Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Movie Verse avatar
Movie Verse
Movie Verse avatar
Movie Verse
The Girl Next door( 2004)

ဒီဇာတ်ကားကိုကြည့်ဖူးရင် အကောင်ပါပဲ……..မင်းသမီး Elisha Cuthbert ကိုကြိုက်မိသွားတဲ့အကောင်။ကျွန်တော်ကတော့ မင်းသမီးအပြင် မင်းသား Emile Hirsch ရဲ့သရုပ်ဆောင်မှုတွေကိုလဲ အာတွေ့လှပါတယ်။သူတို့အတွက်များ ဒီဇာတ်ကားဖန်တီးဖြစ်တာလားလို့ တွေးမိရလောက်အောင် မင်းသားရော မင်းသမီးရော နှစ်ယောက်လုံး ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားကြပါတယ်။ သူတို့နဲ့ လိုက်ဖက်လွန်းတဲ့ဇာတ်ကားပါ။ဇာတ်ကားရဲ့ ရည်ရွယ်ရင်းလဲ နှစ်သက်မိသလို ဟာသရသလဲမြောက်ပါတယ်။လူငယ် အချစ် ဟာသ ဇာတ်လမ်းလေးတွေမှာတော့ မမေ့နိုင်တဲ့ဇာတ်ကားပါ။Hit Man မင်းသား..ဖိုက်တာကြီး Timothy Olyphant ကို ဂျလေဘီဆန်ဆန်မြင်ရတာလဲ သဘောကျမိပါတယ်။Unrated Version နဲ့တင်ဆက်ထားတာမို့ ပြည့်ပြည့်ဝဝခံစားရမှာပါ။ချုပ်ပြောရရင် Teen Comedy ပရိတ်သတ်တွေ မကြည့်ဖူးသေးရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားပါ။ကြည့်ပြီးသားဖြစ်ရင်လဲ မင်းသမီး Elisha Cuthbert ကြောင့် ထပ်ကြည့်သင့်ကြောင်းပါ။

ဇာတ်ကားlink📌
https://t.me/biscopei00/3774
A Simple Favor (2018)

ဇာတ်လမ်းအကျဉ်းကတော့..
စတက်ဖနီက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မုဆိုးမဖြစ်ပြီး သားလေးမိုင်းစ်ကိုတစ်ကိုယ်တည်း ပျိုးထောင်နေသူလေးပါ။ကျောင်းကိစ္စဆိုလည်း ဘယ်နေရာမဆိုတက်ကြွလွန်းလို့ တခြားကလေးမိဘတွေကတောင် အမြင်ကတ်ရသူဖြစ်ပါတယ်။
အမ်မလီကတော့ အထက်တန်းကျကျ ဖက်ရှင်ကုမ္ပဏီတစ်ခုရဲ့ အရေးပါအရာရောက်သူ အနေအထိုင် အပြောအဆိုကအစ ခေတ်ရှေ့ပြေးသလောက်
သားဖြစ်သူနစ်ကီ့ကို အလုပ်ကိစ္စတွေကြောင့် အာရုံသိပ်မစိုက်နိုင်သူ
စရိုက်မတူတဲ့သူတို့နှစ်ယောက် ကလေးတွေကိုအကြောင်းပြုပြီး ခင်မင်သွားကြပါတော့တယ်တစ်ရက်တော့ အလုပ်ကိစ္စကြောင့် နစ်ကီ့ကိုကြိုပေးဖို့ စတက်ဖနီကိုအကူအညီတောင်းပြီး
အမ်မလီတစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားပါတော့တယ်။
အချစ်ဆုံးသူငယ်ချင်းအမ်မလီကို စတက်ဖနီကိုယ်တိုင်ရှာပုံတော်ဖွင့်ရာမှ
မထင်မှတ်တာတွေ တခုပြီးတခုထွက်ပေါ်လာတဲ့အခါမှာတော့…

ဇာတ်ကားlink📌
https://t.me/biscopei00/3759
转发自:
MMK BET avatar
MMK BET
🔠 🔠 🔠 🔠🔠🔠

စလော့ဂိမ်းစုံကိုတစ်နေရာတည်းမှာစိတ်ကြိုက်ဆော့မယ်လေ 💵💵💵

MMK BET Online Website မြန်မာနိုင်ငံရဲ့ နံပတ် (🤩) ဂိမ်းအများဆုံး Website 
အပေါက်ကြမ်း အပေးကြမ်းပြီး အနိုင်များတဲ့ဂိမ်းများ🎮

✅MMK BET မှာ အကောင့်တစ်ခုတည်းနဲ့ ဘောလုံး၊ စလော့၊ လိုင့်ဖ် ကာစီနိုဂိမ်းများ အစရှိသော ဂိမ်းပေါင်းများစွာအပြင်
✅ထိုင်း2⃣🅰3⃣🅰များလည်း
တစ်နေရာတည်းမှာ ဆော့ကစားလိုရပါတယ်ရှင့်
🇹🇭ထိုင်းရောက်‌ရွှေမြန်မာများလည်း
အကောင့်ဖွင့်ကစားနိုင်ပါတယ်ရှင့် 🇹🇭

⭐️အော်တိုစနစ်နဲ့မလို ကိုယ်တိုင် ငွေသွင်း/ငွေထုတ် လုပ်နိင်
⭐️2⃣4⃣နာရီဝန်ဆောင်မှုမလို ခုနိင်ခုချက်ချင်းထုတ်
⭐️ဘဏ် Limit ပြည့်လို ကြန့်ကြာတာမရှိ
⭐️ငွေထုတ်နှေးတာမရှိ

🔥အကောင့်သစ်ဘောနပ် 50%
🔥နေ့စဉ် ဘောနပ် 20%
🔥အရှုးပြန်ပေးခြင်း အစီစဉ် Cashback5%

⤵️ဆက်သွယ် အကောင့်ဖွင့်ရန်⤵️

📱Telegram - @mmkbetcs
https://t.me/mmkbetcs

📱Viber - 09 89 69 39 299
https://msng.link/o?+959896939299=vi

📱Line - @mmkbet
https://msng.link/o?mmkbet=ln

🌐Website : https://mmkbet.com/
🪩Website : playth.mmkbet.com
The Billionaire ( 2011 )

33 နှစ်အရွယ် ဘီလျံနာတစ်ယောက်ရဲ့ ဘဝလျှို့ဝှက်ချက် (သို့မဟုတ်) သုည မှ Billionaire အဖြစ်သို့ ( စ – ဆုံး )
သူဌေးလေးရေညှိ -Tao Kae Noi လုပ်ငန်းပိုင်ရှင်ရဲ့ ဘဝဇာတ်ကြောင်း
*တစ်စုတစ်စည်းထဲ ဖတ်လို့ရအောင် ပြန်တွဲပေးလိုက်ပါတယ်နော်*ဒီ Tao Kae Noi ရေညှိလေးကို တော်တော်များများ သိကြမယ်ထင်ပါတယ်…
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ထင်တယ်… သူဌေးလေးရေညှိဆိုပြီး နာမည်ကြီးလာတာ… ရေညှိထုပ်လေးက အရသာမျိုးစုံပဲ…
ကိုက်လိုက်ရင် ကြွပ်ကြွပ်ရွရွလေး… စားသာစားပြီး တစ်ခါမှ ရေညှိထုပ်အိတ်လေးပေါ်က အကျီ ၤ အနီဝတ်ထားတဲ့ အရုပ်လေးအကြောင်း တစ်ခါမှ စိတ်ဝင်တစားမရှိခဲ့ဘူး…
အမှတ်မထင် စပ်စုမိရာမှ သိလာရတဲ့ ဒီရေညှိထုပ်လေးရဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင်ဖြစ်သူရဲ့ နောက်ကြောင်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ သိသလောက်လေး ပြန်မျှဝေလိုက်ပါတယ်နော်…Tao Kae Noi ကို စတင်တည်ထောင်သူဟာ ထိုင်းနိုင်ငံသား Aitthipat Kulapongvanich ဖြစ်ပါတယ်။

ဇာတ်ကားlink📌
https://t.me/biscopei00/3731
Creed 2

၂၀၁၅မှာ creed ဆိုပြီး ရော့ကီရဲ့တပည့်ကို မိတ်ဆက်ပေးခဲ့ပါတယ်
၂၀၁၈ခုနှစ်မှာတော့ Creed 2 ကို ပရိတ်သတ်တွေဆီ ပို့ဆောင်ပေးခဲ့ပြန်ပါတယ်အရင်ကားတွေအတိုင်းပါပဲ စွဲဆောင်မှုရှိရှိနဲ့ ပရိသတ်ကို ဖမ်းစားခဲ့ပြန်ပါတယ်ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ရဲ့ရွှေခါးပတ်ကို ရရှိဖို့ဆိုတာ မလွယ်ကူသလို
ထိန်းသိမ်းဖို့ဆိုတာလည်း သိပ်ကိုခက်ခဲပါတယ်
ဒီဇာတ်ကားထဲမှာ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ဘဝကို ကိုယ်ချင်းစာမိသွားအောင် ရိုက်ပြထားပါတယ်
ဝါသနာကြောင့် လုပ်နေပေမယ့် နာကျင်မှုကို လူတိုင်း ကြောက်ပါတယ်ဒါ့အပြင် အချိန်မရွေး ကြိုးဝိုင်းထဲမှာ အသက်ဆုံးရှုံးသွားနိုင်ပါသေးတယ်လက်ဝှေ့ရဲ့သဘောတရားကိုက သူတစ်ပါးကိုနာကျင်အောင်လုပ်ရတာပါသူတစ်ပါးကို နာကျင်စေချင်ရင်တော့ ကိုယ်ကိုတိုင်လည်းနာကျင်မှုကို
ကြောက်နေလို့မဖြစ်ပါဘူး
နာကျင်မှုကို ပိုပြီးခံနိုင်ရည်ရှိတဲ့သူက ရေရှည်မှာ ပိုပြီးအနိုင်ရဖို့များပါတယ်
အောင်မြင်မှုရဲ့ အရသာဟာ နာကျင်မှုတွေကိုစက္ကန့်ပိုင်းအတွင်းပျောက်အောင်ကုစားနိုင်တယ်ဆိုတဲ့
ရသကိုအပြည့်အဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့
ကြည့်လို့ကောင်းမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်…

ဇာတ်ကားlink📌
https://t.me/biscopei00/3723
Railroad Tiger (2016)

ဇာတ်လမ်းအကျဉ်းမှာတော့ မာယွမ်တို့ဟာ ဂျပန်လက်အောက်မှာနေနေရတဲ့ သံလမ်းဘေးက အလုပ်သမား တောသားတွေပါ။ သူတို့ဟာ တိတ်တဆိတ်တတ်နိုင်သလောက် ဂျပန်တွေကို ဒုက္ခပေးနေပေမယ့် ဘယ်သူမှ အထင်တကြီးမရှိလှပါဘူး။တောသားငတုံးတွေဆိုပြီး ဂျပန်တွေက အာရုံမထားသလို တရုတ်တော်လှန်ရေးတပ်သားတွေကလည်း အရေးတယူမရှိပါဘူး။ တစ်နေ့မှာတော့ ဂျပန်တွေ စီးနင်းထားတဲ့ တံတားတစ်ခုကို ဖောက်ခွဲဖို့ကြိုးစားရင်း တရုတ်တစ်တပ်လုံးကျသွားချိန်မှာ လွတ်လာတဲ့ တပ်သားတယောက်ကို မာယွမ်တို့ ကယ်မိပါတယ်။ အဲဒီ စစ်သားကို ဘာလို့တံတားကို ဖောက်ခွဲရလဲမေးပေမယ့် မင်းတို့နားမလည်ပါဘူးလေဆိုပြီး ရှင်းမပြခဲ့တော့ပါဘူး။
အဲဒီမှာပဲ ဘာမှနားမလည်တဲ့ တောသားတစ်စု ဘာလို့ဖောက်ခွဲရမလဲ နားမလည်ပေမယ့် တရုတ်တပ်ကဖောက်ခွဲဖို့လိုတယ်ပြောရင်ဖောက်တာပေါ့ဆိုပြီး မိုင်းခွဲနည်းလိုက်မေး မိုင်းတွေခိုးဖို့ကြိုးစားရင်း သူတို့တတ်နိုင်တဲ့နေရာကနေ အသက်စွန့်ပြီးကူညီကြတဲ့အခါ….

ဇာတ်ကားlink📌
https://t.me/biscopei00/3705
The Mechanic (2011)

မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကလဲ နာမည်ကြီးပါတယ်။ကြေးစားလူသတ်သမား ဘစ်ရှော့ဆိုတာ Mechanic စက်တစ်လုံးလို တိကျသေချာတဲ့နည်းလမ်းနဲ့ အလုပ်လုပ်တတ်တဲ့သူပါ။
ဘယ်နေရာမှာမဆို တိကျသေချာအောင် အကွက်ချတတ်ပြီးတော့ သူ့ရဲ့အလုပ်က လူသတ်ယုံမဟုတ်ဘဲ အဲ့ဒီ့လူသတ်မှုကို မတော်တဆမှုလိုလို…အခန့်မသင့်လို့သေတာလိုလို…ဖန်တီးရတာမျိုးပါ။ဒီလိုကြေးစားလူသတ်သမားကိုမှ လာရှုပ်မိတဲ့ ငနဲသားတွေ ဘယ်လိုဒုက္ခဝေသွားမလဲဆိုတာ…..။မာကြောပြတ်သားတဲ့ အက်ရှင်ဇာတ်ရုပ်နဲ့ Jason Statham နဲ့ကတော့ အလိုက်ဆုံးအတွဲအဖက်ပါပဲ။Action,Crime,Thriller အမျိုးအစားဖြစ်ပြီး IMDb Rating (6.6/10 ) ရရှိထားပါတယ်။

ဇာတ်ကားlink📌
https://t.me/biscopei00/3770
🔥ကြည့်မိလို့နောင်တမရစေမဲ့
ဝါရင့်မင်းသားကြီးတွေရဲ့ ဟောင်းပေမဲ့ ကောင်းနေဆဲ Action Drama တပုဒ်ကို ညွှန်းဆိုပေးချင်ပါတယ် ❝ ဂျွန်စော ❞ရယ် လို့ သိကြတဲ့ မင်းသားကြီးSong S၊eung-h၊eon အပြင် တချိန်က အက်ရှင်မင်းသားကြီး J၊u Ji၊n-M၊o တို့ပါ ပါတာကြောင့် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်လို့ကောင်းတဲ့ အက်ရှင်ဇာတ်လမ်းတခုဆိုလဲ မမှားပါဘူး မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ အကိုဖြစ်သူ ကင်ဟွတ် တစ်ယောက် တောင်ဘက်ခြမ်းမှာတော့ သူ့သူငယ်ချင်းဖြစ်တဲ့ ယောင်ချွန်းနဲ့အတူ မှော၊င်၊ခို၊လုပ်ငန်းလုပ်ကိုင်နေခဲ့ပါတယ် တချိန်တည်းမှာပဲ မြောက် ဘက်ခြမ်းမှာ ကျန်ခဲ့တဲ့ ညီဖြစ်သူ ကင်ချော လွ၊တ်‌၊မြောက်ဖို့ အပူတပြင်းဖြစ်နေပါတော့တယ် ဒါ‌ တွေအပြင် မှေ၊ာင်၊ခိုလောကရဲ့ လှည့်ကွက်တွေအကြား ကံ‌ကြမ္မာ အလှည့်အပြောင်းတခုကြုံတွေလာချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့ ဒီကားထဲမှာ
ရှူစားကြည့်လိုက်ကြပါ



Movie Link
https://t.me/internmovie/3534
Fearless(2006)

(ဟောင်းပေမယ့် ကောင်းနေစဲ ဖြစ်တဲ့ ဂျက်လီရဲ့ နာမည်ကြီးဇာက်ကားတွေထဲးကမှ ၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့တဲ့
Fearless ဆိုတဲ့ တရုတ်သိုင်းကား တစ်ကားကို ကွာလတီကောင်းကောင်းနဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်)
တရုတ်ပြည်ရဲ့ဝူရှူးကို တစ်ကမ္ဘာလုံးသိအောင် အသက်သွင်းခဲ့ပေးတဲ့ ဟို့ရွမ်ကျားရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဟို့ရွမ်ကျားနေရာမှာ ဂျက်လီကပြန်ပြီးသရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဟို့ရွမ်ကျားရဲ့ဘဝဇာတ်လမ်းကို ပီပီပြင်ပြင်နဲ့ ဟာကွက်မရှိဖော်ပြနိုင်ခဲ့သလို တရုတ်သိုင်းကားတွေရဲ့ထုံးစံအတိုင်း fight scene တွေပါပြောစရာမရှိအောင် မိုက်တာမို့ ဝမ်းနည်းပူဆွေးနဲ့အံ့ဩမင်သက်မှုရောထွေးပြီး ကြည့်ရမှာဖြစ်ပါတယ်။

ဇာတ်ကားlink📌
https://t.me/biscopei00/3742
Dragon: Wu Xia (2011)

မင်းသားကြီး Donnie Yen ပါဝင်ထားတဲ့
သိုင်းလောကသားတွေအကြိုက်ဇာတ်ကားကောင်းဖြစ်ပါတယ်။
IMDb Rating (7.1/10) ရရှိထားတာကြောင့် လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။

ဇာတ်ကားlink📌
https://t.me/biscopei00/3730
The Hows Of Us

George က Primoကို မြင်တည်းက ကြည့်မရဘူး…ကြည့်မရတဲ့ Primoက တဖြည်းဖြည်း သူ့အနားရောက်လာခဲ့တယ်…
မိသားစုက သူ့ကိုချစ်ကြတယ်…အဖွားဖြစ်သူက Primoကို အသည်းစွဲ…နောက်ဆုံးတော့ သူလည်း Primoကို ချစ်မိသွားခဲ့တယ်…
အဖွားဆုံးခါနီးတော့ သူ့ကို Primoလက်ထဲအပ်ခဲ့ရုံမက အိမ်လေးကိုပါပေးခဲ့တယ်…ချစ်သူနှစ်ဦး အိပ်မက်တွေတပွေ့တပိုက်နဲ့ စိတ်ကူးတွေယဉ်ခဲ့ကြ ချစ်ခဲ့ကြတယ်…
နေ့ရက်တိုင်းဟာ ပျော်စရာပဲ…ရယ်ပြီးရင် ငိုရဦးမယ်ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ကြင်နာခြင်းတွေနောက်မှာ နာကျင်ခြင်းတွေကပ်ပါလာခဲ့တယ်…သူတို့ ဝေးခဲ့ကြတယ်…
အရာရာဟာ နေသားမကျခြင်းတွေနဲ့…အိမ်လေးကို Primoပြန်ရောက်လာခဲ့တယ်… Georgeကို ပျော်ရွှင်အောင်ထားမယ်ဆိုတဲ့စိတ်နဲ့… ဒါပေမဲ့ Georgeက သူ့ကိုစိတ်နာနေတုန်းပဲ…
သူ့ကိုစိတ်နာနေတဲ့ George စိတ်ပြန်ပြေပြီး ပြန်ချစ်လာဖို့… သူကတိပေးခဲ့ဖူးပြီး Georgeအရမ်းသွားချင်ခဲ့တဲ့နေရာလေးတစ်ခုကို လိုက်ပို့ပေးနိုင်ဖို့…
Georgeတို့မောင်နှမနှစ်ယောက် အရမ်းတွေ့ချင်နေတဲ့အဖေကိုတွေ့အောင်ရှာပေးနိုင်ဖို့ Primo စွမ်းနိုင်မှာလား… သူ့ရဲ့အချစ်တွေကိုရော သက်သေပြနိုင်မှာလားဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး…

ဇာတ်ကားlink📌
https://t.me/biscopei00/3714
Wheels on meals (1984)

တရုတ်ကွန်ဖူးရုပ်ရှင်တွေမှာ နာမည်ကြီးတဲ့မင်းသားသုံးဦးဖြစ်တဲ့ Jackie Chan, Yuen Biao, Sammo Hung တို့ရဲ့ ပေါင်းစပ်မှုဖြစ်ပါတယ်။ ထုံးစံအတိုင်း ကွန်ဖူးနဲ့ဟာသကို ရောထားတဲ့ ကားလေးပါ။ ဇာတ်လမ်းကတော့ စပိန်နိုင်ငံမှာပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။Jackie Chan နဲ့ Yuen Biao တို့ဟာ စပိန်နိုင်ငံမှာ အခြေချတဲ့ တရုတ်လူမျိုးတွေဖြစ်ပြီး Mobile စားသောက်ဆိုင်လေးနဲ့ အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ထားပါတယ်။ Yuen Biao ရဲ့အဖေကတော့ စိတ်ကျန်းမာရေးမကောင်းသူမို့ ဆေးရုံကိုသွားရင်းနဲ့ လှပချောမောတဲ့ စပိန်သူ လေးကို တွေ့ခဲ့ကြရပါတယ်။ အဲဒီ လှပတဲ့စပိန်သူလေးက Jackie Chan နဲ့ Yuen Biao တို့ကို ဒုက္ခတွေအမျိုးစုံရောက်စေခဲ့ပါတယ်။ အလွတ်စုံထောက် Sammo Hung ကလည်း သူ့ရဲ့အမှုသည်အတွက် အဲဒီစပိန်သူလေးနောက်ကို လိုက်နေသူဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ လူဆိုးတစ်အုပ်က စပိန်သူလေးကို အတင်းပြန်ပေးဆွဲဖို့ ကြိုစားတာကို မင်းသားသုံးယောက်က ကယ်ရင်းနဲ့ တကယ့်ဇာတ်လမ်းတစ်ခုထဲ ရောက်နေမှန်းသိလိုက်ရပါတယ်။ဘာကြောင့် အဲဒီစပိန်သူလေးကို လူဆိုးတွေက အလိုရှိသလဲ။ မင်းသား သုံးယောက်က ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ရှုစားကြပါ။

ဇာတ်ကားlink📌
https://t.me/biscopei00/3699
转发自:
MMK BET avatar
MMK BET
🤩 🤩 🤩 🤩🤩🤩

ရှယ်ဆော့ပြီး ရှယ်အမ်းမယ့်ဝဘ်ဆိုဒ်ကြီး
😛😝😁

MMK BET Online Website မြန်မာနိုင်ငံရဲ့ နံပတ် (🤩) ဂိမ်းအများဆုံး Website 
အပေါက်ကြမ်း အပေးကြမ်းပြီး အနိုင်များတဲ့ဂိမ်းများ🎮

➡️MMK BET မှာ အကောင့်တစ်ခုတည်းနဲ့ ဘောလုံး၊ စလော့၊ လိုင့်ဖ် ကာစီနိုဂိမ်းများ အစရှိသော ဂိမ်းပေါင်းများစွာအပြင်
➡️ထိုင်း2⃣🅰3⃣🅰များလည်း
တစ်နေရာတည်းမှာ ဆော့ကစားလိုရပါတယ်ရှင့်
🇹🇭ထိုင်းရောက်‌ရွှေမြန်မာများလည်း
အကောင့်ဖွင့်ကစားနိုင်ပါတယ်ရှင့် 🇹🇭

✅အော်တိုစနစ်နဲ့မလို ကိုယ်တိုင် ငွေသွင်း/ငွေထုတ် လုပ်နိင်
✅2⃣4⃣နာရီဝန်ဆောင်မှုမလို ခုနိင်ခုချက်ချင်းထုတ်
✅ဘဏ် Limit ပြည့်လို ကြန့်ကြာတာမရှိ
✅ငွေထုတ်နှေးတာမရှိ

❤️အကောင့်သစ်ဘောနပ် 50%
❤️နေ့စဉ် ဘောနပ် 20%
❤️အရှုးပြန်ပေးခြင်း အစီစဉ် Cashback5%

⬇️ဆက်သွယ် အကောင့်ဖွင့်ရန်⬇️

📱Telegram - @mmkbetcs
https://t.me/mmkbetcs

📱Viber - 09 89 69 39 299
https://msng.link/o?+959896939299=vi

📱Line - @mmkbet
https://msng.link/o?mmkbet=ln

🌐Website : https://mmkbet.com/
🪩Website : playth.mmkbet.com
Lucy ( 2014 )

လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက
လူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့………………….နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johanssonခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik ကJohansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေတော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က Del Rio အဖြစ်သရုပ်ဆောင်ထားပါတယ်။

ဇာတ်ကားlink📌
https://t.me/biscopei00/3754
Crystal Sky of Yesterday (2018)

Japan  animeတွေကြည့်ရတာရိုးနေပြီလား။ဒီတစ်ခါပရိတ်သတ်ကြီးတို့ကိုအရမ်းကောင်းတဲ့ တရုတ်Animeလေးနဲ့မိတ်ဆက်ပေးချင်းပါတယ်ဒီကားလေးကတော့ထွေထွေထူးထူးပြောစရာမရှိပါဘူးအရမ်းကောင်းလှပါတယ်။2018ခုနှစ်မှာရုပ်ပြကာတွန်းဆရာဖြစ်သွားတဲ့ထူရှောင်ရိဆိုတဲ့ကောင်လေးဟာသူ့ရဲ့၁၆နှစ်၁၇နှစ်အရွယ်အထက်တန်းကျောင်းသားဘဝ1999ခုနှစ်ကိုပြန်လည်အသက်သွင်းပြီးရုပ်ပြကာတွန်းရေးဆွဲရင်းဇာတ်ကြောင်းပြန်ရှင်းတာပါ။ဒီကားလေးမှာတော့ဘဝမှာရည်ရွယ်ချက်ရည်မှန်းချက်ပန်းတိုင်ထားတတ်ဖို့နဲ့၊ရည်းမှန်းချက်ပန်းတိုင်ကိုရောက်ရှိအောင်ကြိုးစားဖို့ကိုဆုံးမထည့်သွင်းပြီးဇာတ်လမ်းဆင်ထားပါတယ်။ဒါ့အပြင်ထူရှောင်ရိဟာသူ့အထက်တန်းကျောင်းသားဘဝကအချစ်ဇာတ်လမ်းလေးကိုလည်းပြန်လည်ရှင်းလင်းထားလို့feelအပြည့်နဲ့ကြည့်ရှုနိုင်မှာပါ။

ဇာတ်ကားlink📌
https://t.me/biscopei00/3737
The Road Home

ဒါရိုက်တာ ကျန်းရိမူဆိုတာ Hero (2002) နဲ့ House of Flying Daggers (2004)တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကိုရိုက်ခဲ့တဲ့ ဂန္တဝင်ဒါရိုက်တာကြီးဖြစ်ပြီး Zhang Ziyi ကတော့ တရုတ်ရဲ့ National Actress လို့တင်စားရမယ့်အထိ အောင်မြင်ခဲ့သူပါ…The Road Home(1999) က သူတို့နှစ်ယောက်စလုံးကို ရုပ်ရှင်လောကမှာအောင်မြင်မှုကြီးကြီးမားမားတွေ ရရှိဖို့ အစပျိုးခဲ့တဲ့ရုပ်ရှင်လို့ဆိုရင် မမှားနိုင်ပါဘူး။ တောရွာဇနပုဒ်က ဆရာတစ်ယောက်ရဲ့ဘဝနဲ့ ကျေးလက်သူလေးတယောက်တို့ရဲ့အချစ်ဇာတ်လမ်းလေးကို တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ဟာ အဲ့ဒီကာလက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အခုချိန်ထိ အားလုံးက စံထားကြရတဲ့ ဒရမ်မာဇာတ်ကားတကားဖြစ်ပါတယ်။ဟုတ်ပါတယ်ဗျာ….ထာဝရအလင်းတန်းဆိုတဲ့မြန်မာရုပ်ရှင်က ဒီတရုတ်ကားကို မှီငြမ်းရိုက်ကူးခဲ့တာပါ။ ထာဝရအလင်းတန်းမြန်မာရုပ်ရှင်ဟာလဲ 2011 ခုနှစ် မြန်မာ့အကယ်ဒမီဆုပေးပွဲမှာ မင်းသား နောင်နောင်နဲ့ မင်းသမီး မယ်လိုဒီတို့ အမျိုးသားဇာတ်ဆောင်ဆု အမျိုးသမီးဇာတ်ပို့ဆုနဲ့အတူ ကျွန်တော်တို့ရဲ့ ငယ်ဘဝရဲ့ အမှတ်တရတွေထဲ မပါမဖြစ်တဲ့ ဟာသသရုပ်ဆောင်ကြီးဦးမော့စ်ပါ အမျိုးသားဇာတ်ပို့ဆုအကယ်ဒမီရခဲ့တဲ့ထိ အောင်မြင်ခဲ့ပါတယ်။

Video Link
https://t.me/biscopei00/3724
Django Unchained (2012)

လူမည်းတွေ အမေရိကမှာ အကြီးအကျယ် အနိုင်ကျင့်ရက်စက်ကျွန်ပြုတာခံနေရချိန် လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ်

သူက bounty hunter သူခိုး လူသတ်သမား ဓားပြတွေကို လိုက်ဖမ်းတယ်အစိုးရလက်ထဲ အပ်တယ် ဆုငွေ ထုတ်စားတယ် တစ်နေ့တော့ ခပ်ကျစ်ကျစ် ခပ်ပြတ်ပြတ် လူမည်းတစ်ယောက်ကို တစ်နေရာကနေ သူ ရလိုက်တယ်

အဲ့ဒီ လူမည်းနာမည်က Django တဲ့ ပြီးတော့ Django ကိုအဲ့လူဖြူဘဲကြီးက လက်ထောက် တာဝန် ကောက်ခါငင်ကာ ပေးလိုက်တယ် အဲ့ဒီခေတ်မှာ လူမည်းတွေက မြင်းစီးဖို့ မပြောနဲ့ လူဖြူတွေကို မော်တောင် မကြည့်ရဲဘူး

ဒါပေမယ့် Django က မြင်းကြီးစီးသေနတ်ကြီးလွယ်ပြီး တစ်မြို့ ဝင် တစ်မြို့ထွက် သူ့ဆရာနဲ့အတူ ဝရမ်းပြေးတွေကို လိုက်ဖမ်းတော့တယ် ရောက်လေရာမှာ Django ကို အားလုံးက သောက်မြင်ကတ်ကြတယ် ကြည့်မရကြဘူး

ဒီ လူမည်းကောင်က ဘာလဲပေါ့ မတန်မရာပေါ့ သူ့ဆရာ လူဖြူကြီးကိုလည်း နားမလည်နိုင်ကြဘူး ကျွန်ကောင်တွေကို နေရာပေးရကောင်းလားဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ကြတယ်

ဇာတ်ကားlink📌
https://t.me/biscopei00/3706
🔥မိန်းကလေးတစ်‌ယောက် ဆိုပေမဲ့လဲ လ၊က်ဖြောင့်လွန်းလှတဲ့ စ၊နို၊က်၊ပါသမားအို့ယွန်း ၊ လ၊က်၊န၊က် အရာမှာ ကျွမ်းကျင်လှတဲ့ ဟွမ်ဒေါဆန်း ၊ချူဆန်းအို့ စတဲ့ လူ ၃ယောက်နဲ့ ဖွဲ့စည်းထားတဲ့ လျှို့ဝှ၊က်အဖွဲ့အစည်းတခု...
သူတို့တာဝန်ကတော့ ရိုးရှင်းပါတယ်
ဂျ၊ပန်ဗိုလ်မှူးကြီးနဲ့ သူ့ရဲ့သ၊တင်းပေး တစ်ယောက်ကို လု၊ပ်၊ကြံ၊ဖို့ပဲ တချိန်တည်းမှာ ကြေး၊စား၊မု၊ဆိုးအဖွဲ့ကပါ အဲ့ 3ယောက်ကို ဆုငွေကြောင့် ဖ၊မ်းဖို့ ဖြစ်လာပါတော့တယ် ဒီဇာတ်လမ်းက နာမည်ကြီး သရုပ်ဆောင်တွေရဲ့ အ၊က်ရှင်ပိုင်းတွေကို ပညာသားပါပါ ကြည့်ရမဲ့ဇာတ်ကားတကားဆိုတာကတော့ အာမခံပါတယ်
ဇာတ်လမ်းပိုင်းမှာလဲ ထင်ထားသလိုမဟုတ်ပဲ မမျော်လင့်ထားတဲ့ အတုံ့အလှည့်လေးတွေကပါ ရှိနေပါသေးတယ် ဂျ၊ပ၊န်လက်အောက်ခံဖြစ်နေတဲ့ကိုရီးယားရဲ့ အခြေအနေတွေကို နောက်ခံထားရိုက်ကူးထားတာကြောင့်လဲ တမျိုးတဖုံနဲ့ ကြည့်လို့ကောင်းနေမှာအမှန်ပါပဲ


Movie Link
https://t.me/internmovie/3502
The Lucky One(2012)

The Lucky One ရုပ်ရှင်ဟာ နာမည်ကျော်အချစ်ဝတ္ထုရေးဆရာကြီး Nicholas Sparks ရဲ့ The Lucky One ဆိုတဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီရုပ်ရှင်ဟာ အထူးသဖြင့် လူငယ်မိန်းကလေးများကြားမှာ အတော်လေးရေပန်းစားပြီး တော်တော်များများလဲသိကြတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လိုဂန်ဟာ အီရတ်မှာ စစ်မှုထမ်းနေတုန်း မိန်းမချောတစ်ယောက်ရဲ့ဓာတ်ပုံကို ရှာတွေ့ခဲ့ပါတယ်။စစ်ထဲမှာ သူ့ရဲ့သူငယ်ချင်းတွေ သေဆုံးသွားခဲ့လို့ စိတ်ထိခိုက်နေခဲ့ပြီး စိတ်ကူးတည့်ရာလျှောက်လုပ်ရင်း ဒီဓာတ်ပုံထဲက မိန်းကလေးကို လိုက်ရှာဖို့ကြိုးစားပါတော့တယ်။ဓာတ်ပုံထဲက ကောင်မလေးကို သူတစ်ခါမှလဲမမြင်ဖူးသလို နာမည်တောင်မသိပါဘူး။သူ့မှာ ဒီမိန်းကလေးနဲ့ပတ်သက်တာဆိုလို့ ဒီဓာတ်ပုံတစ်ပုံထဲရှိတာပါ။ဓာတ်ပုံတစ်ပုံကနေ လိုဂန်တစ်ယောက် ကောင်မလေးကိုဘယ်လိုရှာမလဲ၊ ရှာတွေ့ရင်ရော ကောင်မလေးရဲ့အခြေအနေက ဘယ်လိုမျိုးလဲ၊ဘာအခက်အခဲတွေကြုံတွေ့ရနိုင်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စီးမျောရင်း ခံစားလိုက်ကြပါ။

ဇာတ်ကားlink📌
https://t.me/biscopei00/3762
Speed (1994)

Action ကားကောင်းကောင်းကြိုက်သူတို့အတွက်ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်
Speed ဇာတ်ကားဟာ 1994 ခုနှစ်မှာထွက်ရှိခဲ့ပြီးမင်းသား Keanu Reeves နဲ့ Sandra Bullockတို့တွဲဖက်သရုပ်ဆောင်ပြီး IMDb 7.2 ရရှိခဲ့ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဂျက် ထရေဗန်ဟာရဲတပ်ဖွဲ့ဝင်တစ်ယောက်..တရက်မှာ ခရီးသည်တစ်စုဗုံးနဲ့ထောင်ချောက်ဆင်ဖမ်းလို့ ခက်ခက်ခဲခဲကယ်နိုင်ခဲ့ရပါတယ်..ဗုံးထောင်တဲ့လူကလည်းရဲတပ်ဖွဲ့ဝင်ဟောင်း.တစ်ဦး ဗုံးကို အထူးကျွမ်းကျင်သူသူပင်စင်ယူခဲ့တဲ့ကိစ္စမှာ မကျေနပ်လို့ အခုလိုဓါးစားခံဖမ်းပြီး ဗုံးထောင်ငွေညှပ်တာမအောင်မြင်တော့ဂျက်ထရေဗန်ကိုအညိုးထားပါတော့တယ်နောက်ဆုံး ခရီးသည်တင်ဘတ်ကားကိုဗုံးထောင်ပြီးငွေထပ်ညှစ်တဲ့အခါမှာတော့..ဘယ်လိုတွေဆက်ကြုံရမလဲဆိုတာကို ဆက်လက်ခံစားကြည့်ပါ

ဇာတ်ကားlink📌
https://t.me/biscopei00/3748
⚡️ယောကျာ်းလေးမှန်ရင် ကြည့်ကိုကြည့်သွားသင့်တဲ့ ဇာတ်ကားပါ ဘာလို့ဆို မမJennifer Connelly ရဲ့ တချိန်ကအလှကို တစိမ့်စိမ့်ကြည့်ရင်း တကားလုံးဘယ်လိုပြီးသွားလဲတောင် သိမှာမဟုတ်ပါဘူး ဇာတ်လမ်းကို အသာထား... မမရဲ့ ငယ်ဘဝအလှနဲ့တင် ကြည့်ရတာတန်တဲ့ကား၊ တကားလုံး မမJennifer ကို ငေးရင်းနဲ့တင် သိပ်လှပါလားလို့ ရေရွတ်မိစေတဲ့ ကား ၊ ဇာတ်လမ်းအစဆုံး မမ ကိုပဲ ကြည့်နေစေမိတဲ့ကား ဒါမျိုးကို ကြည့်ကိုကြည့်သင့်တဲ့ recommend ပေးပါတယ်


Movie Link
https://t.me/internmovie/3523
转发自:
MMK BET avatar
MMK BET
😌😌😌 😚😌😚

အကောင့်သစ်ဖွင့်တိုင်းဘောနပ်တွေပေးနေပြီနော်
💵💰

MMK BET Online Website မြန်မာနိုင်ငံရဲ့ နံပတ် ( 1️⃣ ) ဂိမ်းအများဆုံး Website 
အပေါက်ကြမ်း အပေးကြမ်းပြီး အနိုင်များတဲ့ဂိမ်းများ

✅MMK BET မှာ အကောင့်တစ်ခုတည်းနဲ့ ဘောလုံး၊ စလော့၊ လိုင့်ဖ် ကာစီနိုဂိမ်းများ အစရှိသော ဂိမ်းပေါင်းများစွာအပြင်
✅ထိုင်း2⃣🅰3⃣🅰များလည်း
တစ်နေရာတည်းမှာ ဆော့ကစားလိုရပါတယ်ရှင့်
🇹🇭ထိုင်းရောက်‌ရွှေမြန်မာများလည်း
အကောင့်ဖွင့်ကစားနိုင်ပါတယ်ရှင့် 🇹🇭

💎အော်တိုစနစ်နဲ့မလို ကိုယ်တိုင် ငွေသွင်း/ငွေထုတ် လုပ်နိင်
💎2⃣4⃣နာရီဝန်ဆောင်မှုမလို ခုနိင်ခုချက်ချင်းထုတ်
💎ဘဏ် Limit ပြည့်လို ကြန့်ကြာတာမရှိ
💎ငွေထုတ်နှေးတာမရှိ

🔥အကောင့်သစ်ဘောနပ် 50%
🔥နေ့စဉ် ဘောနပ် 20%
🔥အရှုးပြန်ပေးခြင်း အစီစဉ် Cashback5%

⤵️ဆက်သွယ် အကောင့်ဖွင့်ရန်⤵️

📱Telegram - @mmkbetcs
https://t.me/mmkbetcs

📱Viber - 09 89 69 39 299
https://msng.link/o?+959896939299=vi

📱Line - @mmkbet
https://msng.link/o?mmkbet=ln

🌐Website : https://mmkbet.com/
🪩Website : playth.mmkbet.com
转发自:
MMK BET avatar
MMK BET
🤩 🤩 🤩 🤩🤩🤩

ရှယ်ဆော့ပြီး ရှယ်အမ်းမယ့်ဝဘ်ဆိုဒ်ကြီး
😛😝😁

MMK BET Online Website မြန်မာနိုင်ငံရဲ့ နံပတ် (🤩) ဂိမ်းအများဆုံး Website 
အပေါက်ကြမ်း အပေးကြမ်းပြီး အနိုင်များတဲ့ဂိမ်းများ🎮

➡️MMK BET မှာ အကောင့်တစ်ခုတည်းနဲ့ ဘောလုံး၊ စလော့၊ လိုင့်ဖ် ကာစီနိုဂိမ်းများ အစရှိသော ဂိမ်းပေါင်းများစွာအပြင်
➡️ထိုင်း2⃣🅰3⃣🅰များလည်း
တစ်နေရာတည်းမှာ ဆော့ကစားလိုရပါတယ်ရှင့်
🇹🇭ထိုင်းရောက်‌ရွှေမြန်မာများလည်း
အကောင့်ဖွင့်ကစားနိုင်ပါတယ်ရှင့် 🇹🇭

✅အော်တိုစနစ်နဲ့မလို ကိုယ်တိုင် ငွေသွင်း/ငွေထုတ် လုပ်နိင်
✅2⃣4⃣နာရီဝန်ဆောင်မှုမလို ခုနိင်ခုချက်ချင်းထုတ်
✅ဘဏ် Limit ပြည့်လို ကြန့်ကြာတာမရှိ
✅ငွေထုတ်နှေးတာမရှိ

❤️အကောင့်သစ်ဘောနပ် 50%
❤️နေ့စဉ် ဘောနပ် 20%
❤️အရှုးပြန်ပေးခြင်း အစီစဉ် Cashback5%

⬇️ဆက်သွယ် အကောင့်ဖွင့်ရန်⬇️

📱Telegram - @mmkbetcs
https://t.me/mmkbetcs

📱Viber - 09 89 69 39 299
https://msng.link/o?+959896939299=vi

📱Line - @mmkbet
https://msng.link/o?mmkbet=ln

🌐Website : https://mmkbet.com/
🪩Website : playth.mmkbet.com
The Burma Conspiracy (2011)

unicodeလာဂိုဝင့်ချ် … ကမ္ဘာ့ ပါဝါအကြီးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ W လုပ်ငန်းစုကြီးရဲ့ အမွေဆက်ခံသူ ….သူအမွေဆက်ခံပြီးနောက် W လုပ်ငန်းစုကြီးကို ရောင်းချပြီးလူသားချင်းညှာတာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်းတည်ထောင်မယ်လို့ဆုံးဖြတ်ခဲ့သူ …ဒါပေမယ့် W လုပ်ငန်းစုကြီးဟာ မြန်မာနိုင်ငံအတွင်းက ကယန်းလူမျိုးစုတွေကို ရက်ရက်စက်စက်သတ်ဖြတ်တဲ့လူသတ်ပွဲနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ သံသယရှိပြီး စုံစမ်းစစ်ဆေးခံရတဲ့အခါ …လာဂိုဝင့်ချ်ဟာ W လုပ်ငန်းစုကြီးရဲ့နာမည်ကို ဘယ်လိုပြန်ပြီးအဖက်ဆယ်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ရာရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ …ဂျာမန်မင်းသား Tomer Sisley နဲ့ နာမည်ကြီးမင်းသမီး Sharon Stone တို့ပါဝင်ပါတယ်။ဒီကားဟာ လာဂိုဝင့်ချ် ဇာတ်ကောင်အတွက်တော့ ဒုတိယမြောက်ကားပါ။တစ်ဖက်မှာက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ညစ်ကွက် လှည့်ကွက်တွေ ..တစ်ဘက်မှာက ကယန်းလူမျိုးဒုက္ခသည်တွေနဲ့အကျင့်ပျက်အာဏာရှင်ဗိုလ်ချုပ်တစ်ဦးတို့ရဲ့ အခြေအနေတွေကိုယှဉ်ထိုးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုလက်လွတ်မခံဘဲကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ…

ဇာတ်ကားlink📌
https://t.me/biscopei00/3692
显示 1 - 24 219
登录以解锁更多功能。