26.02.202504:55
❝ဒေါ်လာ (၅၀ဝ)ထက်မကျော်တဲ့ သစ်အချောထည် ပရိဘောဂပစ္စည်းတွေနဲ့ ကြမ်းခင်းတွေကို စာရွက်စာတမ်းမလိုဘဲ ပြည်ပသို့ တင်ပို့ခွင့်ရဖို့ ညှိနှိုင်းနေ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟔》
တန်ဖိုးငွေ အမေရိကန်ဒေါ်လာ (၅၀ဝ) ဈေးနှုန်းထက်မကျော်သည့် ပြည်တွင်းထုတ် သစ်အချောထည် ပရိဘောဂပစ္စည်းများနှင့် ကြမ်းခင်းများကို သက်ဆိုင်ရာ၏ စာရွက်စာတမ်းမလိုအပ်ဘဲ ပြည်ပသို့ တင်ပို့ခွင့်ရရှိရန် မြန်မာနိုင်ငံသစ် အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းနှင့် သစ်တောဦးစီးဌာနတို့အကြား ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်ပတင်ပို့ရန် အမေရိကန်ဒေါ်လာ (၅၀ဝ)အောက်သာ တန်ဖိုးသတ်မှတ်ထားသော ပရိဘောဂပစ္စည်းများထဲတွင် စားပွဲ၊ ကုလားထိုင်စသည့် ပစ္စည်းများလည်း ပါဝင်သည်ဟုသိရပြီး ယင်းပစ္စည်းများကို ပြည်ပသို့တင်ပို့ရာ၌ သက်ဆိုင်ရာဌာနများ၏ စာရွက်စာတမ်းမလိုဘဲ တင်ပို့ခွင့်ပြုရန် မြန်မာနိုင်ငံသစ် အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းက သစ်တောဦးစီးဌာနသို့ တင်ပြထားခြင်းဖြစ်သည်ဟုဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် သစ်အချောထည် ပရိဘောဂပစ္စည်းများနှင့် အချောထည် သစ်ကြမ်းခင်းများကို နှစ်စဉ် အိန္ဒိယ၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့နေပြီး
Read More... https://telegra.ph/Myanmar-Hard-Talk-02-26-9

25.02.202502:48
❝သက်ကြီးပုဂ္ဂိုလ်များအား ထောက်ပံ့သည့် လူမှုရေးပင်စင် အစီအစဥ်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်တို့မှ အကျိုးခံစားခွင့်ရှိသူများအား ယခုဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစကဒုဥက္ကဋ္ဌပြော❞
≋❛Public Feedback Programme-PFP❜ အသုံးပြု၍ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဟုဆို≋
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟓》
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်ဖြစ်သည့် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား ထောက်ပံ့သည့် လူမှုရေးပင်စင်အစီအစဉ် (Social Pension) နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer Program - MCCT) တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့...
Read More... https://telegra.ph/Myanmar-Hard-Talk-02-25-4

24.02.202504:58
❝ဂျပန်နိုင်ငံမှ ဝယ်ယူထားသည့် DEMU ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-နေပြည်တော်ခရီးစဉ်များကို ဖေဖော်ဝါရီ ၂၈ ရက်တွင်စတင်ပြေးဆွဲမည်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟒》
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် နေပြည်တော်- ရန်ကုန်- နေပြည်တော်ခရီးစဉ်ကို ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခေတ်မီ DEMU ရထားတွဲဆိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်အထိ စမ်းသပ်ပြေးဆွဲသည့် ခရီးစဉ်အဖြစ် မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၅ (MSME) နေပြည်တော်သို့ တက်ရောက်လာကြသည့် ကုမ္ပဏီအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂလိကလုပ်ငန်းရှင်များအပါအဝင် ခရီးသွားပြည်သူ ၁၃၀ ဦးတင်ဆောင်၍ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီတွင် နေပြည်တော်ဘူတာကြီးမှ စတင်ထွက်ခွာခဲ့ရာ ရန်ကုန်ဘူတာသို့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် ရောက်ရှိကြောင်းနှင့် နေပြည်တော်မှ ရန်ကုန်သို့ ဘူတာစဉ်ရပ်တန့်ချိန်များအပါအဝင် ခရီးသွားချိန် ၅ နာရီ မိနစ် ၅၀ ကြာမြင့့်ခဲ့သည်ဟုဆိုသည်။
Read More... https://telegra.ph/Myanmar-Hard-Talk-02-24-13

24.02.202501:33
❝စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ယခင်တစ်ပတ်ကထက် ထပ်မံကျဆင်း❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟒》
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခင်တစ်ပတ်ကထက် ထပ်မံကျဆင်းလာတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၃ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၆၉၈၅ ကျပ်ဖြစ်ခဲ့ရာကနေ ယခုတစ်ပတ်တာကာလဖြစ်တဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ မတ်လ ၂ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၆၉၀၅ ကျပ်ဖြစ်တာကြောင့် ၈၀ ကျပ်မျှ ကျဆင်းလာတာဖြစ်ပါတယ်။
ယခုထုတ်ပြန်တဲ့ ဈေးနှုန်းတွက အုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဥ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေနဲ့ ဘဏ်စရိတ်တွေ၊ အခွန်အခတွေကို ထည့်သွင်းတွက်ချက် ထုတ်ပြန်ထားတာဖြစ်တယ်လို့ဆိုပါတယ်။
Read More... https://telegra.ph/Myanmar-Hard-Talk-02-24-9

23.02.202511:21
❝ကျောင်းသား၊ ကျောင်းသူတွေကို ၃ နှစ်နီးပါးကြာအောင် လိင်အမြတ်ထုတ်မှုကျူးလွန်ခဲ့တဲ့ မူလတန်းပြကျောင်းဆရာ အရေးယူခြင်းမခံရဘဲ လွတ်မြောက်နေဟုဆို❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟑》
G-5 ကနေ G-8 အတွင်း ကျောင်းသား၊ ကျောင်းသူတချို့ကို ၃ နှစ်နီးပါးကြာတဲ့အထိ လိင်အမြတ်ထုတ်မှုကျူးလွန်ခဲ့တဲ့ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ရပ်ကွက်ကြီး(၅)၊ နိုင်သာယာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)က မူလတန်းပြ ကျောင်းဆရာတစ်ဦးဟာ အရေးယူခံခြင်းမရှိဘဲ လွတ်မြောက်နေတယ်လို့ ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ One News မှာ ဖော်ပြထားတဲ့သတင်းတစ်ရပ်အရ သိရပါတယ်။
G-5 အတန်းပိုင်ဆရာဖြစ်တဲ့ အဲဒီကျောင်းဆရာဟာ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းဖွင့်ရက် ညနေစာသင်ချိန်နဲ့ ကျောင်းဆင်းပြီးချိန်တွေမှာ ကလေးငယ်တချို့ကိုသူရဲ့နားနေခန်းကိုခေါ်ပြီး ခြိမ်းခြောက်ကာ လိင်အမြတ်ထုတ်တာတွေပြုလုပ်ခဲ့တာ ၃ နှစ်နီးပါးရှိခဲ့တယ်လို့ ကျောင်းသားမိဘတစ်ယောက်က ပြောဆိုကြောင်း အဆိုပါသတင်းမှာဖော်ပြထားပါတယ်။
အခုလိုဖြစ်နေတာတွေကို သိရှိပြီး မခံမရပ်နိုင်တဲ့ အတန်းကြီး ကျောင်းသားတွေက ဖေဖော်ဝါရီ ၁၇ ရက်မှာ ကျူးလွန်ခံရတဲ့ကျောင်းသားမိဘတွေနဲ့ ကျောင်းအုပ်ဆရာမ
Read More... https://telegra.ph/Myanmar-Hard-Talk-02-23-12

23.02.202504:44
❝ဆန်စက်မှတ်ပုံတင်စနစ်ကို ဒစ်ဂျစ်တယ်စီးပွားရေးမူဝါဒများနှင့်ကိုက်ညီသည့် အွန်လိုင်းမှတ်ပုံတင်ခြင်းစနစ်ဖြင့် ပြုလုပ်နိုင်ရန် စီမံဆောင်ရွက်ပေးသွားမည်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟑》
စက်မှုဝန်ကြီးဌာနအနေဖြင့် ဆန်စက်မှတ်ပုံတင်စနစ်ကို ပြန်လည်သုံးသပ်ပြီး နိုင်ငံတော်အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေးမူဝါဒများနှင့်ကိုက်ညီသည့် အွန်လိုင်းမှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင်ရွက်နိုင်စေရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညှိနှိုင်း၍ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ မူဝါဒဖြစ်သည့် စားရေရိက္ခာဖူလုံရေး၊ MSME ကဏ္ဍနှင့် ပို့ကုန်မြှင့်တင်ရေးစသည့် မူဝါဒများကို အကောင်အထည်ဖော်ရာတွင် ဆန်စက်များလည်ပတ်မှု၊ ဆန်စက်များအဆင့်မြှင့်တင်မှု၊....
Read More... https://telegra.ph/Myanmar-Hard-Talk-02-23-11

26.02.202503:46
❝ကျားဖြန့်နှင့်ပတ်သက်သည့် ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ရွှေကုက္ကိုလ်ကနေ ထပ်မံဖမ်းမိခဲ့ပြီး စုစုပေါင်း ဖမ်းဆီးရမိထားသူ ၂၅၃၀ ကျော်အထိရှိလာ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟔》
ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိပြီး ၎င်းပြည်ပနိုသ်ငံသားများသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်သည်ဟုဆိုသည်။
မြန်မာအစိုးရအနေဖြင့် ထိုသို့ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ကာ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း
Read More... https://telegra.ph/Myanmar-Hard-Talk-02-26-8

24.02.202514:24
MHTNewsရဲ့(24-02-2025) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
⁃ ထာဝယ်အထူးစီးပွါးရေးဇုံနဲ့ရုရှားတိုရဲ့ရင်နှီးမြုတ်နှံမှု၊
⁃ ထိုင်းရောက်မြန်မာတွေနဲ့မြန်ရောက်ထိုင်းဝန်ကြီး၊
⁃ မြန်မာပြည်တွင်းစစ်ပွဲများ၊
⁃ ဒေါ်နယ်ထရန့်နှင်အီလွန်မတ်အားလေ့လာခြင်း၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

24.02.202503:37
❝“Mekong-Ganga Food Festival” ပွဲတော်တစ်ရပ်ကို ရန်ကုန်မြို့တွင် ကျင်းပ❞
≋ယင်းပွဲတော်မှတစ်ဆင့် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံအကြား ဆက်ဆံရေးကိုခိုင်မာစေပြီး ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များကို ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ကြောင်းခဟိုတယ်/ခရီးဝန်ကြီးပြော≋
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟒》
ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွားအမျိုးသမီးများအသင်းနှင့် မြန်မာ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက်တို့နှင့် ပူးပေါင်း၍ “Mekong-Ganga Food Festival” ပွဲတော်ကို ဖေဖော်ဝါရီ (၂၃)ရက် ညနေပိုင်းက ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ The Secretariat အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) ၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါပွဲတော်ကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ထိတွေ့ဆောင်ရွက်မှုနှင့် အတွေ့ အကြုံဖလှယ်မှုများမှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်သွားနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးက ကျင်းပပြုလုပ်ခြင်းခြင်းဖြစ်ပြီး ပွဲတော်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက
Read More... https://telegra.ph/Myanmar-Hard-Talk-02-24-12

24.02.202501:21
❝ယနေ့ စက်သုံးဆီဈေးတွေနဲ့ မနေ့ကဖြစ်ပေါ်ခဲ့တဲ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟒》
စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ ဖေဖော်ဝါရီ (၂၄) ရက်နေ့မှာထုတ်ပြန်တဲ့ စက်သုံးဆီ (လက်လီ) ဈေးနှုန်းတွေအရ ရန်ကုန်မြို့မှာ
⛽92 RON တစ်လီတာ ၃၂၁၅ ကျပ်၊
⛽95 RON တစ်လီတာ ၃၂၇၀ ကျပ်၊
⛽HSD (500 ppm) တစ်လီတာ ၂၇၆၅ ကျပ်၊
⛽HSD (50 ppm) နဲ့ HSD (10 ppm) တစ်လီတာ ၃၄၂၅ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ မန္တလေးမြို့မှာဆိုရင်တော့
⛽92 RON တစ်လီတာ ၃၃၂၅ ကျပ်၊
⛽95 RON တစ်လီတာ ၃၃၈၅ ကျပ်၊
⛽HSD (500 ppm) တစ်လီတာ ၂၈၈၀ ကျပ်၊
⛽HSD (50 ppm) နဲ့ HSD (10 ppm) တစ်လီတာ ၃၅၃၅ ကျပ် ဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော်မှာက
⛽92 RON တစ်လီတာ ၃၂၉၅ ကျပ်၊
⛽95 RON တစ်လီတာ ၃၃၅၀ ကျပ်၊
⛽HSD (500 ppm) တစ်လီတာ ၂၈၄၅ ကျပ်၊
⛽HSD (50 ppm) နဲ့ HSD (10 ppm) တစ်လီတာ ၃၅၀၅ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
မနေ့ကဖြစ်တဲ့ ဖေဖော်ဝါရီ - ၂၃ ရက်နေ့မှာ ကမ္ဘာ့ရွှေဈေးက
တစ်အောင်စကို ၂၉၃၅ ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး ဓာတ်သတ္တု (ရွှေ )ရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီက ထုတ်ပြန်တဲ့ သိပ်သည်းဆ
Read More... https://telegra.ph/Myanmar-Hard-Talk-02-24-8

23.02.202510:56
❝ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းတောင်ပိုင်းတွင် ဗုံးခွဲလုပ်ကြံခံရ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟑》
ထိုင်းဝန်ကြီးချုပ် ပသုန်ထန်ရှင်နာဝသ်ရဲ့ဖခင်ဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝသ်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့ ရာလာနဲနာရာသီဝသ် ခရိုင်တွေကို သွားရောက်လည်ပတ်စဉ်မှာ ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့စနေနေ့က ထိုင်းနိုင်ငံတောင်ပိုင်း ရာလာပြည်နယ်ကလေဆိပ်ကို သက်ဆင်လိုက်ပါလာတဲ့ လေယာဉ်ဆင်းခါနီးမှာ ဗုံးခွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အဲဒီဖြစ်စဥ်ကြောင့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကတော့ ဘာမှထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
အဲ့ဒီလိုပဲ တနင်္ဂနွေနေ့က နာရာသီဝသ် ခရိုင် နာရာသီဝသ်လေဆိပ်ကိုသက်ဆင်လိုက်ပါလာတဲ့လေယာဉ် ဆင်းသက်ခါနီးမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပေမဲ့ ဝန်ကြီးချုပ်ဟောင်းကတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။
ဒါနဲ့ပတ်သက်လို့ သက်ဆင်က ❛လူတချို့က ကျွန်တော်ကိုကြောက်လန့်သွားအောင်လုပ်လိုပေမဲ့ ကျွန်တော်နှလုံးသားဟာမာကျောပါတယ်❜ ဆိုပြီး တနင်္ဂနွေနေ့က နာရာသီဝသ်လေဆိပ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎@myanmarhardtalk

23.02.202502:39
❝မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ပြီး ကျားဖြန့်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၁၂၆ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး ရက်ပေါင်း ၂၀ ကျော်ကာလအတွင်း ပြည်ပနိုင်ငံသား ၂၁၀၀ ကျော် ထိန်းသိမ်းနိုင်ခဲ့❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟑》
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၂၆ ဦးကို ဖေဖော်ဝါရီ ၂၂ ရက်က ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေး လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်ဟုဆိုသည်။
ထို့သို့ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ပြီး ကျားဖြန့်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား
Read More... https://telegra.ph/Myanmar-Hard-Talk-02-23-10

26.02.202503:31
❝မြေစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့်ဥပပဒေများအပေါ် လွှမ်းခြုံသည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲလျှက်ရှိရာ ယခုအခါ မူကြမ်းအဆင့်သို့ ရောက်ရှိလာ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟔》
မြန်မာနိုင်ငံတွင်ရှိသော မြေစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့်ဥပပဒေများအပေါ် လွှမ်းခြုံသည့် အမျိုးသားမြေဥပဒေတစ်ရပ် ပြဌာန်းနိုင်ရေးအတွက် ရေးဆွဲလျှက်ရှိရာ ယခုအခါ မူကြမ်းအဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း အမျိုးသားမြေအသုံးချမှုကောင်စီ သတ္တမအကြိမ်အစည်းအဝေးမှ သိရသည်။
အဆိုပါ အမျိုးသားမြေအသုံးချမှုကောင်စီ သတ္တမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၅ မွန်းလွဲပိုင်းက နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မြေစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့်ဥပပဒေ ၅၃ ခုရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အကောင်အထည်
Read More... https://telegra.ph/Myanmar-Hard-Talk-02-26-7

24.02.202514:22
MHTNewsရဲ့(24-02-2025) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
⁃ ထာဝယ်အထူးစီးပွါးရေးဇုံနဲ့ရုရှားတို့ရဲ့ရင်နှီးမြုတ်နှံမှု၊
⁃ ထိုင်းရောက်မြန်မာတွေနဲ့မြန်ရောက်ထိုင်းဝန်ကြီး၊
⁃ မြန်မာပြည်တွင်းစစ်ပွဲများ၊
⁃ ဒေါ်နယ်ထရန့်နှင်အီလွန်မတ်အားလေ့လာခြင်း၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
⁃ ထာဝယ်အထူးစီးပွါးရေးဇုံနဲ့ရုရှားတို့ရဲ့ရင်နှီးမြုတ်နှံမှု၊
⁃ ထိုင်းရောက်မြန်မာတွေနဲ့မြန်ရောက်ထိုင်းဝန်ကြီး၊
⁃ မြန်မာပြည်တွင်းစစ်ပွဲများ၊
⁃ ဒေါ်နယ်ထရန့်နှင်အီလွန်မတ်အားလေ့လာခြင်း၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

24.02.202503:07
❝ကျားဖြန့်လုပ်ကိုင်သူ ပြည်ပနိုင်ငံသား ၁၀၉ ဦးကို ရွှေကုက္ကိုလ်ကနေ ထပ်မံဖမ်းမိခဲ့ပြီး စုစုပေါင်း ဖမ်းဆီးရမိထားသူ ပြည်ပနိုင်ငံသား ၂၂၀၀ ကျော်အထိရှိလာ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟒》
ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၀၉ ဦးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ထပ်မံစဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိပြီး ၎င်းပြည်ပနိုသ်ငံသားများသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်သည်ဟုဆိုသည်။
မြန်မာအစိုးရအနေဖြင့် ထိုသို့ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ကာ အွန်လိုင်းလောင်းကစားမှုများ၊
Read More... https://telegra.ph/Myanmar-Hard-Talk-02-24-11

23.02.202514:12
❝လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ လေးသင်းပတ်လည် နောက်ဆုံးပွဲစဥ်မှာ မြန်မာနဲ့ အိမ်ရှင် နီပေါအသင်းတို့ သရေရလာဒ်ထွက်ပေါ်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟑》
နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့တွင် ကျင်းပလျှက်ရှိသော လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ လေးသင်းပတ်လည် နောက်ဆုံးပွဲစဥ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အိမ်ရှင် နီပေါအမျိုးသမီးအသင်းတို့ ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ နာရီ ၄၅ မိနစ်တွင် ယှဥ်ပြိုင်ကစားခဲ့ကြရာ တစ်ဘက် ၂ ဂိုးစီဖြင့် သရေရလာဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေးသင်းပတ်လည် နောက်ဆုံးပွဲစဥ်၏ အနိုင်၊အရှုံး ရလာဒ်အဖြေသည် နှစ်သင်းစလုံးအတွက် အရေးမကြီးသော်လည်း ထိုနှစ်သင်းစလုံးသည် နောက်ဆုံးဗိုလ်လုပွဲတွင် ပြန်လည်ဆုံတွေ့ကြရမည်ဖြစ်သဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်ကို တွေ့ရသည်။
အဆိုပါ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အိမ်ရှင် နီပေါအမျိုးသမီးအသင်းတို့သည် လာမည့် ဖေဖော်ဝါရီ ၂၆ ရက်တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

23.02.202508:28
❝ကော့သောင်းမှာ ရေလုပ်ငန်းရှင် လင်မယား ၂ ဦး အသတ်ခံရ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟑》
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့နယ်၊ ချန်းဖန်းကျေးရွာအုပ်စု၊ မပုတေးကျေးရွာမှာ ရေလုပ်ငန်းရှင် လင်မယား ၂ ဦး အသတ်ခံရတဲ့ဖြစ်စဥ်တစ်ခု ဖေဖော်ဝါရီ ၂၀ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အသတ်ခံရသူတွေက မပုတေးကျေးရွာမှာနေထိုင်တဲ့ ရေလုပ်ငန်းရှင်ကိုဝတုတ် ဆိုသူနဲ့ မမြတ်စန္ဒာ ဆိုသူတို့ လင်မယား ၂ ဦးဖြစ်ကြတယ်လို့သိရပြီး ၎င်းတို့ရဲ့နေအိမ်မှာပဲ အသတ်ခံလိုက်ရတာပါ။
အဆိုပါဖြစ်စဥ်နဲ့ပတ်သက်လို့ ကနဦးစုံစမ်းစစ်ဆေးရာမှာ အခင်းဖြစ်ပွားခဲ့တဲ့နေ့က သေဆုံးသူ မမြတ်စန္ဒာရဲ့ မောင်ဖြစ်သူဟာ ၎င်းနေအိမ်ထဲကနေ ဆိုင်ကယ်နဲ့ ထွက်လာတာကို တွေ့ရှိရသလို အဲဒီနေအိမ်မှာရှိတဲ့ သေဆုံးသူတွေပိုင်ဆိုင်တဲ့ ဆိုင်ကယ်လည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မမြတ်စန္ဒာရဲ့ မောင်ဖြစ်သူဟာလည်း ရွာမှာမရှိတော့ဘူးလို့ သိရပြီး အခင်းမဖြစ်ပွားမီ ၅ ရက်ခန့်က မမြတ်စန္ဒာက ၎င်းရဲ့မောင်ဖြစ်သူကို နေအိမ်ကနေ နှင်ချထားတာဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ လူသတ်တရားခံကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။

23.02.202502:14
❝ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့က သီးခြားစီ လာရောက်ဂါရဝပြုတွေ့ဆုံ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟑》
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maris Sangiampongsa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့က ဖေဖော်ဝါရီ ၂၂ ရက်တွင် သီးခြားစီ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြသည်ဟု သိရသည်။
ဦးစွာ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maris Sangiampongsa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ
Read More... https://telegra.ph/Myanmar-Hard-Talk-02-23-9
≋မြန်မာနိုင်ငံတွင် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ ရေနံနှင့်ဓာတုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးတို့တွင် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားရန် အသင့်ရှိနေဟုဆို≋
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟑》
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maris Sangiampongsa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့က ဖေဖော်ဝါရီ ၂၂ ရက်တွင် သီးခြားစီ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြသည်ဟု သိရသည်။
ဦးစွာ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maris Sangiampongsa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ
Read More... https://telegra.ph/Myanmar-Hard-Talk-02-23-9

26.02.202501:10
❝ယနေ့ စက်သုံးဆီဈေးတွေနဲ့ မနေ့ကဖြစ်ပေါ်ခဲ့တဲ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟔》
စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ ဖေဖော်ဝါရီ (၂၆) ရက်နေ့မှာထုတ်ပြန်တဲ့ စက်သုံးဆီ (လက်လီ) ဈေးနှုန်းတွေအရ ရန်ကုန်မြို့မှာ
⛽92 RON တစ်လီတာ ၃၂၁၅ ကျပ်၊
⛽95 RON တစ်လီတာ ၃၂၇၀ ကျပ်၊
⛽HSD (500 ppm) တစ်လီတာ ၂၇၆၅ ကျပ်၊
⛽HSD (50 ppm) နဲ့ HSD (10 ppm) တစ်လီတာ ၃၄၂၅ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာဆိုရင်တော့
⛽92 RON တစ်လီတာ ၃၃၂၅ ကျပ်၊
⛽95 RON တစ်လီတာ ၃၃၈၅ ကျပ်၊
⛽HSD (500 ppm) တစ်လီတာ ၂၈၈၀ ကျပ်၊
⛽HSD (50 ppm) နဲ့ HSD (10 ppm) တစ်လီတာ ၃၅၃၅ ကျပ် ဖြစ်ပြီး
နေပြည်တော်မှာကတော့
⛽92 RON တစ်လီတာ ၃၂၉၅ ကျပ်၊
⛽95 RON တစ်လီတာ ၃၃၅၀ ကျပ်၊
⛽HSD (500 ppm) တစ်လီတာ ၂၈၄၅ ကျပ်၊
⛽HSD (50 ppm) နဲ့ HSD (10 ppm) တစ်လီတာ ၃၅၀၅ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
မနေ့ကဖြစ်တဲ့ ဖေဖော်ဝါရီ - ၂၅ ရက်နေ့မှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၉၄၁၈ ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး ဓာတ်သတ္တု (ရွှေ )ရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီက ထုတ်ပြန်တဲ့ စံချိန်မီရွှေ ၁ ကျပ်သား
Read More... https://telegra.ph/Myanmar-Hard-Talk-02-26-5

24.02.202506:40
❝ကင်မရာထောင်ခြောက် မှတ်တမ်းများအရ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း၌ ရှားပါးမျိုးစိတ်ဝင် ဘင်္ဂလားကျားနှင့် ဝက်ဝံမျိုးစိတ်တို့ ရှင်သန်ကျက်စားလျက်ရှိကြောင်း တွေ့ရှိ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟒》
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ တိရစ္ဆာန်မျိုးစိတ်များ ရှင်သန်ကျက်စားမှုကို လေ့လာသိရှိနိုင်ရန် နှစ်စဉ်ကင်မရာထောင်ချောက်များ တပ်ဆင်၍ မှတ်တမ်းယူလေ့ရှိရာ ယခုနှစ်တပ်ဆင်ထားသည့် ကင်မရာထောင်ချောက်များမှတစ်ဆင့် ရှားပါးမျိုးစိတ်ဝင်ဘင်္ဂလားကျားနှင့် ဝက်ဝံမျိုးစိတ်ရှင်သန်ကျက်စားမှုကို ဆက်လက်တွေ့ရှိရကြောင်း ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အဆိုပါ ထမံသီတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် ဘေးမဲ့တောအတွင်း၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်က ကင်မရာထောင်ချောက်များ တပ်ဆင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကင်မရာများ ဖြုတ်သိမ်းခဲ့ကာ တောရိုင်းတိရစ္ဆာန်ကောင်ရေနှင့် အမျိုးအစားအလိုက် ရှင်သန်ကျက်စားမှုကို ဆက်လက်စစ်ဆေးမှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်
Read More... https://telegra.ph/Myanmar-Hard-Talk-02-24-14

24.02.202502:34
❝သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ရုရှားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟒》
အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ဖိတ်ခေါ်လိုက်သည်။
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန် ရည်ရွယ်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ် ရုရှား - မြန်မာ အစိုးရအချင်းချင်းကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး၏...
Read More... https://telegra.ph/Myanmar-Hard-Talk-02-24-10
≋ရုရှား - မြန်မာ စီးပွားရေးဖိုရမ်ကျင်းပပြီး နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ဆက်သွယ်မှုကွန်ရက်များကို တိုးချဲ့နိုင်မည်ဟု ရုရှားပြော≋
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟒》
အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ဖိတ်ခေါ်လိုက်သည်။
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန် ရည်ရွယ်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ် ရုရှား - မြန်မာ အစိုးရအချင်းချင်းကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး၏...
Read More... https://telegra.ph/Myanmar-Hard-Talk-02-24-10
23.02.202513:14
INTERNATIONAL WOMEN'S CHAMPIONSHIP
---------------------
HALF TIME RESULT
Nepal 🇳🇵 2️⃣-2️⃣ 🇲🇲 Myanmar
Rana Magar-11' Myat Noe Khin -5'
Bhan Dari-41' May Htet Lu -16'
---------------------
HALF TIME RESULT
Nepal 🇳🇵 2️⃣-2️⃣ 🇲🇲 Myanmar
Rana Magar-11' Myat Noe Khin -5'
Bhan Dari-41' May Htet Lu -16'
23.02.202506:12
မြန်မာတွေဟာရွှေကြိုက်ကြသလိုရွှေကိုတန်ဖိုးထားဝတ်ဆင်ကြပါတယ် ၊ အဓိကအားဖြင့်မြန်မာအမျိုးသမီးအများစုဟာချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေသူတို့မှာရွှေလက်ဝတ်ရတနာတစ်ခုတော့ဝတ်ဆင်ကြစမြဲပါ ၊ ဒါပေမဲ့ဒီရွှေတွေရရှိဖို့တူးဖေါ်ကြရတဲ့ရွှေလုပ်သားတွေရဲ့ဘဝကိုတော့သိသူအလွန်ရှားပါတယ် ၊ ဒီနေ့တော့မြန်မာပြည်အလယ်ပိုင်းစစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်မှာရွှေတူးနေကြတဲ့ရွှေလုပ်သားတွေရဲ့တစ်နေ့တာဘဝအကြောင်းကိုတင်ပြထားပါတယ်၊
#mhtnews
#mhtnews

22.02.202503:12
❝ကျားဖြန့်လုပ်ကိုင်သူ ပြည်ပနိုင်ငံသား ၂၂၂ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး ၁၄၂၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဟုဆို❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟐》
အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီးနောက် ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၂၂ ဦးကို ဖေဖော်ဝါရီ ၂၁ ရက်က ထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းက ဖော်ပြထားသည်။
ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၁၉၈၅ ဦး
Read More... https://telegra.ph/Myanmar-Hard-Talk-02-22-9

显示 1 - 24 共 361
登录以解锁更多功能。