Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
ဒို့ တပ်မတော် avatar
ဒို့ တပ်မတော်
ဒို့ တပ်မတော် avatar
ဒို့ တပ်မတော်
27.02.202503:21
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဖေဖော်ဝါရီ ၂၇

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယကများ၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ / တိုင်းဒေသကြီး/ပြည်နယ်မှ အမျိုးသမီး ရေးရာအဖွဲ့နာယကများ၊ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ခရိုင်ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင်အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာဖြင့် ထဲထဲဝင်ဝင် အစဉ်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရေးဆွဲခဲ့သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း(၂၀၂၃-၂၀၃၂)၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံအမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကင်းဝေးလျော့ကျရေး၊ သဘာဝဘေးနှင့် အရေးပေါ်အခြေအနေများအပေါ် ပံ့ပိုးဆောင်ရွက်ပေးရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏ ဘဝရပ်တည်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍများတွင်သာမက နိုင်ငံတကာနှင့်ဒေသတွင်း အမျိုးသမီးအရေးဆိုင်ရာကိစ္စရပ်များတွင်လည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိရပါကြောင်း။

မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်အနေဖြင့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကဆောင်ရွက်နေသည့် နိုင်ငံတကာကတိကဝတ်များ၊ အာဆီယံလုပ်ငန်းစဉ်များတွင်လည်း အတူပူးပေါင်းဆောင် ရွက်ပေးလျက်ရှိသည်ကိုသိရှိရပြီး ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် ဝင်ငွေရအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း ၁၁ ကျောင်းဖွင့်လှစ်ထားရှိပြီး ကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ထို့ပြင် သဘာဝဘေး၊ လူကြောင့်ဖြစ်သည့် ဘေးဖြစ်ပွားရာဒေသများတွင်ရှိသည့် ယာယီခိုလှုံရေးစခန်းနှင့် IDP Camp များမှ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းလုပ်ငန်း အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဧပြီလမှ ဇန်နဝါရီလအထိ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းသင်တန်းများကို ၁၇၆ ကြိမ်၊ သင်တန်းတက်ရောက်သူ ၄၂၂၂ ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ၅၉၄ ဦးကို အလုပ်အကိုင် ချိတ်ဆက်ပေးနိုင်ခဲ့ပါကြောင်း။

အမျိုးသမီးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်နိုင်မှုသည် အရေးကြီးသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အားလုံးဝိုင်းဝန်းပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင်လည်း အားလုံးတက်ကြွစွာပါဝင်ဆွေးနွေးပြီး ကောင်းမွန်သည့်ရလဒ်ကောင်းများရရှိကြပါစေကြောင်း ပြောကြားသည်။
26.02.202504:29
အမျိုးသားမြေအသုံးချမှုကောင်စီ သတ္တမအကြိမ် အစည်းအဝေး ကျင်းပ

ဖေဖော်ဝါရီ ၂၆

အမျိုးသားမြေအသုံးချမှုကောင်စီ သတ္တမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်တင့်၊ ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားမြေအသုံးချမှုကောင်စီ အထောက်အကူပြုလုပ်ငန်းကော်မတီများမှ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသားမြေအသုံးချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက မြေအရင်းအမြစ်များသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စားဝတ်နေရေးအတွက် အခြေခံကျသော အဓိကအရင်းအမြစ်များဖြစ်သလို တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဆက်နွှယ်နေသည့်အရင်းအမြစ်တစ်ခုလည်းဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ပဋိပက္ခများသည် မြေအရင်းအမြစ်များကို အသုံးချမှုနှင့် ဆက်စပ်လျက်ရှိသောကြောင့် ပြည့်စုံကောင်းမွန်သော မြေအသုံးချမှုစနစ်ဖွံ့ဖြိုးလာရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် လိုအပ်နေသည့် အမျိုးသားမြေအသုံးချမှုမူဝါဒကို အများပြည်သူပါဝင်မှုနှင့် ရေးဆွဲပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း။

လက်ရှိ မိမိတို့နိုင်ငံတွင် မြေစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့်ဥပဒေ ၅၃ ခုရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေများအချင်းချင်း ဝိရောဓိဖြစ်နေခြင်း၊ ခေတ်စနစ်နှင့် မကိုက်ညီခြင်းများကို ဖြေရှင်းနိုင်ရန်အတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအလိုက် ပြဋ္ဌာန်းဥပဒေများကို လေ့လာဆန်းစစ်ပြီး ဥပဒေများအချင်းချင်း သဟဇာတဖြစ်စေရေးနှင့် အဆိုပါဥပဒေများကို လွှမ်းခြုံသည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးဆောင်ရွက်ခဲ့ပါကြောင်း။

လုပ်ငန်းကော်မတီအနေဖြင့် အမျိုးသားမြေဥပဒေမူကြမ်းရေးဆွဲပြုစုခြင်း အချိန်ကာလသတ်မှတ်ချက်ကို ၂၀၂၃ ခုနှစ် ဩဂုတ်မှ ၂၀၂၄ ခုနှစ် အောက်တိုဘာအထိ ၁၅ လ လျာထားသတ်မှတ်ထားပြီး ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် အမျိုးသားမြေဥပဒေမူကြမ်းအဆင့်ထိ ရောက်ရှိလာပြီဖြစ်ပါကြောင်းနှင့် ဥပဒေမူကြမ်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဆဋ္ဌမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်နေမှုအခြေအနေများ၊ အမျိုးသားမြေဥပဒေမူကြမ်း ရေးဆွဲပြုစုနေသည့်အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီနှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက တွေ့ကြုံရသော မြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
25.02.202513:58
"စစ်တက္ကသိုလ်မြေ"
24.02.202523:20
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်များ၊ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အာမခံအလုပ်သမားများ၏ အကျိုးခံစားခွင့်အပြည့်အဝရရှိရေး၊ ဆေးကုသနိုင်ရေး ဆောင်ရွက်ပေးနေမှုအခြေအနေများအားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးများ ကောင်းမွန်လာစေရေးနှင့် ပြည်သူလူထုစိုက်ထုတ်သုံးစွဲသည့် ငွေကြေးလျော့ပါးလာစေရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးကြည်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်ထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လူမူကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ပူးပေါင်းလုပ်ဆောင်နေမှုများနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာအစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
24.02.202515:23
ထုတ်လွှင့်ပြန်ကြား သတင်းမှန်များ ( ၂၄-၂-၂၀၂၅)
22.02.202511:27
တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)မှ သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားချက်များမှ ကောက်နုတ်ချက်


#Speech
27.02.202503:21
26.02.202504:29
25.02.202513:55
"နောင်တော်စစ်သည်များသို့ "
24.02.202523:20
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့်အစည်းအဝေးသည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း၊ ယခုအစည်းအဝေးမှရရှိလာမည့် အကြံပြုချက်များနှင့် ဆုံးဖြတ်ချက်များမှတစ်ဆင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်သည့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု နည်းလမ်းများကိုအသုံးပြုပြီး လက်ရှိဆောင်ရွက်နေသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းရပ်များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ထို့အပြင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး ရေးဆွဲပြဋ္ဌာန်းထားသည့် “မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၁၄)” ကို ရေးဆွဲဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ဆယ်နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီဝင်ဝန်ကြီးများ၊ ဌာနများအနေဖြင့် မဟာဗျူဟာပါ လုပ်ငန်းရပ်များနှင့်ချိတ်ဆက်ပြီး (၁၀) နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကိုစုစည်း၍ အားသာချက်၊ အားနည်းချက်များကို မှတ်တမ်းပြုစုသွားကြရန်လိုကြောင်း၊ သို့မှသာ အစိုးရအဆက်ဆက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ ထပ်မံဆောင်ရွက်သည့်အခါတွင် ပိုမိုကောင်းမွန်စေပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းတွင် အပိုင်း (၂) ပိုင်းရှိကြောင်း၊ ပထမအပိုင်းအနေဖြင့် လုပ်ငန်းရှင်နှင့် အလုပ်သမားတို့က အချိုးကျထည့်ဝင်ပြီး နိုင်ငံတော်မှလည်း သင့်တင့်သည့်ထည့်ဝင်မှုများဖြင့် ဆောင်ရွက်သည့်လူမှုရေးအာမခံစနစ် (Social Insurance System) ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနအောက်ရှိ လူမှုဖူလုံရေးအဖွဲ့တို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယအပိုင်းအနေဖြင့် နိုင်ငံတော်မှ မတည်ထည့်ဝင်ငွေနှင့် ပုဂ္ဂလိက စေတနာရှင်များကထည့်ဝင်ငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် လူမှုရေးထောက်ပံ့မှု အစီအစဉ် (Social Assistance Scheme) တို့ဖြစ်ကြောင်း၊ ၎င်းအပိုင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း။
မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာနှင့်ဆက်စပ်၍ လူမှုကာကွယ်စောင့်ရှောက်ရေး (Social Protection) လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကောင်းမွန်သည့် ကျင့်ထုံးများကို အဖွဲ့ဝင်နိုင်ငံအချင်းချင်း ဖလှယ်နိုင်ရေးရည်ရွယ်လျက် အပြည်ပြည်ဆိုင်ရာ လူမှုဖူလုံရေးအသင်း (International Social Security Association-ISSA) ကို ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှစ၍ နိုင်ငံပေါင်း (၁၆၃) နိုင်ငံမှ အသင်းအဖွဲ့ပေါင်း (၃၃၈) ဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအပြင် အာဆီယံလူမှုဖူလုံရေးအသင်း (ASEAN Social Security Association-ASSA) ကိုလည်း လူမှုဖူလုံရေးဆိုင်ရာ ကောင်းမွန်သည့်အတွေ့အကြုံများနှင့် အလေ့အကျင့်များ မျှဝေနိုင်ရန်ရည်ရွယ်၍ သဘောတူညီချက်စာချွန်လွှာ (Memorandum of Agreement) ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး အာဆီယံ (၁၀) နိုင်ငံမှ လူမှုဖူလုံရေးအဖွဲ့အစည်း (၂၀) ခုဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ အကျိုးခံစားခွင့် (၉) ရပ်ရှိကြောင်း၊ ယင်းတို့မှာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ နာမကျန်းအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်၊ သက်ကြီးအကျိုးခံစားခွင့်၊ အလုပ်ခွင်ထိခိုက်မှု အကျိုးခံစားခွင့်၊ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၊ မီးဖွားမှုအကျိုးခံစားခွင့်၊ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်နှင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရသူများ အကျိုးခံစားခွင့် စသည်တို့ဖြစ်ကြောင်း၊ ယင်းတို့ကို
24.02.202515:16
နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းစစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအဖွဲ့များက တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းအား အလေးပြုခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သစ္စာအဓိဋ္ဌာန် (၄) ချက်ရွတ်ဆိုခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်သည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက်တပ်မတော် (ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ) အဆင့်တွင် စစ်တီးဝိုင်းခေါင်းဆောင်ကျွမ်းကျင်မှု တတိယဆုရရှိသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်း အသင်းခေါင်းဆောင်၊ ဒုတိယဆုရရှိသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်းခေါင်းဆောင်နှင့် ပထမဆုရရှိသည့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်းခေါင်းဆောင်တို့ကို ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ (က) အဆင့်တွင် စစ်တီးဝိုင်းခေါင်းဆောင်ကျွမ်းကျင်မှု အကောင်းဆုံးဆုရရှိသည့် စစ်တက္ကသိုလ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်း ခေါင်းဆောင်၊ (ခ) အဆင့် အသင်းလိုက်အထူးဆု တြံဂံဒေသတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ တတိယဆုရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်း၊ ပထမဆုရရှိသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်း၊ (က) အဆင့် အသင်းလိုက် အထူးဆုရရှိသည့် စစ်တက္ကသိုလ်ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု ရဲတီးဝိုင်းအသင်း၊ ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်းတို့ကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ တပ်မတော်နေ့အထိမ်းအမှတ် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းပေါင်း (၂၆) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။
22.02.202511:27
တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)မှ သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားချက်များမှ ကောက်နုတ်ချက်
27.02.202503:17
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ (၃) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

ဖေဖော်ဝါရီ ၂၇

မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ (၃) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တက်ရောက်အမှာစကား ပြောကြားသည်။


မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းအဖွဲ့ (၃) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
26.02.202504:27
သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံကံကုန်းကျေးရွာရှိ သံဃာတော်လေးပါးနှင့် ဒေသခံပြည်သူ ၁၂၃ ဦးတို့အား အဆိုပါကျေးရွာရှိ အောင်မြေကံကျောင်းတိုက်၌လည်းကောင်း၊ လှည်းကူးမြို့နယ် ဂွေးတောင်အိုင်ကျေးရွာရှိ သံဃာတော်ခြောက်ပါးနှင့် ဒေသခံပြည်သူ ၁၀၃ဦးတို့အား အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်များနှင့် ဒေသခံပြည်သူများအား အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
25.02.202513:49
ထုတ်လွှင့်ပြန်ကြားသတင်းမှန်များ
(၂၅-၂-၂၀၂၅)
24.02.202523:20
မိမိတို့၏ ဘဏ္ဍာငွေကြေးသုံးစွဲနိုင်မှုအပေါ်မူတည်၍ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်ဖြစ်သည့် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား ထောက်ပံ့သည့် လူမှုရေးပင်စင်အစီအစဉ် (Social Pension) နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer Program - MCCT) တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အသက် (၂) နှစ်အောက် ကလေးငယ်များ ထောက်ပံ့နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အသက် (၂) နှစ်အောက် ကလေးငယ်အားလုံး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးစေလိုကြောင်း။
ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP)” အသုံးပြု၍ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စိန်ခေါ်မှုများလည်းရှိကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ယခုအချိန်ကတည်းကပင် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်မှရရှိသည့်ရန်ပုံငွေဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နောင်တစ်ချိန်တွင် တိုးမြှင့်ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန်အတွက် ယခုကတည်းကပင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ အလားတူ အလုပ်ရှင်များအနေဖြင့်လည်း မိမိတို့ဝန်ထမ်းများအား ပုံစံအမျိုးမျိုးဖြင့်ထောက်ပံ့နိုင်ရေး မျှော်မှန်းစဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများသာမက နောင်တွင်နိုင်ငံတော်၏ ငွေကြေးကဏ္ဍအပေါ်မူတည်၍ ထောက်ပံ့ရေးအစီအစဉ်များကို ဆွေးနွေးပေးကြစေလိုကြောင်း၊ နိုင်ငံတိုင်းတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများရှိကြောင်း၊ တစ်ကမ္ဘာလုံးအနေဖြင့် GDP တွင် လူမှုကာကွယ်စောင့်ရှောက်ရေးအသုံးစရိတ်ပါဝင်မှု ရာခိုင်နှုန်းသည် ၁၂ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဝင်ငွေအနည်းဆုံးနိုင်ငံများအနေဖြင့် GDP တွင် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်ပါဝင်မှုရာခိုင်နှုန်းသည် ၁ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ နိုင်ငံ၏ GDP ပေါ်မူတည်၍ ထောက်ပံ့မှုရာခိုင်နှုန်းများကို တွေ့မြင်နိုင်ကြောင်း၊ နိုင်ငံအလိုက်ထောက်ပံ့မှုများကိုလေ့လာ၍ မိမိတို့နိုင်ငံနှင့် နှိုင်းယှဉ်ဆောင်ရွက်ကြစေလိုကြောင်း။
ထို့ပြင် ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေအရ သက်ကြီးရွယ်အိုများအတွက် လျှော့ပေါ့သက်သာခွင့်ရရှိနိုင်ရေးအတွက် သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်းပြီး ပထမအဆင့်အနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေများပါ ကင်းလွတ်ခွင့်နှင့် လျှော့ပေါ့သက်သာခွင့်များကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် မိမိတို့လုပ်ဆောင်ပေးနိုင်မည့် ဝန်ဆောင်မှုများအပေါ် ကင်းလွတ်ခွင့် သို့မဟုတ် လျှော့ပေါ့သက်သာခွင့်များအား ညှိနှိုင်းခြင်း၊ ဒုတိယအဆင့်အနေဖြင့် ဝန်ဆောင်မှုများအလိုက် ကင်းလွတ်ခွင့်နှင့် ရာခိုင်နှုန်းအလိုက် လျှော့ပေါ့သက်သာခွင့်များကို ကော်မတီအနေဖြင့် အများပြည်သူသိရှိနိုင်ရေး အမိန့်ကြော်ငြာစာထုတ်ပြန်ပေးခြင်း၊ တတိယအဆင့်အနေဖြင့် သက်သေခံကတ်ပြားများ ကိုင်ဆောင်အသုံးပြုရန် အသက်အပိုင်းအခြားအလိုက် သက်ကြီးရွယ်အိုများစာရင်းကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပေးခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်များကိုလည်း အမြဲမပြတ် Update ဖြစ်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် အစိုးရတစ်ရပ်အနေဖြင့် မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူလူထုကို အမှန်တကယ် တိုက်ရိုက်အကျိုးပြုရန် ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများဖြစ်သည့်အတွက် တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
24.02.202515:16
22.02.202508:03
ဌာနပေါင်းစုံ စုပေါင်းသန်ရှင်းရေးဆောင်ရွက်

ဖေဖေါ်ဝါရီ-၂၂

တာချီလိတ်မြို့ ၊ဆန်ဆိုင်းရပ်ကွက်၊ချစ်ကြည်ရေးလမ်းမဘေးရှိရေနုတ်မြောင်းများအားရေစီးရေလာကောင်းမွန်စေရေးနှင့်ပိတ်ဆို့နေသောရေနှုတ်မြောင်းများအား တူးဖေါ်ခြင်း ရေနှုတ်မြောင်းအတွင်းမှနှုန်း၊အမှိုက်များအား တူးဖေါ်ဆယ်ယူခြင်းများကို တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာများ ၊တပ်မတော်သားများ၊ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊လူမှူ့ကူညီအသင်းအဖွဲ့များစုစုပေါင်းအင်အား ၂၂၀ဦးခန့်တို့ဖြင့် လုပ်အားပေး ဆောင်ရွက်ခဲကြောင်းသိရှိရပါတယ်။
26.02.202515:15
‌တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ ဘုရားတိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဘုရားဆင်းတုတော်များ ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊   ‌ဖေဖော်ဝါရီ    ၂၆

             ‌မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ ဘုရားတိုက်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဘုရားဆင်းတုတော်များပျက်စီးခဲ့ ကြောင်း မဟုတ်မမှန်သတင်းများကို တရားမဝင် ပြည်ဖျက်မီဒီယာများက ရေးသားဖြန့်ဝေလျက်ရှိ သည်။
转发自:
MWD News avatar
MWD News
25.02.202513:59
တိုက်ကြီးမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။
နေပြည်တော်၊ ဖေဖော်ဝါရီလ၂၅ ရက်
转发自:
MWD News avatar
MWD News
25.02.202513:40
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး အမျိုးသားမြေအသုံးချမှုကောင်စီ သတ္တမအကြိမ် အစည်းအဝေး တက်ရောက်အမှာစကားပြောကြားသည်။
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၅ ရက်
24.02.202523:19
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၈) သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့တက်ရောက်စဉ် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်

#Speech
22.02.202502:33
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၈) သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

ဖေဖော်ဝါရီ - ၂၂
         တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၈) သူရတပ်ခွဲသင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ဗထူးမြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ စစ်ရာထူးခန့်ထားရေးခန်းမ ဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
显示 1 - 24 132
登录以解锁更多功能。