းစကားတိုးတိုးလေးဟာ
မမတင့်ပျော်နေကြောင်းပေါ့
အချစ်တွေပါမမတင့်ရယ်
အပြစ်တွေမဟုတ်ပါဘူး

မနဲ့မကြားမှာကျွန်တော်တို့ပျော်ခဲ့ကြ
ငိုခဲ့ကြ စျေးခြင်းတောင်းထဲက
ပန်းသီးကလေးတစ်လုံး
ဘယ်သူဖို့များလဲ

(3)
နာရီလက်တံတို့လဲအိုမင်း
ယို့ယွင်းလာကြပြီ
စားချိန်မမှန်အိပ်ချိန်မမှန်
မကောင်းသောလူခန္ဓာပါ
ဘာဆိုဘာမှမကောင်းဘူး
ကုန်စျေးနှုန်းကအစ
အုပ်ချုပ်သူအဆုံးပေါ့

ခုလို့ညနေစောင်းဆို
အိပ်မရတဲ့ငှက်တွေများစွာ
အတွေးတွေများစွာ
ကဗျာတွေထဲမှာ
စီးကရက်တွေဟာမြေစာပင်
မီးလောင်ရာ​နဲ့သွေးရင်းကောင်
(4)
ရုပ်ပျက်ဆင်းပျက်နဲ့
အတွေးတစ်ချို့
အသွားနဲ့မခုတ်ပဲ
ဓားနောင့်နဲ့ခုတ်နေတဲ့
စကားလုံးလေးဟိုတစ်စု
ဒီတစ်စု မသေမရှင်
ခုတ်ကြသတ်ကြ

မြန်မာပြည်နှစ်ခြမ်းကွဲတော့
ကျွန်တော် ဖာကြည့်တယ်
ဒီမိုကရေစီအကြောင်း
ဖာနိုင်ငံကလူတွေကို
ပြောပြရတာ အာပေါက်တာပဲရှိမယ်

(5)
တစ်ကောင်စနှစ်ကောင်စ
ငှက်တစ်အုပ်ကိုလိုက်ရေတယ်
လွမ်းတဲ့စိတ်ဟာတိုက်စားလွန်းတော့
မျက်ခမ်းပါးတွေပြိုကြရှာပြီလေ

မမတင့်ထွက်သွားတဲ့ရက်တွေ
ထဲမှာညညအိပ်၍မပျော်
တစ်ညလုံးကဗျာထိုင်ရေးတယ်
ခက်ပါတယ် မမတင့်ရယ်
အလွမ်းတွေဟာ သိပ်ကိုခက်တယ်


မေးခွန်းတွေထုတ်ချင်ခဲ့မိတယ်
အတွေးတွေကိုရပ်တန့်ပစ်လိုက်တယ်
ကျွန်တော်ဟာလူသေကောင်နည်း
ထုတ်သုံးပစ်လိုက်တယ်

ဝှက်ဖဲလေးတစ်ချို့သိမ်းထားပါရဲ့
မျက်ရည်စတစ်ချို့လဲရှိပါရဲ့
ဆေးလိပ်တွေဖျက်လိုက်တယ်
အဆုတ်တွေဘယ်ပျောက်ကုန်ပါလိမ့်

သတင်းစကားတွေမကြားရတာလဲ
ကြာရှည်လွန်းလှပါပြီ
ဒီနှစ်နွေဆိုတာကလဲ
ပူလောင်အုံးမယ်

(6)
တင့်မေတ္တာတွေမရှိတဲ့နောက်
ယိုင်တိယိုင်တိုင်
လုလင်ပျိုတစ်ဦး မလုပ်နိုင်ခဲ့ဘူး
အတိတ်တွေကိုထွေးပွေ့ထားတယ်
နွေမျက်ရည်တွေကြား မှုန်ဝါးလာတယ်
ရေးတေးတေးလေးမြင်နေရတဲ့
စာလေးတစ်ဆောင် ဆောင်ကြပါလေ
ဆောင်ကြပါလေ...။


#Mgki
26.02.202509:13
ကိုယ်လုပ်ကိုယ်ခံတဲ့လား...
ဒီကမ္ဘာမှာလူငယ်တွေစခဲ့တဲ့စစ်ပွဲ
လားလားမှမရှိခဲ့။

#ထက်အရုဏ်
26.02.202504:00
အသုံးမဝင်တဲ့အရာတွေအတွက်
ကမ္ဘာကြီးမှာ နေရာမရှိဘူး ။

#ဂန္ဓမာ
25.02.202517:23
ငါကလည်းဒေါသနဲ့မင်းကလည်းမာနနဲ့ ဘယ်ရထားမှာလွဲသွားလည်းမမေးနဲ့ မဆုံနိုင်မှန်းသိတဲ့လမ်းကို ငါတို့ကိုတိုင်ရွေးချယ်တာဘဲ။

_ရှင်ငြိမ်းခတ်
25.02.202514:20
လူတွေပြောသော ချစ်ခြင်းမေတ္တာဟာ
စွန့်လွှတ် အနစ်နာခံခြင်းတဲ့

အချစ်ရေ
ကိုယ်အများကြီးမတောင်းဆိုပါဘူး
သစ္စာရှိရှိစောင့်ရုံရယ်
ဒါတောင် ငါတို့လွဲခဲ့တယ် ။

မင်းဧကရာဇ်
25.02.202511:09
လေတွေတိုက်လို့
ခန်းစည်းလေးလွင့်လာတာကအစ
မင်းပြန်လာတာလားလို့
ကိုယ်ထင်မိတယ် ။
အစစအရာရာ ဂရုစိုက်ပါကွယ် ။

#ဂန္ဓမာ
26.02.202511:07
ငါကိုယ်တိုင်လုပ်ယူဖန်တီးထားတဲ့ဝဋ်ကမင်းဘဲ.......။
လည်ချင်သလိုသာလည်ပါစေတော့
ဒီဘဝ ဒီအမျှ ငါစိတ်မနာနိုင်သရွေ့ဘဲပေါ့.......။

_ရှင်ငြိမ်းခတ်
26.02.202506:33
ဒဏ်ရာတစ်ချို့ကိုခုတုံးလုပ်လို့
မာနတွေကိုပြာခြွေခဲ့တယ်
မမှီသောပန်းငယ် မွေးရနံမှာတင်
ခြောက်သွေ့ရတဲ့ပင်စည်ပါ
တောင်းဆုတစ်ခုဟာ
ထိုဝဋ်ကြွေးအသက်ဆုံးတိုင်
ဆပ်မကုန်ပါစေနဲ့...။

#Mgki
26.02.202504:00
🇲🇲🇹🇭🔠🔠🔠🔠🔠🔠🔠3️⃣8️⃣8️⃣💎

❤️ နိုင်ခြေများတဲ့ဂိမ်းတွေ ကိုစုစည်းထားတဲ့ဂိမ်းဆိုက် 😀😀

💸 ကြိုက်သလိုကစား စိတ်ကြိုက်ထုတ်
👋

💸ငွေသွင်းငွေထုတ် ယုံကြည်စိတ်ချရတဲ့အပြင်

😀ဘောနပ်စုံစုံလင်လင်ယူ ကစားချင်တယ်ဆိုရင်တော့ 👌

⚡️မြန်မာငွေ 5⃣0⃣0⃣0⃣ ကျပ်ကစပြီး

ဆော့ကစားနိုင်ပါပြီနော်ရှင့်
🥰

⚡️ : Telegram Channel link👌
➡️ @diamondonlinegame


⏰ 24 နာရီ ဆက်သွယ်မေးမြန်းရန်✉️

📱➡️ @DiamondOnline388


📱 ➡️09 65 00 83 888


📱➡️ @diamondonline


📱 ➡️Diamond388game


ကိုယ်တိုင်အကောင့်ဖွင့်ရန်
🤩➡️ Free Acc


📱: Freeယူနစ် လက်စမ်းရန်
🎁➡️ Free Gamex
25.02.202516:06
ကမ္ဘာကြီးကိုလဲအံမတုရဲ
မအပြုံးလေးကိုလဲ
မစွန့်ခွာရဲ့ မောင်တော်တော်
အားနည်းပါတယ်ကွယ်
မ မျက်ရည်မကျသ၍ပေါ့...။

#Mgki
25.02.202513:54
ဇာတ်လမ်းကဒီလိုစတယ်
မစသေးခင်မှာတင်
ဇာတ်သိမ်းကိုရေးတယ်။

ကိုရာဇီ
ခင်များရဲ့ရာသီဥတုလေးရော
ကျန်းမာရဲ့လား။

-နယ်သာပို
25.02.202511:06
ကဗျာရေးသူများထံသို့ !!!

ဒီPage (https://www.facebook.com/share/18VFrkygui/ )လေးမှာ
ကဗျာပြိုင်ပွဲလေး ကျင်းပဖို့ ရှိပါတယ်

ကျင်းပမည့် အချိန်ကတော့ Feb - 25 မှ Mar - 3 အထိပါ

အကောင်းဆုံး ကဗျာကလောင်ရှင်အတွက်
မြန်မာငွေ - ၅၀၀၀၀ကျပ်

ဒုတိယဆုအတွက် - ၃၀၀၀၀ကျပ်

တတိယဆုအတွက် - ၂၀၀၀၀ကျပ်တို့
ပေးအပ်သွားပါ့မယ် ခင်ဗျ။

ကဗျာ အတို
ကဗျာ အရှည်
မော်ဒန်ကဗျာ
စာတို
ကြိုက်နှစ်သက်ရာ ပို့ပေးလို့ရပါတယ်

ရက်စွဲနဲ့ ကလောင်နာမည်ကို
ကဗျာနဲ့အတူ တပ်ပေးရပါမယ်
ကဗျာများကို Pageမှာ တင်ပေးသွားမှာ ဖြစ်ပြီး
ဒိုင်တွေ ရဲ့ အဆုံးအဖြတ်‌နဲ့အတူ
Postတစ်ခုချင်းစီရဲ့ Reactတွေကိုပါ ထည့်သွင်း
တွက်ချက်မှာ ဖြစ်ပါတယ်။

ကဗျာဝါသနာရှင်များ ကဗျာစာမူများ
ပေးပို့ခြငိးဖြင့် ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။🌻

- သက္ကရာဇ်တစ်ခုပြန်လည်မွေးဖွားခြင်း-
- artvibes -
- သူရဇ္ဇနီ -
26.02.202510:36
Radio

ကဗျာလေးတွေ ဖတ်ရန် 🎀🩷

Join > @poemsartoe
Join > @Ch_by_Poem

#𝐌𝐮𝐮
#Crd_Video
26.02.202506:03
ကျွန်တော်လေ ကိုယ်မတတ်နိုင်တာ သေချာပြီဆိုရင်
ဝမ်းမနည်းတော့ဘူး
စိတ်မကောင်းလည်း မဖြစ်တော့ဘူး။

- မြကျေး
26.02.202502:19
ပျောက်ဆုံးခြင်းတွေထဲမှာ ကို့ကိုယ်ကို ပြန်ရှာမတွေ့နိုင်အောင်ပျောက်ဆုံးခြင်းကကြောက်စရာအကောင်းဆုံးနဲ့ အန္တရာယ်အများဆုံးပါဘဲ။

_ရှင်ငြိမ်းခတ်
25.02.202515:12
အလိမ်အညာကို ဥပမာသုံးရတာ
ခုခေတ်မှာ ဘာများခက်လို့လဲ

"ချစ်တယ်" ပြောပြီး
လိုချင်တာရသွားရင်
ချန်ထားခံရမဲ့ အခြေအနေရဲ့
အဝေးဆုံးကို ငါပြေးထွက်ရပါစေ။ ။

-Zenith🔳
25.02.202512:11
တစ်နေ့တာလည်ပတ်မှုမှာ
မ”အပြုံးလေးက မောင်မျက်နှာမှမခွာရ
မောင်အချစ်စစ်​ကြောင်းအတွက်
ကမ္ဘာလည်ပါစေ
လူသားတို့အသက်ရူနေပါစေ...။

#Mgki
ကမ္ဘာကြီးတစ်ခုလုံးကို ထမ်းထားဖို့
ကျွန်တော်ပုခုံးတွေ မသန်းစွမ်းပါဘူး
သို့သော်....ကမ္ဘာကြီးရဲ့အစိတ်အပိုင်း
တခုဖြစ်တဲ့ မမအပြုံးကို ပိုင်ဆိုင်ရမယ်ဆို
ကျွန်တော်ပုခုံးတွေ အသားမာတက်စေလိမ့်မယ်။


- မှိုင်း
26.02.202510:29
2️⃣6️⃣ရက်နေ့ညနေဆရာ့ရဲ့မန်ဘာအဖွဲ့ဝင်တွေအားလုံးအနီးကပ် ဒဲ့အောကွက်နဲ့အောင်မြင်ခဲ့ပါပြီ

ညနေအတွက်4️⃣ထိပ်အပိုင်နဲ့4️⃣8️⃣ဒဲ့ပေးတာပေါက်ကြပြီနော်

မနက်အတွက်ကိုအောက်ကချန်နယ်မှာ Free တင်ပေးမယ် Join ပြီးဝင်ကြည့်ပါ

👉https://t.me/MUSALVIP111

👉https://t.me/MUSALVIP111

တစ်ကွက်ကောင်းနဲ့အောင်မြင်လိုသူတွေက Admin acc ကိုဆက်သွယ်ပါ👇👇👇

ဆက်သွယ်ရန် @musaL114 Hi ထား

Viber - 09. 682294940

မပေါက်လျှင်ငွေပြန်အမ်းပေးမည်
26.02.202506:02
2⃣6⃣ရက်နေ့မနက်ဆရာရဲ့မန်ဘာအဖွဲ့၀င်တွေအားလုံးအနီးကဒ် ဒဲ့အောကွက်နဲ့အောင်မြင်ခဲ့ပါပြီ

မနက်အတွက်6⃣ထိပ်အပိုင်နဲ့6⃣2⃣ဒဲ့ပေးတာပေါက်ကြပြီနော်

ညနေအတွက်ကိုအောက်ကချန်နယ်မှာfreeတင်ပေးမယ်joinပြီး၀င်ကြည့်ပါ

👉https://t.me/MUSALVIP111

👉https://t.me/MUSALVIP111

တစ်ကွက်ကောင်းနဲ့အောင်မြင်လိုသူတေကAdmin acc ကိုဆက်သွယ်ပါ
👇👇👇👇

ဆက်သွယ်ရန်@musaL114 hiထား

Viber-09682294940

မပေါက်လျှင်ငွေပြန်အမ်းပေးမည်
26.02.202501:08
❛⁠ လှည့်စားခြင်းဟာ
သစ္စာဖောက်ခြင်းထက် ဆိုးတယ်။

သစ္စာဖောက်ရတာမှာ
ခွင့်လွှတ်နိုင်ဖွယ်အကြောင်း
ရှိချင်ရှိလိမ့်ဦးမယ်။

လှည့်စားတာမှာတော့ မူလကတည်းက
ရက်စက်တဲ့စေတနာ ရှိနှင့်တယ်။

▪️တက္ကသိုလ်ဘုန်းနိုင်
25.02.202514:49
စာသူငယ်ဟာ
မှန်ဖူးသောခဲကို မျက်ကွယ်ပြုလျက်
အို... အချင်းတို့
ထိုစာသူငယ်အတွက် အချစ်
ပျောက်ဆေးပေးပါ။

#ထက်အရုဏ်
25.02.202511:31
ဟာသရသစုံ
Vd အတွဲ ဟာတွေ
ကြူးစရာလေတွေ
တင်တာမို့

Channel Join > @Ch_By_Us
24.02.202513:54
မင်းလားကွ အာဏာရှင်
မင်းလားကွ အာဏာရှင်
မင်းလားကွ အာဏာရှင်
အာဏာရှင်ခေတ်မှာ ဒီလိုအော်ရဲတာ
တော်လှန်ရေးသမားနဲ့
ကဗျာဆရာတွေပဲရှိတယ်။

#ရဲနီမျိုး
显示 1 - 24 161
登录以解锁更多功能。