လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး ခေါင်းစဥ်တပ်ပေးမယ့် ဒေါ်လာ ၃၉ သန်းကျော်ကို ထရန့် ရပ်ဆိုင်း
ဒေါ်လာဘီလျံများစွာ ထင်သလိုသုံးမှုနဲ့ စုံစမ်းစစ်ဆေးရပ်ဆိုင်းခံနေရတဲ့ အမေရိကန် နိုင်ငံတကာ ဖွံဖြိုးမှုအေဂျင်စီ (USAID) ကတစ်ဆင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ မီဒီယာဖွံဖြိုးရေးခေါင်းစဥ်တပ်ပြီးပေးအပ်မယ့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၉ သန်းကျော်ကို အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရန့်က ရပ်ဆိုင်းလိုက်ကြောင်း Human Rights Myanmar (HRM) အဖွဲက ထုတ်ပြန်လာပါတယ်။
USAID ကို ပိတ်ပစ်ဖို အမေရိကန်အစိုးရ ဆုံးဖြတ်ချက်ကြောင့် လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို ကတိပြုထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၃၉,၅၄၇,၁၄၆ ကို ဆိုင်းငံ့ထားတာဖြစ်ပြီး ဒီရန်ပုံငွေတွေကို ဘယ်အချိန်မှ ပြန်လည်ပေးအပ်မယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပြန်ပါဘူး။
လူ့အခွင့်အရေး ကာကွယ်ရေးခေါင်းစဥ်အောက်က စီမံကိန်း ခုနစ်ခုအတွက် ဒေါ်လာ ၈ သန်း၊ ဒီမိုကရေစီခေါင်းစဥ်အောက်က လုပ်ငန်း ၉ ခုအတွက် ဒေါ်လာ သန်း ၃၀ နဲ့ ပြည်ပထွက်ပြေးတဲ့ တရားမဝင် Exile မီဒီယာတွေကို ပံ့ပိုးပေးမယ့် အစီအစဉ် ၂ ခုအတွက် ဒေါ်လာ ၁ သန်းကို ဖြတ်တောက် ဆိုင်းငံ့လိုက်တာပါ။