Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
DGF21News avatar

DGF21News

သတင်းများကို မှန်၊မြန်၊တိကျစွာတင်ဆက်ပေးသွားပါမည်၊
TGlist 评分
0
0
类型公开
验证
未验证
可信度
不可靠
位置
语言其他
频道创建日期Груд 06, 2021
添加到 TGlist 的日期
Вер 15, 2024
关联群组

记录

19.01.202521:25
33.9K订阅者
26.04.202523:59
100引用指数
25.10.202423:59
6K每帖平均覆盖率
02.11.202423:59
5.5K广告帖子的平均覆盖率
30.12.202401:04
44.68%ER
25.10.202423:59
17.93%ERR
订阅者
引用指数
每篇帖子的浏览量
每个广告帖子的浏览量
ER
ERR
ЖОВТ '24СІЧ '25КВІТ '25

DGF21News 热门帖子

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို၊ ရင်ပြင်နီ၌ ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်း အခမ်းအနားကို အောက်ပါလင့်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ... အဒီအခမ်းအနားမှာ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြတပ်ဖွဲ့လည်း ပါဝင်ချီတက်စစ်ရေးပြခဲ့... ❤️❤️❤️
-
တိုက်ပွဲသတင်းစုံ
转发自:
View of Sue avatar
View of Sue
ကျောင်းဆရာနဲ့ ကျောင်းသားတွေ ကျောင်းသွားတာကို
ငါးလိုးမ ကျောင်းဆရာဆိုပြီး လိုက်တိုက်ခိုက်ခဲ့တဲ့ nld အားပေး Gz တကောင်

အဲဒီတုန်းက သူတို့တွေ လက်နက်မကိုင်သေးလို့ ရန်လုပ်ရုံပဲ ရှိသေးတယ်။

နမခမြို့တော် monywa မှာ ကလေးတွေ ဆရာ၊ ‌ဆရာမတွေကို အဖြူအစိမ်း ကျောင်းသွားကြတာ မတွေ့ရတာ၊ မဝတ်ရဲတာ ၄ နှစ် ရှိပါပြီတဲ့။

ဘယ်သူတွေကို ကြောက်လို့လဲဆိုတာ လူတိုင်းသိ၏။
မ င်္ဂ လာ နံ နက် ခင်း ပါ ခင် ဗျ
🙏🙏🙏🇲🇲🇲🇲🇲🇲🙏🙏🙏
转发自:
Sit Min avatar
Sit Min
13.05.202510:33
May 13

ညောင်ကျိုးသတင်း မေးနေကြသူများလို့
သတင်းတစ်ခုအား တယ်လီဂရမ်မှာ တွေ့လို့ မေးကြည့်လိုက်ရာ မှန်ကန်ကြောင်းသိရ၍ ဝမ်းသာရအောင် ဖော်ပြပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ် နှင့် ပဲခူးတိုင်း နယ်ခြားတွင်
တပ်မတော် စွမ်းစွမ်းတမံ တိုက်ထုတ်ကာကွယ်နေခဲ့သော ညောင်ကျိုးရွာတိုက်ပွဲတွင်
အကြမ်းဖက်စစ်သွေးကြွ AA သူပုန်တို့ဘက်မှ တော်တော်များများ ဂိန် သွားကြပြီး
တပ်မတော်မှ လေသာတောင်စခန်းကိုပြန်လည် သိမ်းယူနိုင်ပါပြီ။တပ်မတော်ဘက်မှ စစ်သည်တစ်ဦးသာ ဒဏ်ရာရရှိခဲ့ပြီး တပ်မတော်မှ ပြန်လည်အသာစီးရနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Congratulations ပါ ဗန်းမော်
-
တိုက်ပွဲသတင်းစုံ
转发自:
Nay Zin Latt avatar
Nay Zin Latt
18.04.202515:24
.

☯️

ဦးဏှောက်လေး ဘာလေးလဲသုံးကြဦး

အမေရိကန်က ဘင်္ဂလားဒေ့ချ်ကို လူမိုက်ငှား၊ပံ့ပိုးခိုင်းပြီး ရခိုင်လူမျိုးကုန်အောင်လုပ်နေတာလောက်တော့ သိဖို့ကောင်းတယ်၊

နဂိုရ်ကမှ လူဦးရေနည်းနေရတဲ့အထဲ စစ်ကြောင့် ရခိုင်တွေသေကြရရင်... ဘင်္ဂလားဒေ့က ရခိုင်ကိုသာသာလေး ဝင်သိမ်းသွားလိမ့်မယ်၊

ကျန်တာ လူဦးရေပေါက်ဖွားနှုံးနဲ့ မြောက်ပိုင်းကတဆင့်တောင်ပိုင်းကိုသိမ်းလိမ့်မယ်၊

ဆီရီးယားလိုကိုယ်တိုင်မဝင်ပဲ ဘင်္ဂလားဒေ့ချ်က ယူကရိမ်းစစ် NATO model ကိုသုံးနေတာ၊

ရခိုင်ဟာ ငါတို့တိုင်းရင်းသားပါ
မင်းတို့ လူပျောက် နယ်မြေပျောက်မှာ ဘယ်မြန်မာကမှကြည့်ရက်မှာ မဟုတ်ပါဘူး၊

ငါ့သားလိုမွေးထားတဲ့ မန်နေဂျာက ရခိုင်စစ်စစ်
ခြံထဲက ခလေးကလဲ ရခိုင်စစ်စစ်ပဲ

ငါ့အခင်ဆုံး သူငယ်ချင်းကလဲ ရခိုင်စစ်စစ်
ငါ့တပည့် တွေထဲမှာလဲ ချင်းလူမျိုးတွေ အများကြီး၊

မင်းတို့ရဲ့ အဆုံးအဖြတ်က ဖျက်မရတဲ့ သမိုင်းတခုအဖြစ်ကျန်ရစ်နေလိမ့်မယ်ဆိုတာကို သတိထားကြစေချင်တယ်၊

နိုင်ငံတော်အနေနဲ့လဲ ရခိုင်ဒေသကို ရှမ်းမြောက်ပိုင်းထက် ပိုအရေးကြီးတာကိုသိထားပြီးသားပါ၊

ကြားညပ်ပြီး လူကုန်သွားမှာစိုး လို့


BaMg ( 18.4.25 ) ☯️


.
转发自:
Kyaw Swar avatar
Kyaw Swar
08.05.202505:12
သတင်းမှန် ဖြစ်ပါစေ။

Crd ပန်းချစ်သူ

ဗန်းမော်မှာ AA နဲ့ PDF ၃၀ ကျော်အလံဖြူထောင်ပြီး အလင်းဝင်

တပ်မတော်က တတိယအကြိမ်ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲလိုက်ပြီးတဲ့နောက် ဗန်းမော်မြိုကိုတိုက်နေတဲ့ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူတွေထဲက ရခိုင်လက်နက်ကိုင်အဖွဲ AA နဲ့ PDF အကြမ်းဖက်အဖွဲဝင် ၃၀ ကျော်အလင်းဝင်ရောက်လာတယ်လို သိရပါတယ်။

ဒီနေ့ မေလ ၈ ရက်နေ့မနက် ၇ နာရီခွဲအချိန်ခန့်မှာတော့ AA နဲ့ PDF အဖွဲဝင် ၃၀ ကျော်ဟာ အလံဖြူတွေထောင်ပြီး ဗန်းမော်မြိုက ကံဦးဘုန်းကြီးကျောင်းမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲတွေဆီကို လာရောက်အလင်းဝင်ခဲ့ကြတယ်လို သိရပါတယ်။


https://youtube.com/@kyawswarkyawswar-jw8ru?si=9k-GJdLO_SKbvuyG

https://t.me/kyawswar49111
07.05.202513:13
ဗန်းမော်မြို့တွင်း ဝင်ရောက်နေတဲ့ ရန်သူအား မင်းခေါင်စစ်ကြောင်းမှ လေကြောင်း၊ Drone၊ အမြောက်များဖြင့် ချေမှုန်းသုတ်သင်နေမှု အခြေအနေ (7-5-2025) 💪💪💪
-
တိုက်ပွဲသတင်းစုံ
26.04.202512:08
ထိုင်းရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတောင် KNU ဆီ ပို့မယ့် လက်နက်တွေပါလို့ တရားဝင် ကြေညာထားတယ်။ ၂၀၀၈ ခြေဥ မှာ လက်နက်ကိုင်အားလုံးက တပ်မတော်ရဲ့ အောက်မှာ ရှိရမယ်လို့ ပြဌာန်းထားတယ်။ အပြန်အလှန်အားဖြင့် လက်ရှိလက်နက်ကိုင်ကြတဲ့ တိုင်းရင်းသားတွေကလည်း နိုင်ငံရေး လိုလားချက်ပြည့်ရင် မလွှဲမသွေ လက်နက်ဖြုတ်သိမ်းပြီး လုံခြုံရေး ကဏ္ဍ ပေါင်းစည်းရေးကို သွားရမယ်။ ဒါပေမယ့် ဘယ်လက်နက်ကိုင်မှ ဒီခြေလှမ်းကို မလှမ်းကြဘူး။ ဥပမာ ကျားဖြန့်လိုမျိုး ၊ ဒေသအခြေစိုက် လုပ်ပိုင်ခွင့်ပြုပြီး ကိုယ်စီ စီးပွားရှာကြမယ်၊ လက်နက်အင်အား ဖြည့်တင်းကြမယ်။ လူအင်အားပြည့်မီအောင် ဗမာလူမျိုးကြီး ဝါဒ အကြောင်းပြပြီး လူမျိုးစုဝါဒ အသက်သွင်းကြမယ်။ ဒီလောက်ပဲ။
------
ဖက်ဒရယ် ရဲ့ သဘောသဘာဝအရ ပြည်နယ်အစိုးရတွေကို အာဏာ ၃ ရပ်အပ်နှင်းပေးနိုင်တယ်ဆိုပေမယ့် ဘယ်ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့် အာဏာ မဆို ပင်မ ခြေဥ Law ကို ကျော်ခွင့်မရှိဘူး။ အိန္ဒိယရဲ့ ခြေဥမှာ ပြည်နယ်အစိုးရအနေနဲ့ ပင်မဥပဒေကို ကျော်လွန်လုပ်ဆောင်လာရင် ပေးထားတဲ့ အာဏာတွေ ရုတ်သိမ်းပြီး သမ္မတ လက်အောက် ပြန်ထည့်ထားလေ့ရှိတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ကိုးကန့်အရေးဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထက်ကျော်လွန်ပြီး ပြည်ထောင်စုကို တိုက်ရိုက်ထိခိုက်စေတဲ့ ကျူးကျော်စစ်ပဲ။ နောင်မှာ လိုအပ်ရင် အိန္ဒိယလိုမျိုး ဥပဒေ ပြဋ္ဌာန်းသင့်တယ်။
------
သံယဇာတ ခွဲဝေမှုနဲ့ပတ်သက်ရင် ခုလက်ရှိ အနေအထားအရ UWSA နဲ့ KIA ထိန်းချုပ်နယ်မြေတွေမှာလုပ်နေတဲ့ စီးပွားရေး‌နဲ့ လဝက လို ကဏ္ဍတွေမှာ ဗဟိုအစိုးရအနေနဲ့ ဆုံးဖြတ်ပါဝင်ခွင့် မရှိတာဟာ ဖက်ဒရယ်အခြေခံ စည်းမျဉ်းတွေကို ကျော်လွန်ချိုးဖောက်တာပဲ။ ပြည်နယ်အစိုးရတွေကို နိုင်ငံတကာအစိုးရနဲ့ သံခင်းတမန်ခင်း တိုက်ရိုက် ဆွေးနွေးနိုင်တဲ့ အခွင့်အရေး ပေးထားပြီလား မေးခွန်းထုတ်ရတော့မယ်။
-------
တကယ်တော့ ဒီနိုင်ငံက ဘယ် EAO မှ ဒီမိုကရေစီစနစ်မသွားချင်ကြဘူး။ ရွေးကောက်ခံ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်မှာ လက်နက်မရှိတော့ရင် အာဏာဟာ အလကားပဲ။ ဒေသတခုမှာ ကိုယ့်လက်နက်ကိုင်တပ်ဖွဲ့နဲ့ UWSA လိုမျိုးကွန်ဖန်ထရိတ်ဆန်ဆန် နေချင်ရုံထက်မပိုကြဘူး။ နိုင်ငံအတွင်း၌ရှိသော နိုင်ငံသားတွေက ဘယ်နေရာမဆို လွတ်လွတ်လပ်လပ် သွားခွင့်ရှိတယ်လို့ ခြေဥမှာ ဖော်ပြထားပေမယ့် UWSA ထိန်းချုပ်နယ်မြေတွေတော့ ဒီဥပဒေက အာဏာမသက်ရောက်ဘူး။
--------
နောက်တခုက နိုင်ငံရေး လောဘပဲ။ လက်ဖက်ပဲ ထွက်တဲ့ ပလောင်က စစ်အင်အားအရ ကျူးကျော်သိမ်းပိုက်ပြီး ပြည်နယ်တောင်းတာဟာ ဒီမိုကရေစီအရပြောပြော၊ ဖက်ဒရယ်စနစ်အရဆိုဆို မှားတဲ့ လုပ်ရပ်ပဲ။ ဒါကို နိုင်ငံရေးသမား တွေအားလုံး၊ တပ်မတော်အပါအဝင် ရှိသမျှ အင်စတင်ကျူးရှင်းတွေ အနေနဲ့ ရှုံ့ချရမယ်။ တားမြစ်ရမယ်။
---------
မဟုတ်ရင် ပင်မဖွဲ့စည်းပုံပါ ဥပဒေပြဌာန်းချက်တွေက သောက်ပေါလုံးလုံး ဖြစ်သွားလိမ့်မယ်။


(နရီမိုး)
ကမ္ဘာ့အသက်အငယ်ဆုံး ကလေးငယ်တွေကို ဖမ်းဆီးနှိပ်စက်တဲ့ အကြမ်းဖက်အဖွဲ့


မနေ့တစ်နေ့ကမှ လက်နက်ကိုင်
ပေါ်ပေါက်လာတဲ့ အကြမ်းဖက် pdf တွေဆိုတာ
အမြင်မတူရင် ဘယ်ပြည်သူကိုမှ ရှောင်နေတာမဟုတ်ဘူး။
အကြောင်းပြချက်မျိုးစုံ ပေးပြီး
ရောက်တဲ့နေရာမှာ ရက်ရက်စက်စက်
ပစ်သတ်တတ်တာ ဒီကောင်တွေရဲ့ အကျင့်ပဲ။

အကြမ်းဖက်ဆိုတဲ့အတိုင်း
ဘာဥပဒေမှ မရှိသလို
ဘာကျင့်ဝတ်မှလည်း မရှိဘူး။
လူသားချင်းစာနာထောက်ထားမှုဆိုတာ အဝေးကြီးပဲ။

အခုလည်း ကြည့်ပါဦး...
ဘုရားဖူးလာတဲ့ အပြစ်မဲ့ပြည်သူတွေကို
ဖမ်းဆီးနှိပ်စက်ထားတဲ့အထဲမှာ
ဘာမှမသိသေးတဲ့ ကလေးငယ်တွေ အများကြီးပဲ။
ဒီကလေးငယ်တွေဆိုရင် ဘယ်အရွယ်ရှိဦးမှာလဲ။
ဒီကလေးငယ်တွေ ဘာသိဦးမှာလဲ။
ဒီလို ဘာမှမသိသေးတဲ့ ကလေးငယ်တွေကို
ဖမ်းဆီးနှိပ်စက်တာဟာ
ကမ္ဘာက လက်ခံလို့မရတဲ့ ပြစ်မှုကြီးတစ်ခု
ကျူးလွန်လိုက်တာပဲ။
ကမ္ဘာမှာ အသက်ငယ်ဆုံး ကလေးငယ်တွေကို
ဖမ်းဆီးနှိပ်စက်တဲ့ အကြမ်းဖက်အဖွဲ့အဖြစ်
မှတ်တမ်းဝင်သွားပြီဆိုတာ အသေအချာပါပဲ။

ဦးစ
Truth Waves
08.05.202512:47
ယူကရိန်းနဲ့ ရုရှား စစ်ဖြစ်တော့ သာမန် ခရိုင်းမီးယားပုံစံ အဆုံးသတ်လိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ယူကရိန်းက ခွဲထွက်ချင်တဲ့ ပြည်နယ် ၄ ခုကို ရွေးကောက်ပွဲလုပ်ပြီး ရုရှားနိုင်ငံထဲ သွတ်သွင်းခဲ့ချိန်မှာ ဒီစစ်ပွဲက ဒီလောက်နဲ့ပဲ ပြီးသွားလိမ့်မယ်လို့ ထပ်ပြီး ခန့်မှန်းခဲ့ကြတယ်။
----
ဒါပေမယ့် စစ်ပွဲက ဒီလောက်နဲ့ မရိုးရှင်းလှဘဲ နောက်ကွယ်က ရုရှားနဲ့ နေတိုးနိုင်ငံတွေရဲ့ မြုပ်ကွက်ဇာတ်လမ်းတွေ ရှိနေခဲ့ကြတယ်။ တကယ်တော့ ယူကရိန်းကလည်း တည်ကြက် သဘောသာသာပါပဲ။ စစ်လက်နက်တွေကို နေတိုးနိုင်ငံတွေက အချိုးကျ ထောက်ပံ့ကြတယ်။ မြို့တွေနဲ့ အချုပ်အခြာ ဆုံးရှုံးတာကတော့ ယူကရိန်းရဲ့ မိုက်တွင်း နက်မှုပေါ့။ စကတည်းက နေတိုးထဲ မဝင်ဘူးဆိုတဲ့ သဘောတူညီချက်နဲ့ ညှိနိုင်ခဲ့ရင်တော့ အကောင်းသား။ ခုတော့ စကားတွေရော၊ ကြမ်းတွေရော၊ လူ့အသက်တွေရော ကျွံပြီးသွားကြပြီ။ အရင်ကထက် စစ်ပွဲရပ်ဖို့ ခက်ခဲတယ်လို့ ဆိုရမလားပဲ။
-----
တဖက်မှာလည်း နှစ်နဲ့ ချီ စစ်ကို ဆင်နွှဲထားရလို့ လူသားအရင်းအမြစ်တွေအပြင် ဘဏ္ဍာရေးနဲ့ နိုင်ငံရေးမှာလည်း စကားပြောလာခဲ့တယ်။ ဥပမာ နေတိုးနိုင်ငံတွေရဲ့ ဝန်ကြီးချုပ်တွေဟာ ဒီစစ်ပွဲအပေါ် ရပ်တည်နေခဲ့ကြရင်းနဲ့ စစ်ပွဲနဲ့ဆက်စပ်တဲ့ အကျိုးသက်ရောက်မှုတွေကနေ အစိုးရ အချင်းချင်းကြား သဘောထားတိုက်ဆိုင်မှု ကွဲလွဲလာကြတာတွေ၊ အစိုးရတွေ နုတ်ထွက်ရတာတွေ စသဖြင့် ရှိလာခဲ့ကြတယ်။
------
ပိုဆိုးတာကတော့ ယူကရိန်း-ရုရှားစစ်ကို ရေရှည် ဖြစ်စေချင်တဲ့ ဘိုင်ဒင်အစိုးရပြုတ်ကျပြီးနောက်ပိုင်း အမေရိကန်ရဲ့ စစ်ပွဲအပေါ်ထားတဲ့ ပေါ်စလီအချိန်းအပြောင်းကလည်း အရင်မူဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေခဲ့တယ်။ အမေရိကန်ရဲ့ လက်ရှိ မူဝါဒက ရှင်းတယ်။ ဘယ်နိုင်ငံကိုမှ ထောက်ပံ့တာတွေ မလုပ်တော့ဘူး။ နှစ်စဉ် တအိအိ တိုးမြှင့်လာတဲ့ အကြွေးတွေကြောင့်လည်း ဖြစ်ကောင်း ဖြစ်မယ်။ ဒေါ်နယ်ထရမ့်တက်လာပြီး ပိုလျှံနေတဲ့ ဝန်ထမ်းတွေ ဖြုတ်တယ်။ မလိုအပ်တဲ့ စီမံကိန်းတွေ ရပ်တယ်။ ခိုးဝင်တွေကို နေရပ်ပြန်ပို့တယ်။ တဆက်တည်း ကျောင်းတော်က ရန်စအတိုင်း တရုတ်နဲ့ ကုန်သွယ်စစ် ပြန်ဖြစ်ဖို့ ကြိုးစားတယ်။
-------
ယူကရိန်း-ရုရှား စစ်ဖြစ်တော့ ပူတင် ကြီး သမ္မတရှီ ဆီ သွားတာ မှတ်မိကြမယ်ထင်ပါတယ်။ ဒါက ယူကရိန်း စစ်ပွဲမှာ ပူတင်အတွက် မဟာမိတ်အား လိုလို့ပါ။ ဒါပေမယ့် တရုတ်လည်း သိသိသာသာကြီးတော့ ကူညီလိုက်ဟန်မရှိဘူး။ ဒါ့ကြောင့်လည်း ပူတင်က မြောက်ကိုရီးယားဆီက ပြောင်းလှည့်ခဲ့တာလို့ သုံးသပ်ရတယ်။ အပြန်အလှန်အားဖြင့် ရုရှားက နည်းပညာတွေပေးကောင်း ပေးနိုင်သလို၊ ယူကရိန်းစစ်အတွက်လည်း မြောက်ကိုရီးယားစစ်သားတွေကို ပေးပို့ခဲ့တာတွေ လုပ်ခဲ့ကြတယ်။
-----
ခုတော့ တရုတ်မှာလည်း အမေရိကန်နဲ့ ဖြစ်နေတဲ့ ကုန်သွယ်ရေး စစ်ကြောင့် ပူတင်နဲ့ နီးကပ်ဖို့ လိုတယ်ဆိုတာ သဘောပေါက်ဟန်ရှိတယ်ထင်ပါတယ်။ ရင်ပြင်နီအတွက် တရုတ် တပ်မတော်သားတွေ စေလွှတ်ခဲ့သလို သမ္မတရှီ ရဲ့ ရှေ့ပြေးအဖြစ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးကိုလည်း ကြိုတင်စေလွှတ်ခဲ့တာ တွေ လုပ်ခဲ့တယ်။ ကြည့်ရတာ ခုတော့ အနီးကပ် ပူးပေါင်းညှိနှိုင်းနေကြပြီ တူပါတယ်။ သေချာတာကတော့ ကမ္ဘာကြီးက မဟာမိတ်အစုအဖွဲ့တွေနဲ့ပဲ ထပ်ပြီး ပြိုင်ဆိုင်ကြလိမ့်ဦးမယ် ဆိုတာကတော့ ကြိုပြီး သုံးသပ်လို့ရပြီ။


(နရီမိုး)
07.05.202512:22
၇-၅-၂၀၂၅ ရက်နေ့ ဗန်းမော်မြို့အတွင်း ပြည်သူပိုင်နေအိမ်များနှင့် ဘာသာရေးအဆောက်အဦများအတွင်း ခိုအောင်းနေသည့် အကြမ်းဖက် KIA-PDF-AA-ABSDF အဖွဲ့များအား မင်းခေါင် မြေပြင်ချေမှုန်းရေးစစ်ကြောင်း၊ ဒရုန်း၊လက်နက်ကြီးနှင့် လေကြောင်းတို့မှ ပြင်းပြင်းထန်ထန်ချေမှုန်းသုတ်သင်။


ပိန်းဥတွေ ပဒပ်တွေ ခဲဝါတွေ ထွက်ပြေးတာလည်းမပြောနဲ့ ဗြင်းချက်တွေက လက်ဖြားခါတယ်။

ဗန်းမော်ကို ဘယ်အကြမ်းဖက်ကောင်တွေ လာဦးမှာလဲ..?

လာရဲရင် သရဏဂုံပါ တစ်ခါတည်းတင်လာခဲ့။

သေချင်ရင် စိန်မစားနဲ့ ဗန်းမော်သွားဆိုတာ အလကားပြောတာမဟုတ်ဘူး။

(မှတ်ချက်- အလောင်းလက်နက်တွေ အများကြီးရထားတယ်)

မှိုင်းဝေ
၁၂-၅-၂၀၂၅ ရက်နေ့ ဗန်းမော်မြို့ အရှေ့ဘက်တွင်
စစ်ရှုံး၍ ကြောက်လန့်စွာပုန်းအောင်နေတဲ့
အကြမ်းဖက် KIA အဖွဲ့များကို
မင်းခေါင်စစ်ကြောင်းက ချေမှုန်းသုတ်သင်ရှင်းလင်း

KIA မသာပုံတွေရရင်တင်ပေးမယ်

စကခ-၂၁ မှူးရဲ့ မင်းခေါင်စစ်ကြောင်းလို့
အသံကြားလိုက်တာနဲ့ ငစနူ နော်ဘူတို့ ချီးချမ်းနေပြီ

(ရှယ်တီး VD တွေ လာဦးမယ်နော်)

မှိုင်းဝေ
Breaking News (ဗန်းမော်)
-
တိုက်ပွဲသတင်းစုံ
登录以解锁更多功能。